Zawgyiျဖင့္ဖတ္ရန္
နိုင္ငံေက်ာ္ မင္းသားေခ်ာေလး ပိုင္တံခြန္က ရွည္လ်ားတဲ့ အရပ္အေမာင္းနဲ့ စြဲေဆာင္မႈရိွတဲ့ မ်က္နွာအေနအထားေၾကာင့္ လူၾကိုက္မ်ားလွသူတစ္ဦး ျဖစ္ပါတယ္။ ပိုင္တံခြန္က ျမန္မာနို္င္ငံအတြင္းမွာသာမက ထိုင္းနိုင္ငံအတြင္းမွာပါ ေအာင္ျမင္ေနတာျဖစ္ျပီး ပရိသတ္ေတြရဲ့ အားေပးဝန္းရံျခင္းကို တစ္ခဲနက္ ခံေနရတာ ျဖစ္ပါတယ္။ ပိုင္တံခြန္က အခုဆိုရင္ ျမန္မာနိုင္ငံက ထိပ္တန္းမင္းသားစာရင္းမွာ တစ္ေယာက္အပါအဝင္ျဖစ္ေနျပီ ျဖစ္ပါတယ္။
ေအာင္ျမင္လာတာနဲ့အမွ် အနုပညာလုပ္ငန္းေတြ ဆက္တိုက္ဆိုသလို လုပ္ကိုင္လာရတဲ့ မင္းသားေခ်ာ ပိုင္တံခြန္က ပြဲအခမ္းအနားေတြကိုနဲ့ ေၾကာ္ျငာေတြကိုလည္း လက္မလည္ေအာင္ တက္ေရာက္၊ ေၾကာ္ျငာေပးေနရတာ ျဖစ္ပါတယ္။
ဒီေန့မွာလည္း ပိုင္တံခြန္က လိပ္နဂါးတံဆိပ္ ဖေယာင္းတိုင္ေမႊးေၾကာ္ျငာကို ဗိုလ္တစ္ေထာင္ဘုရားမွာ ရိုက္ကူးေပးေနတာကို ေတြ့ရပါတယ္။ ဗိုလ္တစ္ေထာင္ဘုရားေရာက္ခိုက္ ပိုင္တံခြန္က ဗိုလ္တစ္ေထာင္ဘိုးဘိုးၾကီးကို သြားေရာက္ ဦးတိုက္ခဲ့ပါေသးတယ္။
ပိုင္တံခြန္က လက္ရိွမွာ ထိုင္းနုိင္ငံနဲ့ ျမန္မာနိုင္ငံက အနုပညာလုပ္ငန္းေတြကို သင့္တင့္မွ်တစြာလုပ္ကိုင္ေနျပီး နားခ်ိန္မရိွေအာင္ကို ၾကိဳးစားေနသူတစ္ဦး ျဖစ္ပါတယ္။
ပိုင္တံခြန္ကေတာ့ တစ္ေန့တစ္ျခား ပရိသတ္ေတြရဲ့ အခ်စ္ေတြကို ပိုင္ဆိုင္ထားတာ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ပိုင္တံခြန္ရဲ့ ပံုရိပ္ေတြကို သေဘာက်ၾကမယ္ ထင္ပါတယ္။ အခ်ိန္ေပးျပီး ဖတ္ရႈေပးတဲ့ ပရိသတ္ၾကီးကို မုိမုိေလးမွ ေက်းဇူးအထူးတင္ရိွပါတယ္။
Rowena
Source: เทียนหอมเต่ามังกร - လိပ်နဂါးတံဆိပ်ဖယောင်းတိုင်မွှေး Office Thailand
Credit:Momolay
Unicodeဖြင့်ဖတ်ရန်
ကြော်ငြာရိုက်ရင်း ဗိုလ်တစ်ထောင်ဘိုးဘိုးကြီးကို သွားရောက်ဦးတိုက်ခဲ့တဲ့ ပိုင်တံခွန်
နိုင်ငံကျော် မင်းသားချောလေး ပိုင်တံခွန်က ရှည်လျားတဲ့ အရပ်အမောင်းနဲ့ စွဲဆောင်မှုရှိတဲ့ မျက်နှာအနေအထားကြောင့် လူကြိုက်များလှသူတစ်ဦး ဖြစ်ပါတယ်။ ပိုင်တံခွန်က မြန်မာနိုင်ငံအတွင်းမှာသာမက ထိုင်းနိုင်ငံအတွင်းမှာပါ အောင်မြင်နေတာဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးဝန်းရံခြင်းကို တစ်ခဲနက် ခံနေရတာ ဖြစ်ပါတယ်။ ပိုင်တံခွန်က အခုဆိုရင် မြန်မာနိုင်ငံက ထိပ်တန်းမင်းသားစာရင်းမှာ တစ်ယောက်အပါအဝင်ဖြစ်နေပြီ ဖြစ်ပါတယ်။
အောင်မြင်လာတာနဲ့အမျှ အနုပညာလုပ်ငန်းတွေ ဆက်တိုက်ဆိုသလို လုပ်ကိုင်လာရတဲ့ မင်းသားချော ပိုင်တံခွန်က ပွဲအခမ်းအနားတွေကိုနဲ့ ကြော်ငြာတွေကိုလည်း လက်မလည်အောင် တက်ရောက်၊ ကြော်ငြာပေးနေရတာ ဖြစ်ပါတယ်။
ဒီနေ့မှာလည်း ပိုင်တံခွန်က လိပ်နဂါးတံဆိပ် ဖယောင်းတိုင်မွှေးကြော်ငြာကို ဗိုလ်တစ်ထောင်ဘုရားမှာ ရိုက်ကူးပေးနေတာကို တွေ့ရပါတယ်။ ဗိုလ်တစ်ထောင်ဘုရားရောက်ခိုက် ပိုင်တံခွန်က ဗိုလ်တစ်ထောင်ဘိုးဘိုးကြီးကို သွားရောက် ဦးတိုက်ခဲ့ပါသေးတယ်။
ပိုင်တံခွန်က လက်ရှိမှာ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံက အနုပညာလုပ်ငန်းတွေကို သင့်တင့်မျှတစွာလုပ်ကိုင်နေပြီး နားချိန်မရှိအောင်ကို ကြိုးစားနေသူတစ်ဦး ဖြစ်ပါတယ်။
ပိုင်တံခွန်ကတော့ တစ်နေ့တစ်ခြား ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်တံခွန်ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Rowena
Source: เทียนหอมเต่ามังกร - လိပျနဂါးတံဆိပျဖယောငျးတိုငျမှှေး Office Thailand
Credit:Momolay


မှတ်ချက်များ