၈ နှစ်သက်တမ်းရှိ ကျောင်းပြင်ပ မူလတန်းပညာရေးမှနေ၍ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားတစ်ဦး ယခုနှစ်တွင် ပထမ ဦးဆုံးပေါ်ထွက်လာခဲ့သည်။စမ်းသပ်မှုစတင်ခဲ့သည့် ၁၉၉၈ ခုနှစ်မှ စတင်ရေတွက်မည်ဆိုပါက ၁၈နှစ်အတွင်း ဤသို့တက္ကသိုလ်ဝင်တန်းအထိ ပထမဆုံး အောင်မြင်သူပေါ်ပေါက်ခဲ့သည့် ဖြစ်ရပ်ဟုလည်းညွှန်းဆို နိုင်သေးသည်။ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းလုံးဝ မနေခဲ့ဖူးသေးသူ များ၊ ကျောင်းနေခဲ့သော်လည်း မူလတန်းပညာ မပြီးဆုံးမီ ကျောင်း စောထွက်ခဲ့ကြသူတို့ကို ဒုတိယအကြိမ် ပညာရေးအခွင့်အလမ်း ပေးသည့် ကျောင်းပြင်ပ မူလတန်း ပညာရေးစနစ်အတွက် ရှားရှားပါး ပါး ဖြစ်ရပ်ဖြစ်သည်။
ထို့ကြောင့်လည်း ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့် တာဝန်ရှိသူများ၊ ကျောင်း ပြင်ပမူလတန်း ပညာရေးဦး ဆောင်သူများ မျက်ခုံးပင့်သွားခဲ့ပြီး ကလေးကို ရန်ကုန်သို့ လေယာဉ်ဖြင့် ချက်ချင်းခေါ်ကာ ငွေကျပ်သိန်းဆယ်ချီနှင့် ဂုဏ်ပြုခဲ့ ကြရသည်အထိ ဖြစ်ကုန်ကြတော့သည်။ အဘယ်ကြောင့်ဆိုသော် ထိုစနစ်သည် အသက် ၁ဝ နှစ်မှ ၁၄ နှစ်ကြားသက်ငယ်အုပ်စု ကလေးများကို အခြေခံပညာ အလယ်တန်းအဆင့် သို့တိုက်ရိုက်တက်ရောက်နိုင်ရန် ကြားခံလုပ်ဆောင်ပေးသော စနစ်ဖြစ်သည့်အပြင် ကလေးတိုင်း မူလတန်းပညာရရှိစေရန် ဆောင်ရွက်ပေးသည့် စနစ်တစ်ခုဖြစ်သော်လည်း လာတက်သူအများစုမှာ အတန်းပညာရေး ဆက်လက်တက်လိုမှုထက်၊ စာရေးစာဖတ်တတ်ရုံ နှင့် ကျောင်းထွက်သွား၍ဖြစ်သည်။ ကျောင်းပြင်ပ မူလတန်းပညာရေးလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးတင်ညိုက ”ဝမ်းသာတာမှ ပြောရရင် စာမျက်နှာတောင်လောက်မှာ မဟုတ်ဘူး”ဟုဆိုသည်။
ယခု ကလေးသည် အဆိုပါစနစ်ကို ၂ဝဝ၈-၂ဝဝ၉ ခုနှစ်က မြို့နယ်၅ခုတွင် လက်တွေ့အ ကောင်အထည် စဖော်စဉ် တက် ရောက်သင်ကြားကြသည့် သင် တန်းသား ၁ဝ၉၄ ဦးထဲက တစ်ဦး ဖြစ်သည်။ အမည်မှာ မောင်ကျော်ဇော်မိုး ဖြစ်ပြီး ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းကန်ကွင်းသား ဖြစ်သည်ဟု ၎င်း၏ဆရာမဒေါ်ယဉ်ယဉ်နိုင်က ဆိုသည်။ မွေးချင်းလေးဦးထဲမှ တတိယမြောက်သား ဖြစ်ပြီး ဖခင်ဖြစ်သူက ဆိုက်ကားနင်း၊ မိခင်ဖြစ်သူကမုန့် လုပ်ရောင်းရသည့် အိမ်ထောင်စု တစ်ခုထဲက ဖြစ်၍ ပထမတန်းမှာပင် ကျောင်းထွက်လိုက်ရသည်။မောင်ကျော်ဇော်မိုး၏ မိခင် ဒေါ်မယိုင်သာက”ကျောင်းထုတ်လိုက်ရတာပေါ့။ ပြေမှမပြေလည်ဘဲ။ သူ့အစ်ကိုကြီးအတွက် သူက အနာခံလိုက်ရတာလေ။ အဲ့အချိန်တုန်းက သူ့အစ်ကိုက ဆယ်တန်းတက်နေပြီ”ဟု ပြောသည်။ကျောင်းထုတ်လိုက်သည့် နေ့က သားဖြစ်သူ၏ ငိြုေ<ွကးသံကို သူ ခုချိန်ထိ မမေ့သေးဟုဆိုသည်။
ကျောင်းထုတ်လိုက်ပြီး နောက်တစ်နှစ်မှာပင် စစ်တွေမင်းကန်တွင် ကျောင်းပြင်ပ မူလတန်းပညာရေး စခန်းတစ်ခုလာဖွင့်နေသည်ဟု အရပ်ထဲကလူကြီးများကပြောလာ ကြောင်း၊ သားဖြစ်သူကလည်း အချိန်တိုင်း ကျောင်းတက်ချင် ကြောင်း ပြောနေ၍ သူ၏ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ရန် သွားရောက် စုံစမ်းခဲ့ပြီး ကျောင်းထားပေးခဲ့သည်ဟု သူမကဆက်ပြောသည်။ ”သူတော်တော် ပျော်သွားတယ်”ဟု ဒေါ်မယိုင်သာက ပြောသည်။ မောင်ကျော်ဇော်မိုး တစ်ယောက်စခန်း၌ ပညာသင်စဉ် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သချာင်္၊ အထွေထွေ ဘာသာ၊ ဝင်ငွေတိုးလုပ်ငန်း နှင့် ရပ်ရွာ ဒေသလူမှုရေးလုပ်ငန်း၊ လုပ်ငန်း စာအုပ်အစရှိသည်တို့ကို သင်ကြားခဲ့ရသည်။တစ်နေ့လျှင် ၂ နာရီ ၃ဝ မိနစ်၊ တစ်ပတ်ကို ၆ ရက်တက်ရသည်။ မူလတန်းအောက်ဆင့်နှင့် ညီမျှသော ပထမအဆင့်သည် ၂ဝ၄ ရက်တက်ရသည်။ပြီးနောက် ဒုတိယအဆင့်သည်လည်း ထိုအတိုင်းတက်ရပြီး အရည်အချင်းပြည့်မီ၍ ၅ တန်းသို့ ချက်ချင်းတက်ခွင့်ရှိသည်ဟု ကျောင်းပြင်ပမူလတန်းသင်ရိုးတွင် ဖော်ပြထားသည်။
”အဲ့အချိန်ကျတော့ သူ့အစ်ကိုလည်း အလုပ်လုပ်နိုင်ပြီလေ။ သူကျောင်းစိမ်းဝတ်စုံနဲ့အလယ်တန်းကျောင်းကို သွားပြန်တက်တဲ့နေ့ ကျွန်မငိုခဲ့ရတယ်”ဟု ဒေါ်မယိုင်သာ ဆက်ပြောသည်။ ကျောင်းပြင်ပ မူလတန်းမှလာသည့် မောင်ကျော်ဇော်မိုးအပါအဝင် ကျောင်းသား/သူ ၁ဝ ဦးကျော်တို့ကို အခြေခံပညာကျောင်းက နှိမ်ချမှုမရှိခဲ့။ ကျောင်းပြင်ပမူလတန်းပညာရေးလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးတင်ညိုက ”အဲဒီလိုကျောင်း သားမျိုးကို ဆရာ/မတွေက တော် တော်လေးကို ဂရုစိုက်ကြတယ်။မနှိမ်ဘူး။ ဘာ့ကြောင့်လဲသိလား။ဆရာအလုပ်ကို တော်ရုံဝါသနာ မျိုးနဲ့ဘယ်သူမှ မလုပ်နိုင်ကြဘူး။သူတို့မှာ ပညာကိုအလေးထား တယ်။ တော်တဲ့ကလေး၊ ကြိုးစားတဲ့ကလေးကို ဆရာတိုင်းက ချစ်တယ်” ဟု ပြောသည်။ မောင်ကျော်ဇော်မိုးက ”ဒါ့ ကြောင့်လည်း ကျွန်တော်နှစ်ချင်း ပေါက်အောင်ခဲ့တယ်”ဟု ဆိုသည်။ စစ်တွေ၌ ၎င်းအပါအဝင် ၄ ဦးဖြေဆိုခဲ့ကြရာသူတစ်ဦးသာ ရခိုင်ပြည်နယ်စစ်တွေမြို့အထက (၉)မင်းကန် စာစစ်ဌာနတွင် ခုံ အမှတ် ဒစ-၂၅၃၇ ဖြင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သည်။ ၃၂၄ မှတ်ရခဲ့သည်ဟု မောင်ကျော်ဇော်မိုးက ပြောသည်။
၎င်း၏ဆရာမ ဒေါ်ယဉ်ယဉ် နိုင်က” ပြီးခဲ့တဲ့ နှစ်က ကျောင်းပြင်ပမူလတန်း ပညာရေးကနေတက်သွားတဲ့ ကျောင်းသား/သူ ၁ဝ ဦးလောက်ဖြေခဲ့ပါတယ်။ အကုန် ကျပါတယ်”ဟု ပြောသည်။ မောင်ကျော်ဇော်မိုးက ယခု သူရသည့်အမှတ်သည် ကျောင်းဆရာတစ်ယောက်ဖြစ်ရန် လုံလောက်မည်ဟု ယုံကြည်ထားကြောင်း၊ ထို့အတွက်ကြောင့် မဖြစ် ဖြစ်အောင် ကြိုးစားမည်ဟု Popular News ကိုပြောသည်။ ”အခက်အခဲတွေကို ကျွန်တော်ကိုယ်တိုင် ရင်ဆိုင်ဖြတ်သန်းခဲ့ရတယ်။ ပညာရေးကနေဝေးနေတဲ့ ကလေးတွေကို ပညာရေးကနေ မဝေးအောင် ကျွန်တော်လုပ်ပေးချင်တယ်”ဟု ၎င်းက ပြောသည်။ မောင်ကျော်ဇော်မိုးကို ရခိုင် ပြည်နယ်အစိုးရ၊ ပညာရေးဝန်ကြီးဌာနက ငွေကျပ် သိန်း၃ဝ ကျော် ချီးမြှင့်ထားရာ ၎င်းဖြစ်ချင်သော ကျောင်းဆရာ အတတ်ပညာအတွက် အခက်အခဲမရှိစေရန် ထိုငွေကြေးကို ဘဏ်တွင် အပ်ထားစေခြင်းဖြင့် စနစ်တကျ သုံးစွဲစေမည်ဟု ဒုတိယဥက္ကဋ္ဌ ဦးတင်ညိုက ပြောသည်။ မောင်ကျော်ဇော်မိုးလို လူမျိုး ရခိုင်ပြည်နယ်တွင် များများရှိဖို့ လိုနေပြီဟု ရခိုင်အမျိုးသမီးကွန်ရက်က မှတ်ချက်ပြုသည်။ ပဋိပက္ခများအပြီး ရခိုင်ပြည်နယ်၏ အောင်ချက်ရာခိုင်နှုန်းက နှစ်စဉ်ဆိုးရွားစွာကျ ဆင်း နေရာ ယခုနှစ်အထိ မရပ်တန့် သေးသော်လည်း ဤလူငယ်တစ် ဦး၏အောင်မြင်မှုကတော့ အစားပြန်ရသည့် ပျော်ရွှင်မှုပင် ဖြစ်ပါ လိမ့်မည်။
မင်းသုအောင် - popular news

မှတ်ချက်များ