ခံတြင္းအနံ႔ဆုိးထြက္တာကုိ ဒီနည္းေလးေတြနဲ႔ ေျဖရွင္းလိုက္ရေအာင္…

Zawgyiျဖင့္ဖတ္ရန္

ခံတြင္းအနံ႔ဆုိးထြက္ေနလုိ႔ စိတ္ညစ္ေနပါသလား?မပူပါနဲ႔ လြယ္ကူတဲ႔နည္းလမ္းေလးေတြက သင့္အတြက္ရွိေနပါတယ္။ခံတြင္းအနံ႔ဆုိးထြက္တာက ကုိယ့္အတြက္ေရာ ကုိယ့္အနားကသူေတြအတြက္ပါ မေကာင္းေစတဲ႔အတြက္ ဒီနည္းေလးေတြကုိ သံုးျပီး ခံတြင္းအနံ႔ဆုိးထြက္တာကုိ ဖယ္ရွားလုိက္ပါေတာ့။ကဲ ဒါျဖင့္နည္းလမ္းေလးေတြၾကည့္လုိက္ရေအာင္။

ေလးညွင္းပြင့္

ေလးညွင္းပြင့္လက္ဖက္ရည္ကုိေန႔တိုင္း ပလုတ္က်င္းေဆးအျဖစ္သံုးမယ္ဆိုရင္မၾကာခင္ခံတြင္းအနံ႔ဆုိးထြက္တာေပ်ာက္ကင္းသြားပါလိမ့္မယ္။ ေလးညွင္းပြင့္လက္ဖက္ရည္ကုိဘယ္လိုလုပ္ရမလဲဆိုရင္ ေရတစ္ခြက္ကိုပြက္ပြက္ဆူေအာင္တည္ျပီး ေလးညွင္းပြင့္အမႈန္႔စားပြဲတင္ဇြန္းတစ္ဇြန္းထည့္ပါ။၅မိနစ္ေလာက္ေနရင္ခ်လို႔ရပါျပီ။ အဲ႔ဒီအရည္ကုိတစ္ေန႔ကုိ၂ၾကိိမ္ပလုတ္က်င္းေဆးအျဖစ္သံုးေပးႏုိင္ပါတယ္။

မုန္႔ဖုတ္ဆိုဒါ

မုန္႔ဖုတ္ဆုိဒါက အလွအပအတြက္ေရာ က်န္းမာေရးအတြက္ပါ အသံုး၀င္ပါတယ္။ေရခပ္ေႏြးေႏြးေလးထဲကုိ မုန္႔ဖုတ္ဆိုဒါစားပြဲတင္ဇြန္းတစ္၀က္ထည့္ပါ။ျပီးရင္ေန႔တိုင္းအဲ႔ဒီေရေႏြးနဲ႔ခံတြင္းကုိပလုတ္က်င္းေပးပါ။ မုန္႔ဖုတ္ဆုိဒါမႈန္႔အနည္းငယ္ကုိသြားတိုက္တံထဲထည့္ျပီးတုိက္ေပးရင္လည္း ဘတ္တီးရီးယားေတြေပါက္ဖြားတာကိုသန္႔စင္္ေပးႏုိင္ပါတယ္။ဒီနည္းေလးကုိေတာ့ တစ္ပတ္ကုိတစ္ၾကိမ္ပဲလုပ္ေပးပါ။

သံပုရာရည္

ဒီနည္းလမ္းကေတာ့အရမ္းလြယ္ျပီးလူတိုင္းလုိက္လုုပ္ႏုိင္မယ္ထင္ပါတယ္။ သံပရာရည္စားပြဲတင္ဇြန္းတစ္ဇြန္းကုိေရတစ္ဖန္ခြက္ထဲထည့္ျပီးပလုတ္က်င္းေပးရံုပါပဲ။ သံပုရာရည္ကခံတြင္းအနံ႔ဆိုးထြက္တာကုိကာကြယ္ေပးျပီးဘတ္တီးရီးယားေတြၾကီးထြားတာကိုရပ္တန္႔ေပးပါတယ္။ ပံုမွန္လုပ္ေပးရင္မၾကာခင္မွာပဲ ခံတြင္းအနံ႔ဆိုးထြက္တာေပ်ာက္ကင္းသြားပါလိမ့္မယ္။

ပန္းသီးအရက္ရွာလကာရည္

ေရဖန္ခြက္တစ္ခြက္ထဲကုိ ပန္းသီးအရက္ရွာလကာရည္စားပြဲတင္ဇြန္းတစ္ဇြန္းထည့္ပါ။ ထည့္ျပီးလႈပ္ခါေပးပါ။အဲ႔ဒီအရည္ကုိထမင္းမစားခင္ေသာက္ေပးႏုိင္ပါတယ္။pH Level ညီမ်ွေစျပီးခံတြင္းအနံ႔ဆိုးထြက္တာကင္းေ၀းေစပါတယ္။

အုန္းဆီ

အုန္းဆီစစ္ဖုိ႔ေတာ့လုိပါတယ္။အုန္းဆီစစ္စစ္စားပြဲတင္ဇြန္းတစ္ဇြန္းကုိယူျပီး၁၀မိနစ္ေလာက္ သြားေတြကုိတိုက္ေပးပါ။ျပီးရင္ေထြးထုတ္ျပီး ေရေႏြးေြးေလးနဲ႔ေဆးေၾကာလိုက္ပါ။ အုန္းဆီကခံတြင္းက်န္းမာေရးအတြက္ေကာင္းေစျပီး ဘတ္တီးရီးယားေတြဖယ္ရွားေပးပါတယ္။ သြားေတြကုိျဖဴစင္၀င္းပေစလို႔ေန႔တိုင္းလုပ္ေပးႏုိင္ပါတယ္။

ဒီနည္းေလးေတြကုိ တစ္ပတ္ကုိ ၂ၾကိမ္ကေန သံုးၾကိမ္ထိ ပံုမွန္ေလးလုပ္ေပးႏုိင္ပါတယ္။

Source:Fashion Lady

Credit:Buzzy

Unicodeဖြင့်ဖတ်ရန်

ခံတွင်းအနံ့ဆိုးထွက်တာကို ဒီနည်းလေးတွေနဲ့ ဖြေရှင်းလိုက်ရအောင်…

ခံတွင်းအနံ့ဆိုးထွက်နေလို့ စိတ်ညစ်နေပါသလား?မပူပါနဲ့ လွယ်ကူတဲ့နည်းလမ်းလေးတွေက သင့်အတွက်ရှိနေပါတယ်။ခံတွင်းအနံ့ဆိုးထွက်တာက ကိုယ့်အတွက်ရော ကိုယ့်အနားကသူတွေအတွက်ပါ မကောင်းစေတဲ့အတွက် ဒီနည်းလေးတွေကို သုံးပြီး ခံတွင်းအနံ့ဆိုးထွက်တာကို ဖယ်ရှားလိုက်ပါတော့။ကဲ ဒါဖြင့်နည်းလမ်းလေးတွေကြည့်လိုက်ရအောင်။

လေးညှင်းပွင့်

လေးညှင်းပွင့်လက်ဖက်ရည်ကိုနေ့တိုင်း ပလုတ်ကျင်းဆေးအဖြစ်သုံးမယ်ဆိုရင်မကြာခင်ခံတွင်းအနံ့ဆိုးထွက်တာပျောက်ကင်းသွားပါလိမ့်မယ်။ လေးညှင်းပွင့်လက်ဖက်ရည်ကိုဘယ်လိုလုပ်ရမလဲဆိုရင် ရေတစ်ခွက်ကိုပွက်ပွက်ဆူအောင်တည်ပြီး လေးညှင်းပွင့်အမှုန့်စားပွဲတင်ဇွန်းတစ်ဇွန်းထည့်ပါ။၅မိနစ်လောက်နေရင်ချလို့ရပါပြီ။ အဲ့ဒီအရည်ကိုတစ်နေ့ကို၂ကြိမ်ပလုတ်ကျင်းဆေးအဖြစ်သုံးပေးနိုင်ပါတယ်။

မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါက အလှအပအတွက်ရော ကျန်းမာရေးအတွက်ပါ အသုံးဝင်ပါတယ်။ရေခပ်နွေးနွေးလေးထဲကို မုန့်ဖုတ်ဆိုဒါစားပွဲတင်ဇွန်းတစ်ဝက်ထည့်ပါ။ပြီးရင်နေ့တိုင်းအဲ့ဒီရေနွေးနဲ့ခံတွင်းကိုပလုတ်ကျင်းပေးပါ။ မုန့်ဖုတ်ဆိုဒါမှုန့်အနည်းငယ်ကိုသွားတိုက်တံထဲထည့်ပြီးတိုက်ပေးရင်လည်း ဘတ်တီးရီးယားတွေပေါက်ဖွားတာကိုသန့်စင်ပေးနိုင်ပါတယ်။ဒီနည်းလေးကိုတော့ တစ်ပတ်ကိုတစ်ကြိမ်ပဲလုပ်ပေးပါ။

သံပုရာရည်

ဒီနည်းလမ်းကတော့အရမ်းလွယ်ပြီးလူတိုင်းလိုက်လုပ်နိုင်မယ်ထင်ပါတယ်။ သံပရာရည်စားပွဲတင်ဇွန်းတစ်ဇွန်းကိုရေတစ်ဖန်ခွက်ထဲထည့်ပြီးပလုတ်ကျင်းပေးရုံပါပဲ။ သံပုရာရည်ကခံတွင်းအနံ့ဆိုးထွက်တာကိုကာကွယ်ပေးပြီးဘတ်တီးရီးယားတွေကြီးထွားတာကိုရပ်တန့်ပေးပါတယ်။ ပုံမှန်လုပ်ပေးရင်မကြာခင်မှာပဲ ခံတွင်းအနံ့ဆိုးထွက်တာပျောက်ကင်းသွားပါလိမ့်မယ်။

ပန်းသီးအရက်ရှာလကာရည်

ရေဖန်ခွက်တစ်ခွက်ထဲကို ပန်းသီးအရက်ရှာလကာရည်စားပွဲတင်ဇွန်းတစ်ဇွန်းထည့်ပါ။ ထည့်ပြီးလှုပ်ခါပေးပါ။အဲ့ဒီအရည်ကိုထမင်းမစားခင်သောက်ပေးနိုင်ပါတယ်။pH Level ညီမျှစေပြီးခံတွင်းအနံ့ဆိုးထွက်တာကင်းဝေးစေပါတယ်။

အုန်းဆီ

အုန်းဆီစစ်ဖို့တော့လိုပါတယ်။အုန်းဆီစစ်စစ်စားပွဲတင်ဇွန်းတစ်ဇွန်းကိုယူပြီး၁၀မိနစ်လောက် သွားတွေကိုတိုက်ပေးပါ။ပြီးရင်ထွေးထုတ်ပြီး ရေနွေးေွးလေးနဲ့ဆေးကြောလိုက်ပါ။ အုန်းဆီကခံတွင်းကျန်းမာရေးအတွက်ကောင်းစေပြီး ဘတ်တီးရီးယားတွေဖယ်ရှားပေးပါတယ်။ သွားတွေကိုဖြူစင်ဝင်းပစေလို့နေ့တိုင်းလုပ်ပေးနိုင်ပါတယ်။

ဒီနည်းလေးတွေကို တစ်ပတ်ကို ၂ကြိမ်ကနေ သုံးကြိမ်ထိ ပုံမှန်လေးလုပ်ပေးနိုင်ပါတယ်။

Source:Fashion Lady

Credit:Buzzy

မှတ်ချက်များ