ဆံေကသာကို ပိုမိုေကာင္းမြန္ေစဖို႔ ေခါင္းေလွ်ာ္ရာမွာ သတိထားရမယ့္ အခ်က္ေလးေတြ


Zawgyiျဖင့္ဖတ္ရန္
သင့္ရဲ႕ ေခါင္းေလွ်ာ္တတ္တဲ့ပံုစံက သင့္ဆံေကသာကို ထိခိုက္ပ်က္စီးေစတယ္ဆိုတာ သင္သိပါသလား။ လူတိုင္း ဆိုင္မွာပဲ အၿမဲတမ္းလိုလို ေခါင္းမေလွ်ာ္ႏိုင္ၾကပါဘူး။ အလုပ္မအားလို႔ပဲျဖစ္ျဖစ္ အခ်ိန္မေပးႏိုင္လို႔ျဖစ္ျဖစ္ ေငြကို အလဟသတ္ မသံုးခ်င္လို႔ပဲျဖစ္ျဖစ္ေပါ့။
သင့္ဆံပင္ အေျဖာင့္ျဖစ္ျဖစ္၊အေကာက္ျဖစ္ျဖစ္၊ ဆံပင္လိႈင္းရွိတာပဲျဖစ္ျဖစ္ ဆံပင္တိုတို၊ ရွည္ရွည္၊ ထူထူ၊ ပါးပါး ေခါင္းေလွ်ာ္ရာမွာ သတိထားရမယ့္ အခ်က္ေလးေတြရွိပါတယ္။
၁။ အလြန္အကၽြံမေလွ်ာ္ပါနဲ႔
ေလထုညစ္ညမ္းမႈေတြနဲ႔ အညစ္အေၾကးေတြေၾကာင့္ သင္ေခါင္းေလွ်ာ္ဖို႔လိုအပ္ပါတယ္။ ဒါေပမယ့္ေခါင္းကို တစ္ေန႔တစ္ခါေလွ်ာ္တာမ်ိဳးမဟုတ္ဘဲ တစ္ပတ္ကို ၂ ႀကိမ္ ၃ ႀကိမ္ေလာက္ပဲေလွ်ာ္သင့္ပါတယ္။
၂။ ဦးေရျပား ေျခာက္ေသြ႕ယားယံလာတဲ့အခါ
သင့္ဦးေရျပား ေျခာက္ေသြ႕ယားယံလာတဲ့အခါ သင္သံုးေနတဲ့ ေခါင္းေလွ်ာ္ရည္ကို ေျပာင္းသံုးလိုက္ပါ။ သင့္ဦးေရျပားက လိုအပ္တဲ့ အဆီကို အလံုအေလာက္မထုတ္လို႔ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ဆရာဝန္ (သို႔) တတ္သိနားလည္တဲ့သူနဲ႔ တိုင္ပင္ၿပီး ေခါင္းေလွ်ာ္ရည္ကို ေျပာင္းသံုးပါ။
၃။ ဦးေရျပားကို ညင္သာစြာ ႏွိပ္နယ္ပါ
ေခါင္းေလွ်ာ္တဲ့အခါမွာ ဦးေရျပားကို ခပ္ၾကမ္းၾကမ္းကုတ္တာမ်ိဳးမဟုတ္ဘဲ ဦးေရျပားကို ညင္သာစြာနဲ႔ ႏွိပ္နယ္ေပးသင့္ပါတယ္။ ဒါဟာ သင့္ဦးေရျပား ေသြးလည္ပတ္မႈကို ေကာင္းမြန္ေစမွာျဖစ္ပါတယ္။
၄။ ေရပူပူကိုေရွာင္ပါ
ေခါင္းေလွ်ာ္တဲ့အခါမွာ ေရေအး (သို႔) ရိုးရိုးေရနဲ႔ ေလွ်ာ္တာပိုသင့္ေတာ္ပါတယ္။ ေရပူပူက သင့္ဆံပင္ကို ပိုၿပီး ကၽြတ္ေစသလို ဦးေရျပားကို ေျခာက္ေသြ႕ေစၿပီး ေဗာက္ပိုျဖစ္ေစပါတယ္။
၅။ ေခါင္းေလွ်ာ္ရည္ကို နည္းနည္းဆီသံုးပါ
ေခါင္းေလွ်ာ္တဲ့အခါ ေခါင္းေလွ်ာ္ရည္ကို အမ်ားႀကီးတခါတည္းထည့္လိုက္တာမဟုတ္ဘဲ နည္းနည္းဆီနဲ႔ ဦးေရျပားအႏွံ႔ဆံပင္အရင္းကေန အဖ်ားထိထည့္ေပးပါ။ ၿပီးရင္ ေရေဆးခ်တဲ့အခါ ေသခ်ာေလး ေျပာင္ေအာင္ ေဆးခ်ေပးပါ။
၆။ ဆံပင္သုတ္တဲ့အခါ ဖိၿပီး ဖြဖြသုတ္ပါ မပြတ္ပါနဲ႔
ဆံပင္ေရစိုစိုကို တဘက္နဲ႔ ခပ္ၾကမ္းၾကမ္းသုတ္တာဟာ ဆံသား မ်က္ႏွာျပင္ကို ပိုၿပီး ၾကမ္းတမ္းေစပါတယ္။ ဆံပင္ေရစိုစိုကို သုတ္ရာမွာ တဘက္နဲ႔ ဖိၿပီး ခပ္ဖြဖြေလးသုတ္ေပးပါ။
၇။ ဘီးႀကဲသံုးပါ
ဆံပင္ေရစိုတဲ့အခါ ဘီးႀကဲႀကဲနဲ႔ ဆံပင္ကို ၿဖီးေပးပါ။
၈။ ေပါင္းေဆးသံုးပါ
ေခါင္းေလွ်ာ္ၿပီးရင္ ေပါင္းေဆးသံုးပါ။ ေပါင္းေဆးသံုးရာမွာလည္း ဦးေရျပားကို မထိေစဘဲ ဆံပင္အဖ်ားေလးေတြကုိသာ လိမ္းေပးပါ။
Unicodeဖြင့်ဖတ်ရန်

ဆံကေသာကို ပိုမိုကောင်းမွန်စေဖို့ ခေါင်းလျှော်ရာမှာ သတိထားရမယ့် အချက်လေးတွေ

သင့်ရဲ့ ခေါင်းလျှော်တတ်တဲ့ပုံစံက သင့်ဆံကေသာကို ထိခိုက်ပျက်စီးစေတယ်ဆိုတာ သင်သိပါသလား။ လူတိုင်း ဆိုင်မှာပဲ အမြဲတမ်းလိုလို ခေါင်းမလျှော်နိုင်ကြပါဘူး။ အလုပ်မအားလို့ပဲဖြစ်ဖြစ် အချိန်မပေးနိုင်လို့ဖြစ်ဖြစ် ငွေကို အလဟသတ် မသုံးချင်လို့ပဲဖြစ်ဖြစ်ပေါ့။
သင့်ဆံပင် အဖြောင့်ဖြစ်ဖြစ်၊အကောက်ဖြစ်ဖြစ်၊ ဆံပင်လှိုင်းရှိတာပဲဖြစ်ဖြစ် ဆံပင်တိုတို၊ ရှည်ရှည်၊ ထူထူ၊ ပါးပါး ခေါင်းလျှော်ရာမှာ သတိထားရမယ့် အချက်လေးတွေရှိပါတယ်။
၁။ အလွန်အကျွံမလျှော်ပါနဲ့
လေထုညစ်ညမ်းမှုတွေနဲ့ အညစ်အကြေးတွေကြောင့် သင်ခေါင်းလျှော်ဖို့လိုအပ်ပါတယ်။ ဒါပေမယ့်ခေါင်းကို တစ်နေ့တစ်ခါလျှော်တာမျိုးမဟုတ်ဘဲ တစ်ပတ်ကို ၂ ကြိမ် ၃ ကြိမ်လောက်ပဲလျှော်သင့်ပါတယ်။
၂။ ဦးရေပြား ခြောက်သွေ့ယားယံလာတဲ့အခါ
သင့်ဦးရေပြား ခြောက်သွေ့ယားယံလာတဲ့အခါ သင်သုံးနေတဲ့ ခေါင်းလျှော်ရည်ကို ပြောင်းသုံးလိုက်ပါ။ သင့်ဦးရေပြားက လိုအပ်တဲ့ အဆီကို အလုံအလောက်မထုတ်လို့ဖြစ်ပါတယ်။ ဒါ့ကြောင့် ဆရာဝန် (သို့) တတ်သိနားလည်တဲ့သူနဲ့ တိုင်ပင်ပြီး ခေါင်းလျှော်ရည်ကို ပြောင်းသုံးပါ။
၃။ ဦးရေပြားကို ညင်သာစွာ နှိပ်နယ်ပါ
ခေါင်းလျှော်တဲ့အခါမှာ ဦးရေပြားကို ခပ်ကြမ်းကြမ်းကုတ်တာမျိုးမဟုတ်ဘဲ ဦးရေပြားကို ညင်သာစွာနဲ့ နှိပ်နယ်ပေးသင့်ပါတယ်။ ဒါဟာ သင့်ဦးရေပြား သွေးလည်ပတ်မှုကို ကောင်းမွန်စေမှာဖြစ်ပါတယ်။
၄။ ရေပူပူကိုရှောင်ပါ
ခေါင်းလျှော်တဲ့အခါမှာ ရေအေး (သို့) ရိုးရိုးရေနဲ့ လျှော်တာပိုသင့်တော်ပါတယ်။ ရေပူပူက သင့်ဆံပင်ကို ပိုပြီး ကျွတ်စေသလို ဦးရေပြားကို ခြောက်သွေ့စေပြီး ဗောက်ပိုဖြစ်စေပါတယ်။
၅။ ခေါင်းလျှော်ရည်ကို နည်းနည်းဆီသုံးပါ
ခေါင်းလျှော်တဲ့အခါ ခေါင်းလျှော်ရည်ကို အများကြီးတခါတည်းထည့်လိုက်တာမဟုတ်ဘဲ နည်းနည်းဆီနဲ့ ဦးရေပြားအနှံ့ဆံပင်အရင်းကနေ အဖျားထိထည့်ပေးပါ။ ပြီးရင် ရေဆေးချတဲ့အခါ သေချာလေး ပြောင်အောင် ဆေးချပေးပါ။
၆။ ဆံပင်သုတ်တဲ့အခါ ဖိပြီး ဖွဖွသုတ်ပါ မပွတ်ပါနဲ့
ဆံပင်ရေစိုစိုကို တဘက်နဲ့ ခပ်ကြမ်းကြမ်းသုတ်တာဟာ ဆံသား မျက်နှာပြင်ကို ပိုပြီး ကြမ်းတမ်းစေပါတယ်။ ဆံပင်ရေစိုစိုကို သုတ်ရာမှာ တဘက်နဲ့ ဖိပြီး ခပ်ဖွဖွလေးသုတ်ပေးပါ။
၇။ ဘီးကြဲသုံးပါ
ဆံပင်ရေစိုတဲ့အခါ ဘီးကြဲကြဲနဲ့ ဆံပင်ကို ဖြီးပေးပါ။
၈။ ပေါင်းဆေးသုံးပါ
ခေါင်းလျှော်ပြီးရင် ပေါင်းဆေးသုံးပါ။ ပေါင်းဆေးသုံးရာမှာလည်း ဦးရေပြားကို မထိစေဘဲ ဆံပင်အဖျားလေးတွေကိုသာ လိမ်းပေးပါ။
Credit:My style myanmar

မှတ်ချက်များ