မိဘေတြကုိ(၅)ထပ္တုိက္တစ္လုံး၀ယ္ေပးခဲ႔ အသက္(၆)ႏွစ္အရြယ္ကုိရီးယားကေလးမေလး
Zawgyiျဖင့္ဖတ္ရန္
ေတာင္ကုိရီးယားႏုိင္ငံထဲက နာမည္ေက်ာ္ Youtube Star တစ္ေယာက္ျဖစ္တဲ့ ဘုိရမ္ ဆုိတဲ့ ကေလးမေလးဟာ သူမရဲ႕အသက္(၆)ႏွစ္အရြယ္မွာတင္ မိဘေတြကုိ ကုိယ္ပုိင္၀င္ေငြနဲ႔ (၅)ထပ္တုိက္တစ္လုံး ၀ယ္ေပးႏုိင္ခဲ့ပါၿပီ။
Youtube မွာ အားေပးသူေပါင္း (၃၂)သန္းေက်ာ္ရွိတဲ့ ဘုိရမ္ ဟာ ေတာင္ကုိရီးယားႏုိင္ငံထဲက နာမည္ေက်ာ္ Youtubers ေတြထဲက တစ္ေယာက္ျဖစ္ၿပီး သူမရဲ႕ ခ်စ္စရာေကာင္းတဲ့ ဗီဒီယုိေလးေတြေၾကာင့္ နာမည္ႀကီးတဲ့သူပါ။
ၿပီးခဲ့တဲ့ ဇူလိုင္လတုန္းက ဘုိရမ္ဟာ သူမရဲ႕ Youtube ကေနရတဲ့ ၀င္ေငြေတြထဲကေန ေဒၚလာ(၈)သန္းေလာက္တန္တဲ့ (၅)ထပ္တုိက္တစ္လုံးကုိ ၀ယ္ယူေပးႏုိင္ခဲ့တယ္လုိ႔ ေဒသတြင္းသတင္းစာေတြက ေဖာ္ျပခဲ့ၾကပါတယ္။
အဲဒီတုိက္နဲ႔ၿခံအက်ယ္အ၀န္းဟာ စုစုေပါင္း(၂၅၈)စတုရန္းမီတာ ရွိၿပီး ဘုိရမ့္မိဘေတြ ပုိင္ဆုိင္တဲ့ ကုမၸဏီ နာမည္နဲ႔ ၀ယ္ယူသြားခဲ့တာပါ။
ဘုိရမ္ဟာ ၿပီးခဲ့တဲ့ႏွစ္ကမွ သူမရဲ႕ခ်စ္စရာေကာင္းတဲ့ ဗီဒီယုိေလးေတြကုိ Youtube မွာ တင္ခဲ့တာျဖစ္ၿပီး ၾကည့္ရႈသူ စုစုေပါင္းက (၁၀)ဘီလီယံေက်ာ္ ရွိခဲ့တယ္လုိ႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။
လက္ရွိမွာ အသက္ (၆)ႏွစ္သာရွိေသးတဲ့ ဘုိရမ္ေလးဟာ သူမရဲ႕ဗီဒီယုိေတြကေန တစ္လကုိ ေဒၚလာ (၃.၆)သန္း ၀င္ေငြရေနၿပီး တစ္ႏွစ္ကုိ ေဒၚလာ (၄၂)သန္းနဲ႔အထက္ ၀င္ေငြရေနခဲ့ၿပီလုိ႔ သိရပါတယ္။
ဘုိရမ္ရဲ႕ Youtube ဗီဒီယုိေလးေတြကုိၾကည့္လုိက္ရင္ သူမရဲ႕တစ္ေန႔တာလႈပ္ရွားမႈေတြ၊ ေပ်ာ္ရႊင္စရာ စိန္ေခၚၿပိဳင္ပြဲေလးေတြ၊ အ၀တ္အစား၀တ္တာေတြ၊ ခ်က္ျပဳတ္တာေတြနဲ႔ သူမရဲ႕ကစားေနပုံေတြကုိ ေတြ႕ရမွာပါ။
ဘုိရမ္ဟာ တစ္ခါတစ္ေလမွာေတာ့ ကေလးကစားစရာပစၥည္းေလးေတြအတြက္ ေၾကာ္ျငာဗီဒီယုိေလးေတြ လုပ္ေပးရေလ့ရွိၿပီး အဲဒီကေနလည္း ပုိက္ဆံေတြအမ်ားႀကီးရေနပါေသးတယ္။
Linn
Source : nextshark.com
Credit:Shwemom
Unicodeဖြင့်ဖတ်ရန်
မိဘတွေကို(၅)ထပ်တိုက်တစ်လုံးဝယ်ပေးခဲ့ အသက်(၆)နှစ်အရွယ်ကိုရီးယားကလေးမလေး
တောင်ကိုရီးယားနိုင်ငံထဲက နာမည်ကျော် Youtube Star တစ်ယောက်ဖြစ်တဲ့ ဘိုရမ် ဆိုတဲ့ ကလေးမလေးဟာ သူမရဲ့အသက်(၆)နှစ်အရွယ်မှာတင် မိဘတွေကို ကိုယ်ပိုင်ဝင်ငွေနဲ့ (၅)ထပ်တိုက်တစ်လုံး ဝယ်ပေးနိုင်ခဲ့ပါပြီ။
Youtube မှာ အားပေးသူပေါင်း (၃၂)သန်းကျော်ရှိတဲ့ ဘိုရမ် ဟာ တောင်ကိုရီးယားနိုင်ငံထဲက နာမည်ကျော် Youtubers တွေထဲက တစ်ယောက်ဖြစ်ပြီး သူမရဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးတွေကြောင့် နာမည်ကြီးတဲ့သူပါ။
ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ဘိုရမ်ဟာ သူမရဲ့ Youtube ကနေရတဲ့ ဝင်ငွေတွေထဲကနေ ဒေါ်လာ(၈)သန်းလောက်တန်တဲ့ (၅)ထပ်တိုက်တစ်လုံးကို ဝယ်ယူပေးနိုင်ခဲ့တယ်လို့ ဒေသတွင်းသတင်းစာတွေက ဖော်ပြခဲ့ကြပါတယ်။
အဲဒီတိုက်နဲ့ခြံအကျယ်အဝန်းဟာ စုစုပေါင်း(၂၅၈)စတုရန်းမီတာ ရှိပြီး ဘိုရမ့်မိဘတွေ ပိုင်ဆိုင်တဲ့ ကုမ္ပဏီ နာမည်နဲ့ ဝယ်ယူသွားခဲ့တာပါ။
ဘိုရမ်ဟာ ပြီးခဲ့တဲ့နှစ်ကမှ သူမရဲ့ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးတွေကို Youtube မှာ တင်ခဲ့တာဖြစ်ပြီး ကြည့်ရှုသူ စုစုပေါင်းက (၁၀)ဘီလီယံကျော် ရှိခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
လက်ရှိမှာ အသက် (၆)နှစ်သာရှိသေးတဲ့ ဘိုရမ်လေးဟာ သူမရဲ့ဗီဒီယိုတွေကနေ တစ်လကို ဒေါ်လာ (၃.၆)သန်း ဝင်ငွေရနေပြီး တစ်နှစ်ကို ဒေါ်လာ (၄၂)သန်းနဲ့အထက် ဝင်ငွေရနေခဲ့ပြီလို့ သိရပါတယ်။
ဘိုရမ်ရဲ့ Youtube ဗီဒီယိုလေးတွေကိုကြည့်လိုက်ရင် သူမရဲ့တစ်နေ့တာလှုပ်ရှားမှုတွေ၊ ပျော်ရွှင်စရာ စိန်ခေါ်ပြိုင်ပွဲလေးတွေ၊ အဝတ်အစားဝတ်တာတွေ၊ ချက်ပြုတ်တာတွေနဲ့ သူမရဲ့ကစားနေပုံတွေကို တွေ့ရမှာပါ။
ဘိုရမ်ဟာ တစ်ခါတစ်လေမှာတော့ ကလေးကစားစရာပစ္စည်းလေးတွေအတွက် ကြော်ငြာဗီဒီယိုလေးတွေ လုပ်ပေးရလေ့ရှိပြီး အဲဒီကနေလည်း ပိုက်ဆံတွေအများကြီးရနေပါသေးတယ်။
Linn
Source : nextshark.com
Credit:Shwemom


မှတ်ချက်များ