အသက္(၄၀)ေက်ာ္အထိ လွပမႈအေပါင္းသရဖူေဆာင္းထားႏိုင္တဲ့ အလွဘုရင္မ အိျႏၵာေက်ာ္ဇင္
Zawgyiျဖင့္ဖတ္ရန္
နုိင္ငံေက်ာ္ မင္းသမီးေခ်ာေလး အိျႏၵာေက်ာ္ဇင္က အနုပညာနယ္ပယ္မွာ ေအာင္ျမင္မႈေတြမ်ားစြာ ရရိွပိုင္ဆိုင္ထားတဲ့ မင္းသမီးတစ္လက္ ျဖစ္ပါတယ္။ အိျႏၵာေက်ာ္ဇင္က အသက္ေလးဆယ္အရြယ္ ကေလးနွစ္ေယာက္မိခင္တစ္ဦးျဖစ္ေနေပမယ့္ သူမရဲ့ လွပတဲ့ ရုပ္ရည္ကေတာ့ ေျပာင္းလဲသြားျခင္း မရိွပါဘူး။ အိျႏၵာေက်ာ္ဇင္က လက္ရိွမွာလည္း သူမခ်စ္တဲ့ အနုပညာလုပ္ငန္းေတြကို ဆက္တိုက္ဆိုသလို လုပ္ကိုင္ေနဆဲ ျဖစ္ပါတယ္။
ဒီေန့မွာေတာ့ အိျႏၵာေက်ာ္ဇင္ကုိ ရင့္က်က္တည္ျငိမ္တဲ့ အမ်ိဳးသမီး တစ္ဦး သြင္ျပင္နဲ့ ေတြ့ျမင္ရတာ ျဖစ္ပါတယ္။ မုိမုိေလးပရိသတ္ေတြအတြက္ အိျႏၵာေက်ာ္ဇင္ရဲ့ ပြဲတက္ပံုရိပ္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။
အိျႏၵာေက်ာ္ဇင္က ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ (၁၉) ရက္ေန႔က Sedona Hotel မွာ က်င္းပျပဳလုပ္တဲ့ မိတ္ကပ္ခင္စန္းဝင္းရဲ႕ KSW Beauty Product Lunch ပြဲေလးကို တက္ေရာက္ခဲ့ပါတယ္။
အိျႏၵာေက်ာ္ဇင္က ေက်ာက္စိမ္းေရာင္ ဝတ္စံုေလးကို ဝတ္ဆင္ခဲ့ၿပီး သူမရဲ႕ လွပေသးသြယ္လြန္းတဲ့ ခႏၶာကိုယ္ေကာက္ေၾကာင္းအလွကို အထင္းသားေတြ႔ျမင္ရတာ ျဖစ္ပါတယ္။
အိျႏၵာေက်ာ္ဇင္က အခုဆိုရင္ အသက္ (၄၀) ေက်ာ္ ကေလးႏွစ္ေယာက္မိခင္တစ္ေယာက္ျဖစ္ေပမယ့္ လူငယ္ေလးေတြ လိုက္မမွီႏိုင္ေအာင္ အရမ္းလွပလြန္းေနတာပဲ ျဖစ္ပါတယ္။
အိျႏၵာေက်ာ္ဇင္ကေတာ့ ဘယ္အခ်ိန္ၾကည့္ၾကည့္ လွပမႈအေပါင္း သရဖူေဆာင္းထားတဲ့ မင္းသမီးေလး တစ္လက္ပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း လွပလြန္းတဲ့ အိျႏၵာေက်ာ္ဇင္ရဲ႕ ပြဲတက္ပံုရိပ္ေတြကို သေဘာက်ၾကမယ္ ထင္ပါတယ္။ အခ်ိန္ေပးၿပီး ဖတ္႐ႈေပးတဲ့ ပရိသတ္ႀကီးကို မိုမိုေလးမွ ေက်းဇူးအထူးတင္ရိွပါတယ္။
Rowena
Source: Eaindra Kyaw Zin's fb
Photo: Li John
Credit:momolay
Unicodeဖြင့်ဖတ်ရန်
အသက်(၄၀)ကျော်အထိ လှပမှုအပေါင်းသရဖူဆောင်းထားနိုင်တဲ့ အလှဘုရင်မ အိန္ဒြာကျော်ဇင်
နိုင်ငံကျော် မင်းသမီးချောလေး အိန္ဒြာကျော်ဇင်က အနုပညာနယ်ပယ်မှာ အောင်မြင်မှုတွေများစွာ ရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က အသက်လေးဆယ်အရွယ် ကလေးနှစ်ယောက်မိခင်တစ်ဦးဖြစ်နေပေမယ့် သူမရဲ့ လှပတဲ့ ရုပ်ရည်ကတော့ ပြောင်းလဲသွားခြင်း မရှိပါဘူး။ အိန္ဒြာကျော်ဇင်က လက်ရှိမှာလည်း သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။
ဒီနေ့မှာတော့ အိန္ဒြာကျော်ဇင်ကို ရင့်ကျက်တည်ငြိမ်တဲ့ အမျိုးသမီး တစ်ဦး သွင်ပြင်နဲ့ တွေ့မြင်ရတာ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် အိန္ဒြာကျော်ဇင်ရဲ့ ပွဲတက်ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
အိန္ဒြာကျော်ဇင်က ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၉) ရက်နေ့က Sedona Hotel မှာ ကျင်းပပြုလုပ်တဲ့ မိတ်ကပ်ခင်စန်းဝင်းရဲ့ KSW Beauty Product Lunch ပွဲလေးကို တက်ရောက်ခဲ့ပါတယ်။
အိန္ဒြာကျော်ဇင်က ကျောက်စိမ်းရောင် ဝတ်စုံလေးကို ဝတ်ဆင်ခဲ့ပြီး သူမရဲ့ လှပသေးသွယ်လွန်းတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို အထင်းသားတွေ့မြင်ရတာ ဖြစ်ပါတယ်။
အိန္ဒြာကျော်ဇင်က အခုဆိုရင် အသက် (၄၀) ကျော် ကလေးနှစ်ယောက်မိခင်တစ်ယောက်ဖြစ်ပေမယ့် လူငယ်လေးတွေ လိုက်မမှီနိုင်အောင် အရမ်းလှပလွန်းနေတာပဲ ဖြစ်ပါတယ်။
အိန္ဒြာကျော်ဇင်ကတော့ ဘယ်အချိန်ကြည့်ကြည့် လှပမှုအပေါင်း သရဖူဆောင်းထားတဲ့ မင်းသမီးလေး တစ်လက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း လှပလွန်းတဲ့ အိန္ဒြာကျော်ဇင်ရဲ့ ပွဲတက်ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Rowena
Source: Eaindra Kyaw Zin's fb
Photo: Li John
Credit:momolay



မှတ်ချက်များ