ဆယ္ေက်ာ္သက္တိုင္း သိနားလည္ထားသင့္သည့္ sex education အေၾကာင္း




Zawgyi ျဖင့္ဖတ္ရန္

ကြၽန္ေတာ္တို႔ႏိုင္ငံက Sex Education ဆိုတာ ဘာလဲ သိပ္မသိတဲ့ ပညာေရးဗဟုသုတ အားနည္းတဲ့ ႏိုင္ငံျဖစ္ပါတယ္။ ဒါေၾကာင့္ ဗဟုသုတ အားနည္းလို႔ပဲ မျဖစ္သင့္တာေတြ ခဏခဏ ျဖစ္ေလ့ရွိပါတယ္။ ဒါေပမဲ့ ေခတ္မီတဲ့ မိဘတိုင္း ေခတ္မီတဲ့ လူငယ္တိုင္းက လူသားေတြအတြက္ အေရးႀကီးတဲ့ အေၾကာင္းအရာ တစ္ခုျဖစ္တဲ့ Sex Education အေၾကာင္း သိကို သိထားသင့္ပါတယ္ေနာ္….

Sex Education ဆိုတာ

ကြၽန္ေတာ္တို႔ဆီမွာ sex educationကို နားမလည္ပဲ လိင္ဆက္ဆံတဲ့အေၾကာင္းသင္ေပးတယ္လို႔ အထင္မွားတတ္ပါတယ္။ တကယ္က ကြၽန္ေတာ္တို႔ လူရယ္လို႔ ျဖစ္လာရင္ သင္ယူရတဲ့ လူလူခ်င္း ဘယ္လို ေပါင္းသင္းဆက္ဆံရမယ္ ဆိုတဲ့ အေၾကာင္း၊ လမ္းဘယ္လိုကူးရတယ္၊ အဝတ္ ဘယ္လိုဝယ္ရတယ္၊ က်န္းမာေရး ဘယ္လိုဂ႐ုစိုက္ရတယ္ စသျဖင့္ သင္ၾကားေပးရတဲ့ အရာေတြလိုပဲ တစ္ခုေသာ အေၾကာင္းအရာ ျဖစ္ပါတယ္။




ေလထုညစ္ညမ္းျခင္းကလည္း ကိုယ္အေလးခ်ိန္ တက္ေစႏိုင္ေၾကာင္း ေလ့လာေတြ႕ရွိ
စကားဘယ္လိုေျပာသင့္တယ္၊ မေျပာသင့္ဘူး သင္ၾကားခံထားရတဲ့သူ သင္ၾကားမခံရသင့္တဲ့သူ မတူသလိုပါပဲ။ sex education မသင္ထားတဲ့ အခါ ကိုယ့္ကိုယ္ကို နားလည္ပဲ မျဖစ္သင့္တာေတြ ျဖစ္သြားတတ္ပါတယ္။ (ဥပမာ- ကိုယ္ဝန္ရသြားတာ၊ ေရာဂါကူးစက္တာ၊ လိင္နဲ႔ပတ္သတ္ၿပီး အရွက္ခြဲခံရတာ၊ လူ႔က်င့္ဝတ္ေတြကို ေဖာက္ဖ်က္မိတာ၊ အ႐ြယ္မတိုင္ခင္မွာ ဒီလိုကိစၥေတြ ျဖစ္သြားတာ)

Sex Education က ဘာေတြ သင္ေပးလဲ

ကေလးေတြကို အ႐ြယ္အလိုက္ ေလ့က်င့္သင္ေပးၾကတဲ့ အျခားအရာေတြလိုပါပဲ။ sex education ကလည္း အ႐ြယ္အလိုက္မွာမွ အေျခအေနအလိုက္ တဆင့္ခ်င္း သင္ေပးရတာမ်ိဳးပါ။ ကိုယ္အဂၤါေတြ ဖြံ႕ၿဖိဳးမႈအေၾကာင္း ရွင္းျပရမွာ ျဖစ္သလို သူတို႔ ထူးဆန္းလို႔ ေမးတဲ့အရာေတြကို ရွင္းေအာင္ေျဖေပးရပါတယ္။ လိင္အဂၤါဆိုတာ ဘယ္လို အလုပ္လုပ္တယ္ ဆိုတာမ်ိဳး၊ အမ်ိဳးသမီးေတြရဲ႕ ရင္သားက ရင္ေသြးေလးေတြ အာဟာရျဖစ္ေအာင္ ႏို႔ခ်ိဳတိုက္ေကြၽးဖို႔ ဆိုတာမ်ိဳး အပါအဝင္ ေရာဂါျဖစ္ေစတဲ့ အေျခအေနေတြ၊ ရင္ေသြးေလးေတြ ရရွိဖို႔အတြက္ လိင္အဂၤါေတြက လုပ္ေဆာင္ေပးတယ္ဆိုတာေတြ ပါဝင္ပါတယ္။


ဒီလိုစိတ္ေတြက ဘယ္အခ်ိန္ေတြမွာ ျဖစ္တတ္ေၾကာင္း၊ လူတိုင္းအေပၚမွာ မရွိသင့္ေၾကာင္း၊ ဘယ္လို ဆင္ျခင္ရမယ္ဆိုတာအျပင္ ကိုယ္ခ်စ္တဲ့သူအတြက္သာ ျဖစ္သင့္ေၾကာင္း၊ အကာအကြယ္သုံးသင့္ေၾကာင္း၊ အျပာကားေတြက သဘာဝထက္ လြန္က်ဴးျပသထားတယ္ဆိုတဲ့အေၾကာင္း စတာေတြလည္း ပါဝင္ပါတယ္။ ဒါ့အျပင္ ဒီအစိတ္အပိုင္းေတြက လွ်ိဳ႕ဝွက္ထားသင့္တဲ့အရာေတြ ျဖစ္ေၾကာင္းနဲ႔ လူတိုင္းရဲ႕ Private Area ျဖစ္လို႔ အထိမခံသင့္ေၾကာင္း သားသားမီးမီးအ႐ြယ္တည္းက သင္ၾကားေပးရမွာပါ။ ကိုယ့္မွာ ဒီအစိတ္အပိုင္းေတြ ရွိေနၿပီး ခံစားေနရတာက ရွက္စရာမဟုတ္ပဲ သဘာဝ ျဖစ္ေၾကာင္း ကိုယ့္တာဝန္က ထိန္းသိမ္းသင့္တာ ထိန္းသိမ္းၿပီး ဆင္ျခင္သင့္တာ ဆင္ျခင္ရမွာ ျဖစ္ေၾကာင္း သင္ၾကားေပးရမွာ ျဖစ္ပါတယ္။

အခုက Sex Education အေၾကာင္း ေယဘုယ် ေျပာထားတာ ျဖစ္လို႔ တျခားသိခ်င္တာေတြ ရွိရင္ ဒီအတြက္ ပညာေပးတဲ့ website ေတြကို Google မွာ ရွာေဖြၾကည့္ပါလို႔ အႀကံေပးလိုက္ပါတယ္ေနာ္…….

 Credit: aunty may 

featufeature-3

4bb7a6a03e3a5aa085b10d61c27c966c-1

Unicode ဖြင့်ဖတ်ရန်

ဆယ်ကျော်သက်တိုင်း သိနားလည်ထားသင့်သည့် sex education အကြောင်း



ကျွန်တော်တို့နိုင်ငံက Sex Education ဆိုတာ ဘာလဲ သိပ်မသိတဲ့ ပညာရေးဗဟုသုတ အားနည်းတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် ဗဟုသုတ အားနည်းလို့ပဲ မဖြစ်သင့်တာတွေ ခဏခဏ ဖြစ်လေ့ရှိပါတယ်။ ဒါပေမဲ့ ခေတ်မီတဲ့ မိဘတိုင်း ခေတ်မီတဲ့ လူငယ်တိုင်းက လူသားတွေအတွက် အရေးကြီးတဲ့ အကြောင်းအရာ တစ်ခုဖြစ်တဲ့ Sex Education အကြောင်း သိကို သိထားသင့်ပါတယ်နော်….

Sex Education ဆိုတာ

ကျွန်တော်တို့ဆီမှာ sex educationကို နားမလည်ပဲ လိင်ဆက်ဆံတဲ့အကြောင်းသင်ပေးတယ်လို့ အထင်မှားတတ်ပါတယ်။ တကယ်က ကျွန်တော်တို့ လူရယ်လို့ ဖြစ်လာရင် သင်ယူရတဲ့ လူလူချင်း ဘယ်လို ပေါင်းသင်းဆက်ဆံရမယ် ဆိုတဲ့ အကြောင်း၊ လမ်းဘယ်လိုကူးရတယ်၊ အဝတ် ဘယ်လိုဝယ်ရတယ်၊ ကျန်းမာရေး ဘယ်လိုဂရုစိုက်ရတယ် စသဖြင့် သင်ကြားပေးရတဲ့ အရာတွေလိုပဲ တစ်ခုသော အကြောင်းအရာ ဖြစ်ပါတယ်။


လေထုညစ်ညမ်းခြင်းကလည်း ကိုယ်အလေးချိန် တက်စေနိုင်ကြောင်း လေ့လာတွေ့ရှိ
စကားဘယ်လိုပြောသင့်တယ်၊ မပြောသင့်ဘူး သင်ကြားခံထားရတဲ့သူ သင်ကြားမခံရသင့်တဲ့သူ မတူသလိုပါပဲ။ sex education မသင်ထားတဲ့ အခါ ကိုယ့်ကိုယ်ကို နားလည်ပဲ မဖြစ်သင့်တာတွေ ဖြစ်သွားတတ်ပါတယ်။ (ဥပမာ- ကိုယ်ဝန်ရသွားတာ၊ ရောဂါကူးစက်တာ၊ လိင်နဲ့ပတ်သတ်ပြီး အရှက်ခွဲခံရတာ၊ လူ့ကျင့်ဝတ်တွေကို ဖောက်ဖျက်မိတာ၊ အရွယ်မတိုင်ခင်မှာ ဒီလိုကိစ္စတွေ ဖြစ်သွားတာ)

Sex Education က ဘာတွေ သင်ပေးလဲ

ကလေးတွေကို အရွယ်အလိုက် လေ့ကျင့်သင်ပေးကြတဲ့ အခြားအရာတွေလိုပါပဲ။ sex education ကလည်း အရွယ်အလိုက်မှာမှ အခြေအနေအလိုက် တဆင့်ချင်း သင်ပေးရတာမျိုးပါ။ ကိုယ်အင်္ဂါတွေ ဖွံ့ဖြိုးမှုအကြောင်း ရှင်းပြရမှာ ဖြစ်သလို သူတို့ ထူးဆန်းလို့ မေးတဲ့အရာတွေကို ရှင်းအောင်ဖြေပေးရပါတယ်။ လိင်အင်္ဂါဆိုတာ ဘယ်လို အလုပ်လုပ်တယ် ဆိုတာမျိုး၊ အမျိုးသမီးတွေရဲ့ ရင်သားက ရင်သွေးလေးတွေ အာဟာရဖြစ်အောင် နို့ချိုတိုက်ကျွေးဖို့ ဆိုတာမျိုး အပါအဝင် ရောဂါဖြစ်စေတဲ့ အခြေအနေတွေ၊ ရင်သွေးလေးတွေ ရရှိဖို့အတွက် လိင်အင်္ဂါတွေက လုပ်ဆောင်ပေးတယ်ဆိုတာတွေ ပါဝင်ပါတယ်။


ဒီလိုစိတ်တွေက ဘယ်အချိန်တွေမှာ ဖြစ်တတ်ကြောင်း၊ လူတိုင်းအပေါ်မှာ မရှိသင့်ကြောင်း၊ ဘယ်လို ဆင်ခြင်ရမယ်ဆိုတာအပြင် ကိုယ်ချစ်တဲ့သူအတွက်သာ ဖြစ်သင့်ကြောင်း၊ အကာအကွယ်သုံးသင့်ကြောင်း၊ အပြာကားတွေက သဘာဝထက် လွန်ကျူးပြသထားတယ်ဆိုတဲ့အကြောင်း စတာတွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် ဒီအစိတ်အပိုင်းတွေက လျှို့ဝှက်ထားသင့်တဲ့အရာတွေ ဖြစ်ကြောင်းနဲ့ လူတိုင်းရဲ့ Private Area ဖြစ်လို့ အထိမခံသင့်ကြောင်း သားသားမီးမီးအရွယ်တည်းက သင်ကြားပေးရမှာပါ။ ကိုယ့်မှာ ဒီအစိတ်အပိုင်းတွေ ရှိနေပြီး ခံစားနေရတာက ရှက်စရာမဟုတ်ပဲ သဘာဝ ဖြစ်ကြောင်း ကိုယ့်တာဝန်က ထိန်းသိမ်းသင့်တာ ထိန်းသိမ်းပြီး ဆင်ခြင်သင့်တာ ဆင်ခြင်ရမှာ ဖြစ်ကြောင်း သင်ကြားပေးရမှာ ဖြစ်ပါတယ်။

အခုက Sex Education အကြောင်း ယေဘုယျ ပြောထားတာ ဖြစ်လို့ တခြားသိချင်တာတွေ ရှိရင် ဒီအတွက် ပညာပေးတဲ့ website တွေကို Google မှာ ရှာဖွေကြည့်ပါလို့ အကြံပေးလိုက်ပါတယ်နော်…….

 Credit: aunty may 


မှတ်ချက်များ