ကြက်သားရောင်းရင်း ၈ နှစ်အကြာမှာ အမျိုးသားကို AUDI ကားသစ်ကြီးဝယ်ပေးခဲ့တဲ့သူမ


ကြိုးစားရင်ထိပ်ဆုံးကိုရောက်မယ်ဆိုတဲ့စကား၊ တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲဆိုတဲ့စကားတွေကို သက်သေပြခဲ့တဲ့ သူနှစ်ယောက်ထွက်ပေါ်လာခဲ့ပါပြီ။ သူတို့နှစ်ယောက်ဟာ ကြက်သားရောင်းရင်း ဘဝကိုစခဲ့ကြပေမယ့်လို့ အခုအချိန်မှာတော့ တိုက်အိမ်ကြီးဟီးနေတဲ့ ခြံဝန်းရယ်၊ ကားတွေလည်း ၃၊ ၄ စီးလောက်တောင် ပိုင်ဆိုင်ကာ ချမ်းသာတယ်ဆိုတဲ့စာရင်းထဲ ဝင်သွားခဲ့ပြီပဲဖြစ်ပါတော့တယ်။

မလေးရှားနိုင်ငံရဲ့ Kelantan, Tanah Merah ဟာ သူတို့နှစ်ယောက်ရဲ့ဇာတိမြေပဲဖြစ်ပါတယ်။ နှစ်ယောက်သာားလက်ထပ်ပြီးတဲ့အချိန်၊ ပညာကလည်းပြည့်စုံအောင်မတတ်လို့ သူများတွေလို ဝန်ထမ်းကလည်းမလုပ်နိုင်၊ ကိုယ်ပိုင်စီးပွားရေးလည်းမလုပ်နိုင်တဲ့အတွက် စားဝတ်နေရေးအတွက် ဘာလုပ်ရင်ကောင်းမလဲဆိုပြီး ခေါင်းချင်းဆိုင်တိုင်ပင်ခဲ့ပါတယ်။

နောက်ဆုံးဘာလုပ်လို့လုပ်ရမှန်း စဉ်းစားလို့မရတဲ့အဆုံး တို့နှစ်ယောက် ဈေးထဲ ကြက်သားရောင်းကြမယ်ကွာဆိုပြီး ကြက်သားစရောင်းချခဲ့ပါတယ်။ စစချင်းမှာတော့ ကြက်သားသည်လင်မယားအဖြစ်နေရာ စိတ်ထဲသိပ်တော့ ဘဝင်မကျခေဲ့ပါဘူးတဲ့။ ဒါပေမဲ့လည်း နောက်ပိုင်း နှစ်ယောက်သားတိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းနဲ့ တိုးတက်ဖို့ဆိုရင် ရှက်နေလို့မဖြစ်ဘူး၊ နောက်ပြီး ဒီအတိုင်းဆက်သွားနေမယ်ဆိုရင် ပင်ပမ်းပြီး စားလောက်ရုံလောက်ပဲ ရှိမှာလို့ စဉ်းစားမိတဲ့အတွက်ကြောင့် လုပ်ငန်းတိုးချဲ့ဖို့ စတင်ကြိုးစားခဲ့ပါတော့တယ်။

အသုံးစရိတ်တွေလျှော့ချရင်း သူတို့အတွက် လိုအပ်မယ်ထင်တဲ့ လက်ကျကားဟောင်းလေးတစ်စီးကို အရင်ဆုံးယ်ခဲ့ပါတယ်။ ကားလေးကတော့ Perodua Kancil ဆိုတဲ့ ကားလေးဖြူလေးပါ။ ရင်းကစ် ၄ ထောင်သာပေးခဲ့ရပါတယ်တဲ့လေ။ မြန်မာငွေနဲ့ဆိုရင်တော့ ဆယ်ငါးသိန်းလောက်ပဲရှိမှာပေါ့လေနော်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံဈေးတွေကကွာတာကို။ အဲဒီကားလေးကိုအဓိကဝယ်ရတဲ့အကြောင်းရင်းကတော့ ကြက်သားကို ကိုယ်တိုင်ရောင်းရုံတင်သာမကဘဲ အိမ်တိုင်ရာရောက်ကြက်သားတွေကို ပို့ပေးဖို့ပါတဲ့။ Delivery Service လိုမျိုးပေါ့။

ခေတ်တွေတိုးတက်လာတဲ့အမျှ လူတွေဟာ ဘာပဲဝယ်ဝယ် Door to Door စနစ်ကို နှစ်သက်လာခဲ့ကြတာ ကိုယ်တွေ့ပါပဲ။ ဈေးထဲမှာ ကြက်သားရောင်းတဲ့ ၂၀၀၈ ခုနှစ်တုန်းကထက် ကားလေးနဲ့အိမ်ကိုလိုက်ပို့ပေးပြီးနောက်ပိုင်း လုပ်ငန်းကပိုမိုတွင်ကျယ်လာခဲ့သလို အဆင့်မြင့်သလိုလည်း ဖြစ်လာခဲ့ပါတော့တယ်။ အရင်တုန်းက တစ်နေရာထဲမှာပဲ ကြက်သားရောင်း/ပို့ဆောင်မှုတွေ လုပ်ခဲ့ပေမယ့်လို့ နောက်ပိုင်းမှာတော့ နေရာ ၄ နေရာအထိ တိုးချဲ့ကာ ကုန်တင်ယာဉ်တွေကိုလည်း ဝယ်နိုင်ခဲ့ပြီး ဝင်ငွေပိုင်းမှာလည်း အများကြီးကို တိုးတက်လာခဲ့ပါတယ်တဲ့။

အခုဆိုရင် Lan Berkat Ilahi နဲ့ ဇနီးသည် Nur Amyza Ismail တို့ရဲ့ ကြက်သားရောင်း/ပို့ဆောင်လုပ်ငန်းလေးဟာ ၈ နှစ်တိုင်လာခဲ့ပါပြီ။ ဇနီးမောင်နှံနှစ်ယောက်နေထိုင်နေတဲ့ တိုက်အိမ်ကြီးတစ်လုံးနဲ့ခြံဝန်းကြီးနဲ့ ကားတွေ၊ လုပ်ငန်းတွေကတော့ ၈ နှစ်အတွင်း ကြိုးစားခဲ့မှုရဲ့ သက်သေအသီးပွင့်တွေပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ ၂၈ ရက်နေ့တုန်းက ခင်ပွန်းဖြစ်သူ Lan ဟာ သူ့ရဲ့ Facebook မှာ ပိုစ့်တစ်ခုတင်လာခဲ့တပါတယ်။ အကြောင်းကတော့ ချစ်ဇနီးလေးဟာ ၈ နှစ်လုံးကြိတ်စုထားတဲ့ငွေတွေနဲ့ သူ့ကို AUDI ကားသစ်ကြီးတစ်စီးဝယ်ပေးခဲ့တယ်တဲ့လေ။ မော်ဒယ်ကတော့ RS5 ပဲဖြစ်ပါတယ်။ ရင်းကစ် ၂ သိန်းခွဲတန်ကြီးပါ။ မြန်မာငွေနဲ့ဆိုရင်တော့ သိန်း ၁၀၀၀ လောက်ရှိတယ်ပေါ့လေ။

Credit:လင်းလင်း (ShweMom)

မှတ်ချက်များ