လူႀကိဳက္မ်ားလာေသာ ငွက္ေပ်ာသီး ဝိတ္ခ်နည္း
Zawgyi ျဖင့္ဖတ္ရန္
အခုဆိုရင္ ငွက္ေပ်ာသီးျဖင့္ ဝိတ္ခ်နည္းဟာ ကမာၻမွာ လူႀကိဳက္မ်ားလာသည့္ ဝိတ္ခ်နည္းတစ္နည္း ျဖစ္လာပါၿပီ။
ဒီနည္းကို စတင္ေတြ႕ရွိခဲ့သူကေတာ့ ဂ်ပန္ႏိုင္ငံမွ Hitoshi Watanabe ဆိုသူ ျဖစ္ပါတယ္။သူ႔ရဲ႕ ငွက္ေပ်ာသီးျဖင့္ ဝိတ္ခ်နည္းစာအုပ္ဟာ ဂ်ပန္ႏိုင္ငံမွာသာမက ကမာၻအရပ္ရပ္မွာလည္း ဘာသာျပန္ၿပီး ေရာင္းအားေကာင္းေနသည့္အျပင္ ႐ုပ္သံမ်ားမွလည္း ေတြ႕ဆုံေမးျမန္းခန္းေတြျပဳလုပ္ၿပီး တင္ဆက္ေပးေနပါၿပီ။
ဒီဝိတ္ခ်နည္းကို အေရွ႕တိုင္း၊ အေနာက္တိုင္းမွ လူအမ်ားအျပားက လက္ေတြ႕စမ္းသပ္ၿပီး တကယ္ထိေရာက္မႈ ရွိလာသည့္အတြက္ ကိုရီးယားမင္းသမီးမ်ားဟာလည္း ဒီနည္းကို အသုံးျပဳေနၾကၿပီလို႔ ဆိုပါတယ္။
ငွက္ေပ်ာသီးျဖင့္ ဝိတ္ခ်နည္း
၁။ နံနက္စာကို ငွက္ေပ်ာသီး (၂) လုံးသာ စားၿပီး ေရ (၂) ဖန္ခြက္ ေသာက္ပါ။
၂။ ေန႔လည္စာကို ပုံမွန္အတိုင္း ထမင္း၊ ဟင္းတို႔ကို စားႏိုင္ပါတယ္။ အဆီအဆိမ့္မ်ားတဲ့ အစာမ်ားကိုေတာ့ ေရွာင္ပါ။
၃။ ညစာကိုေတာ့ ထမင္းဟင္းမစားပဲ သစ္သီးမ်ားနဲ႔ ဟင္းသီးဟင္း႐ြတ္အခ်ိဳ႕ကိုသာ စားပါ။ ည ၈ ေနာက္ပိုင္းကိုေတာ့ ဘာမွမစားပါနဲ႔။
ဒီဝိတ္ခ်နည္းဟာ ႐ိုးရွင္းလြယ္ကူၿပီး ပင္ပင္ပန္းပန္း အားကစားလည္း မလုပ္ရပဲ ငွက္ေပ်ာသီးမွာပါဝင္တဲ့ အင္ဇိုင္းဓါတ္တစ္မ်ိဳးဟာ အဆီမ်ားကို စုပ္ယူၿပီး အစာေခ်ဖ်က္မႈကို ပိုမိုေကာင္းေစကာ အာဟာရျပည့္ဝသည့္အတြက္ ထမင္းဆာသည့္ အဆာကိုလည္း ထိန္းေပးတယ္လို႔ ဆိုပါတယ္။
ငွက္ေပ်ာသီးကိုေတာ့ ဘာငွက္ေပ်ာသီးမဆို အဆင္ေျပပါတယ္။ ဖီးၾကမ္းကေတာ့ ျမန္မာျပည္မွာသာ ေပါမ်ားၿပီး အျခားႏိုင္ငံမ်ားမွာေတာ့ ရွားပါးတဲ့အတြက္ သီးေမြးကို အမ်ားဆုံး အသုံးျပဳၾကပါတယ္။
Credit :ေစာႏြဲ႕ေနဆိုင္ (ပူတာအို)
Unicode ဖြင့်ဖတ်ရန်
လူကြိုက်များလာသော ငှက်ပျောသီး ဝိတ်ချနည်း
အခုဆိုရင် ငှက်ပျောသီးဖြင့် ဝိတ်ချနည်းဟာ ကမ္ဘာမှာ လူကြိုက်များလာသည့် ဝိတ်ချနည်းတစ်နည်း ဖြစ်လာပါပြီ။
ဒီနည်းကို စတင်တွေ့ရှိခဲ့သူကတော့ ဂျပန်နိုင်ငံမှ Hitoshi Watanabe ဆိုသူ ဖြစ်ပါတယ်။သူ့ရဲ့ ငှက်ပျောသီးဖြင့် ဝိတ်ချနည်းစာအုပ်ဟာ ဂျပန်နိုင်ငံမှာသာမက ကမ္ဘာအရပ်ရပ်မှာလည်း ဘာသာပြန်ပြီး ရောင်းအားကောင်းနေသည့်အပြင် ရုပ်သံများမှလည်း တွေ့ဆုံမေးမြန်းခန်းတွေပြုလုပ်ပြီး တင်ဆက်ပေးနေပါပြီ။
ဒီဝိတ်ချနည်းကို အရှေ့တိုင်း၊ အနောက်တိုင်းမှ လူအများအပြားက လက်တွေ့စမ်းသပ်ပြီး တကယ်ထိရောက်မှု ရှိလာသည့်အတွက် ကိုရီးယားမင်းသမီးများဟာလည်း ဒီနည်းကို အသုံးပြုနေကြပြီလို့ ဆိုပါတယ်။
ငှက်ပျောသီးဖြင့် ဝိတ်ချနည်း
၁။ နံနက်စာကို ငှက်ပျောသီး (၂) လုံးသာ စားပြီး ရေ (၂) ဖန်ခွက် သောက်ပါ။
၂။ နေ့လည်စာကို ပုံမှန်အတိုင်း ထမင်း၊ ဟင်းတို့ကို စားနိုင်ပါတယ်။ အဆီအဆိမ့်များတဲ့ အစာများကိုတော့ ရှောင်ပါ။
၃။ ညစာကိုတော့ ထမင်းဟင်းမစားပဲ သစ်သီးများနဲ့ ဟင်းသီးဟင်းရွတ်အချို့ကိုသာ စားပါ။ ည ၈ နောက်ပိုင်းကိုတော့ ဘာမှမစားပါနဲ့။
ဒီဝိတ်ချနည်းဟာ ရိုးရှင်းလွယ်ကူပြီး ပင်ပင်ပန်းပန်း အားကစားလည်း မလုပ်ရပဲ ငှက်ပျောသီးမှာပါဝင်တဲ့ အင်ဇိုင်းဓါတ်တစ်မျိုးဟာ အဆီများကို စုပ်ယူပြီး အစာချေဖျက်မှုကို ပိုမိုကောင်းစေကာ အာဟာရပြည့်ဝသည့်အတွက် ထမင်းဆာသည့် အဆာကိုလည်း ထိန်းပေးတယ်လို့ ဆိုပါတယ်။
ငှက်ပျောသီးကိုတော့ ဘာငှက်ပျောသီးမဆို အဆင်ပြေပါတယ်။ ဖီးကြမ်းကတော့ မြန်မာပြည်မှာသာ ပေါများပြီး အခြားနိုင်ငံများမှာတော့ ရှားပါးတဲ့အတွက် သီးမွေးကို အများဆုံး အသုံးပြုကြပါတယ်။
Credit :စောနွဲ့နေဆိုင် (ပူတာအို)


မှတ်ချက်များ