ပါးစပ်က ပြုံးပေမဲ့ မျက်လုံးက ခံစားချက်မပါရင် နှစ်လိုဖွယ်ကောင်းတဲ့ အပြုံးတစ်ခု ဖြစ်မလာပါဘူး။
သင့်ကိုယ်ဟန်အမူအရာတွေထဲမှာ မျက်လုံးဟာ အစွမ်းရှိဆုံးလက်နက်ဖြစ်ပါတယ်။ ပါးစပ်က ပြုံးပေမဲ့ မျက်လုံးက ခံစားချက်မပါရင် နှစ်လိုဖွယ်ကောင်းတဲ့ အပြုံးတစ်ခု ဖြစ်မလာပါဘူး။ မျက်လုံးကပါ ပြုံးတယ်လို့ထင်ရအောင် လေ့ကျင့်လို့ရတယ်လို့ Lifehack ရဲ့ဆောင်းပါတစ်ပုဒ်မှာ ဖော်ပြပါတယ်။ နေ့စဉ်လေ့ကျင့်ရမယ်လို့တော့ ဆိုပါတယ်။
လေ့ကျင့်ဖို့ ပထမဆုံးအနေနဲ့ မှန်ရှေ့မှာ ထိုင်ရမှာ ဖြစ်ပါတယ်။ အသက်ကို ပြင်းပြင်းလေးရှုပြီး အောင့်ထားလိုက်ပါ။ မပြုံးခင် ရှုထားတဲ့လေကို ဖြည်းဖြည်းချင်း ပြန်ထုတ်ရမှာ ဖြစ်ပါတယ်။ အသက် ပြန်ရှုထုတ်လိုက်တဲ့ အချိန်မှာ ပြုံးတာဟာ သက်သောင့်သက်သာပိုဖြစ်ပါတယ်။ မျက်လုံးကပါလိုက်ပြုံးနေတယ်လို့ ထင်ရအောင် အသက်ဝင်တဲ့ အပြုံးတစ်ခု ဖြစ်လာတာကို တွေ့ရပါမယ်။ အပန်းမကြီးတာကြောင့် နေ့စဉ် မကြာခဏ လေ့ကျင့်ပေးသင့်ပါတယ်။
Photos & Source: Lifehack
duwun

မှတ်ချက်များ