တင္ပါးအဆစ္အစားထိုးခြဲစိတ္ရမယ့္ သမီးငယ္အတြက္ အလွဴေငြ(၁၃)သိန္း လွဴဒါန္းခဲ့တဲ့ ခ်စ္သုုေဝတို့ မိသားစု
Zawgyiျဖင့္ဖတ္ရန္
ခ်စ္ျခင္းေမတၱာေတြနဲ့ လႊမ္းျခံုထားျပီး ေႏြးေထြးတဲ့ မိသားစုေလးျဖစ္တဲ့ လင္းလင္းနဲ့ ခ်စ္သုေဝတို့ မိသားစုကို ပရိသတ္တိုင္းက အားက်ၾကတာပဲ ျဖစ္ပါတယ္။ လင္းလင္းနဲ့ ခ်စ္သုေဝတို့ရဲ့ ခ်စ္စရာေကာင္းတဲ့ သမီးေလးနွစ္ေယာက္ျဖစ္တဲ့ ေခတ္နဲ့သစ္ကိုလည္း ပရိသတ္ေတြက သေဘာက်ၾကတာ ျဖစ္ပါတယ္။ ခ်စ္စရာေကာင္းျပီး ဟန္ေဆာင္မႈမရိွတဲ့ လင္းလင္း၊ ခ်စ္သုေဝ၊ ေခတ္နဲ့သစ္တို့ရဲ့ မိသားစုေလးကလည္း သူတို့ဘဝေလးကို ေအးခ်မ္းစြာ ျဖတ္သန္းလ်က္ရိွပါတယ္။
လင္းလင္းနဲ့ ခ်စ္သုေဝတို့ မိသားစုက ေခတ္သစ္ေဖာင္ေဒးရွင္းကို တည္ေထာင္ထားျပီး ေမြးရာပါ နွလံုးအေပါက္ပါတဲ့ အသက္ (၅) နွစ္ေအာက္ ကေလးေတြကို အခမဲ့ ခြဲစိတ္ကုသေပးေနတာပဲ ျဖစ္ပါတယ္။
ေဖာင္ေဒးရွင္းတည္ေထာင္ထားရံုသာမက အကူအညီလိုအပ္တဲ့သူေတြကို ကူညီဖို့ အျမဲတမ္း အဆင္သင့္ရိွေနတဲ့ လင္းလင္းနဲ့ ခ်စ္သုေဝတို့ ဇနီးေမာင္နွံက တင္ပါးအဆစ္အစားထိုးခြဲစိတ္ရန္ လိုအပ္ေနေသာ သမီးေလးလွယမင္းအတြက္ လိုအပ္ေနေသာ အလႈေငြ (၁၃) သိန္းကိုလႈဒါန္းခဲ့ပါတယ္။
သမီးေလး လွယမင္းဟာ အသက္ (၁၉) နွစ္ အရြယ္ကတည္းက ေသြးေလးဖက္နာေရာဂါကို ခံစားခဲ့ရတာျဖစ္ပါတယ္။ အေဖျဖစ္သူကလဲေလျဖတ္ေန၊ အေမက ေရႊဘိုနယ္၊သံပုရာျခံရြာမွာ ကုန္စိမ္းေရာင္းဆိုေတာ့ ေဆးေကာင္းေကာင္းမကုသႏိုင္ခဲ့ပါဘူး။ အခုေရာဂါက ေတာ္ေတာ္ဆိုးလာလို႔ မႏၲေလးအ႐ိုးေဆး႐ုံမွာ ေဆးကုသတဲ့အခါ တင္ပါးအဆစ္မေကာင္းေတာ့လို့ အစားထိုးခြဲစိတ္လဲလွယ္ရမွာျဖစ္ပါတယ္။
ေဆး႐ုံက အခမဲ့ခြဲစိတ္ေပးေပမယ့္ သိန္း (၂၀) တန္ တင္ပါးဆစ္စတီးခြက္ကေတာ့ ေဆးကုမၸဏီကဝယ္ရမွာျဖစ္တဲ့အတြက္ အလွဴရွင္ေတြ ဝိုင္းဝန္းလွဴဒါန္းခဲ့ရာ လင္းလင္းနဲ့ ခ်စ္သုေဝတို့က လိုအပ္ေနတဲ့ (၁၃) သိန္း (၇) ေသာင္းက်ပ္ကို လွဴဒါန္းေပးခဲ့တာ ျဖစ္ပါတယ္။ သမီးေလး လွယမင္းတစ္ေယာက္ ေဝဒနာေတြေပ်ာက္ကင္းျပီး အျမန္ဆံုးသက္သာပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။
Rowena
Source: စိုုင္းေနမ်ိဳး ေမာင္ေမာင္ & Lin Lin's fb
Credit:momolay
Unicodeဖြင့်ဖတ်ရန်
တင်ပါးအဆစ်အစားထိုးခွဲစိတ်ရမယ့် သမီးငယ်အတွက် အလှူငွေ(၁၃)သိန်း လှူဒါန်းခဲ့တဲ့ ချစ်သုဝေတို့ မိသားစု
ချစ်ခြင်းမေတ္တာတွေနဲ့ လွှမ်းခြုံထားပြီး နွေးထွေးတဲ့ မိသားစုလေးဖြစ်တဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ မိသားစုကို ပရိသတ်တိုင်းက အားကျကြတာပဲ ဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ်ကိုလည်း ပရိသတ်တွေက သဘောကျကြတာ ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး ဟန်ဆောင်မှုမရှိတဲ့ လင်းလင်း၊ ချစ်သုဝေ၊ ခေတ်နဲ့သစ်တို့ရဲ့ မိသားစုလေးကလည်း သူတို့ဘဝလေးကို အေးချမ်းစွာ ဖြတ်သန်းလျက်ရှိပါတယ်။
လင်းလင်းနဲ့ ချစ်သုဝေတို့ မိသားစုက ခေတ်သစ်ဖောင်ဒေးရှင်းကို တည်ထောင်ထားပြီး မွေးရာပါ နှလုံးအပေါက်ပါတဲ့ အသက် (၅) နှစ်အောက် ကလေးတွေကို အခမဲ့ ခွဲစိတ်ကုသပေးနေတာပဲ ဖြစ်ပါတယ်။
ဖောင်ဒေးရှင်းတည်ထောင်ထားရုံသာမက အကူအညီလိုအပ်တဲ့သူတွေကို ကူညီဖို့ အမြဲတမ်း အဆင်သင့်ရှိနေတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံက တင်ပါးအဆစ်အစားထိုးခွဲစိတ်ရန် လိုအပ်နေသော သမီးလေးလှယမင်းအတွက် လိုအပ်နေသော အလှုငွေ (၁၃) သိန်းကိုလှုဒါန်းခဲ့ပါတယ်။
သမီးလေး လှယမင်းဟာ အသက် (၁၉) နှစ် အရွယ်ကတည်းက သွေးလေးဖက်နာရောဂါကို ခံစားခဲ့ရတာဖြစ်ပါတယ်။ အဖေဖြစ်သူကလဲလေဖြတ်နေ၊ အမေက ရွှေဘိုနယ်၊သံပုရာခြံရွာမှာ ကုန်စိမ်းရောင်းဆိုတော့ ဆေးကောင်းကောင်းမကုသနိုင်ခဲ့ပါဘူး။ အခုရောဂါက တော်တော်ဆိုးလာလို့ မန္တလေးအရိုးဆေးရုံမှာ ဆေးကုသတဲ့အခါ တင်ပါးအဆစ်မကောင်းတော့လို့ အစားထိုးခွဲစိတ်လဲလှယ်ရမှာဖြစ်ပါတယ်။
ဆေးရုံက အခမဲ့ခွဲစိတ်ပေးပေမယ့် သိန်း (၂၀) တန် တင်ပါးဆစ်စတီးခွက်ကတော့ ဆေးကုမ္ပဏီကဝယ်ရမှာဖြစ်တဲ့အတွက် အလှူရှင်တွေ ဝိုင်းဝန်းလှူဒါန်းခဲ့ရာ လင်းလင်းနဲ့ ချစ်သုဝေတို့က လိုအပ်နေတဲ့ (၁၃) သိန်း (၇) သောင်းကျပ်ကို လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ သမီးလေး လှယမင်းတစ်ယောက် ဝေဒနာတွေပျောက်ကင်းပြီး အမြန်ဆုံးသက်သာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Rowena
Source: စိုင်းနေမျိုး မောင်မောင် & Lin Lin's fb
Credit:momolay


မှတ်ချက်များ