အေရးေပၚအေျခအေနတစ္ခုမွာ G Fatt ကို ကူညီခဲ့ၾကတဲ့ လမ္းေဘးက ပန္းေရာင္းတဲ့ကေလးေတြ
Zawgyiျဖင့္ဖတ္ရန္
ခံစားခ်က္အျပည့္နဲ႔ ကိုယ္ပိုင္သံစဥ္ေတြဖန္တီးျပီး ပရိသတ္ေတြရဲ႕အားေပးခ်စ္ခင္ျခင္းကို အျပည့္အဝရရွိထားတဲ့ အဆိုေတာ္ G Fatt ကေတာ့ ကေလးငယ္ေလးေတြကအစ အားေပးရသူတစ္ဦးပါ။ လတ္တေလာမွာေတာ့ G Fatt က အေရးေပၚအေျခအေနတစ္ခု ၾကံုေတြ႔ေနရတဲ့ အခ်ိန္မွာ လမ္းေဘးက ပန္းေရာင္းတဲ့ ကေလးေတြေၾကာင့္ ေျပလည္ခဲ့ရတဲ့အေၾကာင္း လူမႈကြန္ယက္မွာ ေဝမွ်ေပးထားတာ ေတြ႔ရပါတယ္။ သူ႔ကိုခ်စ္ၾကတဲ့ အဆိုပါကေလးေတြကိုေတာ့ G Fatt က မႏၱေလးမွာျပဳလုပ္မယ့္ ရိႈးပြဲကိုလည္း ဖိတ္ခဲ့ပါေသးတယ္ေနာ္။
မိုမိုေလးခ်စ္ပရိသတ္ေတြအတြက္ ပန္းေရာင္းတဲ့ ေက်းဇူးရွင္ ကေလးေတြေၾကာင့္ အေရးေပၚၾကံုေတြ႔ခဲ့ရတဲ့ အခက္အခဲတစ္ခုကေန ေျပလည္ခဲ့တဲ့ G Fatt ရဲ႕အေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။
G Fatt ကေတာ့ "* ျဖစ္ပံုက ဒီလို * မန္းေလးက ျပန္မယ့္ ည ဘက္ သူငယ္ခ်င္းက ကားခဏေပးသံုးထားလို႔ ၿမိဳ႔ပါတ္ၿပီး ဒိုးေနတုန္း ဆီကုန္ခါနီးမို႔ ဆီဝင္ထည့္တယ္ သူ႔ကားက 92 ထည့္ရမွာ ကိုယ္က ကိုယ့္ကားနဲ႔မွားၿပီး ဒီဇယ္ ထည့္လိုက္မိတယ္ အဲ့အထိလဲ သတိမထားမိဘူး .. ၃၅ လမ္းအတိုင္း တစ္ေယာက္တည္းေမာင္းလာတုန္း ၃၅ လမ္း ၆၂ ေထာင့္လဲေရာက္ေရာ ကားက မီးပြိုင့္ႀကီးအလယ္မွာ ထိုးရပ္သြားပါေလေရာ .. စက္လဲျပန္ႏိႈးမရ သူငယ္ခ်င္းေတြဆီဖုန္းဆက္ဖို႔ကလဲ ဖုန္းအားက 2 % ပဲရိွေတာ့တယ္ လမ္းက သူမ်ားဖုန္း ငွားဆက္ဖို႔ကလဲ ဘယ္သူ႔ဖုန္းမွလဲအလြတ္မရ ရိွတဲ့ 2% ေလးနဲ႔ သူငယ္ခ်င္းတစ္ေယာက္ဆီအသဲအသန္ဆက္တယ္ သေကာင့္သားက မကိုင္ဘူး ေနာက္ကိုင္တဲ့တစ္ေယာက္ကိုက် အျဖစ္အပ်က္ကို အျမန္ေျပာလိုက္ရတယ္ ေျပာရင္း ဖုန္းက စက္ပိတ္သြားတယ္ တဖက္က ၾကားသြားလား မၾကားသြားလား လဲမသိ ေနာက္ကားေတြကလဲ ဟြန္းေတြ အေသတီးေနၿပီ .အဲ့မွ စေတြ့တာတာပဲ .. မီးပြိုင့္မွာ ပန္းေရာင္းတဲ့ ခေလးေတြ ေဘးနားေရာက္လာတယ္ ကိုႀကီး Gfatt ဘာျဖစ္လို႔လဲ ဘာကူညီရမလဲဧပါ့ အဲ့တာနဲ႔ * ေနာက္ကားေတြကို ဝိုင္းေျပာေပးၾကပါ ကိုႀကီးကားပ်က္ေနလို႔ ေက်ာ္သြားၾကပါလို႔ * ဆိုၿပီး အကူအညီေတာင္းေတာ့ သံၿပိဳင္ေအာ္ၾကပါေလေရာ*ကိုGfatt ကားပ်က္ေနလို႔ ေက်ာ္ သြားၾကပါ ေက်ာ္သြားၾကပါ * တဲ့ ကားေတြေရာ ဆိုင္ကယ္ေတြပါ ေဘးက ဝိုင္းၾကည့္သြားၾကတာ ဘာလုပ္လို႔ ဘာကိုင္ရမွန္းကိုမသိေတာ့ဘူး 😅
ခဏၾကာေတာ့ အေျခအေနမဟန္ေတာ့ဘူး အဲ့ခေလးေလးေတြကကားကို ဝိုင္းတြန္းေပးမယ္ တဲ့ လမ္းေဘးရပ္လိုက္ပါ ဆိုၿပီး ဝိုင္းတြန္းၾကပါေလေရာ .. အဲ့တာနဲ႔ ကားလဲလမ္းေဘး ေရာက္ သူငယ္ခ်င္းေတြလဲ ေရာက္လာၾကတယ္ .. အဲ့လမ္းမေဘးမွာပဲ ကားျပင္ၾကတာေပါ့ ခေလးေတြကို ေက်းဇူးတင္တဲ့အေနနဲ႔ Show ပြဲလက္မွတ္တစ္ေယာက္တစ္ေဆာင္နဲ႔ အိက်ႌေတြ လက္ေဆာင္ေပးလိုက္တယ္ . ကိုႀကီးပြဲလာခဲ့ၾကေနာ္ လို႔ ေျပာေတာ့ ..ဘာျပန္ေျပာတယ္မွတ္လဲ .. ^^ပန္းေရာင္းတာ တစ္ရက္နားၿပီး ကိုႀကီးပြဲကိုလာခဲ့မယ္ အေပါက္ဝ ကိုေတာ့ ထြက္ေခၚေပးေနာ္ ^^ တဲ့ .အမွတ္တရ ညပါပဲ .. ေက်းဇူးရွင္ေလးေတြလဲ ေန့တိုင္း ပန္းေရာင္းေကာင္းၾကပါေစ 😍(ကားလာျပင္ေပးတဲ့ မႏၲလာေရႊလံုးေလးလဲ ေက်းဇူးပါကြာ Lone Lone )" ဆိုျပီး ေက်းဇူးရွင္ ကေလးေလးေတြကိ ေက်းဇူးတင္လြန္းစြာ လူမႈကြန္ယက္မွာ ေဝမွ်ေပးခဲ့တာပါေနာ္။
အဆိုပါကေလးေတြကေတာ့ G Fatt ရဲ႕ပရိသတ္ေတြမို႔ အမွတ္တရ လက္မွတ္ေတြေတာင္ ထုိးခိုင္းခဲ့ၾကပါေသးတယ္။
အခက္အခဲၾကံုေနတဲ့ ေနရာမွာ ကိုယ့္ကိုအားေပးတဲ့ ပရိသတ္ေတြရဲ႕အကူအညီကို ရရွိခဲ့တဲ့ G Fatt ကေတာ့ အႏုပညာရွင္တစ္ဦးအေနနဲ႔ အရမ္းကို ဂုဏ္ယူေနတာပဲ ျဖစ္ပါတယ္။ အဆိုပါ ပန္းေရာင္းတဲ့ ကေလးေတြကိုလည္း သူ႔ရဲ႕ရိႈးပြဲကို ဖိတ္ေခၚထားတဲ့ G Fatt ရဲ႕စိတ္ဓါတ္ေလးကေတာ့ အရမ္းကို ေလးစားစရာပါပဲ။ မိုမိုေလးခ်စ္ပရိသတ္ေတြလည္း အရမ္းကို ကူညီတတ္လြန္းတဲ့ ကေလးေတြေၾကာင့္ ၾကည္ႏူးပီတိျဖစ္ခဲ့ရတဲ့ G Fatt ရဲ႕အျဖစ္အပ်က္ေလးကို အခ်င္းခ်င္း ေဝမွ်ေပးခဲ့ၾကပါဦးေနာ္။
Myint Myat
Source;G Fatt's Facebook
Credit:momolay
Unicodeဖြင့်ဖတ်ရန်
အရေးပေါ်အခြေအနေတစ်ခုမှာ G Fatt ကို ကူညီခဲ့ကြတဲ့ လမ်းဘေးက ပန်းရောင်းတဲ့ကလေးတွေ
ခံစားချက်အပြည့်နဲ့ ကိုယ်ပိုင်သံစဉ်တွေဖန်တီးပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်ခြင်းကို အပြည့်အဝရရှိထားတဲ့ အဆိုတော် G Fatt ကတော့ ကလေးငယ်လေးတွေကအစ အားပေးရသူတစ်ဦးပါ။ လတ်တလောမှာတော့ G Fatt က အရေးပေါ်အခြေအနေတစ်ခု ကြုံတွေ့နေရတဲ့ အချိန်မှာ လမ်းဘေးက ပန်းရောင်းတဲ့ ကလေးတွေကြောင့် ပြေလည်ခဲ့ရတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ သူ့ကိုချစ်ကြတဲ့ အဆိုပါကလေးတွေကိုတော့ G Fatt က မန္တလေးမှာပြုလုပ်မယ့် ရှိုးပွဲကိုလည်း ဖိတ်ခဲ့ပါသေးတယ်နော်။
မိုမိုလေးချစ်ပရိသတ်တွေအတွက် ပန်းရောင်းတဲ့ ကျေးဇူးရှင် ကလေးတွေကြောင့် အရေးပေါ်ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတစ်ခုကနေ ပြေလည်ခဲ့တဲ့ G Fatt ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
G Fatt ကတော့ "* ဖြစ်ပုံက ဒီလို * မန်းလေးက ပြန်မယ့် ည ဘက် သူငယ်ချင်းက ကားခဏပေးသုံးထားလို့ မြို့ပါတ်ပြီး ဒိုးနေတုန်း ဆီကုန်ခါနီးမို့ ဆီဝင်ထည့်တယ် သူ့ကားက 92 ထည့်ရမှာ ကိုယ်က ကိုယ့်ကားနဲ့မှားပြီး ဒီဇယ် ထည့်လိုက်မိတယ် အဲ့အထိလဲ သတိမထားမိဘူး .. ၃၅ လမ်းအတိုင်း တစ်ယောက်တည်းမောင်းလာတုန်း ၃၅ လမ်း ၆၂ ထောင့်လဲရောက်ရော ကားက မီးပွိုင့်ကြီးအလယ်မှာ ထိုးရပ်သွားပါလေရော .. စက်လဲပြန်နှိုးမရ သူငယ်ချင်းတွေဆီဖုန်းဆက်ဖို့ကလဲ ဖုန်းအားက 2 % ပဲရှိတော့တယ် လမ်းက သူများဖုန်း ငှားဆက်ဖို့ကလဲ ဘယ်သူ့ဖုန်းမှလဲအလွတ်မရ ရှိတဲ့ 2% လေးနဲ့ သူငယ်ချင်းတစ်ယောက်ဆီအသဲအသန်ဆက်တယ် သကောင့်သားက မကိုင်ဘူး နောက်ကိုင်တဲ့တစ်ယောက်ကိုကျ အဖြစ်အပျက်ကို အမြန်ပြောလိုက်ရတယ် ပြောရင်း ဖုန်းက စက်ပိတ်သွားတယ် တဖက်က ကြားသွားလား မကြားသွားလား လဲမသိ နောက်ကားတွေကလဲ ဟွန်းတွေ အသေတီးနေပြီ .အဲ့မှ စတွေ့တာတာပဲ .. မီးပွိုင့်မှာ ပန်းရောင်းတဲ့ ခလေးတွေ ဘေးနားရောက်လာတယ် ကိုကြီး Gfatt ဘာဖြစ်လို့လဲ ဘာကူညီရမလဲဧပါ့ အဲ့တာနဲ့ * နောက်ကားတွေကို ဝိုင်းပြောပေးကြပါ ကိုကြီးကားပျက်နေလို့ ကျော်သွားကြပါလို့ * ဆိုပြီး အကူအညီတောင်းတော့ သံပြိုင်အော်ကြပါလေရော*ကိုGfatt ကားပျက်နေလို့ ကျော် သွားကြပါ ကျော်သွားကြပါ * တဲ့ ကားတွေရော ဆိုင်ကယ်တွေပါ ဘေးက ဝိုင်းကြည့်သွားကြတာ ဘာလုပ်လို့ ဘာကိုင်ရမှန်းကိုမသိတော့ဘူး 😅
ခဏကြာတော့ အခြေအနေမဟန်တော့ဘူး အဲ့ခလေးလေးတွေကကားကို ဝိုင်းတွန်းပေးမယ် တဲ့ လမ်းဘေးရပ်လိုက်ပါ ဆိုပြီး ဝိုင်းတွန်းကြပါလေရော .. အဲ့တာနဲ့ ကားလဲလမ်းဘေး ရောက် သူငယ်ချင်းတွေလဲ ရောက်လာကြတယ် .. အဲ့လမ်းမဘေးမှာပဲ ကားပြင်ကြတာပေါ့ ခလေးတွေကို ကျေးဇူးတင်တဲ့အနေနဲ့ Show ပွဲလက်မှတ်တစ်ယောက်တစ်ဆောင်နဲ့ အိင်္ကျီတွေ လက်ဆောင်ပေးလိုက်တယ် . ကိုကြီးပွဲလာခဲ့ကြနော် လို့ ပြောတော့ ..ဘာပြန်ပြောတယ်မှတ်လဲ .. ^^ပန်းရောင်းတာ တစ်ရက်နားပြီး ကိုကြီးပွဲကိုလာခဲ့မယ် အပေါက်ဝ ကိုတော့ ထွက်ခေါ်ပေးနော် ^^ တဲ့ .အမှတ်တရ ညပါပဲ .. ကျေးဇူးရှင်လေးတွေလဲ နေ့တိုင်း ပန်းရောင်းကောင်းကြပါစေ 😍(ကားလာပြင်ပေးတဲ့ မန္တလာရွှေလုံးလေးလဲ ကျေးဇူးပါကွာ Lone Lone )" ဆိုပြီး ကျေးဇူးရှင် ကလေးလေးတွေကိ ကျေးဇူးတင်လွန်းစွာ လူမှုကွန်ယက်မှာ ဝေမျှပေးခဲ့တာပါနော်။
အဆိုပါကလေးတွေကတော့ G Fatt ရဲ့ပရိသတ်တွေမို့ အမှတ်တရ လက်မှတ်တွေတောင် ထိုးခိုင်းခဲ့ကြပါသေးတယ်။
အခက်အခဲကြုံနေတဲ့ နေရာမှာ ကိုယ့်ကိုအားပေးတဲ့ ပရိသတ်တွေရဲ့အကူအညီကို ရရှိခဲ့တဲ့ G Fatt ကတော့ အနုပညာရှင်တစ်ဦးအနေနဲ့ အရမ်းကို ဂုဏ်ယူနေတာပဲ ဖြစ်ပါတယ်။ အဆိုပါ ပန်းရောင်းတဲ့ ကလေးတွေကိုလည်း သူ့ရဲ့ရှိုးပွဲကို ဖိတ်ခေါ်ထားတဲ့ G Fatt ရဲ့စိတ်ဓါတ်လေးကတော့ အရမ်းကို လေးစားစရာပါပဲ။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို ကူညီတတ်လွန်းတဲ့ ကလေးတွေကြောင့် ကြည်နူးပီတိဖြစ်ခဲ့ရတဲ့ G Fatt ရဲ့အဖြစ်အပျက်လေးကို အချင်းချင်း ဝေမျှပေးခဲ့ကြပါဦးနော်။
Myint Myat
Source;G Fatt's Facebook
Credit:momolay



မှတ်ချက်များ