Zawgyiဖြင့်ဖတ်ရန်
Myint Myat
Credit:momolay
Unicodeဖြင့်ဖတ်ရန်
ချစ်ဇနီး အလှပြင်တာကို တစိမ့်စိမ့်ထိုင်ငေးကြည့်ပြီး သဘောကျနေတဲ့ ရွှေထူး
အနုပညာလောကမှာ အောင်မြင်မှုတွေ၊ ပရိသတ်တွေကိုယ်စီနဲ့ လျှောက်လှမ်းနေကြတဲ့ အဆိုတော် ရွှေထူးနဲ့ မင်းသမီးချောလေး ရွှေမှုံရတီတို့နှစ်ဦးကတော့ တစ်ဦးကိုတစ်ဦး ချစ်ခင်စုံမက်ခဲ့ကြတာမို့ ဖူးစာဖက်တွေအဖြစ် လက်တွဲခဲ့ကြတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ အနုပညာအလုပ်တွေကိုပဲ အကောင်းဆုံးကြိုးစားလုပ်ကိုင်နေကြတဲ့ ရွှေထူးနဲ့ ရွှေမှုံလေးတို့ ဇနီးမောင်နှံကတော့ HUAWEI Mate 30 Pro မိတ်ဆက်ပွဲအခမ်းအနားကို အတူတက်ရောက်ခဲ့တာ တွေ့ရပါတယ်။ အဆိုပါပွဲမတက်ခင်ကတော့ ချစ်စရာကောင်းတဲ့ ရွှေမှုံလေးရဲ့မိတ်ကပ်ပြင်ဆင်မှုကို တစိမ့်စိမ့်ထိုင်ငေးနေတဲ့ ရွှေထူးရဲ့ပုံရိပ်တွေကိုတော့ ပရိသတ်တွေက တော်တော်လေး သဘောကျနေကြတာပဲ ဖြစ်ပါတယ်။
မိုမိုလေးချစ်ပရိသတ်တွေအတွက် ကြည့်နေရင်းနဲ့တောင် ကြည်နူးမှုအပျော်တွေ ကူးစက်လာစေမယ့် ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့အချစ်အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
ရွှေထူးနဲ့ ရွှေမှုံလေးတို့ကတော့ HUAWEI Mate 30 Pro မိတ်ဆက်ပွဲအခမ်းအနားကို နှစ်ယောက်အတူ စုံတွဲတက်ရောက်ခဲ့တာဖြစ်ပြီး၊ ပွဲအလယ်မှာလည်း ထင်ထင်ရှားရှားနဲ့ အရမ်းကို လိုက်ဖက်ညီနေကြတာပဲ ဖြစ်ပါတယ်။ ချစ်ဇနီးအလှပြင်တာကိုကြည့်ပြီး ကြည်နူးပီတိဖြစ်နေတဲ့ ရွှေထူးကတော့ တကယ့်ကို ချစ်တတ်လွန်းသူကြီးပါပဲနော်။
သူမကို ချစ်မဝဖြစ်နေတဲ့ ခင်ပွန်းကိုကြည့်ပြီး ကြည်နူးနေတဲ့ ရွှေမှုံလေး..။
အနုပညာအလုပ်တွေကို ဆက်တိုက်ပြန်လုပ်ဖြစ်နေတဲ့ ရွှေထူးနဲ့ ရွှေမှုံတို့ဇနီးမောင်နှံကတော့ မကြာခဏဆိုသလို နယ်ခရီးတွေလည်း ထွက်နေရပါသေးတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံလေး ချစ်ရတဲ့ အနုပညာအလုပ်တွေအများကြီးလုပ်ပြီး ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့ ဘဝကို ရှေ့ဆက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ကြပါဦးနော်။
Myint Myat
Source;Forever One Stop Wedding Service and Planning
Credit:momolay





မှတ်ချက်များ