တစ္ညတည္းနဲ႔ အိမ္ ၇ လုံးဝင္ခဲ့တဲ့ ေဖာက္ထြင္းဝိဇၨာ



Zawgyi ျဖင့္ဖတ္ရန္

မႈခင္း႐ုပ္ရွင္ကားေတြၾကည့္တဲ့အခါ ျပစ္မႈက်ဴးလြန္ၿပီးတဲ့အခါ သက္ေသအေထာက္အထားေတြ ေဖ်ာက္ဖ်က္ပစ္ဖို႔ဆိုတာ အေရးႀကီးတဲ့အခ်က္ျဖစ္တယ္ ဆိုတာ အားလုံးပဲသတိထားမိၾကမွာပါ။


ဒါေပမဲ့ အခုေခတ္လို CCTV ကို အိမ္ေတာ္ေတာ္မ်ားမ်ားမွာ တပ္ႏိုင္ေနတဲ့ ေခတ္ႀကီးမွာေတာ့ သူခိုးေတြအတြက္ သက္ေသလက္စေဖ်ာက္ဖို႔က သိပ္မလြယ္လွေတာ့ပါဘူး။

Jaya မွ အမ်ိဳးသားတစ္ဦးကေတာ့ တစ္ညထဲမွာပဲ အိမ္နီးခ်င္း အိမ္၇အိမ္မွ ပစၥည္းေတြကို ခိုးယူဖို႔ ႀကိဳးစားခဲ့တယ္ လို႔သိရပါတယ္။



ဒီအေၾကာင္းကို Arief Danial ဆိုသူက (@AriefDanial_) အေကာင့္နဲ႔ သူ႔ရဲ႕Twitterမွာ  CCTV ဗြီဒီယိုဖိုင္နဲ႔တကြ တင္ခဲ့တာပဲျဖစ္ပါတယ္။

သူခိုးဟာ နံရံကိုေက်ာ္ကာ Ariefရဲ႕အိမ္အတြင္းသို႔ဝင္ေရာက္ၿပီး ကားတံခါးကိုဖြင့္ဖို႔ႀကိဳးစားေနတာကိုေတြ႕ျမင္ရမွာပါ။ အဲဒီ့ေနာက္ CCTV ကင္မရာရွိေနတာကို ရိပ္မိသြားတဲ့ သူခိုးဟာ ေဘးမွာရွိတဲ့ အိမ္နီးခ်င္းအိမ္ကို ကူးသြားပါေတာ့တယ္။





ထိုညမွာပဲ သူဟာ ေနာက္၅အိမ္နဲ႔အထက္ ေဖာက္ထြင္းဝင္ေရာက္ခဲ့တယ္လို႔ သိရပါတယ္။

Ariefရဲ႕ CCTV ကင္မရာမွာ သူခိုးရဲ႕မ်က္ႏွာကို ထင္ထင္ရွားရွား႐ိုက္ကူးမိထားတဲ့အတြက္ ရဲေတြသူခိုးရွာတဲ့ေနရာမွာ အေထာက္အကူျဖစ္ခဲ့တယ္လို႔သိရပါတယ္။

Writer -LLA ( Shwe Yaung Lan )


Unicode ဖြင့်ဖတ်ရန်

တစ်ညတည်းနဲ့ အိမ် ၇ လုံးဝင်ခဲ့တဲ့ ဖောက်ထွင်းဝိဇ္ဇာ

မှုခင်းရုပ်ရှင်ကားတွေကြည့်တဲ့အခါ ပြစ်မှုကျူးလွန်ပြီးတဲ့အခါ သက်သေအထောက်အထားတွေ ဖျောက်ဖျက်ပစ်ဖို့ဆိုတာ အရေးကြီးတဲ့အချက်ဖြစ်တယ် ဆိုတာ အားလုံးပဲသတိထားမိကြမှာပါ။


ဒါပေမဲ့ အခုခေတ်လို CCTV ကို အိမ်တော်တော်များများမှာ တပ်နိုင်နေတဲ့ ခေတ်ကြီးမှာတော့ သူခိုးတွေအတွက် သက်သေလက်စဖျောက်ဖို့က သိပ်မလွယ်လှတော့ပါဘူး။

Jaya မှ အမျိုးသားတစ်ဦးကတော့ တစ်ညထဲမှာပဲ အိမ်နီးချင်း အိမ်၇အိမ်မှ ပစ္စည်းတွေကို ခိုးယူဖို့ ကြိုးစားခဲ့တယ် လို့သိရပါတယ်။



ဒီအကြောင်းကို Arief Danial ဆိုသူက (@AriefDanial_) အကောင့်နဲ့ သူ့ရဲ့Twitterမှာ  CCTV ဗွီဒီယိုဖိုင်နဲ့တကွ တင်ခဲ့တာပဲဖြစ်ပါတယ်။

သူခိုးဟာ နံရံကိုကျော်ကာ Ariefရဲ့အိမ်အတွင်းသို့ဝင်ရောက်ပြီး ကားတံခါးကိုဖွင့်ဖို့ကြိုးစားနေတာကိုတွေ့မြင်ရမှာပါ။ အဲဒီ့နောက် CCTV ကင်မရာရှိနေတာကို ရိပ်မိသွားတဲ့ သူခိုးဟာ ဘေးမှာရှိတဲ့ အိမ်နီးချင်းအိမ်ကို ကူးသွားပါတော့တယ်။



ထိုညမှာပဲ သူဟာ နောက်၅အိမ်နဲ့အထက် ဖောက်ထွင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Ariefရဲ့ CCTV ကင်မရာမှာ သူခိုးရဲ့မျက်နှာကို ထင်ထင်ရှားရှားရိုက်ကူးမိထားတဲ့အတွက် ရဲတွေသူခိုးရှာတဲ့နေရာမှာ အထောက်အကူဖြစ်ခဲ့တယ်လို့သိရပါတယ်။

Writer -LLA ( Shwe Yaung Lan )


မှတ်ချက်များ