| ဇွန် ၅ ရက်က ရွှေဘုံသာလမ်း သားရေအိတ်ဆိုင် မီးလောင်မှုတွင် မီးငြှိမ်းသတ်နေသော မီးသတ်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ − ကျော်ဇင်သန်း) |
မီးလောင်မှုကြောင့် လှေကားတွင် ဖွင့်လှစ်ထားသည့် မြင့်ဦးနှင့်သားများ သားရေအိတ်ဆိုင်ရှိ ခရီးဆောင်အိတ်များ၊ ဘေးလွယ်အိတ်များ မီးလောင်ကျွမ်းခဲ့ပြီး တိုက်အပေါ်ဆုံးထပ်၌ လူဆယ်ဦးကျော် ပိတ်မိနေသဖြင့် မီးသတ်တပ်ဖွဲ့က လှေကားတင်ယာဉ်ဖြင့် အရေးပေါ်ကယ်တင်ခဲ့ရသည်။
‘‘ဆိုင်က ပိတ်ထားတာ။ လူ လည်းမရှိတော့ မီးလောင်နေတာ မသိဘူး။ မီးခိုးထွက်လာမှ ပတ် ၀န်းကျင်က သိတဲ့အနေအထား ပါ။ ဆိုင်က ထပ်ခိုးထဲမှာ စလတ် ပြင်လောင်းပြီးပစ္စည်းတွေကိုထား တာ။ ပစ္စည်းကသိပ်မများပေမယ့် မြွေရေခွံအိတ်နဲ့ လယ်သာအိတ် တွေဆိုတော့ မီးခိုးများသွားတဲ့အ နေအထားပါ’’ဟု ရန်ကုန်တိုင်းမီး သတ်ဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး ဦးသော်ဒါကဆိုသည်။
မီးလောင်မှုကြောင့် လူထိ ခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း အထပ်မြင့်တွင် ပိတ်မိနေသူများ ထဲမှ အသက်(၁၈)နှစ်အရွယ် အ မျိုးသားတစ်ဦး၊ အသက်(၁၀)နှစ် အရွယ်နှင့် အသက်(၇၀)အရွယ် အမျိုးသမီးနှစ်ဦးတို့ မီးခိုးမွှန်သ ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး သို့ တင်ပို့ခဲ့ရပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးကိုလည်း ဆေးရုံသို့ ခေါ်ဆောင်သွားကြောင်း သိရ သည်။
မီးလောင်ရာနေရာသို့ မီး သတ်တပ်ဖွဲ့ဝင်အင်အား ၁၅၀ ခန့် ဖြင့် ငြှိမ်းသတ်ခဲ့ပြီး ညနေ ၃ နာရီ ၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ ကြောင်း၊ မီးလောင်မှုကြောင့် ဆုံး ရှုံးမှုတန်ဖိုး ကျပ်နှစ်သိန်းခန့်ရှိ ကြောင်း ဦးသော်ဒါကဆိုသည်။
‘‘မီးက အိတ်တွေထားတဲ့အ တွင်း ချောင်ထဲမှာလောင်နေတာ။ ၁၀ ပေ ပတ်လည်လောက် အခန်း ထဲမှာ အကန့်လေးတွေရှိနေတာ ဆိုတော့ ရေကတိုက်ရိုက်မရောက် ဘဲနဲ့ မီးလောင်ချိန်ကြာသွားတာ ဖြစ်ပါတယ်။ တိုက်အရှေ့ဘက်က မီးသတ်တဲ့အခါ သိပ်မထိရောက် တဲ့အတွက် နောက်ဘေး ၂၉ လမ်း ဘက်က ဆောက်လက်စတိုက်အသစ်ဘက်ကနေ တက်ပြီး ငြှိမ်းသတ်ပါတယ်’’ဟု ၎င်းကဆို သည်။
မီးလောင်မှုနှင့် ပတ်သက်၍ တိုက်ပိုင်ရှင်ဦးကျော်မြင့်ကို ပြစ်မှု ပုဒ်မ၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း ပန်းဘဲတန်းမြို့မရဲ စခန်းမှ သိရသည်။
ဖြိုးဝေလင်း - 7day
မှတ်ချက်များ