စနိုက်ကြော်တဲ့ အမှုတွေကတော့ အမြဲတမ်းလိုလိုကြားနေရပါတယ်။ အခုလည်း အမျိုးသမီးတစ်ဦးက သူရဲ့လုပ်ဖော်ကိုင်ဖက် ချစ်သူကောင်လေးကို စနိုက်ကြော်တဲ့ အခြားမိန်းကလေးရဲ့ အဝတ်ဗလာဓာတ်ပုံကို အွန်လိုင်းပေါ်တင်ပြီး ကလဲ့စားချေတဲ့အမှုဖြစ်ပွားခဲ့ပါတယ်။
အသက် ၂၁နှစ်အရွယ် Smitten Illona Wroblewskaဆိုတဲံအမျိုးသမီးဟာ သူ့ရဲ့ချစ်သူ အသက်၃၀အရွယ် 21, စားသောက်ဆိုင်မန်နေဂျာ Juan Majendieနဲ့ တောင်အာဖရိကကို အနားယူထွက်သွားပြီး ပြန်အလာမှာ Majendieက သူ့အနေနဲ့အခြားမိန်းကလေးတစ်ယောက်နဲ့ချစ်ကြိုက်နေပြီး Wroblewskaကိုထားခဲ့တော့မည်ဖြစ်ကြောင်းဖွင့်ဟခဲ့ပါတယ်။
ဒေါသအရမ်းထွက်နေတဲ့ Wroblewska ဟာ ထိုစနိုက်ကြော်မကိုရအောင် စုံစမ်းပြီး “နင့်ရဲ့ အဝတ်ဗလာပုံတွေငါ့မှာရှိထားတယ်”လို့ချိန်းခြောက်ခဲ့ပေမယ့် ဟိုဘက်က နောက်မဆုတ်ခဲ့ပါဘူး။ ဒါ့ကြောင့်နောက်ထပ် ၂ပတ်အကြာမှာတော့ထိုအဝတ်ဗလာပုံတွေကို Facebook Account အတုတွေဖွင့်ပြီး အွန်လိုင်းပေါ်မှာ ဖြန့်လိုက်ပါတယ်။ ထိုပုံတွေကိုစနိုက်ကြော်မရဲ့ သူငယ်ချင်း၊အလုပ်ရှင်၊ မိဘ စတာတွေဆီလည်းပို့လိုက်ပါတယ်။
ဒီအမှုကြောင့်ပဲ တရားရုံးမှာ အမှုရင်ဆိုင်နေရပါတယ် Wroblewskaက ပုံတွေပို့တာကို ဝန်ခံခဲ့ပါတယ်။ ၆ပတ် ထောင်ဒဏ်ကျခံခဲ့ရပြီး နောက်တစ်ကြိမ်စနိုက်ကြော်မနားကို သွားခွင့်ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။ အခုတော့ Wrblewska နဲ့Majendieတို့အဆင်ပြန်ပြေနေကြတယ်လို့ ဆိုပါတယ်။
Shwemom

မှတ်ချက်များ