Zawgyiျဖင့္ဖတ္ရန္
ေလာကမွာ စိတ္ပ်က္ဖို႔ အေကာင္းဆံုးကေတာ့ စိတ္ထားပုတ္တာပါပဲ။ လူတစ္ေယာက္ဟာ ဘယ္ေလာက္ၾကီးပဲ ေခ်ာေနပါေစ၊ ပညာတတ္ေနပါေစ၊ စိတ္ထားပုတ္ရင္ေတာ့ အဲဒီ့အရာေတြအားလံုးဟာ အလကားပဲျဖစ္ပါတယ္။ ခုေဖာ္ျပေပးမွာကေတာ့ သူတစ္ပါးေကာင္းစားတဲ့အခါ မနာလိုတတ္တဲ့ အတြင္းစိတ္ပုတ္သူတို႔ရဲ႕ လကၡဏာေတြပဲျဖစ္ပါတယ္။
(၁) ကိုယ့္ထက္သာတဲ့သူေတြနဲ႔မေပါင္းဘူး
ဒီလိုလူေတြဟာ အျမဲတမ္း သူတစ္ပါးကိုလိုက္ျပိဳင္တတ္္တဲ့ သူေတြပါ။ သူတို႔ဟာ အားလံုးကို ျပိဳင္စရာလုိ႔ပဲ ျမင္တတ္သလုိ၊ သူတို႔ထက္သာတဲ့သူ၊ လိုက္ျပိဳင္လုိ႔ မမွီတဲ့သူမ်ိဳးဆိုရင္ သူတုိ႔ဆီက ပညာယူဖုိ႔ ေဝးစြ .. ဆက္ကို မေပါင္းေတာ့တဲ့ သူမ်ိဳးေတြပါ။ ဒါေၾကာင့္မို႔လည္း ဒီလိုလူမ်ိဳးေတြဟာ မတိုးတက္ႏိုင္သလုိ၊ သူငယ္ခ်င္းေကာင္းလည္း အရမ္းနည္းပါတယ္။
(၂) မတည့္တဲ့သူမ်ားတယ္
အတြင္းစိတ္ပုတ္တဲ့ သူေတြဟာ သူမ်ားေတြနဲ႔မတည့္ပါဘူး။ အစပိုင္းမွာေတာ့ ေကာင္းသလိုလုိ ရွိေပမယ့္ ေနာက္ပိုင္းမွာ ဇာတိရုပ္က ဖံုးမရဖိမရ ေပၚလာတဲ့အတြက္ ဘယ္သူကမွ သူ႔ကို မေပါင္းခ်င္ေတာ့ပါဘူး။ လိုခ်င္တာရွိရင္ေတာ့ သူတစ္ပါးကို ေအာက္က်ိဳ႕ျပီး ေပါင္းသေလာက္၊ မလိုအပ္ေတာ့တဲ့ အခါမွာလည္း ခ်က္ခ်င္းကို စိမ္းကားသြားတတ္တဲ့ သူေတြမို႔လို႔ သူတုိ႔နဲ႔ တည့္တဲ့သူကေတာ့ ေတာ္ေတာ္ကုိ ရွားပါတယ္။
(၃) အဆင့္အတန္းခြဲျခားတယ္
ဒီလိုလူေတြဟာ အဆင့္အတန္း အရမး္ခြဲတတ္တဲ့ သူေတြျဖစ္ပါတယ္။ သူမ်ားကို ႏွိမ္တတ္တဲ့ ေနရာမွာလည္း ႏွစ္ေယာက္မရွိပါဘူး။ မတူသလို၊ မတန္သလို ဆက္ဆံတတ္ျပီး လူလူခ်င္းကိုေတာင္ အရမ္းခြဲျခားတတ္တဲ့ သူေတြပါ။ စကားတစ္ခြန္းေျပာရင္ ေငြစကား၊ အဆင့္အတန္းစကားေတြ အျမဲေျပာတတ္တဲ့သူပါ။ အၾကြားလည္း အရမး္သန္ပါတယ္။
(၄) မနာလိုတယ္
ဒီလိုလူေတြဟာ အရမး္မနာလိုတတ္တဲ့ သူေတြျဖစ္ပါတယ္။ သူတစ္ပါးက သူတို႔ထက္ သာလြန္သြားတဲ့အခါ မခံခ်ိမခံသာျဖစ္ျပီး အတြင္းထဲမွာ မနာလိုစိတ္ေတြ ပြားေနတတ္သူပါ။ သူငယ္ခ်င္းေတြထဲမွာလည္း သူသာ အေတာ္ဆံုး၊ အလွဆံုး၊ အထင္ေပၚဆံုးျဖစ္သလို တစ္ေယာက္ေယာက္က ေက်ာ္သြားရင္လည္း သူငယ္ခ်င္း အခ်င္းခ်င္းကိုေတာင္ ဖံုးမရဖိမရ မနာလိုတတ္သူေတြပါ။
(၅) ေဒါက္ျဖဳတ္တတ္တယ္
သူတုိ႔ေတြဟာ တစ္ဖက္သားကို အေကာင္းျမင္စိတ္ မရွိတဲ့သူေတြပါ။ သူတစ္ပါးအျပစ္ကုိ လိုက္ရွာေနတတ္တဲ့ သူေတြပါ။ သူတုိ႔ေတြဟာ လူစံုေနတုန္းမွာ အရွက္ခြဲတတ္တဲ့ သူေတြပါ။ စသလုိလုိ ေနာက္သလိုလိုနဲ႔ သူတစ္ပါးကို အျမဲတမ္းေဒါက္ျဖဳတ္တဲ့ေနရာမွာေတာ့ ဆရာၾကီးပါ။
Credit:Em Em
Unicodeဖြင့်ဖတ်ရန်
အတွင်းပုတ်ပြီး သူတစ်ပါးကောင်းစားခြင်းကို မနာလိုတတ်သူတို့၏ လက္ခဏာ (၅) မျိုး…
လောကမှာ စိတ်ပျက်ဖို့ အကောင်းဆုံးကတော့ စိတ်ထားပုတ်တာပါပဲ။ လူတစ်ယောက်ဟာ ဘယ်လောက်ကြီးပဲ ချောနေပါစေ၊ ပညာတတ်နေပါစေ၊ စိတ်ထားပုတ်ရင်တော့ အဲဒီ့အရာတွေအားလုံးဟာ အလကားပဲဖြစ်ပါတယ်။ ခုဖော်ပြပေးမှာကတော့ သူတစ်ပါးကောင်းစားတဲ့အခါ မနာလိုတတ်တဲ့ အတွင်းစိတ်ပုတ်သူတို့ရဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။
(၁) ကိုယ့်ထက်သာတဲ့သူတွေနဲ့မပေါင်းဘူး
ဒီလိုလူတွေဟာ အမြဲတမ်း သူတစ်ပါးကိုလိုက်ပြိုင်တတ်တဲ့ သူတွေပါ။ သူတို့ဟာ အားလုံးကို ပြိုင်စရာလို့ပဲ မြင်တတ်သလို၊ သူတို့ထက်သာတဲ့သူ၊ လိုက်ပြိုင်လို့ မမှီတဲ့သူမျိုးဆိုရင် သူတို့ဆီက ပညာယူဖို့ ဝေးစွ .. ဆက်ကို မပေါင်းတော့တဲ့ သူမျိုးတွေပါ။ ဒါကြောင့်မို့လည်း ဒီလိုလူမျိုးတွေဟာ မတိုးတက်နိုင်သလို၊ သူငယ်ချင်းကောင်းလည်း အရမ်းနည်းပါတယ်။
(၂) မတည့်တဲ့သူများတယ်
အတွင်းစိတ်ပုတ်တဲ့ သူတွေဟာ သူများတွေနဲ့မတည့်ပါဘူး။ အစပိုင်းမှာတော့ ကောင်းသလိုလို ရှိပေမယ့် နောက်ပိုင်းမှာ ဇာတိရုပ်က ဖုံးမရဖိမရ ပေါ်လာတဲ့အတွက် ဘယ်သူကမှ သူ့ကို မပေါင်းချင်တော့ပါဘူး။ လိုချင်တာရှိရင်တော့ သူတစ်ပါးကို အောက်ကျို့ပြီး ပေါင်းသလောက်၊ မလိုအပ်တော့တဲ့ အခါမှာလည်း ချက်ချင်းကို စိမ်းကားသွားတတ်တဲ့ သူတွေမို့လို့ သူတို့နဲ့ တည့်တဲ့သူကတော့ တော်တော်ကို ရှားပါတယ်။
(၃) အဆင့်အတန်းခွဲခြားတယ်
ဒီလိုလူတွေဟာ အဆင့်အတန်း အရမ်းခွဲတတ်တဲ့ သူတွေဖြစ်ပါတယ်။ သူများကို နှိမ်တတ်တဲ့ နေရာမှာလည်း နှစ်ယောက်မရှိပါဘူး။ မတူသလို၊ မတန်သလို ဆက်ဆံတတ်ပြီး လူလူချင်းကိုတောင် အရမ်းခွဲခြားတတ်တဲ့ သူတွေပါ။ စကားတစ်ခွန်းပြောရင် ငွေစကား၊ အဆင့်အတန်းစကားတွေ အမြဲပြောတတ်တဲ့သူပါ။ အကြွားလည်း အရမ်းသန်ပါတယ်။
(၄) မနာလိုတယ်
ဒီလိုလူတွေဟာ အရမ်းမနာလိုတတ်တဲ့ သူတွေဖြစ်ပါတယ်။ သူတစ်ပါးက သူတို့ထက် သာလွန်သွားတဲ့အခါ မခံချိမခံသာဖြစ်ပြီး အတွင်းထဲမှာ မနာလိုစိတ်တွေ ပွားနေတတ်သူပါ။ သူငယ်ချင်းတွေထဲမှာလည်း သူသာ အတော်ဆုံး၊ အလှဆုံး၊ အထင်ပေါ်ဆုံးဖြစ်သလို တစ်ယောက်ယောက်က ကျော်သွားရင်လည်း သူငယ်ချင်း အချင်းချင်းကိုတောင် ဖုံးမရဖိမရ မနာလိုတတ်သူတွေပါ။
(၅) ဒေါက်ဖြုတ်တတ်တယ်
သူတို့တွေဟာ တစ်ဖက်သားကို အကောင်းမြင်စိတ် မရှိတဲ့သူတွေပါ။ သူတစ်ပါးအပြစ်ကို လိုက်ရှာနေတတ်တဲ့ သူတွေပါ။ သူတို့တွေဟာ လူစုံနေတုန်းမှာ အရှက်ခွဲတတ်တဲ့ သူတွေပါ။ စသလိုလို နောက်သလိုလိုနဲ့ သူတစ်ပါးကို အမြဲတမ်းဒေါက်ဖြုတ်တဲ့နေရာမှာတော့ ဆရာကြီးပါ။
Credit:Em Em


မှတ်ချက်များ