အမေရိကန်ပြည်ထောင်စုရဲ့  ပြည်နယ်အချို့မှာ ထူးဆန်းတဲ့ အိမ်ထောင်ရေး ဥပဒေသစ်တွေ ချမှတ်


သင်တို့ရဲ့  မင်္ဂလာ နှစ်ပတ်လည် နေ့တွေကို အမှတ်တရ ဖြစ်စေဖို့အတွက်နဲ့တော့ အမေရိကန် ပြည်ထောင်စု ၊ မန်ဆာချုးဆက် ပြည်နယ်ကို လုံးဝ သွားဖို့ မစဉ်းစားပါနဲ့။ မန်ဆာချူးဆက် ပြည်နယ်မှာ ရှိတဲ့ ဆလမ် ဆိုတဲ့ မြို့ဟာ အိမ်ထောင်ရေးဥပဒေ သစ်တစ်ခုကို အတည်ပြု ချမှတ်ခဲ့တဲ့အတွက် နာမည်ကျော်ကြားနေပါတယ်။

ဆလမ် မြို့ရဲ့  အိမ်ထောင်ရေး ဥပဒေသစ်အရ ငှားရမ်းထားတဲ့အိပ်ခန်း (ဟိုတယ်၊ မိုတယ်ခန်း များကို ဆိုလိုသည်) များမှာ လက်ထပ်ပြီးသား စုံတွဲတွေအနေနဲ့ အ၀တ်ဗလာ အိပ်စက်ခွင့်ကို တားမြစ်တယ်လို့ သိရပါတယ်။ တော်တော်လေးကို ရူးနှမ်းတဲ့ အမေရိကန် ဥပဒေလို့လည်း သတင်းဌာနတွေက ဝေဖန်နေကြပါတယ်။

အခြား ထူးဆန်းတဲ့ ဥပဒေ တစ်ခု ကိုပါ ဆက်လက်ဖော်ပြရမယ်ဆိုရင်တော့ တောင်ကယ်ရို လိုင်းနား ပြည်နယ်မှာ တစ်စုံတစ်ယောက်ကို အိပ်ယာထဲပါလာစေဖို့ ဖျားယောင်းတဲ့နေရာမှာ လက်ထပ်ယူပါ့မယ်ဆိုတဲ့ ကတိပေးခြင်းကို တားမြစ်ထားတယ်လို့လည်း သိရပါတယ်။ ဒီ ဥပဒေတွေကို ချိုးဖောက်မိရင် ဘယ်လို အပြစ်ပေးခံရမယ်ဆိုတာ မသိရသေးပေမယ့် တောင်ကယ်ရိုလိုင်းနားကို သွားမယ်ဆိုရင် ကတိတွေ မပေးမိဖို့နဲ့ မန်ဆာချူးဆက်ကို သွားမယ်ဆိုရင် ညအိပ် ၀တ်စုံ ယူဆောင်သွားဖို့ ကိုတော့ မမေ့ပါနဲ့။

Ref:cosmopolitan
Mario - Trend Myanmar

မှတ်ချက်များ