လူမ်က္ခုံးေမြးလုိ ပါေနလုိ႔ အ႐ုပ္ဆုိးတယ္ဆုိၿပီး ပိုင္ရွင္က စြန္႔ပစ္ခံခဲ့ရတဲ့ ေခြးမေလး
Zawgyiျဖင့္ဖတ္ရန္
ေခြးမေလးတစ္ေကာင္ဟာ လူေတြရဲ႕မ်က္ခုံးေမြးပုံစံအတုိင္း မ်က္လုံးေပၚမွာ ထင္ထင္ရွားရွား ပါေနတဲ့အတြက္ ပုိင္ရွင္က အ႐ုပ္ဆုိးတယ္လုိ႔ ယူဆၿပီး စြန္႔ပစ္ခဲ့ပုံရပါတယ္။ ေခြးမေလးဟာ ႐ုရွားႏုိင္ငံ၊ ဆုိက္ေဘးရီးယားမွာတည္ရွိတဲ့ Bratsk ၿမိဳ႕က လမ္းမတစ္ခုမွာ စြန္႔ပစ္ခဲ့ခဲ့ရတာပါ။ အလြန္ေအးခ်မ္းတဲ့ ရာသီဥတုေၾကာင့္ သူမဟာ ဒုကၡအလြန္အမင္း ေရာက္ခဲ့ပါတယ္။
ဒါေပမယ့္ ကံေကာင္းလြန္းစြာပဲ တိရစာၦန္ေစာင့္ေရွာက္ေရးအဖြဲ႕တစ္ဖြဲ႕က ဝန္ထမ္းေတြက ဒီေခြးမေလးကို ေတြ႕သြားခဲ့ပါတယ္။ ေခြးမေလးနာမည္ကုိေတာ့ Betty လုိ႔ အမည္ေပးထားပါတယ္။ အခုမွ အသက္(၅)လသာ ရွိပါေသးတယ္။ ေခြးမေလးဟာ ကံေကာင္းခ်င္ေတာ့ သူမရဲ႕ မ်က္ခုံးေမြးလုိ မည္းမည္းစင္းစင္း အရာႏွစ္ခုေၾကာင့္ပဲ လူသိမ်ားလာခဲ့ပါတယ္။
ေခြးမေလးကို ေတြ႕ေတြ႕ခ်င္း ေဒသခံ တိရစာၦန္ေစာင့္ေရွာက္ေရးအဖြဲ႕က ေရမုိးခ်ိဳသန္႔စင္ေပးၿပီး၊ လုိအပ္တဲ့ ေဆးဝါးေစာင့္ေရွာက္မႈေတြနဲ႔ အစားအစာေတြ ေကၽြးခဲ့ပါတယ္။ အဲဒီအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးျဖစ္တဲ့ Olesya Novopoltseva က သူမအေနနဲ႔႔ လုပ္သက္တစ္ေလွ်ာက္လုံးမွာ ဒီလုိ ခ်စ္စဖြယ္ေကာင္းၿပီး ထူးဆန္းတဲ့ ေခြးပုံစံမ်ိဳး မေတြ႕ခဲ့ဖူးဘူးလုိ႔ ဆုိပါတယ္။
အခုေတာ့ ေခြးမေလး Betty ကို ပုိင္ရွင္အသစ္ျဖစ္တဲ့ Oksana Maymsina က ေမြးျမဴဖုိ႔ ေခၚယူသြားခဲ့ၿပီလုိ႔ သိရပါတယ္။ Oksana ဟာ ေခြးမေလးကို ပိုင္ဆုိင္ခ်ိန္ကေနစတင္ၿပီး၊ Betty အတြက္ လူမႈကြန္ရက္အေကာင့္ေတာင္ ဖြင့္ေပးခဲ့ၿပီးပါၿပီ။ အခုဆုိ Betty ဟာ ေပၚျပဴလာျဖစ္လာလုိ႔ ရုရွားတီဗြီအစီအစဥ္တစ္ခုရဲ႕ Chat Show မွာ ပါဝင္လာေတာ့မွာပါ။
Oksana က “ ဒီေခြးမေလးအေၾကာင္းကို လူမႈကြန္ရက္ေပၚမွာ သိၿပီးေတာ့ သနားလြန္းလုိ႔ ငိုခဲ့ရတယ္ .. သူမကို ေမြးရရင္ ေကာင္းမယ္လုိ႔လည္း စိတ္ကူးခဲ့ၿပီး တာဝန္ရွိသူေတြကို ဆက္သြယ္ခဲ့တာပါ … ”လုိ႔ ေျပာခဲ့ပါတယ္။ ပထမတုန္းကေတာ့ ေခြးမေလးရဲ႕ ထင္ရွားေနတဲ့ မ်က္ခုံးေမြးပုံစံေၾကာင့္ တိရစာၦန္ေစာင့္ေရွာက္ေရးအဖြဲ႕က Frida လုိ႔ အမည္ေပးခဲ့ပါတယ္။
Frida ဟာ မကၠဆီကို ပန္းခ်ီဆရာမတစ္ဦးျဖစ္ၿပီး၊ သူမရဲ႕ ထူးျခားတဲ့ မ်က္ခုံးေမြးေၾကာင့္ နာမည္ႀကီးခဲ့သူပါ။ (၁၉၅၄)ခုႏွစ္ သူမရဲ႕အသက္ (၄၇)ႏွစ္မွာ ေသဆုံးသြားခဲ့သူ ျဖစ္ပါတယ္။ သူမကုိ ဂုဏ္ျပဳတဲ့အေနနဲ႔ ဒီနာမည္ကိုေပးခဲ့ေပမယ့္ ပိုင္ရွင္အသစ္ျဖစ္တဲ့ Oksana က Betty လုိ႔ အမည္ေျပာင္းေပးခဲ့တာပါ။
လင္းသုတ
Credit:Shwemom
Unicodeဖြင့်ဖတ်ရန်
လူမျက်ခုံးမွေးလို ပါနေလို့ အရုပ်ဆိုးတယ်ဆိုပြီး ပိုင်ရှင်က စွန့်ပစ်ခံခဲ့ရတဲ့ ခွေးမလေး
ခွေးမလေးတစ်ကောင်ဟာ လူတွေရဲ့မျက်ခုံးမွေးပုံစံအတိုင်း မျက်လုံးပေါ်မှာ ထင်ထင်ရှားရှား ပါနေတဲ့အတွက် ပိုင်ရှင်က အရုပ်ဆိုးတယ်လို့ ယူဆပြီး စွန့်ပစ်ခဲ့ပုံရပါတယ်။ ခွေးမလေးဟာ ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယားမှာတည်ရှိတဲ့ Bratsk မြို့က လမ်းမတစ်ခုမှာ စွန့်ပစ်ခဲ့ခဲ့ရတာပါ။ အလွန်အေးချမ်းတဲ့ ရာသီဥတုကြောင့် သူမဟာ ဒုက္ခအလွန်အမင်း ရောက်ခဲ့ပါတယ်။
ဒါပေမယ့် ကံကောင်းလွန်းစွာပဲ တိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့တစ်ဖွဲ့က ဝန်ထမ်းတွေက ဒီခွေးမလေးကို တွေ့သွားခဲ့ပါတယ်။ ခွေးမလေးနာမည်ကိုတော့ Betty လို့ အမည်ပေးထားပါတယ်။ အခုမှ အသက်(၅)လသာ ရှိပါသေးတယ်။ ခွေးမလေးဟာ ကံကောင်းချင်တော့ သူမရဲ့ မျက်ခုံးမွေးလို မည်းမည်းစင်းစင်း အရာနှစ်ခုကြောင့်ပဲ လူသိများလာခဲ့ပါတယ်။
ခွေးမလေးကို တွေ့တွေ့ချင်း ဒေသခံ တိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့က ရေမိုးချိုသန့်စင်ပေးပြီး၊ လိုအပ်တဲ့ ဆေးဝါးစောင့်ရှောက်မှုတွေနဲ့ အစားအစာတွေ ကျွေးခဲ့ပါတယ်။ အဲဒီအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Olesya Novopoltseva က သူမအနေနဲ့ လုပ်သက်တစ်လျှောက်လုံးမှာ ဒီလို ချစ်စဖွယ်ကောင်းပြီး ထူးဆန်းတဲ့ ခွေးပုံစံမျိုး မတွေ့ခဲ့ဖူးဘူးလို့ ဆိုပါတယ်။
အခုတော့ ခွေးမလေး Betty ကို ပိုင်ရှင်အသစ်ဖြစ်တဲ့ Oksana Maymsina က မွေးမြူဖို့ ခေါ်ယူသွားခဲ့ပြီလို့ သိရပါတယ်။ Oksana ဟာ ခွေးမလေးကို ပိုင်ဆိုင်ချိန်ကနေစတင်ပြီး၊ Betty အတွက် လူမှုကွန်ရက်အကောင့်တောင် ဖွင့်ပေးခဲ့ပြီးပါပြီ။ အခုဆို Betty ဟာ ပေါ်ပြူလာဖြစ်လာလို့ ရုရှားတီဗွီအစီအစဉ်တစ်ခုရဲ့ Chat Show မှာ ပါဝင်လာတော့မှာပါ။
Oksana က “ ဒီခွေးမလေးအကြောင်းကို လူမှုကွန်ရက်ပေါ်မှာ သိပြီးတော့ သနားလွန်းလို့ ငိုခဲ့ရတယ် .. သူမကို မွေးရရင် ကောင်းမယ်လို့လည်း စိတ်ကူးခဲ့ပြီး တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့တာပါ … ”လို့ ပြောခဲ့ပါတယ်။ ပထမတုန်းကတော့ ခွေးမလေးရဲ့ ထင်ရှားနေတဲ့ မျက်ခုံးမွေးပုံစံကြောင့် တိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့က Frida လို့ အမည်ပေးခဲ့ပါတယ်။
Frida ဟာ မက္ကဆီကို ပန်းချီဆရာမတစ်ဦးဖြစ်ပြီး၊ သူမရဲ့ ထူးခြားတဲ့ မျက်ခုံးမွေးကြောင့် နာမည်ကြီးခဲ့သူပါ။ (၁၉၅၄)ခုနှစ် သူမရဲ့အသက် (၄၇)နှစ်မှာ သေဆုံးသွားခဲ့သူ ဖြစ်ပါတယ်။ သူမကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနာမည်ကိုပေးခဲ့ပေမယ့် ပိုင်ရှင်အသစ်ဖြစ်တဲ့ Oksana က Betty လို့ အမည်ပြောင်းပေးခဲ့တာပါ။
လင်းသုတ
Credit:Shwemom


မှတ်ချက်များ