မြိတ်မြို့တွင် အခြားမြို့နယ်များနဲ့ မတူ တမူထူးခြားသည့် မြို့တစ်ခုဖြစ်ကာ မြိတ်သူ/ သား အများစုသည်၊ မော်တော်ဆိုင်ကယ်ကို အမှီပြု၍ စီးနင်းနေကျရာ ထိုကြောင့် မြိတ်မြို့နယ်တွင် မော်တော်ဆိုင်ကယ် တင်သွင်းမှုသည် အဆမတန် များပြားလျက်ရှိသည်။
ထိုကဲ့သို့ ရောင်းချသူ၊ ၀ယ်ယူသူနှင့် စီးနင်းသူများသည်၊ မရေတွက်နိုင်လောက်အောင် များပြား နေခဲ့ပါပြီ၊ လူတို့၏ စိတ်သည်၊ ရလိုမှုနှင့် တတ်မတ်မှုကြောင့် ယခုရက်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် လိမ်လည် လှည့်ဖြားပြီး မော်တော်ဆိုင်ကယ် ကယ်ရီပြေးဆွဲသူများကို အယုံသွင်း၍ ပိုက်ဆံအပိုပေး ယုံကြည်အောင်လုပ် ပြီးတော့ မော်တော်ဆိုင်ကယ်ခိုးပြေးတဲ့ အမှုတွေ မကြာခဏကြားနေရလို့ ဘုန်းကြီးအမှု ရွာပတ်နေခဲ့ကြသည်။
ပြီးခဲ့သည့် တစ်လခန့်က မြိတ်တောင်ကျေးရွာအုပ်စု ရာပြည့်ရပ်ကွက်တွင် နေထိုင်သူ မောင်သန်းမင်းထိုက်ဆိုသူ လူငယ်တစ်ဦးထံမှ သမီးရည်စားနဲ့ သွားတွေ့ဖို့ မော်တော်ဆိုင်ကယ် ခဏငှါးပေးရန် ယူဆောင်ဆောင်သွားခဲ့သည်၊ (၂) ရက်ကြာပြန်မလာ၊ (၃) ရက်အကြာပြန်မာလာ၊ လနဲ့ချီ၍ ကြာခဲ့သည်၊ ပြန်မလာပါ၊ ပြန်မရပါ၊ ဟိုနားသတင်းကြားသည်၊ လိုက်ခဲ့သည်၊ မတွေ့ ပိုက်ဆံ စရိတ်ကုန်ပါသည်၊ အချိန်ကုန်သည်၊ အကြွေးထပ်တင်သည်၊ နောက်ဆုံးသတင်းရလို့ လိုက်သည်၊ ဘုတ်ပြင်းအသွားလမ်း တောင်တဂုံအနီးတွင် ရှိသည်ဟု သတင်းရသည်၊ ဆိုင်ကယ်သူခိုး ဒီတစ်ခါတော့ တဲ့တဲ့တိုးသည်၊ ပြေးမလွှတ်တော့ပါ၊ ရွာကလည်းလက်မခံ ဒီကောင် ဒီရွာကို လာလို့မရဘူး လာရင် ရိုက်မဲ့လူအများကြီးတဲ့၊
အခုတော့ ဆွမ်းကြီး အလောင်းခံလိုက်ရပြီဗျိုး။
သတိ ဆိုင်ကယ်မောင်းသူ ဆိုင်ကယ်ငှါးသူ ဘယ်သူကိုမှ မယုံကြည်ကြနဲ့။
Zaw Zaw Myeik


မှတ်ချက်များ