အခ်စ္ကို ကစားတတ္တဲ့ ေယာက်္ား ဟုတ္မဟုတ္ ဒီအခ်က္ေတြနဲ႔ ဆန္းစစ္မယ္




Zawgyi ျဖင့္ဖတ္ရန္

တစ္ခ်ိဳ႕ေယာက်္ားေတြက မိန္းကေလးေတြကို တစ္ေယာက္ၿပီး တစ္ေယာက္ေျပာင္းႀကိဳက္ရကို ပိုခုံမင္တတ္ၾကပါတယ္။ သူတို႔အတြက္ မိန္းကေလးေတြကို အပ်င္းေျပသေဘာ အေပ်ာ္တြဲတတ္ၾကၿပီးေတာ့ ဒီတစ္ေယာက္နဲ႔ တြဲရတာ ႐ိုးအီသြားၿပီဆိုရင္ ေနာက္တစ္ေယာက္ ေျပာင္းႀကိဳက္တတ္ၾကပါတယ္။ ဒီလိုမ်ိဳး အခ်စ္ကို ကစားတတ္တဲ့သူေတြကို အေၾကာင္းမသိပဲ ႀကိဳက္လိုက္မိတဲ့အခါမွာ မိန္းကေလးေတာ္ေတာ္မ်ားမ်ား အသည္းကြဲရတတ္ပါတယ္။ ဒီေတာ့ အခ်စ္ကို ကစားတတ္တဲ့ သူဟုတ္ မဟုတ္ကို ဒီအခ်က္ေတြနဲ႔ ဆန္းစစ္ၾကမယ္။

အတိတ္ကို ဖုံးကြယ္ထားတတ္တယ္


ကိုယ္နဲ႔ သူက ခ်စ္သူသာ ျဖစ္လာတယ္ သူအေၾကာင္း ဘာတစ္ခုမွ မသိရဘူးဆိုရင္ေတာ့ ဒီအေျခအေနဟာ သံသယျဖစ္စရာေကာင္းေနပါၿပီ။ သူ႔ရဲ႕ အေၾကာင္းကို ဘာတစ္ခုမွ တိတိက်က် မေျပာပဲ ေမးလိုက္ရင္လည္း ဟိုလိုလို ဒီလိုလို အေပၚယံေလာက္ပဲ ေျပာၿပီး စကားလႊဲသြားတတ္ပါတယ္။ ဒါဟာ စပ္စုတာမ်ိဳးမဟုတ္ပဲ သိကိုသိထားသင့္တဲ့ အေၾကာင္းအရာေတြပါ။ သူရဲ႕အေၾကာင္းအရာေတာ္ေတာ္မ်ားမ်ားကို မသိပဲ ခ်စ္သူအျဖစ္ လက္မခံသင့္ပါဘူး။


ဒီလိုလူေတြဟာ မိန္းကေလးေတြရဲ႕ စိတ္ကို ေႏွာေၾကထားၿပီးသားဆိုေတာ့ မိန္းကေလးေတြ ဘာႀကိဳက္တယ္၊ ဘယ္လိုပုံစံေတြဆို ပိုသေဘာက်တတ္တယ္ဆိုတာေတြကို သိႏွင့္ေနၿပီးသားျဖစ္ပါတယ္။ အျပင္ပန္းမွာေတာ့ သူတို႔ေတြဟာ ခ်စ္သူေကာင္မေလးအေပၚ အရမ္းခ်စ္တတ္၊ အလိုလိုက္တတ္တဲ့ ပုံစံမ်ိဳး၊ အရာရာကို ခြင့္လႊတ္တတ္တဲ့ ပုံစံမ်ိဳး ဟန္ေဆာင္တတ္ၾကပါတယ္။ ကိုယ္နဲ႔ေတြ႕လိုက္တိုင္း ကိုယ့္အေပၚအရမ္းေတြ ေကာင္းျပေနၿပီး အခ်ိဳေတြအရမ္းေကြၽးေနရင္ေတာ့ သတိထားၿပီး အဲဒီ့လူရဲ႕ ပုံစံအမွန္ကို ေလ့လာသင့္ေနပါၿပီ။ ကိုယ့္လိုပဲ တစ္ျခားမိန္းကေလးေတြဆီ ေရာက္သြားရင္လည္း ဒီလိုျပဳမူႏိုင္တယ္ဆိုတာကို ထည့္ေတြးထားဖို႔ေတာ့ လိုပါလိမ့္မယ္။

အေျပာနဲ႔ အလုပ္မညီတတ္ဘူး


သူေျပာထားတဲ့ အေၾကာင္းအရာေတြ၊ သူ႔ပုံစံအမူအရာေတြဟာ သင့္ရဲ႕ အႀကိဳက္ကို လိုက္ၿပီး အေပၚယံေတြသာ ျဖစ္ေနတတ္ပါတယ္။ ဘယ္ေလာက္ပဲ ဟန္ေဆာင္ေကာင္းတဲ့လူပဲ ျဖစ္ျဖစ္ ကိုယ့္ရဲ႕ မူရင္းပုံစံကို ဖုံးကြယ္ထားလို႔ မရတတ္ပါဘူး။ အခ်ိန္တစ္ခုေရာက္လာတာနဲ႔ သူ႔ရဲ႕ ဇာတိ႐ုပ္က ေပၚလာတတ္ပါတယ္။ ဒီလိုမ်ိဳး သူအေျပာေတြနဲ႔ အလုပ္ေတြဟာ ဘယ္လိုမွ မကိုက္ညီတတ္ပါဘူး။ သင္အထင္ႀကီးေအာင္ အမ်ိဳးမ်ိဳးလုပ္ႀကံဇာတ္ေတြခင္းျပတတ္ၿပီး တကယ္တမ္းေတာ့ ဘာမွလည္း ဟုတ္မေနတတ္ပဲ အလိမ္အညာေတြသာ ျဖစ္ေနတတ္ပါတယ္။ ဒီလိုလူမ်ိဳးေတြကို ကိုယ့္ခ်စ္သူအျဖစ္ မေ႐ြးခ်ယ္သင့္ပါဘူးေနာ္။ သူတို႔က ကိုယ့္ကို တစ္ခ်ိန္မွာ ရက္ရက္စက္စက္ ထားပစ္ခဲ့မယ့္သူေတြဆိုတာ မေမ့ပါနဲ႔။

Credit : Aunty may 


Unicode ဖြင့်ဖတ်ရန်

အချစ်ကို ကစားတတ်တဲ့ ယောကျ်ား ဟုတ်မဟုတ် ဒီအချက်တွေနဲ့ ဆန်းစစ်မယ်




တစ်ချို့ယောကျ်ားတွေက မိန်းကလေးတွေကို တစ်ယောက်ပြီး တစ်ယောက်ပြောင်းကြိုက်ရကို ပိုခုံမင်တတ်ကြပါတယ်။ သူတို့အတွက် မိန်းကလေးတွေကို အပျင်းပြေသဘော အပျော်တွဲတတ်ကြပြီးတော့ ဒီတစ်ယောက်နဲ့ တွဲရတာ ရိုးအီသွားပြီဆိုရင် နောက်တစ်ယောက် ပြောင်းကြိုက်တတ်ကြပါတယ်။ ဒီလိုမျိုး အချစ်ကို ကစားတတ်တဲ့သူတွေကို အကြောင်းမသိပဲ ကြိုက်လိုက်မိတဲ့အခါမှာ မိန်းကလေးတော်တော်များများ အသည်းကွဲရတတ်ပါတယ်။ ဒီတော့ အချစ်ကို ကစားတတ်တဲ့ သူဟုတ် မဟုတ်ကို ဒီအချက်တွေနဲ့ ဆန်းစစ်ကြမယ်။

အတိတ်ကို ဖုံးကွယ်ထားတတ်တယ်


ကိုယ်နဲ့ သူက ချစ်သူသာ ဖြစ်လာတယ် သူအကြောင်း ဘာတစ်ခုမှ မသိရဘူးဆိုရင်တော့ ဒီအခြေအနေဟာ သံသယဖြစ်စရာကောင်းနေပါပြီ။ သူ့ရဲ့ အကြောင်းကို ဘာတစ်ခုမှ တိတိကျကျ မပြောပဲ မေးလိုက်ရင်လည်း ဟိုလိုလို ဒီလိုလို အပေါ်ယံလောက်ပဲ ပြောပြီး စကားလွှဲသွားတတ်ပါတယ်။ ဒါဟာ စပ်စုတာမျိုးမဟုတ်ပဲ သိကိုသိထားသင့်တဲ့ အကြောင်းအရာတွေပါ။ သူရဲ့အကြောင်းအရာတော်တော်များများကို မသိပဲ ချစ်သူအဖြစ် လက်မခံသင့်ပါဘူး။


ဒီလိုလူတွေဟာ မိန်းကလေးတွေရဲ့ စိတ်ကို နှောကြေထားပြီးသားဆိုတော့ မိန်းကလေးတွေ ဘာကြိုက်တယ်၊ ဘယ်လိုပုံစံတွေဆို ပိုသဘောကျတတ်တယ်ဆိုတာတွေကို သိနှင့်နေပြီးသားဖြစ်ပါတယ်။ အပြင်ပန်းမှာတော့ သူတို့တွေဟာ ချစ်သူကောင်မလေးအပေါ် အရမ်းချစ်တတ်၊ အလိုလိုက်တတ်တဲ့ ပုံစံမျိုး၊ အရာရာကို ခွင့်လွှတ်တတ်တဲ့ ပုံစံမျိုး ဟန်ဆောင်တတ်ကြပါတယ်။ ကိုယ်နဲ့တွေ့လိုက်တိုင်း ကိုယ့်အပေါ်အရမ်းတွေ ကောင်းပြနေပြီး အချိုတွေအရမ်းကျွေးနေရင်တော့ သတိထားပြီး အဲဒီ့လူရဲ့ ပုံစံအမှန်ကို လေ့လာသင့်နေပါပြီ။ ကိုယ့်လိုပဲ တစ်ခြားမိန်းကလေးတွေဆီ ရောက်သွားရင်လည်း ဒီလိုပြုမူနိုင်တယ်ဆိုတာကို ထည့်တွေးထားဖို့တော့ လိုပါလိမ့်မယ်။

အပြောနဲ့ အလုပ်မညီတတ်ဘူး


သူပြောထားတဲ့ အကြောင်းအရာတွေ၊ သူ့ပုံစံအမူအရာတွေဟာ သင့်ရဲ့ အကြိုက်ကို လိုက်ပြီး အပေါ်ယံတွေသာ ဖြစ်နေတတ်ပါတယ်။ ဘယ်လောက်ပဲ ဟန်ဆောင်ကောင်းတဲ့လူပဲ ဖြစ်ဖြစ် ကိုယ့်ရဲ့ မူရင်းပုံစံကို ဖုံးကွယ်ထားလို့ မရတတ်ပါဘူး။ အချိန်တစ်ခုရောက်လာတာနဲ့ သူ့ရဲ့ ဇာတိရုပ်က ပေါ်လာတတ်ပါတယ်။ ဒီလိုမျိုး သူအပြောတွေနဲ့ အလုပ်တွေဟာ ဘယ်လိုမှ မကိုက်ညီတတ်ပါဘူး။ သင်အထင်ကြီးအောင် အမျိုးမျိုးလုပ်ကြံဇာတ်တွေခင်းပြတတ်ပြီး တကယ်တမ်းတော့ ဘာမှလည်း ဟုတ်မနေတတ်ပဲ အလိမ်အညာတွေသာ ဖြစ်နေတတ်ပါတယ်။ ဒီလိုလူမျိုးတွေကို ကိုယ့်ချစ်သူအဖြစ် မရွေးချယ်သင့်ပါဘူးနော်။ သူတို့က ကိုယ့်ကို တစ်ချိန်မှာ ရက်ရက်စက်စက် ထားပစ်ခဲ့မယ့်သူတွေဆိုတာ မမေ့ပါနဲ့။

Credit : Aunty may 


မှတ်ချက်များ