အိမ္ေထာင္ဖက္အျဖစ္ေရြးခ်ယ္မိရင္ အၾကီးအက်ယ္ေနာင္တရရမယ့္ေယာက်ာ္းအမ်ိဳးအစား(၆)မ်ိဳး


Zawgyiျဖင့္ဖတ္ရန္
ဘဝအတြက္ လက္တြဲေဖာ္ေရြးခ်ယ္တဲ့အခါ တစ္ေယာက္နဲ႕တစ္ေယာက္စံသတ္မွတ္ထားတဲ့ပံုစံေတြ၊ ေမွ်ာ္လင့္ထားတဲ့ပံုစံေတြ တူမွာမဟုတ္ပါဘူး။ ပ်ိဳေမတို႕လည္း ကိုယ္နဲ႕တစ္သက္လံုးလက္တြဲသြားဖို႕၊ကိုယ့္ေဘးမွာရွိရမယ့္သူကိုေရြးခ်ယ္ရာမွာ တစ္ေယာက္နဲ႕တစ္ေယာက္စဥ္းစားထားၾကပံုခ်င္း မတူနိုင္ပါဘူး။ ဒါေပမယ့္ ဘယ္ေလာက္ပဲ စိတ္ကူးေတြမတူၾကေပမယ့္ လက္တြဲေဖာ္ေရြးခ်ယ္တဲ့အခါ လံုးဝမစဥ္းစားသင့္တဲ့သူေတြရွိပါတယ္။ အဲ့ဒါကေတာ့ ဒီလိုလူမ်ိဳးေတြပါ။
(၁) အပ်င္းၾကီးလြန္းတဲ့သူ
ကိုယ့္တာဝန္ကိုယ္မေက်တဲ့သူ၊ အေၾကာင္းျပခ်က္ေတြအမ်ိဳးမ်ိဳးေပးျပီး ေခါင္းေရွာင္တတ္တဲ့သူ၊ ဘယ္သူ႕ကိုမွ မကူညီတတ္တဲ့သူမ်ိဳးကို အိမ္ေထာင္ဖက္အျဖစ္ေရြးမယ္ဆိုရင္ နွစ္ေယာက္သားအတူတူေနတဲ့အခါမွာလည္း အိမ္အလုပ္တာဝန္မွန္သမွ် အမ်ိဳးသမီးတာဝန္ခ်ည္းပဲျဖစ္ေနပါလိမ့္မယ္။
(၂) ကေလးယူတာနဲ႕ပတ္သက္လို႕အေတြးအေခၚမတူတဲ့သူ
အိမ္ေထာင္တစ္ခုထူေထာင္ျပီးလို႕ ကေလးယူၾကတဲ့အခါ နွစ္ေယာက္လံုးက စိတ္ပါလက္ပါျဖစ္သင့္ပါတယ္။ နွစ္ေယာက္သားက ကေလးယူတာနဲ႕ပတ္သက္လို႕ မတူတဲ့စိတ္ကူးေတြရွိေနၾကျပီး တစ္ေယာက္မွ အေလွ်ာ့ေပးဖို႕စိတ္ကူးမရွိဘူးဆိုရင္ေတာ့ လက္မတြဲၾကတာပိုေကာင္းပါတယ္။
(၃) သူ႕အေမအပါအဝင္တျခားမိန္းမေတြမေကာင္းေၾကာင္းေျပာတတ္တဲ့သူ
သူဟာ အရင္ရည္းစားေဟာင္းေတြ၊ ပတ္ဝန္းက်င္ကမိန္းကေလးေတြနဲ႕ပတ္သက္လို႕ မေကာင္းေၾကာင္းေျပာတတ္တဲ့သူ၊ ေနာက္ဆံုး သူ႕အေမကိုေတာင္ အျပစ္တင္စကားမ်ိဳးေျပာတတ္တယ္ဆိုရင္ ဒီလိုလူမ်ိဳးနဲ႕ လက္တြဲဖို႕မေရြးခ်ယ္သင့္ပါဘူး။ ဘာလို႕လဲဆိုေတာ့ ေနာက္တစ္ေခါက္မေကာင္းေျပာခံရတဲ့သူက သင္ျဖစ္သြားနိုင္လို႕ပါ။
(၄) ပိုင္ရွင္ရွိတဲ့သူ
အခုေခတ္မွာ ရည္းစားရွိတာ မိန္းမရွိတာမွမဟုတ္တာ၊ မိန္းမရွိတာ ကြာရွင္းလို႕ရတာပဲ ဆိုတဲ့အေတြးမ်ိဳးနဲ႕ ပိုင္ရွင္ရွိျပီးသားေတြနဲ႕ ျငိတတ္ၾကတာကိုေတြ႕ရပါတယ္။ ဒါဟာ မျဖစ္သင့္ပါဘူး။ ဘယ္လိုအေၾကာင္းမ်ိဳးေၾကာင့္ျဖစ္ျဖစ္ ပိုင္ရွင္ရွိျပီးသားလူတစ္ေယာက္ကို မေရြးခ်ယ္သင့္တာေၾကာင့္ သူတို႕ေတြကို ေဝးေဝးကေရွာင္ပါ။
(၅) တြန္႕တိုတတ္တဲ့သူ
သမီးရည္းစားဘဝမွာ ကုန္က်စရိတ္မွန္သမွ် ေယာက်ာ္းေလးကပဲက်ခံရမယ္လို႕ မေျပာခ်င္ပါဘူး။ ဒါေပမယ့္ ရုပ္ရွင္ၾကည့္တာ၊ မုန္႕သြားစားတာေလာက္ကအစ ကိုယ့္အတြက္ကိုယ္ရွင္းေနရတာမ်ိဳး၊ ပိုက္ဆံနဲ႕ပတ္သက္လာရင္ ရုပ္ပ်က္ဆင္းပ်က္တြန္႕တိုေနတတ္တဲ့သူမ်ိဳးဆိုရင္ေတာ့ ေစာေစာစီးစီးလမ္းခြဲလိုက္တာေကာင္းပါတယ္။
(၆) ဉာဏ္ရည္မတူတဲ့သူ
ကိုယ္စကားတစ္ခြန္းေျပာလိုက္တဲ့အခါ နားမလည္သလိုလွမ္းၾကည့္ေနတတ္တဲ့သူ၊ ဟာသတစ္ခုေျပာလိုက္တဲ့အခါ ရယ္ရေကာင္းမွန္းမသိတဲ့သူ၊ အရိပ္ျပလို႕ အေကာင္မျမင္တဲ့သူမ်ိဳးဆိုရင္ တစ္သက္လံုး အဲ့ဒီလိုၾကီးေနနိုင္မလားလို႕ အရင္စဥ္းစားလိုက္ပါဦး။ ဒါေပမယ့္ ေရွ႕မဆက္တာပိုေကာင္းပါတယ္။
MAY THAZINHTOO
Credit:Aunty May
Unicodeဖြင့်ဖတ်ရန်

အိမ်ထောင်ဖက်အဖြစ်ရွေးချယ်မိရင် အကြီးအကျယ်နောင်တရရမယ့်ယောကျာ်းအမျိုးအစား(၆)မျိုး

ဘဝအတွက် လက်တွဲဖော်ရွေးချယ်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက်စံသတ်မှတ်ထားတဲ့ပုံစံတွေ၊ မျှော်လင့်ထားတဲ့ပုံစံတွေ တူမှာမဟုတ်ပါဘူး။ ပျိုမေတို့လည်း ကိုယ်နဲ့တစ်သက်လုံးလက်တွဲသွားဖို့၊ကိုယ့်ဘေးမှာရှိရမယ့်သူကိုရွေးချယ်ရာမှာ တစ်ယောက်နဲ့တစ်ယောက်စဉ်းစားထားကြပုံချင်း မတူနိုင်ပါဘူး။ ဒါပေမယ့် ဘယ်လောက်ပဲ စိတ်ကူးတွေမတူကြပေမယ့် လက်တွဲဖော်ရွေးချယ်တဲ့အခါ လုံးဝမစဉ်းစားသင့်တဲ့သူတွေရှိပါတယ်။ အဲ့ဒါကတော့ ဒီလိုလူမျိုးတွေပါ။
(၁) အပျင်းကြီးလွန်းတဲ့သူ
ကိုယ့်တာဝန်ကိုယ်မကျေတဲ့သူ၊ အကြောင်းပြချက်တွေအမျိုးမျိုးပေးပြီး ခေါင်းရှောင်တတ်တဲ့သူ၊ ဘယ်သူ့ကိုမှ မကူညီတတ်တဲ့သူမျိုးကို အိမ်ထောင်ဖက်အဖြစ်ရွေးမယ်ဆိုရင် နှစ်ယောက်သားအတူတူနေတဲ့အခါမှာလည်း အိမ်အလုပ်တာဝန်မှန်သမျှ အမျိုးသမီးတာဝန်ချည်းပဲဖြစ်နေပါလိမ့်မယ်။
(၂) ကလေးယူတာနဲ့ပတ်သက်လို့အတွေးအခေါ်မတူတဲ့သူ
အိမ်ထောင်တစ်ခုထူထောင်ပြီးလို့ ကလေးယူကြတဲ့အခါ နှစ်ယောက်လုံးက စိတ်ပါလက်ပါဖြစ်သင့်ပါတယ်။ နှစ်ယောက်သားက ကလေးယူတာနဲ့ပတ်သက်လို့ မတူတဲ့စိတ်ကူးတွေရှိနေကြပြီး တစ်ယောက်မှ အလျှော့ပေးဖို့စိတ်ကူးမရှိဘူးဆိုရင်တော့ လက်မတွဲကြတာပိုကောင်းပါတယ်။
(၃) သူ့အမေအပါအဝင်တခြားမိန်းမတွေမကောင်းကြောင်းပြောတတ်တဲ့သူ
သူဟာ အရင်ရည်းစားဟောင်းတွေ၊ ပတ်ဝန်းကျင်ကမိန်းကလေးတွေနဲ့ပတ်သက်လို့ မကောင်းကြောင်းပြောတတ်တဲ့သူ၊ နောက်ဆုံး သူ့အမေကိုတောင် အပြစ်တင်စကားမျိုးပြောတတ်တယ်ဆိုရင် ဒီလိုလူမျိုးနဲ့ လက်တွဲဖို့မရွေးချယ်သင့်ပါဘူး။ ဘာလို့လဲဆိုတော့ နောက်တစ်ခေါက်မကောင်းပြောခံရတဲ့သူက သင်ဖြစ်သွားနိုင်လို့ပါ။
(၄) ပိုင်ရှင်ရှိတဲ့သူ
အခုခေတ်မှာ ရည်းစားရှိတာ မိန်းမရှိတာမှမဟုတ်တာ၊ မိန်းမရှိတာ ကွာရှင်းလို့ရတာပဲ ဆိုတဲ့အတွေးမျိုးနဲ့ ပိုင်ရှင်ရှိပြီးသားတွေနဲ့ ငြိတတ်ကြတာကိုတွေ့ရပါတယ်။ ဒါဟာ မဖြစ်သင့်ပါဘူး။ ဘယ်လိုအကြောင်းမျိုးကြောင့်ဖြစ်ဖြစ် ပိုင်ရှင်ရှိပြီးသားလူတစ်ယောက်ကို မရွေးချယ်သင့်တာကြောင့် သူတို့တွေကို ဝေးဝေးကရှောင်ပါ။
(၅) တွန့်တိုတတ်တဲ့သူ
သမီးရည်းစားဘဝမှာ ကုန်ကျစရိတ်မှန်သမျှ ယောကျာ်းလေးကပဲကျခံရမယ်လို့ မပြောချင်ပါဘူး။ ဒါပေမယ့် ရုပ်ရှင်ကြည့်တာ၊ မုန့်သွားစားတာလောက်ကအစ ကိုယ့်အတွက်ကိုယ်ရှင်းနေရတာမျိုး၊ ပိုက်ဆံနဲ့ပတ်သက်လာရင် ရုပ်ပျက်ဆင်းပျက်တွန့်တိုနေတတ်တဲ့သူမျိုးဆိုရင်တော့ စောစောစီးစီးလမ်းခွဲလိုက်တာကောင်းပါတယ်။
(၆) ဉာဏ်ရည်မတူတဲ့သူ
ကိုယ်စကားတစ်ခွန်းပြောလိုက်တဲ့အခါ နားမလည်သလိုလှမ်းကြည့်နေတတ်တဲ့သူ၊ ဟာသတစ်ခုပြောလိုက်တဲ့အခါ ရယ်ရကောင်းမှန်းမသိတဲ့သူ၊ အရိပ်ပြလို့ အကောင်မမြင်တဲ့သူမျိုးဆိုရင် တစ်သက်လုံး အဲ့ဒီလိုကြီးနေနိုင်မလားလို့ အရင်စဉ်းစားလိုက်ပါဦး။ ဒါပေမယ့် ရှေ့မဆက်တာပိုကောင်းပါတယ်။
MAY THAZINHTOO
Credit:Aunty May

မှတ်ချက်များ