အသက် ၃၀ ကျော်ခြင်း အတူတူ သူများထက် ရုပ်ပိုရင့်ရတဲ့အကြောင်းအရင်း
အလွန်အကျွံစားတာ
လိုအပ်တာထက် ပိုစားခြင်းဟာ သင့်ခန္ဓာကိုယ်ပုံစံ မြန်မြန်ဆန်ဆန် ယိုယွင်းလာခြင်းရဲ့ အကြောင်းတစ်ခုဖြစ်ပါတယ်။
ရေမသောက်တာ
ရေလုံလုံလောက်လောက် မသောက်တာဟာ သင့်အရေပြေား ကျန်းမာရေးကို ထိခိုက်ပါတယ်။
အိပ်ချိန်မမှန်တာ
အိပ်ရေးဝဝမအိပ်ဘဲ အိပ်ချိန်နောက်ကျတာာတွေဟာလည်း သင့်ရုပ်ရည်ကို ထိခိုက်ပါတယ်။
ဖိအား
အလုပ်နဲ့ လူမှုရေးကိစ္စတွေမှာ ဖိအားတွေများတာဟာလည်း သူများထက် ပိုအိုစာရတဲ့ အကြောင်းအရင်း ဖြစ်ပါတယ်။
အရက်နဲ့ စီးကရက်
အရက် အလွန်အကျွံသောက်တာဟာ သင့်ရုပ်ရည်ကို ထိခိုက်ပါတယ်။ စီးကရက်သောက်တာကတော့ အရေပြားကို ညစ်နွမ်းစေပါတယ်။
အမျှင်ဓာတ်
အမျှင်ဓာတ်ပါဝင်တဲ့ အသီးအနှံ၊ အစေ့အဆန်တွေကို လုံလုံလောက်လောက် စားပေးသင့်ပါတယ်။
***ရောဂါကြောင့် သူများထက် ပိုအိုမင်းရတာမျိုးတွေရှိပြီး အထက်ပါအချက်တွေကတော့ လူတိုင်းရှောင်သင့်တဲ့ အချက်လေးတွေ ဖြစ်ပါတယ်။
Photos & Source: Huffington
duwun

မှတ်ချက်များ