စီးပွားရေး အဆင်မပြေလို့ လုပ်အားခလေးတွေစု ဖုန်းဘေထည့်ပြီး TikTok ဆော့ကြတဲ့ မာမာနိုင်နဲ့ ကေသီဝင်း



Zawgyiဖြင့်ဖတ်ရန်







Unicode ဖြင့်ဖတ်ရန်


ယနေ့လူမှုကွန်ယက်မှာ လူသုံးအများဆုံးလို့ ဆိုနိုင်တဲ့ App တစ်ခုကတော့ Tik Tok ပဲဖြစ်ပါတယ်။ ဒီ Tik Tok ကနေ ခင်မင်သူတွေများပြားခဲ့သလို၊ သမီးရည်းစားတွေတောင်ဖြစ်ခဲ့ကြတဲ့ စုံတွဲတွေလည်း ရှိပါတယ်။ ဒီ Tik Tok ကနေပဲ နာမည်ကြီးပြီး အနုပညာရှင်အဖြစ် ရပ်တည်သွားကြသူတွေလည်း များပါတယ်။ လတ်တလော လူမှုကွန်ယက်နဲ့ Tik Tok မှာ နာမည်ကြီးနေတဲ့ သူ ၂ ယောက်ရှိပါတယ်။ သူတို့ကတော့ ပရိတ်သတ်ကြီးတို့ သိပြီးသားဖြစ်တဲ့ ကေသီဝင်းနဲ့ မာမာနိုင်ပဲဖြစ်ပါတယ်။ သူတို့ ၂ ဦးဟာ Tik Tok ဆော့ဖို့ ဘယ်လိုတွေကြိုးပမ်းခဲ့ရတယ်ဆိုတာ အင်တာဗျူးလေးမှာဖြေထားပါတယ်။


စီးပွားရေးကလည်း အဆင်မပြေပေမယ့်လည်း ရန်ကုန်ကို မင်းသမီးလေးများဖြစ်မလားဆိုပြီး တက်လာခဲ့တယ်လို့ဆိုပါတယ်။ လုပ်အားခတွေကိုလည်း စုပြီး Phone Bill ထည့် Tik Tok ဆော့ခဲ့တာလို့ ဆိုပါတယ်။ ပရိတ်သတ်ကြီးရေ သူတို့ရဲ့ အနုပညာ ဝါသနာကြီးပုံလေးကတော့ အံမခန်းပါပဲနော်။ ဘယ်လိုအခက်ခဲတွေပဲ တွေ့တွေ့အောင်မြင်တဲ့ တစ်နေ့ဆိုတာရှိနေတာမလို့ အားမလျော့ပါနဲ့လို့ အားပေးရင်း အောင်မြင်တဲ့ တစ်နေ့ကို ပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်……။


Writer- ME(Shwe Yaung Lan)

Video Source : 8days TV


မှတ်ချက်များ