ကိုရီးယားဇာတ္လမ္းတြဲ စြဲေနတဲ့ ဇနီးကို အိမ္ေပၚကေန ကန္ခ်
Zawgyiျဖင့္ဖတ္ရန္
လူတိုင္းမွာ စြဲလန္းမႈတစ္ခု ကိုယ္စီရွိၾကတာပါပဲ။ အစားအေသာက္ျမင္ရင္ မေနႏိုင္ေအာင္ စြဲလန္းသူ၊ မူးယစ္ေဆးစြဲ၊ အရက္စြဲ၊ ဂိမ္းစြဲ စသည္ျဖင့္ စြဲလန္းေနၾကတာပါပဲ။ အဲဒီအထဲမွာ အမ်ိဳးသမီးေတြရဲ႕ ေနာက္ဆုံးေပၚ စြဲလန္းတဲ့ ေရာဂါကေတာ့ ကိုရီးယား ဒရာမာစီးရီး၊ ကိုရီးယားသီခ်င္းေတြ စြဲလန္းတဲ့ ကီုရီးယားေရာဂါ ျဖစ္ပါတယ္။ ဒီေရာဂါက အသက္အ႐ြယ္ ငယ္ငယ္ႀကီးႀကီး အ႐ြယ္မေ႐ြး စြဲလန္းေနၾကတဲ့ ေခတ္ေပၚေရာဂါ ျဖစ္ပါတယ္။
လက္တေလာမွာေတာ့ ကိုရီးယား႐ုပ္သံဇာတ္လမ္းတြဲေတြ အစြဲလန္းႀကီးစြဲလန္းလြန္းလို႔ ခင္ပြန္းသည္က ဒဏ္မခံႏိုင္ေတာ့တဲ့အဆုံး အိမ္ေပၚကေန ကန္ခ်ခံလိုက္ရတဲ့ အမ်ိဳးသမီးတစ္ဦးက သူမရဲ႕အျဖစ္ကို ရင္းႏွီးတဲ့ မိတ္ေဆြေတြနဲ႔ အြန္လိုင္းေပၚမွာ တိုးတိုးက်ိတ္က်ိတ္ ရင္ဖြင့္တိုင္ပင္ရင္း တစ္ေယာက္ေယာက္က ဖြလိုက္ရာကေန အားလုံးသိကုန္တဲ့ ရွက္စရာအျဖစ္ပ်က္တစ္ခု ျဖစ္သြားခဲ့ပါတယ္။
ဒါေပမယ့္လည္း အခုလို အားလုံးသိကုန္ရာကေန ဒီလိုျပႆနာမ်ိဳးကို သူမတစ္ေယာက္ထဲ ႀကဳံေနရတာ မဟုတ္ဘူးဆိုတာကို ျပန္သိလိုက္ရတာက အဆိုးထဲက အေကာင္းျဖစ္သြားခဲ့ပါတယ္။
မေလးရွားႏိုင္ငံက ေဖ့စ္ဘြခ္သုံးစြဲသူ Kisah Rumah Tangga က သူမရဲ႕ အျဖစ္ပ်က္ကို အခုလို ေျပာျပခဲ့ပါတယ္။ သူတို႔လင္မယားဟာ အိမ္ေထာင္သက္ ၆ ႏွစ္ၾကာၿပီျဖစ္ၿပီး ကေလး တစ္ေယာက္ ရွိပါတယ္။ ခင္ပြန္းျဖစ္သူက အလြန္ေအးေဆးသူျဖစ္ၿပီး အလုပ္ႀကိဳးစားသူလည္းျဖစ္ပါတယ္။ ဒါ့အျပင္ အိမ္ေထာကင္မႈကိစၥေတြကိုလည္း လုပ္တတ္သူပါ။ သူမကေတာ့ ကိုရီးယားနဲ႔ ပက္သက္တာမွန္သမွ် မလြတ္တမ္းအားေပးတဲ့ အခိုင္အမာပရိသတ္ျဖစ္ပါတယ္။ ဒီလိုနဲ႔ေနလာခဲ့ၾကၿပီး လြန္ခဲ့တဲ့ ႏွစ္ရက္ေလာက္ ကိုရီးယားဇာတ္လမ္းတြဲတစ္ခု ၾကည့္ေနစဥ္ ခပ္ေအးေအးေနတတ္တဲ့ သူမရဲ႕ခင္ပြန္းဟာ တစ္ခါမွ မျမင္ဖူးတဲ့ ပုံစံနဲ႔ ေဒါသအိုးေပါက္ကြဲၿပီး အဝတ္အစားေတြ တီဗီရီမုတ္ေတြ အကုန္လႊင့္ပစ္ေပါက္ခြဲၿပီး သူမကိုပါ အိမ္ေပၚကေနဆင္းသြားဆိုၿပီး ကန္ခ်ခဲ့ပါတယ္။ ခင္ပြန္းျဖစ္သူရဲ႕ သည္းခံႏိုင္ရည္က ဂိတ္ဆုံးသြားခဲ့တာပါ၊ သူ႔ကို ဂ႐ုမစိုက္ပဲ ကိုရီးယားကားေတြက်ေတာ့ မနက္ ၂ နာရီ ၃ နာရီထိ ၾကည့္ေနေၾကာင္း၊ အိမ္အလုပ္ေတြလည္း ပစ္ထားတဲ့အတြက္ သူခ်ည္းပဲလုပ္ေနရေၾကာင္း ငပ်င္းမျဖစ္ေနၿပီးဆိုတာ သိရဲ႕လားလို႔ ေဒါသနဲ႔ ေျပာဆိုခဲ့ပါတယ္။
လက္ရွိမွာေတာ့ အိမ္ေပၚကေန ႏွင္ခ်လိုက္ၿပီး ကိုရီးယားဇာတ္လမ္းတြဲနဲ႔ ငါ့ကို ဘယ္ဟာေ႐ြးမလဲ နင္ဆုံးျဖတ္လို႔ ရာဇသံေပးလိုက္ပါတယ္။ အိမ္ေပၚကေန ဆင္းၿပီး အေမအိမ္ျပန္တက္သြားတဲ့ သူမက အျဖစ္ပ်က္အားလုံး အေမကို ရွင္းျပလိုက္တဲ့အခါ သူ႔အေမက ဘာမေျပာညာမေျပာနဲ႔ ပါးကို ျဖန္းကနဲျမည္ေအာင္ ႐ိုက္တယ္လို႔ ရွင္းျပထားပါတယ္။
ပို႔စ္ရဲ႕ အဆုံးသတ္မွာေတာ့ သူမအေနနဲ႔ အလုပ္ႀကိဳးစားၿပီး တည္ၿငိမ္ေအးေဆးတဲ့ ေယာက်္ားကိုလည္း မပစ္ႏိုင္ဘူး၊ ကိုရီးယားကားေတြကိုလည္း မၾကည့္ရ မေနႏိုင္ဘူးလို႔ ေရးထားၿပီး ဘာဆက္လုပ္ရမလဲလို႔ အႀကံဥာဏ္ေတာင္းထားပါတယ္။
သူ႔ရဲ႕ ပိုစ့္ေအာက္မွာေတာ့ သူ႔လိုပဲ ကိုရီးယားဇာတ္လမ္းတြဲ စြဲေနၾကတဲ့ အမ်ိဳးသမီးေတြ ေရာက္လာၿပီး မ်ိဳးစုံမန႔္သြားၾကပါတယ္။
“ကြၽန္မလည္း ကိုရီးယားကားေတြႀကိဳက္ပါတယ္၊ တစ္ဖက္ကလည္း အလုပ္လုပ္ေပါ့၊ အလုပ္မလုပ္ပဲ ဇာတ္လမ္းတြဲေတြခ်ည္း ထိုင္ၾကည့္ေနတာကေတာ့ လြန္တာေပါ့” လို႔ ေျပာသြားတဲ့သူေတြရွိသလို
“ေယာက္်ားကို ဂ႐ုမစိုက္ႏိုင္ေလာက္ေအာင္ ဘာလို႔ အဲ့ေလာက္ထိၾကည့္ေနရတာလဲ၊ သူမ်ားေတြလည္း ကိုရီးယားကာေတြ ႀကိဳက္တတ္ပါတယ္ ဒါေပမယ့္ အိမ္အလုပ္ေတာ့ ၿပီးေအာင္လုပ္သင့္တာေပါ့။ အိမ္အလုပ္ေတြ လုပ္တတ္တဲ့ ေယာက္်ားရထားတာ နင္ကံေကာင္းပါတယ္၊ ကိုရီးယားကားေတြကို ပိတ္ရက္မွာပဲ ၾကည့္ေပါ့” လို႔ အႀကံျပဳထားတာကို ေတြ႕ရပါတယ္။
စာဖတ္သူေတြထဲမွာေရာ ကိုရီးယားဇာတ္လမ္းတြဲေတြ စြဲေနလို႔ အခုလိုျပႆနာမ်ိဳးနဲ႔ ရင္ဆိုင္ရတဲ့သူေတြရွိလာ..? ဘယ္လို ေျဖရွင္းရမလဲဆိုတာ အႀကံေပးခဲ့ပါဦးေနာ္..။
Credit:popolay
Unicodeဖြင့်ဖတ်ရန်
ကိုရီးယားဇာတ်လမ်းတွဲ စွဲနေတဲ့ ဇနီးကို အိမ်ပေါ်ကနေ ကန်ချ
လူတိုင်းမှာ စွဲလန်းမှုတစ်ခု ကိုယ်စီရှိကြတာပါပဲ။ အစားအသောက်မြင်ရင် မနေနိုင်အောင် စွဲလန်းသူ၊ မူးယစ်ဆေးစွဲ၊ အရက်စွဲ၊ ဂိမ်းစွဲ စသည်ဖြင့် စွဲလန်းနေကြတာပါပဲ။ အဲဒီအထဲမှာ အမျိုးသမီးတွေရဲ့ နောက်ဆုံးပေါ် စွဲလန်းတဲ့ ရောဂါကတော့ ကိုရီးယား ဒရာမာစီးရီး၊ ကိုရီးယားသီချင်းတွေ စွဲလန်းတဲ့ ကီုရီးယားရောဂါ ဖြစ်ပါတယ်။ ဒီရောဂါက အသက်အရွယ် ငယ်ငယ်ကြီးကြီး အရွယ်မရွေး စွဲလန်းနေကြတဲ့ ခေတ်ပေါ်ရောဂါ ဖြစ်ပါတယ်။
လက်တလောမှာတော့ ကိုရီးယားရုပ်သံဇာတ်လမ်းတွဲတွေ အစွဲလန်းကြီးစွဲလန်းလွန်းလို့ ခင်ပွန်းသည်က ဒဏ်မခံနိုင်တော့တဲ့အဆုံး အိမ်ပေါ်ကနေ ကန်ချခံလိုက်ရတဲ့ အမျိုးသမီးတစ်ဦးက သူမရဲ့အဖြစ်ကို ရင်းနှီးတဲ့ မိတ်ဆွေတွေနဲ့ အွန်လိုင်းပေါ်မှာ တိုးတိုးကျိတ်ကျိတ် ရင်ဖွင့်တိုင်ပင်ရင်း တစ်ယောက်ယောက်က ဖွလိုက်ရာကနေ အားလုံးသိကုန်တဲ့ ရှက်စရာအဖြစ်ပျက်တစ်ခု ဖြစ်သွားခဲ့ပါတယ်။
ဒါပေမယ့်လည်း အခုလို အားလုံးသိကုန်ရာကနေ ဒီလိုပြဿနာမျိုးကို သူမတစ်ယောက်ထဲ ကြုံနေရတာ မဟုတ်ဘူးဆိုတာကို ပြန်သိလိုက်ရတာက အဆိုးထဲက အကောင်းဖြစ်သွားခဲ့ပါတယ်။
မလေးရှားနိုင်ငံက ဖေ့စ်ဘွခ်သုံးစွဲသူ Kisah Rumah Tangga က သူမရဲ့ အဖြစ်ပျက်ကို အခုလို ပြောပြခဲ့ပါတယ်။ သူတို့လင်မယားဟာ အိမ်ထောင်သက် ၆ နှစ်ကြာပြီဖြစ်ပြီး ကလေး တစ်ယောက် ရှိပါတယ်။ ခင်ပွန်းဖြစ်သူက အလွန်အေးဆေးသူဖြစ်ပြီး အလုပ်ကြိုးစားသူလည်းဖြစ်ပါတယ်။ ဒါ့အပြင် အိမ်ထောကင်မှုကိစ္စတွေကိုလည်း လုပ်တတ်သူပါ။ သူမကတော့ ကိုရီးယားနဲ့ ပက်သက်တာမှန်သမျှ မလွတ်တမ်းအားပေးတဲ့ အခိုင်အမာပရိသတ်ဖြစ်ပါတယ်။ ဒီလိုနဲ့နေလာခဲ့ကြပြီး လွန်ခဲ့တဲ့ နှစ်ရက်လောက် ကိုရီးယားဇာတ်လမ်းတွဲတစ်ခု ကြည့်နေစဉ် ခပ်အေးအေးနေတတ်တဲ့ သူမရဲ့ခင်ပွန်းဟာ တစ်ခါမှ မမြင်ဖူးတဲ့ ပုံစံနဲ့ ဒေါသအိုးပေါက်ကွဲပြီး အဝတ်အစားတွေ တီဗီရီမုတ်တွေ အကုန်လွှင့်ပစ်ပေါက်ခွဲပြီး သူမကိုပါ အိမ်ပေါ်ကနေဆင်းသွားဆိုပြီး ကန်ချခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူရဲ့ သည်းခံနိုင်ရည်က ဂိတ်ဆုံးသွားခဲ့တာပါ၊ သူ့ကို ဂရုမစိုက်ပဲ ကိုရီးယားကားတွေကျတော့ မနက် ၂ နာရီ ၃ နာရီထိ ကြည့်နေကြောင်း၊ အိမ်အလုပ်တွေလည်း ပစ်ထားတဲ့အတွက် သူချည်းပဲလုပ်နေရကြောင်း ငပျင်းမဖြစ်နေပြီးဆိုတာ သိရဲ့လားလို့ ဒေါသနဲ့ ပြောဆိုခဲ့ပါတယ်။
လက်ရှိမှာတော့ အိမ်ပေါ်ကနေ နှင်ချလိုက်ပြီး ကိုရီးယားဇာတ်လမ်းတွဲနဲ့ ငါ့ကို ဘယ်ဟာရွေးမလဲ နင်ဆုံးဖြတ်လို့ ရာဇသံပေးလိုက်ပါတယ်။ အိမ်ပေါ်ကနေ ဆင်းပြီး အမေအိမ်ပြန်တက်သွားတဲ့ သူမက အဖြစ်ပျက်အားလုံး အမေကို ရှင်းပြလိုက်တဲ့အခါ သူ့အမေက ဘာမပြောညာမပြောနဲ့ ပါးကို ဖြန်းကနဲမြည်အောင် ရိုက်တယ်လို့ ရှင်းပြထားပါတယ်။
ပို့စ်ရဲ့ အဆုံးသတ်မှာတော့ သူမအနေနဲ့ အလုပ်ကြိုးစားပြီး တည်ငြိမ်အေးဆေးတဲ့ ယောကျ်ားကိုလည်း မပစ်နိုင်ဘူး၊ ကိုရီးယားကားတွေကိုလည်း မကြည့်ရ မနေနိုင်ဘူးလို့ ရေးထားပြီး ဘာဆက်လုပ်ရမလဲလို့ အကြံဉာဏ်တောင်းထားပါတယ်။
သူ့ရဲ့ ပိုစ့်အောက်မှာတော့ သူ့လိုပဲ ကိုရီးယားဇာတ်လမ်းတွဲ စွဲနေကြတဲ့ အမျိုးသမီးတွေ ရောက်လာပြီး မျိုးစုံမန့်သွားကြပါတယ်။
“ကျွန်မလည်း ကိုရီးယားကားတွေကြိုက်ပါတယ်၊ တစ်ဖက်ကလည်း အလုပ်လုပ်ပေါ့၊ အလုပ်မလုပ်ပဲ ဇာတ်လမ်းတွဲတွေချည်း ထိုင်ကြည့်နေတာကတော့ လွန်တာပေါ့” လို့ ပြောသွားတဲ့သူတွေရှိသလို
“ယောက်ျားကို ဂရုမစိုက်နိုင်လောက်အောင် ဘာလို့ အဲ့လောက်ထိကြည့်နေရတာလဲ၊ သူများတွေလည်း ကိုရီးယားကာတွေ ကြိုက်တတ်ပါတယ် ဒါပေမယ့် အိမ်အလုပ်တော့ ပြီးအောင်လုပ်သင့်တာပေါ့။ အိမ်အလုပ်တွေ လုပ်တတ်တဲ့ ယောက်ျားရထားတာ နင်ကံကောင်းပါတယ်၊ ကိုရီးယားကားတွေကို ပိတ်ရက်မှာပဲ ကြည့်ပေါ့” လို့ အကြံပြုထားတာကို တွေ့ရပါတယ်။
စာဖတ်သူတွေထဲမှာရော ကိုရီးယားဇာတ်လမ်းတွဲတွေ စွဲနေလို့ အခုလိုပြဿနာမျိုးနဲ့ ရင်ဆိုင်ရတဲ့သူတွေရှိလာ..? ဘယ်လို ဖြေရှင်းရမလဲဆိုတာ အကြံပေးခဲ့ပါဦးနော်..။
Credit:popolay


မှတ်ချက်များ