ကိုုယ့္ကိုု တန္ဖိုုးထားတဲ့ ခ်စ္သူဆိုုတာဘယ္လိုုသိႏိုုင္မလဲ

Zawgyiျဖင့္ဖတ္ရန္
အားလံုုးပဲမဂၤလာပါေနာ္။ ဒီတခါမွာေတာ့ ကိုုယ့္ခ်စ္သူက ကိုုယ့္အေပၚ အေလးထားတယ္။ မထားဘူး။ ကိုုယ့္ကိုု တန္ဖိုုးထားတယ္။ မထားဘူးဆိုုတာနဲ႔ပတ္သက္လိုု႔ သူ႕ရဲ႕ အျပဳအမူကေနတဆင့္သိႏိုုင္ပါတယ္။
လူရဲ႕စိတ္ဆိုုတာ အလႊာအမ်ိဳးမ်ိဳးၿခံဳထားတာမိုု႔ အခ်ိန္ခဏေလး တြဲၾကည့္ၿပီး အေပၚယံကၾကည့္ရံုု၊ အေပၚယံေလးကခ်စ္ျပရံုုနဲ႔ေတာ့ သူက ကိုုယ့္ကိုု တကယ္ခ်စ္တယ္ မခ်စ္ဘူး၊အေလးထားတယ္ မထားဘူးဆိုုတာ မသိႏိုုင္ပါဘူး။
ဟန္ေဆာင္ရင္ေတာင္ အၿမဲတမ္း ဟန္ေဆာင္လိုု႔မရႏိုုင္တဲ့ ခ်စ္သူရဲ႕ အျပဳအမူတခ်ိဳ႕ကိုု မွ်ေဝေပးလိုုက္ပါတယ္ေနာ္။
၁။ သင့္ရဲ႕ ပုုဂၢိဳလ္ေရးဆိုုင္ရာ ျပႆနာေတြကိုု နားေထာင္ေပးတယ္။
သင့္ကိုု တန္ဖိုုးထားတဲ့ ခ်စ္သူက သင့္ရဲ႕ အခက္အခဲျပႆနာေတြကိုု နားေထာင္ေပးသလိုု ကူညီေပးရွင္းေပးပါတယ္။
၂။ သင့္ကိုု ၾကင္ၾကင္နာနာ ေထြးေပြ႕ေပးမယ္
ၾကင္နာေႏြးေထြးတဲ့ ခ်စ္သူရဲ႕ေပြ႔ဖက္မႈက သင့္ကိုု ၾကည္ႏူးေစတာ တကယ္ပါပဲေနာ္။ ႏွစ္ေယာက္တည္းအတူရွိေနခ်ိန္ နဖူးကိုု ခပ္ဖြဖြႏွမ္းတာ၊ ခပ္ဖြဖြေလး ေပြ႕ဖက္ေပးတာက သင့္ကိုု သူ သိပ္ခ်စ္တယ္ဆိုုတာကိုု ျပသေနတာပါပဲ။
၃။ သင့္ရဲ႕ရည္မွန္းခ်က္ကိုုအားေပးတယ္
သင္ျဖစ္ခ်င္တဲ့ ရည္မွန္းခ်က္ပန္းတိုုင္ကိုု အေရာက္လွမ္းႏိုုင္ဖိုု႔ အနီးဆံုုးေနရာက အားေပးတတ္တဲ့ ခ်စ္သူ။ သင့္ကိုု အၿမဲတမ္းပံ့ပိုုးေပးေနတဲ့ခ်စ္သူက သင့္ကိုု တန္ဖိုုးထားလိုု႔ဆိုုတာ ျငင္းစရာလိုုမယ္မထင္ပါဘူးေနာ္။
၄။ သင့္ရဲ႕ အိမ္မႈကိစၥေတြကိုု ကူလုုပ္ေပးမယ္
သင္အဝတ္ေလွ်ာ္ေနတာျဖစ္ျဖစ္၊ အိမ္သန္႕ရွင္းေရးလုုပ္ေနတာပဲျဖစ္ျဖစ္ တစ္ေယာက္တည္းကိုု ပင္ပင္ပန္းပန္းလုုပ္ခိုုင္းရက္မွာမဟုုတ္ပါဘူး။ အနားမွာအတူရွိၿပီး ကူလုုပ္ေပးတဲ့ ခ်စ္သူလိုုမ်ိဳး ေနာက္တစ္ေယာက္ထပ္ရွာေတြ႕ႏိုုင္မယ္မထင္ပါဘူးေနာ္။
၅။ သင့္ရဲ႕အေၾကာင္းကိုုလည္း သူ႕အသိုုင္းအဝိုုင္းကိုု ေျပာျပဖိုု႔ဝန္ေလးမွာမဟုုတ္ဘူး
သင္ဘာျဖစ္ေနေနပါ။ သင့္ကိုု သူဘယ္ေလာက္တန္ဖိုုးထားေၾကာင္း ဘယ္ေလာက္ခ်စ္တဲ့အေၾကာင္း သင့္ရဲ႕အေၾကာင္းကိုု သူ႔ရဲ႕ မိတ္ေဆြ၊ မိသားစုု၊ အသိုုင္းအဝိုုင္းကိုု ေျပာျပဖိုု႔ဝန္ေလးမွာမဟုုတ္ပါဘူး။
ကိုုယ့္ကိုု တန္ဖိုုးထားတဲ့ ခ်စ္သူဆိုုတာဘယ္လိုုသိႏိုုင္မလဲ
ကိုုယ့္မွာေရာ ဒီလိုုခ်စ္တတ္တဲ့ခ်စ္သူရွိၿပီလားေနာ္။
Source: Brightside.me
Unicodeဖြင့်ဖတ်ရန်

ကိုယ့်ကို တန်ဖိုးထားတဲ့ ချစ်သူဆိုတာဘယ်လိုသိနိုင်မလဲ

အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ကိုယ့်ချစ်သူက ကိုယ့်အပေါ် အလေးထားတယ်။ မထားဘူး။ ကိုယ့်ကို တန်ဖိုးထားတယ်။ မထားဘူးဆိုတာနဲ့ပတ်သက်လို့ သူ့ရဲ့ အပြုအမူကနေတဆင့်သိနိုင်ပါတယ်။
လူရဲ့စိတ်ဆိုတာ အလွှာအမျိုးမျိုးခြုံထားတာမို့ အချိန်ခဏလေး တွဲကြည့်ပြီး အပေါ်ယံကကြည့်ရုံ၊ အပေါ်ယံလေးကချစ်ပြရုံနဲ့တော့ သူက ကိုယ့်ကို တကယ်ချစ်တယ် မချစ်ဘူး၊အလေးထားတယ် မထားဘူးဆိုတာ မသိနိုင်ပါဘူး။
ဟန်ဆောင်ရင်တောင် အမြဲတမ်း ဟန်ဆောင်လို့မရနိုင်တဲ့ ချစ်သူရဲ့ အပြုအမူတချို့ကို မျှဝေပေးလိုက်ပါတယ်နော်။
၁။ သင့်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြဿနာတွေကို နားထောင်ပေးတယ်။
သင့်ကို တန်ဖိုးထားတဲ့ ချစ်သူက သင့်ရဲ့ အခက်အခဲပြဿနာတွေကို နားထောင်ပေးသလို ကူညီပေးရှင်းပေးပါတယ်။
၂။ သင့်ကို ကြင်ကြင်နာနာ ထွေးပွေ့ပေးမယ်
ကြင်နာနွေးထွေးတဲ့ ချစ်သူရဲ့ပွေ့ဖက်မှုက သင့်ကို ကြည်နူးစေတာ တကယ်ပါပဲနော်။ နှစ်ယောက်တည်းအတူရှိနေချိန် နဖူးကို ခပ်ဖွဖွနှမ်းတာ၊ ခပ်ဖွဖွလေး ပွေ့ဖက်ပေးတာက သင့်ကို သူ သိပ်ချစ်တယ်ဆိုတာကို ပြသနေတာပါပဲ။
၃။ သင့်ရဲ့ရည်မှန်းချက်ကိုအားပေးတယ်
သင်ဖြစ်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့ အနီးဆုံးနေရာက အားပေးတတ်တဲ့ ချစ်သူ။ သင့်ကို အမြဲတမ်းပံ့ပိုးပေးနေတဲ့ချစ်သူက သင့်ကို တန်ဖိုးထားလို့ဆိုတာ ငြင်းစရာလိုမယ်မထင်ပါဘူးနော်။
၄။ သင့်ရဲ့ အိမ်မှုကိစ္စတွေကို ကူလုပ်ပေးမယ်
သင်အဝတ်လျှော်နေတာဖြစ်ဖြစ်၊ အိမ်သန့်ရှင်းရေးလုပ်နေတာပဲဖြစ်ဖြစ် တစ်ယောက်တည်းကို ပင်ပင်ပန်းပန်းလုပ်ခိုင်းရက်မှာမဟုတ်ပါဘူး။ အနားမှာအတူရှိပြီး ကူလုပ်ပေးတဲ့ ချစ်သူလိုမျိုး နောက်တစ်ယောက်ထပ်ရှာတွေ့နိုင်မယ်မထင်ပါဘူးနော်။
၅။ သင့်ရဲ့အကြောင်းကိုလည်း သူ့အသိုင်းအဝိုင်းကို ပြောပြဖို့ဝန်လေးမှာမဟုတ်ဘူး
သင်ဘာဖြစ်နေနေပါ။ သင့်ကို သူဘယ်လောက်တန်ဖိုးထားကြောင်း ဘယ်လောက်ချစ်တဲ့အကြောင်း သင့်ရဲ့အကြောင်းကို သူ့ရဲ့ မိတ်ဆွေ၊ မိသားစု၊ အသိုင်းအဝိုင်းကို ပြောပြဖို့ဝန်လေးမှာမဟုတ်ပါဘူး။
ကိုယ့်ကို တန်ဖိုးထားတဲ့ ချစ်သူဆိုတာဘယ်လိုသိနိုင်မလဲ
ကိုယ့်မှာရော ဒီလိုချစ်တတ်တဲ့ချစ်သူရှိပြီလားနော်။
Source: Brightside.me
Credit:My style myanmar

မှတ်ချက်များ