Zawgyiျဖင့္ဖတ္ရန္
ယားနာေရာဂါတစ္ခုျဖစ္တဲ႔ နွင္းခူေရာဂါဟာ ယားေတြထဲက နာမည္ျကီးေရာဂါတစ္ခုလုိ႕ဆိုရမွာပါပဲ။ နွင္းခူမွာ နွင္းခူစိုနဲ႕နွင္းခူေျခာက္ဆိုျပီးနွစ္မ်ိဳး ရွိျပီး ဘယ္ဟာပဲျဖစ္ျဖစ္ ယားတာ က ေတာ႔ယားတာပါပဲ။ အသားေပၚမွာ ျပဲျပဲ ျကီးေပါက္တတ္ျပီး အနီလိုလို အညိဳလိုလုိသမ္း
တဲ႔ အေရာင္မ်ိဳးပါ။
နွင္းခူေရာဂါခံစားေနရတဲ႔သူတစ္ေယာက္လံုး၀ကိုသိထားသင္႔တဲ႔အခ်က္တစ္ခ်က္က လက္သည္းနဲ႕တစ္ဗ်င္းဗ်င္းမကုတ္မိေစဖို႕ပါပဲ။ ကုတ္ေလပြားေလဆုိတဲ႔ ထဲမွာ နွင္းခူေရာဂါလည္းပါပါတယ္။ ဒါေျကာင္႔ ဘယ္ေလာက္ယားယားမကုတ္မိပါေစနဲ႕။ ကုတ္မဲ႔အစားအယားေျပေအာင္ တစ္ခ်က္နွစ္ခ်က္ရိုက္လိုက္တာကမွပိုအဆင္ေျပနုိင္ပါေသးတယ္။
နွင္းခူျဖစ္လာျပီဆိုရင္ ဘယ္လိုနည္းလမ္းေတြနဲ႕ကုသနုိင္သလဲ? နွင္းခူေရာဂါေပ်ာက္ကင္းေစတဲ႔ လိမ္းေဆးေတြလည္းအမ်ားျကီးရွိသလုိသဘာ၀နည္းလမ္းေလးတစ္ခ်ိဳ႕လည္းရွိပါတယ္။ ဘယ္လုိနည္းလမ္းေလးေတြလည္းဆိုတာ တစ္ခ်က္ျကည္႔လုိက္ရေအာင္…
(၁) ျကက္သြန္ျဖဴ
ျကက္သြန္ျဖဴကစားရင္ကင္ဆာေရာဂါကို ကာကြယ္နုိင္သလိုပဲ အခုတစ္ခါမွာလည္း ျကက္သြန္ျဖဴကိုပါးပါးေလးေတြလွီးျပီးနွင္းခူရွိတဲ႔ေနရာကို ျကက္သြန္ျဖဴအရည္ေတြထြက္တဲ႔အထိပြက္တုိက္ေပးပါ။ နွင္းခူနဲ႕ျကက္သြန္ျဖဴနဲ႕ေတြ႕ရင္အနာနည္းနည္းစပ္နုိင္ပင္မဲ႔ ေန႕စဥ္လုပ္ေပးပါက ရက္အနည္းငယ္တြင္းသက္သာသြားေစနုိင္ပါတယ္။
(၂) ပ်ားရည္
ပ်ားရည္ဟာ ယားနာေတြအတြက္ေဆးစြမ္ေကာင္းတစ္ခုဆိုလည္းမမွားပါဘူး။ နွင္းခူေပၚကို ေရစင္ေအာင္ေဆးျပီးေျခာက္ေအာင္သုတ္ကာပ်ားရည္ကိုခပ္ပါးပါးေလးသုတ္လိမ္းေပးပါ။
(၃) ငါးခူ
ငါးခူ (catfish) ငါးကိုဦးေခါင္းျဖတ္အတြင္းပသီမ်ားကိုဖယ္ရွားျပီးေနေျခာက္လွမ္း၍မီးျဖင့္အပူေပးျပီးျပာခ်ပါရရွိလာေသာငါးခူျပာအမႈန္႔ကိုအုန္းဆီ(သို႔)ေရနံဆီျဖင့္ပ်စ္ပ်စ္ေဖ်ာ္စပ္ျပီးနွင္းခူထဲသို႔စိမ့္ဝင္ေအာင္ပြတ္ေပး၍အဝတ္အစပါးပါးျဖင့္စည္းထားေပးလိုက္ပါက တစ္ပါတ္အတြင္းမွာသိသိသာသာနည္းပါးလာျပီး ေပ်ာက္ကင္းသႊားပါလိမ့္မယ္။
(၄) ရွားေစာင္းလက္ပတ္
ရွားေစာင္းလက္ပတ္ရဲ႕အနွစ္ကို ထုတ္ျပီး ေျခာက္ေသြ႕ေနတဲ႔ အနာရွိရာေပၚကို စိမ္႔၀င္ေနေအာင္လိမ္းေပးပါ။ အဆင္ေျပမယ္ဆုိရင္သူ႕ခ်ည္းပဲမလိမ္းပဲ အရင္ဆံုးအနာကိုဆားနဲ႕ျဖည္းျဖည္းေလးပြက္ေပးျပီးစပ္ဖ်င္းဖ်င္းျဖစ္လာမွ ရွားေစာင္းလက္ပတ္ေလးသုတ္လိမ္းေပးရင္လည္း အဆင္ေျပပါတယ္။ အပင္ကရတဲ႔ရွားေစာင္းလက္ပတ္စစ္စစ္ပါေနာ္…ရွားေစာင္းလက္ပတ္ပါ၀င္တဲ႔ Cosmetic ေတြကိုသံုးရင္ေတာ႔သိပ္ထိထိေရာက္ေရာက္မရွိနုိင္ပါဘူး…
Credit:Trend Maynmar
Unicodeဖြင့်ဖတ်ရန်
နှင်းခူကိုသက်သာစေတဲ့နည်းလမ်းကောင်း
ယားနာရောဂါတစ်ခုဖြစ်တဲ့ နှင်းခူရောဂါဟာ ယားတွေထဲက နာမည်ကြီးရောဂါတစ်ခုလို့ဆိုရမှာပါပဲ။ နှင်းခူမှာ နှင်းခူစိုနဲ့နှင်းခူခြောက်ဆိုပြီးနှစ်မျိုး ရှိပြီး ဘယ်ဟာပဲဖြစ်ဖြစ် ယားတာ က တော့ယားတာပါပဲ။ အသားပေါ်မှာ ပြဲပြဲ ကြီးပေါက်တတ်ပြီး အနီလိုလို အညိုလိုလိုသမ်း
တဲ့ အရောင်မျိုးပါ။
နှင်းခူရောဂါခံစားနေရတဲ့သူတစ်ယောက်လုံးဝကိုသိထားသင့်တဲ့အချက်တစ်ချက်က လက်သည်းနဲ့တစ်ဗျင်းဗျင်းမကုတ်မိစေဖို့ပါပဲ။ ကုတ်လေပွားလေဆိုတဲ့ ထဲမှာ နှင်းခူရောဂါလည်းပါပါတယ်။ ဒါကြောင့် ဘယ်လောက်ယားယားမကုတ်မိပါစေနဲ့။ ကုတ်မဲ့အစားအယားပြေအောင် တစ်ချက်နှစ်ချက်ရိုက်လိုက်တာကမှပိုအဆင်ပြေနိုင်ပါသေးတယ်။
နှင်းခူဖြစ်လာပြီဆိုရင် ဘယ်လိုနည်းလမ်းတွေနဲ့ကုသနိုင်သလဲ? နှင်းခူရောဂါပျောက်ကင်းစေတဲ့ လိမ်းဆေးတွေလည်းအများကြီးရှိသလိုသဘာဝနည်းလမ်းလေးတစ်ချို့လည်းရှိပါတယ်။ ဘယ်လိုနည်းလမ်းလေးတွေလည်းဆိုတာ တစ်ချက်ကြည့်လိုက်ရအောင်…
(၁) ကြက်သွန်ဖြူ
ကြက်သွန်ဖြူကစားရင်ကင်ဆာရောဂါကို ကာကွယ်နိုင်သလိုပဲ အခုတစ်ခါမှာလည်း ကြက်သွန်ဖြူကိုပါးပါးလေးတွေလှီးပြီးနှင်းခူရှိတဲ့နေရာကို ကြက်သွန်ဖြူအရည်တွေထွက်တဲ့အထိပွက်တိုက်ပေးပါ။ နှင်းခူနဲ့ကြက်သွန်ဖြူနဲ့တွေ့ရင်အနာနည်းနည်းစပ်နိုင်ပင်မဲ့ နေ့စဉ်လုပ်ပေးပါက ရက်အနည်းငယ်တွင်းသက်သာသွားစေနိုင်ပါတယ်။
(၂) ပျားရည်
ပျားရည်ဟာ ယားနာတွေအတွက်ဆေးစွမ်ကောင်းတစ်ခုဆိုလည်းမမှားပါဘူး။ နှင်းခူပေါ်ကို ရေစင်အောင်ဆေးပြီးခြောက်အောင်သုတ်ကာပျားရည်ကိုခပ်ပါးပါးလေးသုတ်လိမ်းပေးပါ။
(၃) ငါးခူ
ငါးခူ (catfish) ငါးကိုဦးခေါင်းဖြတ်အတွင်းပသီများကိုဖယ်ရှားပြီးနေခြောက်လှမ်း၍မီးဖြင့်အပူပေးပြီးပြာချပါရရှိလာသောငါးခူပြာအမှုန့်ကိုအုန်းဆီ(သို့)ရေနံဆီဖြင့်ပျစ်ပျစ်ဖျော်စပ်ပြီးနှင်းခူထဲသို့စိမ့်ဝင်အောင်ပွတ်ပေး၍အဝတ်အစပါးပါးဖြင့်စည်းထားပေးလိုက်ပါက တစ်ပါတ်အတွင်းမှာသိသိသာသာနည်းပါးလာပြီး ပျောက်ကင်းသွှားပါလိမ့်မယ်။
(၄) ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်ရဲ့အနှစ်ကို ထုတ်ပြီး ခြောက်သွေ့နေတဲ့ အနာရှိရာပေါ်ကို စိမ့်ဝင်နေအောင်လိမ်းပေးပါ။ အဆင်ပြေမယ်ဆိုရင်သူ့ချည်းပဲမလိမ်းပဲ အရင်ဆုံးအနာကိုဆားနဲ့ဖြည်းဖြည်းလေးပွက်ပေးပြီးစပ်ဖျင်းဖျင်းဖြစ်လာမှ ရှားစောင်းလက်ပတ်လေးသုတ်လိမ်းပေးရင်လည်း အဆင်ပြေပါတယ်။ အပင်ကရတဲ့ရှားစောင်းလက်ပတ်စစ်စစ်ပါနော်…ရှားစောင်းလက်ပတ်ပါဝင်တဲ့ Cosmetic တွေကိုသုံးရင်တော့သိပ်ထိထိရောက်ရောက်မရှိနိုင်ပါဘူး…
Credit:Trend Maynmar


မှတ်ချက်များ