စိုးစႏၵာ ဇာတ္ရုပ္နဲ႔ ပတ္သတ္ျပီး ေဝဖန္သူေတြကို ထိထိမိမိ တံု႔ျပန္လိုက္တဲ့ ျခဴးေလး
Zawgyiျဖင့္ဖတ္ရန္
ဇာတ္လမ္းတြဲေတြ ရိုက္ကူးရင္း ထူးျခားတဲ့ ရုပ္ရည္နဲ႔ သရုပ္ေဆာင္ပိုင္းမွာ ထူးခ်ြန္လြန္းတာေၾကာင့္ ပရိသတ္ေတြရဲ႕အားေပးနွစ္သက္ျခင္းကို အခ်ိန္တိုအတြင္း ရရွိခဲ့တဲ့ မင္းသမီးေခ်ာေလး ျခဴးေလးကေတာ့ သူမပါဝင္သရုပ္ေဆာင္တဲ့ ဇာတ္ကားတိုင္းကို ကာရိုက္တာဝင္ေအာင္ အေကာင္းဆံုး သရုပ္ေဆာင္တတ္သူတစ္ဦးပါ။ လက္ရွိ ရုပ္သံလိုင္းမွာ ျပသေနတဲ့ ေနြလယ္ညရဲ႕လမင္း ဇာတ္လမ္းတြဲထဲမွာလည္း စိုးစႏၵာအျဖစ္ ပီျပင္ေအာင္ သရုပ္ေဆာင္ထားတဲ့ ျခဴးေလးကေတာ့ သူမရဲ႕ကာရိုက္တာနဲ႔ပတ္သတ္ျပီး ေဝဖန္သူေတြကို ပညာသားပါပါေလး ျပန္တံု႔ျပန္ထားတာ ေတြ႔ရပါတယ္။ စကားေျပာရင္ ျပတ္သားတဲ့ ျခဴးေလးေျပာတဲ့စကားလံုးေတြကေတာ့ အရမ္းကို ထိမိလြန္းပါတယ္ေနာ္။
မိုမိုေလးခ်စ္ပရိသတ္ေတြအတြက္ သူမရဲ႕ဇာတ္ရုပ္ကာရိုက္တာကို အျပစ္ေျပာေနၾကသူေတြကို ထိထိမိမိ တံု႔ျပန္ေျပာလာတဲ့ ျခဴးေလးရဲ႕အေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။
ျခဴးေလးကေတာ့ "အသက္မပါဘူး အသက္မပါဘူးေျပာရေအာင္ ေမးရဦးမယ္ ........ရွင္တို႔ေကာ စိတ္ထဲမပါတာကို လုပ္ရင္ အသက္ေတြ ပါၾကလား ....စိုးစႏၵာ ဆိုတဲ့ေကာင္မေလးက ခုထိ သူလုပ္သမၽွေတြက သူ႔စိတ္ထဲ မပါတာေတြ ဘဲ လုပ္ေနမွေတာ့ ဘယ္လိုလုပ္ အသက္ပါေတာ့မလဲ ....ေမးရဦးမယ္ ......ေခါက္ရိုးက်ိဳးေနတဲ့ အိုက္တင္ဘဲ ၾကည့္ခ်င္ၾကတာလား .....စိတ္ထဲမပါတာကို အတင္းႀကီး camera ေရွ႕လွည့္ၿပ ငါစိတ္ထဲမပါဘူး ဆိုတာ လုပ္ၿပ ဒီဘက္ျပန္လွည့္ ျပန္ျပဳံးျပ ဒါမ်ိဳး ဘဲ ၾကည့္ခ်င္ၾကတာလား ...ဘာဘဲေျပာေျပာ ေအာင္ျမင္တယ္ေျပာရမယ္ ၾကည့္လိုက္တာနဲ႔ အသက္မပါတာ ေတြ႕ရလို႔ သီးသန္႔ လုပ္ျပေနစရာမလိုဘူးေလ ...
တစ္ခုဘဲ ခုျမင္ေနရတာ ျခဴးေလး မဟုတ္ဘူး .... စိတ္ထဲမရွိတာေတြေလၽွာက္လုပ္ေနတဲ့ စိုးစႏၵာ .... ပါ အဝတ္စားလား မရိုင္းဘူး ဒီ့ထက္ hot လို႔ရေသးတယ္ ..... သ႑ာန္လုပ္ သ႐ုပ္တူေအာင္ လုပ္ေနရတာမို႔ ေလၽွာ့ ထားတာ .....အျပင္မွာ အဲ့လို မိန္းမ အေနနဲ႔ ဘယ္ေလာက္ထိ hot လိုက္မလဲ ဆိုတာ မသိတာလည္း မဟုတ္ဘဲနဲ႔ ကြယ္ေက်းဇူးျပဳ၍ ျခဴးေလး နဲ႔ စိုးစႏၵာ လာမယွဥ္ပါနဲ႔ ဒါနဲ႔ေလ ဘာမွ မလုပ္ရေသးပါဘူးကြယ္ တကယ္ ယုတ္မာတဲ့အခါက်မွ ဆဲနိုင္ဖို႔ အားေမြးထားပါဦး အခုမွ အကင္းဘဲ ရွိေသးတယ္ ....." ဆိုျပီး သူမစိတ္ထဲရွိတဲ့အတိုင္း ထိထိမိမိ ေျပာထားတာပါ။
ျခဴးေလးကေတာ့ လက္ရွိမွာ ဇာတ္လမ္းတြဲ အသစ္ေတြလည္း ထပ္ရိုက္ကူးဖို႔ရွိတယ္လို႔ သိရျပီး ရုပ္ရွင္ကားေတြလည္း ရိုက္ကူးျဖစ္ေနတယ္လို႔ သိရပါတယ္။ မိုမိုေလးခ်စ္ပရိသတ္ေတြလည္း ကာရိုက္တာအတိုင္း သရုပ္ေဆာင္ရတာကို ၾကမ္းၾကမ္းတမ္းတမ္း ေဝဖန္မႈေတြ ခံေနရတဲ့ ျခဴးေလးကို အားေပးစကားေလးေတြ ေျပာသြားခဲ့ပါဦးေနာ္။
Myint Myat
Source;Chue Chue's Facebook
Credit:momolay
Unicodeဖြင့်ဖတ်ရန်
စိုးစန္ဒာ ဇာတ်ရုပ်နဲ့ ပတ်သတ်ပြီး ဝေဖန်သူတွေကို ထိထိမိမိ တုံ့ပြန်လိုက်တဲ့ ခြူးလေး
ဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်း ထူးခြားတဲ့ ရုပ်ရည်နဲ့ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်လွန်းတာကြောင့် ပရိသတ်တွေရဲ့အားပေးနှစ်သက်ခြင်းကို အချိန်တိုအတွင်း ရရှိခဲ့တဲ့ မင်းသမီးချောလေး ခြူးလေးကတော့ သူမပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းကို ကာရိုက်တာဝင်အောင် အကောင်းဆုံး သရုပ်ဆောင်တတ်သူတစ်ဦးပါ။ လက်ရှိ ရုပ်သံလိုင်းမှာ ပြသနေတဲ့ နွေလယ်ညရဲ့လမင်း ဇာတ်လမ်းတွဲထဲမှာလည်း စိုးစန္ဒာအဖြစ် ပီပြင်အောင် သရုပ်ဆောင်ထားတဲ့ ခြူးလေးကတော့ သူမရဲ့ကာရိုက်တာနဲ့ပတ်သတ်ပြီး ဝေဖန်သူတွေကို ပညာသားပါပါလေး ပြန်တုံ့ပြန်ထားတာ တွေ့ရပါတယ်။ စကားပြောရင် ပြတ်သားတဲ့ ခြူးလေးပြောတဲ့စကားလုံးတွေကတော့ အရမ်းကို ထိမိလွန်းပါတယ်နော်။
မိုမိုလေးချစ်ပရိသတ်တွေအတွက် သူမရဲ့ဇာတ်ရုပ်ကာရိုက်တာကို အပြစ်ပြောနေကြသူတွေကို ထိထိမိမိ တုံ့ပြန်ပြောလာတဲ့ ခြူးလေးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
ခြူးလေးကတော့ "အသက်မပါဘူး အသက်မပါဘူးပြောရအောင် မေးရဦးမယ် ........ရှင်တို့ကော စိတ်ထဲမပါတာကို လုပ်ရင် အသက်တွေ ပါကြလား ....စိုးစန္ဒာ ဆိုတဲ့ကောင်မလေးက ခုထိ သူလုပ်သမျှတွေက သူ့စိတ်ထဲ မပါတာတွေ ဘဲ လုပ်နေမှတော့ ဘယ်လိုလုပ် အသက်ပါတော့မလဲ ....မေးရဦးမယ် ......ခေါက်ရိုးကျိုးနေတဲ့ အိုက်တင်ဘဲ ကြည့်ချင်ကြတာလား .....စိတ်ထဲမပါတာကို အတင်းကြီး camera ရှေ့လှည့်ပြ ငါစိတ်ထဲမပါဘူး ဆိုတာ လုပ်ပြ ဒီဘက်ပြန်လှည့် ပြန်ပြုံးပြ ဒါမျိုး ဘဲ ကြည့်ချင်ကြတာလား ...ဘာဘဲပြောပြော အောင်မြင်တယ်ပြောရမယ် ကြည့်လိုက်တာနဲ့ အသက်မပါတာ တွေ့ရလို့ သီးသန့် လုပ်ပြနေစရာမလိုဘူးလေ ...
တစ်ခုဘဲ ခုမြင်နေရတာ ခြူးလေး မဟုတ်ဘူး .... စိတ်ထဲမရှိတာတွေလျှောက်လုပ်နေတဲ့ စိုးစန္ဒာ .... ပါ အဝတ်စားလား မရိုင်းဘူး ဒီ့ထက် hot လို့ရသေးတယ် ..... သဏ္ဍာန်လုပ် သရုပ်တူအောင် လုပ်နေရတာမို့ လျှော့ ထားတာ .....အပြင်မှာ အဲ့လို မိန်းမ အနေနဲ့ ဘယ်လောက်ထိ hot လိုက်မလဲ ဆိုတာ မသိတာလည်း မဟုတ်ဘဲနဲ့ ကွယ်ကျေးဇူးပြု၍ ခြူးလေး နဲ့ စိုးစန္ဒာ လာမယှဉ်ပါနဲ့ ဒါနဲ့လေ ဘာမှ မလုပ်ရသေးပါဘူးကွယ် တကယ် ယုတ်မာတဲ့အခါကျမှ ဆဲနိုင်ဖို့ အားမွေးထားပါဦး အခုမှ အကင်းဘဲ ရှိသေးတယ် ....." ဆိုပြီး သူမစိတ်ထဲရှိတဲ့အတိုင်း ထိထိမိမိ ပြောထားတာပါ။
ခြူးလေးကတော့ လက်ရှိမှာ ဇာတ်လမ်းတွဲ အသစ်တွေလည်း ထပ်ရိုက်ကူးဖို့ရှိတယ်လို့ သိရပြီး ရုပ်ရှင်ကားတွေလည်း ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ကာရိုက်တာအတိုင်း သရုပ်ဆောင်ရတာကို ကြမ်းကြမ်းတမ်းတမ်း ဝေဖန်မှုတွေ ခံနေရတဲ့ ခြူးလေးကို အားပေးစကားလေးတွေ ပြောသွားခဲ့ပါဦးနော်။
Myint Myat
Source;Chue Chue's Facebook
Credit:momolay



မှတ်ချက်များ