ေနမေကာင္းျဖစ္မွာစိုးလို႔ တစ္ေန႔ကို ေဆးအလုံးေရ (၄၀) ေသာက္ေနရတဲ့ အဆိုေတာ္ေကာင္မေလး



Zawgyi ျဖင့္ဖတ္ရန္

ေတာင္ကိုးရီးယား မိန္းကေလး Kpop အဆိုေတာ္အဖြဲ႕ Oh My Girl မွ အဖြဲ႕ဝင္ Seunghee ဟာ အဆိုေတာ္လုပ္ေနတဲ့ သက္တမ္းတစ္ေလွ်ာက္ ေနမေကာင္းျဖစ္မွာစိုးတဲ့အတြက္ တစ္ေန႔ကိုေဆး အလုံးေရ အတြက္ (၄၀) တိတိ ေသာက္ေနရတဲ့ အေၾကာင္း FashionN အစီအစဥ္မွာ ေျပာျပလာပါတယ္။



Seunghee ဟာ Oh My Girl အဖြဲ႕နဲ႔အတူ အေနာက္ႏိုင္ငံေတြကို သြားေရာက္ရမယ့္ schedule ေတြ မ်ားလာတာေၾကာင့္ အနားမရဘဲရွိေနတယ္လို႔ဆိုပါတယ္။ ခရီးသြားရင္ သူမအိတ္ထဲ မပါမျဖစ္က vitamin အားေဆးေတြပါ။ Seunghee က အလုပ္အရမ္းရႈပ္ေနတဲ့ ကာလေတြမွာ ေနမေကာင္းမျဖစ္ခ်င္တာေၾကာင့္ အားရွိေအာင္ Vitamin ေတြကို အၿမဲေဆာင္ထားေလ့ရွိတယ္ ဆိုတဲ့အေၾကာင္း ေျပာျပလာပါတယ္။ “ကြၽန္မ တစ္ရက္ကို ေဆး vitamins အလုံးေရ (၄၀) ေတာင္ ေသာက္တယ္။” လို႔ေျပာသြားၿပီး ဒီေနာက္ပိုင္း အာဟာရရွိတဲ့ အစားအစာေတြ မ်ားမ်ားစားျဖစ္တယ္လို႔ ဆိုပါတယ္။





Seunghee ဟာ Oh My Girl အဖြဲ႕ စတိတ္စင္ေပၚ ေဖ်ာ္ေျဖေနတဲ့ ဗြီဒီယိုကိုၾကည့္ၿပီးမ်က္ရည္ဝဲေနခဲ့ပါတယ္။ “ကြၽန္မ အိပ္မက္ေတြကို အေကာင္အထည္ေဖာ္ႏိုင္ဖို႔ အသက္ ၁၂ ႏွစ္အ႐ြယ္ကတည္းက သီခ်င္းစဆိုခဲ့တယ္။ အခုလို ေအာင္ျမင္လာဖို႔ ၈ ႏွစ္၊ ၉ႏွစ္ေလာက္ တည္ေဆာင္ခဲ့၇တာ စင္ေပၚမွာ ရပ္ေနတဲ့ အခ်ိန္တိုင္း ကိုယ့္ကိုယ္ကိုယ္ ေက်းဇူးအရမ္းတင္တယ္ အေကာင္းဆုံးႀကိဳးစားသြားၿပီး အားေပးေနတဲ့ ပရိတ္သတ္ကို ေက်းဇူးဆပ္သြားမွာပါလို႔ပဲေျပာပါရေစ” ဆိုၿပီး ေျပာျပသြားပါတယ္။



ဘဝကို အခိုင္အမာတည္ေဆာက္ၿပီးမွ ေနရာတစ္ခုရရွိေနတဲ့ အေျခအေနမ်ိဳးမွာ ဘယ္သူမွ ထပ္ၿပီး ၿပိဳလဲခ်င္မွာမဟုတ္ပါဘူး။ ဒီလိုအေျခအေနမ်ိဳးမွာ တစ္ခုခု လြဲေခ်ာ္သြားမွာ စိုးရိမ္ေနတဲ့ Seunghee အေနနဲ႔ က်န္းမာေရးလည္း ထိခိုက္မႈမရွိေအာင္  တစ္ေန႔ကို ေဆးအလုံး (၄၀) ေသာက္ေသာက္ေနတာပဲျဖစ္ပါတယ္။


credit: popolay 




Unicode ဖြင့်ဖတ်ရန်

နေမကောင်းဖြစ်မှာစိုးလို့ တစ်နေ့ကို ဆေးအလုံးရေ (၄၀) သောက်နေရတဲ့ အဆိုတော်ကောင်မလေး


တောင်ကိုးရီးယား မိန်းကလေး Kpop အဆိုတော်အဖွဲ့ Oh My Girl မှ အဖွဲ့ဝင် Seunghee ဟာ အဆိုတော်လုပ်နေတဲ့ သက်တမ်းတစ်လျှောက် နေမကောင်းဖြစ်မှာစိုးတဲ့အတွက် တစ်နေ့ကိုဆေး အလုံးရေ အတွက် (၄၀) တိတိ သောက်နေရတဲ့ အကြောင်း FashionN အစီအစဉ်မှာ ပြောပြလာပါတယ်။



Seunghee ဟာ Oh My Girl အဖွဲ့နဲ့အတူ အနောက်နိုင်ငံတွေကို သွားရောက်ရမယ့် schedule တွေ များလာတာကြောင့် အနားမရဘဲရှိနေတယ်လို့ဆိုပါတယ်။ ခရီးသွားရင် သူမအိတ်ထဲ မပါမဖြစ်က vitamin အားဆေးတွေပါ။ Seunghee က အလုပ်အရမ်းရှုပ်နေတဲ့ ကာလတွေမှာ နေမကောင်းမဖြစ်ချင်တာကြောင့် အားရှိအောင် Vitamin တွေကို အမြဲဆောင်ထားလေ့ရှိတယ် ဆိုတဲ့အကြောင်း ပြောပြလာပါတယ်။ “ကျွန်မ တစ်ရက်ကို ဆေး vitamins အလုံးရေ (၄၀) တောင် သောက်တယ်။” လို့ပြောသွားပြီး ဒီနောက်ပိုင်း အာဟာရရှိတဲ့ အစားအစာတွေ များများစားဖြစ်တယ်လို့ ဆိုပါတယ်။



Seunghee ဟာ Oh My Girl အဖွဲ့ စတိတ်စင်ပေါ် ဖျော်ဖြေနေတဲ့ ဗွီဒီယိုကိုကြည့်ပြီးမျက်ရည်ဝဲနေခဲ့ပါတယ်။ “ကျွန်မ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ အသက် ၁၂ နှစ်အရွယ်ကတည်းက သီချင်းစဆိုခဲ့တယ်။ အခုလို အောင်မြင်လာဖို့ ၈ နှစ်၊ ၉နှစ်လောက် တည်ဆောင်ခဲ့၇တာ စင်ပေါ်မှာ ရပ်နေတဲ့ အချိန်တိုင်း ကိုယ့်ကိုယ်ကိုယ် ကျေးဇူးအရမ်းတင်တယ် အကောင်းဆုံးကြိုးစားသွားပြီး အားပေးနေတဲ့ ပရိတ်သတ်ကို ကျေးဇူးဆပ်သွားမှာပါလို့ပဲပြောပါရစေ” ဆိုပြီး ပြောပြသွားပါတယ်။



ဘဝကို အခိုင်အမာတည်ဆောက်ပြီးမှ နေရာတစ်ခုရရှိနေတဲ့ အခြေအနေမျိုးမှာ ဘယ်သူမှ ထပ်ပြီး ပြိုလဲချင်မှာမဟုတ်ပါဘူး။ ဒီလိုအခြေအနေမျိုးမှာ တစ်ခုခု လွဲချော်သွားမှာ စိုးရိမ်နေတဲ့ Seunghee အနေနဲ့ ကျန်းမာရေးလည်း ထိခိုက်မှုမရှိအောင်  တစ်နေ့ကို ဆေးအလုံး (၄၀) သောက်သောက်နေတာပဲဖြစ်ပါတယ်။


credit: popolay 

မှတ်ချက်များ