ရန်ကုန်လေဆိပ်မှ မြို့တွင်းသို့ လျှပ်စစ်ဘတ်စ်ကားများ ပြေးဆွဲရန်စီစဉ်

နိုင်ငံတကာလေဆိပ်တွင် လက်ရှိအသုံးပြုနေသော လျှပ်စစ်ခရီးသည်တင် ဘတ်စ်ကားတစ်စီး (thenamopatrika.com)
ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်မှ ရန်ကုန်မြို့အတွင်း သို့ လျှပ်စစ်ဘတ်စ်ကားများ အ သုံးပြုပြီး Air-Port Shuttle Busအဖြစ် ပြေးဆွဲရန် စီစဉ်နေကြောင်း Greater Man Company မှ အမှု ဆောင်အရာရှိချုပ် ဦးဝင်းမျိုးချစ် က ပြောသည်။

‘‘ပြည်ပခရီးသည်တစ်ယောက်က လေဆိပ်ရောက်လာ ရင် တက္ကစီစီးမယ်ဆိုလည်း ဈေး များတာ၊ ဈေးတင်ခံရမှာကြောက် နေရတယ်။ သွားချင်တဲ့နေရာကို ဘယ်လိုသွားရမလဲ၊ ဘာစီးရမလဲ ဆိုတဲ့ ရွေးချယ်ရမှုလည်းနည်း တယ်။ အဲဒါကြောင့် စီစဉ်ဖြစ်တာ ပါ’’ဟု ဦးမျိုးချစ်က ရှင်းပြသည်။

လျှပ်စစ်အားသွင်းစနစ်သုံး ဘတ်စ်ကားများကို အသုံးပြု၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်မှ ရန်ကုန်မြို့တွင်းသို့ လေ ဆိပ်ကြိုပို့ယာဉ်လိုင်းအဖြစ်ပြေး မည်ဖြစ်သည်။ လေဆိပ်မှ ထွက်ခွာချိန်များသတ်မှတ်၍ ခရီးသည်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပုံမှန်ပြေးဆွဲမည်ဟု သိရသည်။


လုပ်ငန်းအကောင်အထည် ဖော်မှုအပိုင်းတွင် မထသနှင့် ရန် ကုန်လေဆိပ်တို့ထံ တင်ပြထားကြောင်း မန်နေဂျာ ဦးအောင်ထက်က ပြောသည်။

‘‘လျှပ်စစ်ကားသွင်းပြီး လိုင်း ဆွဲတာ၊ ဂိတ်တွေဆောက်တာက မြန်တယ်။ ခွင့်ပြုချက်ရမယ်ဆိုရင် ရက် ၁၀၀ အတွင်း လုပ်ငန်းအ ကောင်အထည်ဖော်နိုင်တယ်။ ခွင့်ပြုချက်ရဖို့ မြန်မြန်ဆန်ဆန်ဖြစ်ဖို့ပဲ အရေးကြီးတယ်’’ဟု ဦးအောင်ထက်က ပြောသည်။

လုပ်ငန်းအကောင်အထည်ဖော်နိုင်ရေး မထသနှင့် ဆွေးနွေးပြီး လေဆိပ်တာဝန်ရှိသူများထံသို့ အချက်အလက်များ တင်ပြ ထားကြောင်း သိရသည်။

7day

မှတ်ချက်များ