ဘြဲ႕ယူမယ့္ ပ်ိဳေမေလးတို႔ မျဖစ္မေန ႀကိဳတင္ျပင္ဆင္ထားသင့္တဲ့ အရာမ်ား


Zawgyiျဖင့္ဖတ္ရန္


တကၠသိုလ္အသီးသီးက ေအာင္စာရင္းေတြလည္း ထြက္ျပီဆိုေတာ့ ဘြဲ႔ယူရေတာ့မွာေပါ့ေနာ္… ဘြဲ႕ယူတဲ႔ေန႔မွာ ပ်ိဳေမတို႔ အလွပဆုံးျဖစ္ေနေစဖို႔အတြက္ အခုထဲက ျကိုတင္ျပင္ဆင္ထားသင့္တဲ႔ အရာတခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။ အခုေဖာ္ျပေပးလိုက္တဲ႔အရာေတြကို ေစာႏိုင္သေလာက္ေစာျပီး ျကိုျပင္ဆင္ထားရင္ေတာ့ အေကာင္းဆုံးပါပဲလို႔ admin အျကံေပးလိုက္ပါတယ္။

၁. အ၀တ္အစား

ဒီအပိုင္းက အေရးအျကီးဆုံးအပိုင္းပါ။ rehearsal ေန႔မွာ ၀တ္မယ့္ အ၀တ္အစားဒီဇိုင္း၊ အေရာင္နဲ႔ ဘြဲ႕ယူတဲ႔ေန႔မွာ ၀တ္မဲ႔အ၀တ္အစားဒီဇိုင္း၊ အေရာင္ကို ေသခ်ာစဥ္းစားျပီး စီစဥ္ဖို႔ အျကံေပးခ်င္ပါတယ္။ rehearsal ေန႔မွာ ကိုယ့္ရိုးရာအလိုက္ တိုင္းရင္းသား၀တ္စုံ (သို႔) ျမန္မာအ၀တ္အစား အဆင္ေျပတာ ၀တ္လုိ႔ရပါတယ္။ ဘြဲ႕၀တ္ရုံလည္း ျခဳံစရာမလိုေသးတဲ႔အတြက္ လွလွပပ ဓာတ္ဖမ္းခ်င္တဲ႔ပ်ိဳေမတို႔ကေတာ့ rehearsal ေန႔မွာ အလွဆုံးဒီဇိုင္းေတြ ၀တ္သြားလို႔ရပါတယ္။

ဘြဲ႕ယူတဲ႔ေန႔မွာေတာ့ ဘြဲ႕၀တ္ရုံျကီးျခဳံရမွာျဖစ္တဲ႔အတြက္ သက္ေတာင့္သက္သာျဖစ္ေစမယ့္ အက်ႌလက္ရွည္ဒီဇိုင္းမ်ိဳးကို စီစဥ္တာ ပိုအဆင္ေျပပါလိမ့္မယ္။ ထဘီကိုလည္း ကိုယ့္ကိုေပၚလြင္ေစမဲ႔ အေရာင္နဲ႔အဆင္ ဒီဇိုင္းမ်ိဳးကို စီစဥ္ရင္ ပိုေကာင္းပါတယ္။

၂. ဒီဇိုင္နာ

အ၀တ္အစားဒီဇိုင္းနဲ႔ အေရာင္ေရြးခ်ယ္ျပီးျပီဆိုရင္ေတာ့ ကိုယ္နဲ႔ အဆင္ေျပမယ့္ ဒီဇိုင္နာ (သို႔) အက်ႌဆိုင္ကို ေရြးခ်ယ္ပါ။ ကိုယ္လိုခ်င္တဲ ႔ဒီဇိုင္းကို ဒီဇိုင္နာနဲ႔ တိုင္ပင္ျပီး ေစာေစာျကိဳတင္အပ္ထားမွ စိတ္ခ်ရမွာပါ။

၃. ဖိနပ္

ဖိနပ္ေရြးခ်ယ္တဲ႔ေနရာမွာလည္း  စီးေနက် ဖိနပ္ဒီဇိုင္းမ်ိဳးမဟုတ္တာကို ေရြးခ်ယ္ထားမိရင္လည္း ျကိုတင္အစီးေလ႔က်င့္ထားတာ ေကာင္ပါတယ္။ ေဒါက္အျမင့္စီးမယ့္ ပ်ိဳေမတို႔ကေတာ့ ဖိနပ္အပါးတစ္ရံ မျဖစ္မေနေဆာင္သြားဖို႔ လိုပါလိမ့္မယ္။

၄. အိတ္

အိတ္ေရြးခ်ယ္တဲ႔ေနရာမွာလည္း ေပါ့ေပါ့ပါးပါးနဲ႔ ကိုင္ရလြယ္တဲ႔ အိတ္အေသးမ်ိဳးကိုသာေရြးခ်ယ္သင့္ပါတယ္။ အထူးသျဖင့္ ဘြဲ႕ယူတဲ႔ေန႔မွာ ေဟာခန္းထဲမွာ အျကာျကီး ကိုယ့္အလွည့္ကို ထိုင္ေစာင့္ရမွာျဖစ္တဲ႔အတြက္ ဖုန္း၊ ဖုန္းနဲ႔ တြဲလို႔ရတဲ႔ electronic fan နဲ႔ မိတ္ကပ္ဘူးဆန္႔တဲ့ အိတ္မ်ိဳးေလးေတြကို ေရြးခ်ယ္ဖို႔ အျကံေပးခ်င္ပါတယ္။

၅. မိတ္ကပ္ဆရာ

ကိုယ္ႏွစ္သက္တဲ့ မိတ္ကပ္ဆရာကို အေစာထဲက ျကိုတင္ဘိုကင္ယူထားျပီး အခ်ိန္ညွိထားရင္ အဆင္ေျပမယ္ထင္ပါတယ္။ ဒါ့အျပင္ ကိုယ္လိုခ်င္တဲ႔ မိတ္ကပ္ look နဲ႔ ဆံထုံးပုံစံကို မိတ္ကပ္ဆရာနဲ႔ တိုင္ပင္ျကည့္ရင္ ပိုေကာင္းပါတယ္။ အေရးျကီးဆုံးကေတာ့ ေစ်းညွိဖို႔ မေမ႔ဖို႔ အထူးသတိေပးခ်င္ပါတယ္။

၆. Accessories

Accessories ကို ဆိုင္ကပဲ ငွားမလား? ကိုယ္မွာရွိတာပဲ အဆင္ေျပေအာင္၀တ္မလား ဆိုတာကို ျကိုျပီး စဥ္းစားထားတာ ပိုေကာင္းပါတယ္။

၇. ဆံထုံး

ဆံထုံးပုံစံကိုလည္း ကိုယ့္ရဲ႕ ဆံပင္အတိုအရွည္ကို ခ်ိန္ဆျပီး စဥ္းစားထားသင့္ပါတယ္။ မိတ္ကပ္ဆရာကို ကိုယ္လိုခ်င္တဲ႔ ဆံထုံးပုံစံကိုေျပာျပျပီး ကိုယ္နဲ႔ လိုက္ဖက္၊ မဖက္တိုင္ပင္သင့္ပါတယ္။ သူ႔ရဲ႕ အျကံဥာဏ္နဲ႔ ကိုယ့္စိတ္ကူးေပါင္းစပ္ျပီး ထုံးရင္ ပိုအဆင္ေျပႏိုင္ပါတယ္။

၈. ပန္း

ဒါကေတာ့ ဆံထုံးမွာ ပန္းပန္ခ်င္တဲ႔ ပ်ိဳေမေတြအတြက္ပါ။ ႏွင္းဆီပန္းေလာက္က ကိစၥမရွိေပမယ့္ သစ္ခြပန္းတို႔ သဇင္ပန္းတို႔ ပန္ခ်င္တဲ႔ပ်ိဳေမတို႔ကေတာ့ အေစာထဲကျကိုမွာထားမွ အဆင္ေျပမယ္ထင္ပါတယ္။

၉. ဓာတ္ပုံဆရာ

အေရးအျကီးဆုံးကေတာ့ ဓာတ္ပုံဆရာေကာင္းေကာင္းငွားႏိုင္ဖို႔ လိုပါတယ္။ ကိုယ္သေဘာက်တဲ႔ ဓာတ္ပုံဆရာေတြနဲ႔ သူတို႔ရဲ႕ package နဲ႔ေစ်းႏွုန္းေတြကို စုံစမ္းထားရင္ ပိုေကာင္းပါတယ္။ အျကိုက္ဆုံးဓာတ္ပုံဆရာကိုေတြ႕ျပီဆိုရင္ေတာ့  ျကိုတင္ေစာေစာဘုိကင္ယူထားျပီး အခ်ိန္ညွိထားတာ အဆင္ေျပပါလိမ့္မယ္။

ဒါေတြကေတာ့ ဘြဲ႕ယူမဲ႔ပ်ိဳေမတို႔ ဦးစားေပးျကိုတင္စီစဥ္ထားရမယ့္ အခ်က္ေလးေတြေပါ့ေနာ္…တျခားလုိအပ္မယ့္ အခ်က္ေတြရွိရင္လည္း comment မွာေျပာသြားေပးပါဦးေနာ္…

ET

Credit:Aunty May

Unicodeဖြင့်ဖတ်ရန်

ဘွဲ့ယူမယ့် ပျိုမေလေးတို့ မဖြစ်မနေ ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အရာများ

တက္ကသိုလ်အသီးသီးက အောင်စာရင်းတွေလည်း ထွက်ပြီဆိုတော့ ဘွဲ့ယူရတော့မှာပေါ့နော်… ဘွဲ့ယူတဲ့နေ့မှာ ပျိုမေတို့ အလှပဆုံးဖြစ်နေစေဖို့အတွက် အခုထဲက ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အရာတချို့ကို ဖော်ပြပေးလိုက်ပါတယ်။ အခုဖော်ပြပေးလိုက်တဲ့အရာတွေကို စောနိုင်သလောက်စောပြီး ကြိုပြင်ဆင်ထားရင်တော့ အကောင်းဆုံးပါပဲလို့ admin အကြံပေးလိုက်ပါတယ်။

၁. အဝတ်အစား

ဒီအပိုင်းက အရေးအကြီးဆုံးအပိုင်းပါ။ rehearsal နေ့မှာ ဝတ်မယ့် အဝတ်အစားဒီဇိုင်း၊ အရောင်နဲ့ ဘွဲ့ယူတဲ့နေ့မှာ ဝတ်မဲ့အဝတ်အစားဒီဇိုင်း၊ အရောင်ကို သေချာစဉ်းစားပြီး စီစဉ်ဖို့ အကြံပေးချင်ပါတယ်။ rehearsal နေ့မှာ ကိုယ့်ရိုးရာအလိုက် တိုင်းရင်းသားဝတ်စုံ (သို့) မြန်မာအဝတ်အစား အဆင်ပြေတာ ဝတ်လို့ရပါတယ်။ ဘွဲ့ဝတ်ရုံလည်း ခြုံစရာမလိုသေးတဲ့အတွက် လှလှပပ ဓာတ်ဖမ်းချင်တဲ့ပျိုမေတို့ကတော့ rehearsal နေ့မှာ အလှဆုံးဒီဇိုင်းတွေ ဝတ်သွားလို့ရပါတယ်။

ဘွဲ့ယူတဲ့နေ့မှာတော့ ဘွဲ့ဝတ်ရုံကြီးခြုံရမှာဖြစ်တဲ့အတွက် သက်တောင့်သက်သာဖြစ်စေမယ့် အင်္ကျီလက်ရှည်ဒီဇိုင်းမျိုးကို စီစဉ်တာ ပိုအဆင်ပြေပါလိမ့်မယ်။ ထဘီကိုလည်း ကိုယ့်ကိုပေါ်လွင်စေမဲ့ အရောင်နဲ့အဆင် ဒီဇိုင်းမျိုးကို စီစဉ်ရင် ပိုကောင်းပါတယ်။

၂. ဒီဇိုင်နာ

အဝတ်အစားဒီဇိုင်းနဲ့ အရောင်ရွေးချယ်ပြီးပြီဆိုရင်တော့ ကိုယ်နဲ့ အဆင်ပြေမယ့် ဒီဇိုင်နာ (သို့) အင်္ကျီဆိုင်ကို ရွေးချယ်ပါ။ ကိုယ်လိုချင်တဲ့ဒီဇိုင်းကို ဒီဇိုင်နာနဲ့ တိုင်ပင်ပြီး စောစောကြိုတင်အပ်ထားမှ စိတ်ချရမှာပါ။

၃. ဖိနပ်

ဖိနပ်ရွေးချယ်တဲ့နေရာမှာလည်း  စီးနေကျ ဖိနပ်ဒီဇိုင်းမျိုးမဟုတ်တာကို ရွေးချယ်ထားမိရင်လည်း ကြိုတင်အစီးလေ့ကျင့်ထားတာ ကောင်ပါတယ်။ ဒေါက်အမြင့်စီးမယ့် ပျိုမေတို့ကတော့ ဖိနပ်အပါးတစ်ရံ မဖြစ်မနေဆောင်သွားဖို့ လိုပါလိမ့်မယ်။

၄. အိတ်

အိတ်ရွေးချယ်တဲ့နေရာမှာလည်း ပေါ့ပေါ့ပါးပါးနဲ့ ကိုင်ရလွယ်တဲ့ အိတ်အသေးမျိုးကိုသာရွေးချယ်သင့်ပါတယ်။ အထူးသဖြင့် ဘွဲ့ယူတဲ့နေ့မှာ ဟောခန်းထဲမှာ အကြာကြီး ကိုယ့်အလှည့်ကို ထိုင်စောင့်ရမှာဖြစ်တဲ့အတွက် ဖုန်း၊ ဖုန်းနဲ့ တွဲလို့ရတဲ့ electronic fan နဲ့ မိတ်ကပ်ဘူးဆန့်တဲ့ အိတ်မျိုးလေးတွေကို ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။

၅. မိတ်ကပ်ဆရာ

ကိုယ်နှစ်သက်တဲ့ မိတ်ကပ်ဆရာကို အစောထဲက ကြိုတင်ဘိုကင်ယူထားပြီး အချိန်ညှိထားရင် အဆင်ပြေမယ်ထင်ပါတယ်။ ဒါ့အပြင် ကိုယ်လိုချင်တဲ့ မိတ်ကပ် look နဲ့ ဆံထုံးပုံစံကို မိတ်ကပ်ဆရာနဲ့ တိုင်ပင်ကြည့်ရင် ပိုကောင်းပါတယ်။ အရေးကြီးဆုံးကတော့ ဈေးညှိဖို့ မမေ့ဖို့ အထူးသတိပေးချင်ပါတယ်။

၆. Accessories

Accessories ကို ဆိုင်ကပဲ ငှားမလား? ကိုယ်မှာရှိတာပဲ အဆင်ပြေအောင်ဝတ်မလား ဆိုတာကို ကြိုပြီး စဉ်းစားထားတာ ပိုကောင်းပါတယ်။

၇. ဆံထုံး

ဆံထုံးပုံစံကိုလည်း ကိုယ့်ရဲ့ ဆံပင်အတိုအရှည်ကို ချိန်ဆပြီး စဉ်းစားထားသင့်ပါတယ်။ မိတ်ကပ်ဆရာကို ကိုယ်လိုချင်တဲ့ ဆံထုံးပုံစံကိုပြောပြပြီး ကိုယ်နဲ့ လိုက်ဖက်၊ မဖက်တိုင်ပင်သင့်ပါတယ်။ သူ့ရဲ့ အကြံဉာဏ်နဲ့ ကိုယ့်စိတ်ကူးပေါင်းစပ်ပြီး ထုံးရင် ပိုအဆင်ပြေနိုင်ပါတယ်။

၈. ပန်း

ဒါကတော့ ဆံထုံးမှာ ပန်းပန်ချင်တဲ့ ပျိုမေတွေအတွက်ပါ။ နှင်းဆီပန်းလောက်က ကိစ္စမရှိပေမယ့် သစ်ခွပန်းတို့ သဇင်ပန်းတို့ ပန်ချင်တဲ့ပျိုမေတို့ကတော့ အစောထဲကကြိုမှာထားမှ အဆင်ပြေမယ်ထင်ပါတယ်။

၉. ဓာတ်ပုံဆရာ

အရေးအကြီးဆုံးကတော့ ဓာတ်ပုံဆရာကောင်းကောင်းငှားနိုင်ဖို့ လိုပါတယ်။ ကိုယ်သဘောကျတဲ့ ဓာတ်ပုံဆရာတွေနဲ့ သူတို့ရဲ့ package နဲ့ဈေးနှုန်းတွေကို စုံစမ်းထားရင် ပိုကောင်းပါတယ်။ အကြိုက်ဆုံးဓာတ်ပုံဆရာကိုတွေ့ပြီဆိုရင်တော့  ကြိုတင်စောစောဘိုကင်ယူထားပြီး အချိန်ညှိထားတာ အဆင်ပြေပါလိမ့်မယ်။

ဒါတွေကတော့ ဘွဲ့ယူမဲ့ပျိုမေတို့ ဦးစားပေးကြိုတင်စီစဉ်ထားရမယ့် အချက်လေးတွေပေါ့နော်…တခြားလိုအပ်မယ့် အချက်တွေရှိရင်လည်း comment မှာပြောသွားပေးပါဦးနော်…

ET

Credit:Aunty May

မှတ်ချက်များ