ဖူဆယ္ကန္ရင္း လဲက်ေသဆုံးခဲ့ရတဲ့ အမ်ိဳးသားရဲ႕ေၾကကြဲစရာျဖစ္ရပ္


Zawgyiျဖင့္ဖတ္ရန္

ေသမင္းဆုိတာ မဖိတ္ဘဲ ေရာက္လာတတ္တဲ့ ဧည့္ဆုိးႀကီးပါဘဲ။ သူဟာ တစ္ခါတေလမွာ ခ်စ္သူေတြကို ေသကြဲ ခြဲတတ္သလုိ၊ ေပ်ာ္တုန္းေမာ္တုန္း အရြယ္ေကာင္းတုန္းဆုိၿပီး သနားညႇာတာမႈမရွိ၊ သူစိတ္ထင္ရာ ေခၚသြားတတ္တာခ်ည္းပါဘဲ။

အခုလည္း အမ်ိဳးသားတစ္ေယာက္ဟာ သူငယ္ခ်င္းေတြနဲ႔အတူတူ အေပ်ာ္တမ္း ဖူဆယ္ေဘာလုံးကန္ၾကစဥ္၊ မ်က္ႏွာအသားေရေတြ ျပာၿပီး၊ သတိေမ့လဲက်သြားပါတယ္။ သူဟာ ဇနီးႏုႏုထြတ္ထြတ္ကေလးနဲ႔ မဂၤလာေဆာင္ထားတာ မၾကာေသးပါဘူး။ ဟန္းနီးမြန္းထြက္ဖုိ႔ေတာင္ ျပင္ဆင္ေနဆဲျဖစ္ပါတယ္။

သူဟာ အသက္(၂၅)ႏွစ္ျဖစ္ၿပီး၊ နာမည္ကိုေတာ့ Amirul လုိ႔ ေဖာ္ျပထားပါတယ္။ သူငယ္ခ်င္းေတြက ေဆး႐ုံအျမန္ပုိ႔ေပးခဲ့ေပမယ့္၊ ေဆး႐ုံကို အျမန္လုိက္လာတဲ့ ဇနီးျဖစ္သူေတာင္ အသက္မမီလုိက္ပါဘူး။ သူရဲ႕ဇနီးဟာ အသက္(၂၃)ႏွစ္သာ ရွိေသးၿပီး Airina လုိ႔ အမည္ရပါတယ္။

ဇနီးျဖစ္သူဟာ Johor ကေန ခင္ပြန္းေဆး႐ုံတက္ေနတဲ့ Shah Alam ဆီကို အျမန္လုိက္လာခဲ့ပါတယ္။ ဒါေပမယ့္ ခင္ပြန္းက သူမ ေဆး႐ုံကို ေရာက္မလာခင္မွာ ေသဆုံးေနပါၿပီ။ ဒီအျဖစ္အပ်က္ဟာ ႏုိဝဘၤာ(၆)ရက္ေန႔က ျဖစ္ခဲ့တာပါ။ သူေသဆုံးရျခင္းအေၾကာင္းကို ဆရာဝန္ေတြက စစ္ေဆးလုိက္တဲ့အခါ Ischemic heart disease လုိ႔ေခၚတဲ့ ႐ုတ္တရက္ ႏွလုံးေဖာက္ျခင္းေၾကာင့္ ေသဆုံးခဲ့ရတာလုိ႔ သိရပါတယ္။

ေဒသခံသတင္းမီဒီယာေတြရဲ႕အဆုိအရ သူတုိ႔စုံတြဲဟာ လက္ထပ္ထားတာ (၂)လသာ ရွိပါေသးတယ္။ Airina က Johor မွာ ဝန္ထမ္းဘဝနဲ႔ ေနထုိင္ရသူမုိ႔ အလုပ္အားရပ္မွ ခင္ပြန္းနဲ႔ ဟန္းနီးမြန္းအလည္အပတ္ခရီး ထြက္ဖုိ႔ တုိင္ပင္ထားၾကတာပါ။ လင္မယားႏွစ္ေယာက္ ေအာက္တုိဘာ (၃၁)ရက္က ေနာက္ဆုံးအႀကိမ္ ဆက္သြယ္ထားၾကၿပီး၊ ဒီၾကားထဲမွာ အလုပ္ကုိယ္စီနဲ႔မုိ႔ သီးျခားစကားမေျပာျဖစ္ခဲ့ပါဘူးတဲ့။

လင္းေဇာ္ကို

Credit:Shwemom


Unicodeဖြင့်ဖတ်ရန်

ဖူဆယ်ကန်ရင်း လဲကျသေဆုံးခဲ့ရတဲ့ အမျိုးသားရဲ့ကြေကွဲစရာဖြစ်ရပ်

သေမင်းဆိုတာ မဖိတ်ဘဲ ရောက်လာတတ်တဲ့ ဧည့်ဆိုးကြီးပါဘဲ။ သူဟာ တစ်ခါတလေမှာ ချစ်သူတွေကို သေကွဲ ခွဲတတ်သလို၊ ပျော်တုန်းမော်တုန်း အရွယ်ကောင်းတုန်းဆိုပြီး သနားညှာတာမှုမရှိ၊ သူစိတ်ထင်ရာ ခေါ်သွားတတ်တာချည်းပါဘဲ။

အခုလည်း အမျိုးသားတစ်ယောက်ဟာ သူငယ်ချင်းတွေနဲ့အတူတူ အပျော်တမ်း ဖူဆယ်ဘောလုံးကန်ကြစဉ်၊ မျက်နှာအသားရေတွေ ပြာပြီး၊ သတိမေ့လဲကျသွားပါတယ်။ သူဟာ ဇနီးနုနုထွတ်ထွတ်ကလေးနဲ့ မင်္ဂလာဆောင်ထားတာ မကြာသေးပါဘူး။ ဟန်းနီးမွန်းထွက်ဖို့တောင် ပြင်ဆင်နေဆဲဖြစ်ပါတယ်။

သူဟာ အသက်(၂၅)နှစ်ဖြစ်ပြီး၊ နာမည်ကိုတော့ Amirul လို့ ဖော်ပြထားပါတယ်။ သူငယ်ချင်းတွေက ဆေးရုံအမြန်ပို့ပေးခဲ့ပေမယ့်၊ ဆေးရုံကို အမြန်လိုက်လာတဲ့ ဇနီးဖြစ်သူတောင် အသက်မမီလိုက်ပါဘူး။ သူရဲ့ဇနီးဟာ အသက်(၂၃)နှစ်သာ ရှိသေးပြီး Airina လို့ အမည်ရပါတယ်။

ဇနီးဖြစ်သူဟာ Johor ကနေ ခင်ပွန်းဆေးရုံတက်နေတဲ့ Shah Alam ဆီကို အမြန်လိုက်လာခဲ့ပါတယ်။ ဒါပေမယ့် ခင်ပွန်းက သူမ ဆေးရုံကို ရောက်မလာခင်မှာ သေဆုံးနေပါပြီ။ ဒီအဖြစ်အပျက်ဟာ နိုဝင်္ဘာ(၆)ရက်နေ့က ဖြစ်ခဲ့တာပါ။ သူသေဆုံးရခြင်းအကြောင်းကို ဆရာဝန်တွေက စစ်ဆေးလိုက်တဲ့အခါ Ischemic heart disease လို့ခေါ်တဲ့ ရုတ်တရက် နှလုံးဖောက်ခြင်းကြောင့် သေဆုံးခဲ့ရတာလို့ သိရပါတယ်။

ဒေသခံသတင်းမီဒီယာတွေရဲ့အဆိုအရ သူတို့စုံတွဲဟာ လက်ထပ်ထားတာ (၂)လသာ ရှိပါသေးတယ်။ Airina က Johor မှာ ဝန်ထမ်းဘဝနဲ့ နေထိုင်ရသူမို့ အလုပ်အားရပ်မှ ခင်ပွန်းနဲ့ ဟန်းနီးမွန်းအလည်အပတ်ခရီး ထွက်ဖို့ တိုင်ပင်ထားကြတာပါ။ လင်မယားနှစ်ယောက် အောက်တိုဘာ (၃၁)ရက်က နောက်ဆုံးအကြိမ် ဆက်သွယ်ထားကြပြီး၊ ဒီကြားထဲမှာ အလုပ်ကိုယ်စီနဲ့မို့ သီးခြားစကားမပြောဖြစ်ခဲ့ပါဘူးတဲ့။

လင်းဇော်ကို

Credit:Shwemom

မှတ်ချက်များ