မႏၲေလးၿမိဳ႕တြင္ ယခုႏွစ္ က်င္းပမည့္ သံံဃာ ၃ေသာင္း ဆြမ္းလႉပြဲႀကီးအား ဂရင္းနစ္စံခ်ိန္ တင္သြင္းမည္



Zawgyiျဖင့္ဖတ္ရန္

မႏၲေလးၿမိဳ႕၌ က်င္း ပမည့္ သံဃာအပါးသုံးေသာင္း ဆြမ္းဆန္စိမ္းေလာင္းလႉပြဲတြင္ သံဃာမ်ားအား စနစ္တက် ဆြမ္းဆန္စိမ္းေလာင္းလႉျခင္းကို ဂင္းနစ္စံခ်ိန္ဝင္ရန္ ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း က်င္းပေရးေကာ္မ တီသတင္းႏွင့္ ျပန္ၾကားေရးအ တြင္းေရးမႉး ဦးမ်ိဳးဝင္းႏိုင္က ေျပာသည္။

‘‘ပုံစံံေတြခ်ၿပီး နာရီပိုင္းအ ခ်ိန္တိုတိုအတြင္းမွာ သံဃာသုံး ေသာင္းကို ဆြမ္းေလာင္းလႉႏိုင္ တယ္ဆိုတာရယ္၊ စနစ္တက် ေလာင္းလႉႏိုင္တယ္ဆိုတာကို ဂင္းနစ္စံခ်ိန္ဝင္ႏိုင္ေအာင္ ႀကိဳး စားသြားမယ္’’ဟု ဦးမ်ိဳးဝင္းႏိုင္က ဆိုသည္။

ျမန္မာ-ထိုင္း ႏွစ္ႏိုင္ငံ ပူး ေပါင္းျပဳလုပ္မည့္ သံဃာအပါး သုံးေသာင္း ဆြမ္းဆန္စိမ္းေလာင္း လႉပြဲကို ဒီဇင္ဘာ ၈ ရက္တြင္ မႏၲေလးၿမိဳ႕ ခ်မ္းျမသာစည္ ေလ ယာဥ္ကြင္း၌ က်င္းပမည္ျဖစ္ သည္။

သံံဃာအပါး သုံးေသာင္းကို တစ္တန္းလွ်င္ အပါးတစ္ေထာင္ ျဖင့္ အတန္း ၃၀ ခြဲကာ ဆြမ္းဆန္စိမ္း၊ နဝကမၼအလႉေငြ၊ လႉဖြယ္ဝတၳဳမ်ားကို စနစ္တက်ေလာင္း လႉႏိုင္ရန္ စီစဥ္ထားသည္။

ဂင္းနစ္စံခ်ိန္ဝင္ရန္ ႀကိဳးပမ္း မႈတြင္ ထိုင္းႏိုင္ငံ ဓမၼကာယ ေက်ာင္းက ကူညီမည္ျဖစ္ေၾကာင္း ဦးမ်ိဳးဝင္းႏိုင္က ဆိုသည္။

သံံဃာတစ္ပါးလွ်င္ အလႉေငြက်ပ္ သုံးေသာင္းလႉဒါန္း မည္ျဖစ္ၿပီး ေစတနာရွင္မ်ား၏ အလႉပစၥည္းမ်ားလည္း ပါဝင္ မည္ျဖစ္ေၾကာင္း က်င္းပေရး ေကာ္မတီ ဥကၠ႒ဦးစိုးလင္းက ေျပာသည္။

ယင္းပြဲတြင္ မႏၲေလးခ႐ိုင္ရွိ သံဃာေတာ္မ်ားႏွင့္ ထိုင္းႏိုင္ငံမွ သံဃာေတာ္အပါး ၁၀၀ ခန္႔ ပါ ဝင္မည္ ျဖစ္သည္။

ျမန္မာ-ထိုင္း ႏွစ္ႏိုင္ငံပူး ေပါင္း၍ ၂၀၁၅ စက္တင္ဘာတြင္ ပထမအႀကိမ္ သံဃာအပါး တစ္ေသာင္း၊ ဒုတိယအႀကိမ္အျဖစ္ ၂၀၁၈ ဇန္နဝါရီတြင္ သံဃာအပါး ႏွစ္ေသာင္းတို႔ကို ဆြမ္းဆန္ စိမ္းေလာင္းလႉၿပီး ယခုတတိယအ ႀကိမ္၌ သံဃာအပါးသုံးေသာင္း အား လႉဒါန္းမည္ျဖစ္သည္။



Unicode ဖြင့်ဖတ်ရန်


မန္တလေးမြို့၌ ကျင်း ပမည့် သံဃာအပါးသုံးသောင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် သံဃာများအား စနစ်တကျ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းကို ဂင်းနစ်စံချိန်ဝင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ကျင်းပရေးကော်မ တီသတင်းနှင့် ပြန်ကြားရေးအ တွင်းရေးမှူး ဦးမျိုးဝင်းနိုင်က ပြောသည်။

‘‘ပုံစံံတွေချပြီး နာရီပိုင်းအ ချိန်တိုတိုအတွင်းမှာ သံဃာသုံး သောင်းကို ဆွမ်းလောင်းလှူနိုင် တယ်ဆိုတာရယ်၊ စနစ်တကျ လောင်းလှူနိုင်တယ်ဆိုတာကို ဂင်းနစ်စံချိန်ဝင်နိုင်အောင် ကြိုး စားသွားမယ်’’ဟု ဦးမျိုးဝင်းနိုင်က ဆိုသည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူး ပေါင်းပြုလုပ်မည့် သံဃာအပါး သုံးသောင်း ဆွမ်းဆန်စိမ်းလောင်း လှူပွဲကို ဒီဇင်ဘာ ၈ ရက်တွင် မန္တလေးမြို့ ချမ်းမြသာစည် လေ ယာဉ်ကွင်း၌ ကျင်းပမည်ဖြစ် သည်။

သံံဃာအပါး သုံးသောင်းကို တစ်တန်းလျှင် အပါးတစ်ထောင် ဖြင့် အတန်း ၃၀ ခွဲကာ ဆွမ်းဆန်စိမ်း၊ နဝကမ္မအလှူငွေ၊ လှူဖွယ်ဝတ္ထုများကို စနစ်တကျလောင်း လှူနိုင်ရန် စီစဉ်ထားသည်။

ဂင်းနစ်စံချိန်ဝင်ရန် ကြိုးပမ်း မှုတွင် ထိုင်းနိုင်ငံ ဓမ္မကာယ ကျောင်းက ကူညီမည်ဖြစ်ကြောင်း ဦးမျိုးဝင်းနိုင်က ဆိုသည်။

သံံဃာတစ်ပါးလျှင် အလှူငွေကျပ် သုံးသောင်းလှူဒါန်း မည်ဖြစ်ပြီး စေတနာရှင်များ၏ အလှူပစ္စည်းများလည်း ပါဝင် မည်ဖြစ်ကြောင်း ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌဦးစိုးလင်းက ပြောသည်။

ယင်းပွဲတွင် မန္တလေးခရိုင်ရှိ သံဃာတော်များနှင့် ထိုင်းနိုင်ငံမှ သံဃာတော်အပါး ၁၀၀ ခန့် ပါ ဝင်မည် ဖြစ်သည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံပူး ပေါင်း၍ ၂၀၁၅ စက်တင်ဘာတွင် ပထမအကြိမ် သံဃာအပါး တစ်သောင်း၊ ဒုတိယအကြိမ်အဖြစ် ၂၀၁၈ ဇန်နဝါရီတွင် သံဃာအပါး နှစ်သောင်းတို့ကို ဆွမ်းဆန် စိမ်းလောင်းလှူပြီး ယခုတတိယအ ကြိမ်၌ သံဃာအပါးသုံးသောင်း အား လှူဒါန်းမည်ဖြစ်သည်။



Credit: 7Day Daily


မှတ်ချက်များ