Zawgyi ျဖင့္ဖတ္ရန္
ေဆးလိပ္ေသာက္သူေတြအေနနဲ႔ ေသာက္လက္စေဆးလိပ္ကို ျပစ္ခ်ၿပီး တစ္ထိုင္ထဲ ေဆးလိပ္ျဖတ္ဖို႔သင့္တဲ့ သတင္းတစ္ပုဒ္ျဖစ္ပါတယ္။
အဆုတ္အစားထိုးေပးဖို႔အတြက္ ဆရာဝန္ေတြက လႈဒါန္းထားတဲ့ အမ်ိဳးသားႀကီးထံမွ ခြဲစိတ္ ထုတ္ယူခဲ့ရာမွာ ေဆးလိပ္မွာပါတဲ့ နစ္ကိုတင္းနဲ႔ ကတၱရာေတြရဲ႕ ဒဏ္ေၾကာင့္ မဲေျခာက္ၿပီး မီးဖိုေပၚမွာ တူးေနေအာင္ အကင္ခံထားရသလို ျဖစ္ေနတဲ့ အဆုတ္ႀကီးကို ထိတ္လန႔္ဖြယ္ရာေတြ႕ခဲ့ရပါတယ္။ အဆိုပါ အဆုပ္အစားထိုးကုသေနတဲ့ ႐ုပ္သံကို အြန္လိုင္းေပၚမွာ ၾကည့္ရႈသူ ၂ သန္း နီးပါးရွိေနၿပီျဖစ္ပါတယ္။
တ႐ုတ္ႏိုင္ငံ ဂ်င္ဆူးၿမိဳ႕က ေဆး႐ုံတစ္႐ုံမွာ အဆုတ္အစားထိုးဖို႔အတြက္ ဆရာဝန္ေတြက ေသဆုံးသြားတဲ့ အသက္ ၅၂ ႏွစ္အ႐ြယ္ အမ်ိဳးသားႀကီး လႈဒါန္းခဲ့တဲ့ သူ႔ရဲ႕အတြင္းကလီစာေတြကို ခြဲစိပ္ထုတ္ယူတဲ့အခါ အံ့ၾသစရာေကာင္းေလာက္ေအာင္ မဲေျခာက္ေနတဲ့ အဆုတ္ကို ေတြ႕ခဲ့ရၿပီး ျပန္သုံးလို႔မရတဲ့အတြက္ ပယ္ခဲ့ရပါတယ္။
လႈဒါန္းခဲ့သူဟာ မေသခင္က ေဆးလိပ္ကို တစ္ရက္တစ္ဗူး ႏွစ္ေပါင္း ၃၀ ေလာက္ ဆက္တိုက္ေသာက္ခဲ့သူျဖစ္ႏိုင္တယ္လို႔ ဆရာဝန္ေတြက မွတ္ခ်က္ခ်ပါတယ္။ သူဟာ ဦးေႏွာက္ေသြးေၾကာေပါက္ၿပီး ေသဆုံးသြားခဲ့တာျဖစ္ပါတယ္၊ သူ႔ရဲ႕ဆႏၵအရ အတြင္းကလီစာေတြကို လႈဒါန္းဖို႔ ေသၿပီးေနာက္ အခ်ိန္ပိုင္းအတြင္းမွာ ေဆး႐ုံကို ပို႔ေပးခဲ့တာျဖစ္ပါတယ္။
ဆရာဝန္ေတြကလည္း ခ်က္ျခင္းခြဲထုတ္ၿပီး အျခားလူနာကို အစားထိုးေပးဖို႔ ႀကိဳးစားေနခ်ိန္မွာ အခုလို မေမွ်ာ္လင့္ပဲ မဲတူးေနတဲ့ အဆုတ္ႀကီးကို ေတြ႕လိုက္ရတာပါ။ အဆုတ္ဟာ ေအာက္ဆီဂ်င္စက္နဲ႔ စမ္းသပ္ရာမွာ အလုပ္လုပ္ေနေသးေပမယ့္ အခုလို မဲေျခာက္ေနတာေၾကာင့္ ျပန္သုံးဖို႔လုံးဝ မသင့္ေတာ္ဘူးလို႔ ဆရာဝန္ေတြ ဆုံးျဖတ္ခဲ့ပါတယ္။
လက္ရွိမွာ ေဆးလိပ္ေသာက္ေနတဲ့သူေတြအတြက္ေတာ့ ဒီသတင္းဟာ ေဆးလိပ္ျဖတ္ဖို႔အတြက္ အေကာင္းဆုံး အေၾကာင္းျပခ်က္တစ္ခု ျဖစ္ပါလိမ့္မယ္။ ေဆးလိပ္ေသာက္ျခင္းဟာ မိမိကိုယ္တိုင္ကိုသာမက အနီးနားက မိသားစုနဲ႔ ပတ္ဝန္းက်င္ကိုပါ က်န္းမာေရးအရ ဆိုး႐ြားစြာ ထိခိုက္ေစႏိုင္ပါတယ္။
Credit: popolay
Unicode ဖြင့်ဖတ်ရန်
နှစ် ၃၀ လုံးလုံး ဆေးလိပ်တစ်နေ့တစ်ဗူး ပုံမှန်သောက်သူရဲ့ အဆုတ်(ရုပ်သံ)
ဆေးလိပ်သောက်သူတွေအနေနဲ့ သောက်လက်စဆေးလိပ်ကို ပြစ်ချပြီး တစ်ထိုင်ထဲ ဆေးလိပ်ဖြတ်ဖို့သင့်တဲ့ သတင်းတစ်ပုဒ်ဖြစ်ပါတယ်။
အဆုတ်အစားထိုးပေးဖို့အတွက် ဆရာဝန်တွေက လှုဒါန်းထားတဲ့ အမျိုးသားကြီးထံမှ ခွဲစိတ် ထုတ်ယူခဲ့ရာမှာ ဆေးလိပ်မှာပါတဲ့ နစ်ကိုတင်းနဲ့ ကတ္တရာတွေရဲ့ ဒဏ်ကြောင့် မဲခြောက်ပြီး မီးဖိုပေါ်မှာ တူးနေအောင် အကင်ခံထားရသလို ဖြစ်နေတဲ့ အဆုတ်ကြီးကို ထိတ်လန့်ဖွယ်ရာတွေ့ခဲ့ရပါတယ်။ အဆိုပါ အဆုပ်အစားထိုးကုသနေတဲ့ ရုပ်သံကို အွန်လိုင်းပေါ်မှာ ကြည့်ရှုသူ ၂ သန်း နီးပါးရှိနေပြီဖြစ်ပါတယ်။
တရုတ်နိုင်ငံ ဂျင်ဆူးမြို့က ဆေးရုံတစ်ရုံမှာ အဆုတ်အစားထိုးဖို့အတွက် ဆရာဝန်တွေက သေဆုံးသွားတဲ့ အသက် ၅၂ နှစ်အရွယ် အမျိုးသားကြီး လှုဒါန်းခဲ့တဲ့ သူ့ရဲ့အတွင်းကလီစာတွေကို ခွဲစိပ်ထုတ်ယူတဲ့အခါ အံ့သြစရာကောင်းလောက်အောင် မဲခြောက်နေတဲ့ အဆုတ်ကို တွေ့ခဲ့ရပြီး ပြန်သုံးလို့မရတဲ့အတွက် ပယ်ခဲ့ရပါတယ်။
လှုဒါန်းခဲ့သူဟာ မသေခင်က ဆေးလိပ်ကို တစ်ရက်တစ်ဗူး နှစ်ပေါင်း ၃၀ လောက် ဆက်တိုက်သောက်ခဲ့သူဖြစ်နိုင်တယ်လို့ ဆရာဝန်တွေက မှတ်ချက်ချပါတယ်။ သူဟာ ဦးနှောက်သွေးကြောပေါက်ပြီး သေဆုံးသွားခဲ့တာဖြစ်ပါတယ်၊ သူ့ရဲ့ဆန္ဒအရ အတွင်းကလီစာတွေကို လှုဒါန်းဖို့ သေပြီးနောက် အချိန်ပိုင်းအတွင်းမှာ ဆေးရုံကို ပို့ပေးခဲ့တာဖြစ်ပါတယ်။
ဆရာဝန်တွေကလည်း ချက်ခြင်းခွဲထုတ်ပြီး အခြားလူနာကို အစားထိုးပေးဖို့ ကြိုးစားနေချိန်မှာ အခုလို မမျှော်လင့်ပဲ မဲတူးနေတဲ့ အဆုတ်ကြီးကို တွေ့လိုက်ရတာပါ။ အဆုတ်ဟာ အောက်ဆီဂျင်စက်နဲ့ စမ်းသပ်ရာမှာ အလုပ်လုပ်နေသေးပေမယ့် အခုလို မဲခြောက်နေတာကြောင့် ပြန်သုံးဖို့လုံးဝ မသင့်တော်ဘူးလို့ ဆရာဝန်တွေ ဆုံးဖြတ်ခဲ့ပါတယ်။
လက်ရှိမှာ ဆေးလိပ်သောက်နေတဲ့သူတွေအတွက်တော့ ဒီသတင်းဟာ ဆေးလိပ်ဖြတ်ဖို့အတွက် အကောင်းဆုံး အကြောင်းပြချက်တစ်ခု ဖြစ်ပါလိမ့်မယ်။ ဆေးလိပ်သောက်ခြင်းဟာ မိမိကိုယ်တိုင်ကိုသာမက အနီးနားက မိသားစုနဲ့ ပတ်ဝန်းကျင်ကိုပါ ကျန်းမာရေးအရ ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။
Credit: popolay

မှတ်ချက်များ