ခ်စ္သူကိုသတ္ခဲ့ေပမယ့္ အသိုင္းဝိုင္းၾကားမွာ ခ်စ္သူဟန္ေဆာင္ကာေနထုိင္ခဲ့တဲ့အမ်ိိဳးသား
Zawgyiျဖင့္ဖတ္ရန္
Pennsylvania မွ အမ်ိဳးသားတစ္ေယာက္ဟာ ခ်စ္သူကိုျပန္ေပးဆြဲေခၚေဆာင္ထားခဲ့ၿပီးေနာက္ ခ်စ္သူရဲ႕အသိုင္းဝိုင္းေတြနဲ႔ ဆက္သြယ္ဖို႔ကုိေတာ့ သူကိုယ္တုိင္ခ်စ္သူအမ်ိဳးသမီးဟန္ေဆာင္ကာ ဆက္သြယ္မႈေတြျပဳခဲ့တယ္ဆုိတဲ့အေၾကာင္း Buzz Feed News မွာ ဖတ္ခဲ့ရပါတယ္။ ျဖစ္စဥ္ကေတာ့ဒီလိုပါ။
အသက္ ၃၉ ႏွစ္အရြယ္ John Matthew Chapman ဟာ အသက္ ၃၃ ႏွစ္အရြယ္ Jaime Feden ဆိုတဲ့အမ်ိဳးသမီးနဲ႔ ခ်စ္သူေတြျဖစ္ေနခဲ့ၾကပါတယ္။ တစ္ရက္မွာေတာ့ Chapman ဟာ Feden ကို ခရီးသြားမယ္လို႔ေျပာလာခဲ့ပါတယ္။ Chapmen က Las Vegas မွာ အေျခခ်ေတာ့မလို႔ အေနအထားေလးၾကည့္ခ်င္တာေၾကာင့္ Fenden ကိုပါ လိုက္ခဲ့ဖို႔ ေျပာၿပီး ေခၚသြားခဲ့တာပါတဲ့။ ႏွစ္ေယာက္သားဟာ Pittsburgh အစြန္မွာရွိေေနတဲ့ Bethel Park ကေနၿပီ Las Vegas ကို သြားတဲ့လမ္းအတုိင္း ခရီးစတင္ထြက္ခြာလာခဲ့ပါတယ္။
ခရီးမသြားခင္ စက္တင္ဘာလ ၁၅ ရက္ေန႔တုန္းကတည္းက Fenden ကို မိသားစုေတြေရာ၊ မိတ္ေဆြျဖစ္တဲ့ Nikki Lawrence ေရာ မေတြ႕ေတာ့တာပါပဲ။ ဒါေပမဲ့လည္း ဖုန္းမက္ေဆ့ခ်္ေတြ၊ Facebo၂၀၀၉ ခုႏွစ္ကတည္းက Facebook ေပၚမွာေတာ့ Fenden နဲ႔အဆက္အသြယ္ရေနခဲ့ပါတယ္တဲ့။ Chapmen နဲ႔ Fenden တို႔ဟာ၂၀၀၉ ခုႏွစ္ကတည္းက ျပတ္လိုက္၊ ဆက္လိုက္နဲ႔ တြဲေနခဲ့ၾကတာပါ။ Fenden ဟာ ေမြးရာပါ ခႏၶာကိုယ္မဖြံ႕ၿဖိဳးတဲ့သူမလို႔ မိသားစုေတြက အရိပ္တၾကည့္ၾကည့္နဲ႔ ၾကည့္ေနသူျဖစ္ၿပီး ေဆးဝန္ထမ္းတစ္ေယာက္ျဖစ္တဲ့ မိတ္ေဆြ Nikki Lawrence နဲ႔လည္း မသန္စြမ္းေတြတက္တဲ့ေက်ာင္းမွာပဲ စတင္ခင္မင္ခဲ့တာပါ။ Nikki Lawrence ရဲ႕ ေျပာပံုအရဆိုရင္ေတာ့ Chapmen နဲ႔လည္း အဲဒီေက်ာင္းမွာပဲ စေတြ႕ခဲ့ၾကဟန္တူပါတယ္။
Chapmen ကို Fenden ရဲ႕ ပတ္ဝန္းက်င္မွာေတာ့ Fenden ရဲ႕ ခ်စ္သူလူလြတ္တစ္ေယာက္အျဖစ္ သိထားခဲ့ေပမယ့္လို႔ တကယ္တမ္း Chapmen ဟာ ၂၀၁၈ ခုႏွစ္ေလာက္တုန္းက Maryland မွာ ေနထုိင္တဲ့ Maureen ဆိုသူ အမ်ိဳးသမီးနဲ႔ အိမ္ေထာင္က်သြားခဲ့့ပါၿပီ။ ဒါေပမဲ့လည္း Maureen နဲ႔လည္း အျမဲတမ္းေပါင္းသင္းမေနဘဲ အလုပ္အေၾကာင္းျပၿပီး Fenden နဲ႔ပဲ အတူ ရွိရွိေနခဲ့တာပါ။ ေနာက္ထပ္ Nikki Lawrence ရဲ႕ ထြက္ဆိုခ်က္တစ္ခုအရ Chapmen အေနနဲ႔ Fenden အေပၚမွာ အရမ္းအႏုိင္က်င့္လြန္းၿပီး ပိုက္ဆံကိစၥေတြနဲ႔ပါ အႏုိင္က်င့္လြန္းေနခဲ့ေပမယ့္လို႔ Fenden ကေတာ့ Chapmen ကို တကယ္ခ်စ္ရွာခဲ့တဲ့အတြက္ တုတ္တုတ္ေတာင္မလႈပ္ခဲ့ပါဘူးတဲ့။ ဒါေၾကာင့္လည္း Fenden ရဲ႕ မိသားစုေတြက Chapmen နဲ႔တြဲေနတာကို မႏွစ္ၿမိဳ႕ၾကတာပါ။
စက္တင္ဘာ ၁၅ ရက္ေန႔ကတည္းက Fenden ကို အျပင္မွာမျမင္ေတာ့ေပမယ့္လို႔ အဲဒီေနာက္ပိုင္း Fenden ဟာ Nikki Lawrence ဆီကို ဖုန္းနဲ႔မက္ေဆ့ပို႔ကာ Chapmen နဲ႔ ခရီးသြားလိုက္ဦးမယ္ဆိုၿပီး လွမ္းေျပာလာခဲ့ပါတယ္တဲ့။ Nikki Lawrence ကိုပဲ မက္ေဆ့ပို႔ခဲ့တာမဟုတ္ဘဲ Facebook ေပၚမွာလည္း Fenden ရဲ႕ account နဲ႔ comment ေတြလိုက္ေပးတာမ်ိဳး၊ post ေတြတင္တာ၊ share လုပ္တာမ်ိဳးေတြ ခဏခဏလုပ္ေနခဲ့တာပါ။ ဒါေၾကာင့္လည္း မိသားစုက Fenden တစ္ေယာက္ အသတ္ခံခဲ့ရမွန္း လအေတာ္ၾကာတဲ့အထိ မသိခဲ့တာပါ။ ဘယ္လိုပဲျဖစ္ျဖစ္ ဖုန္းလည္းမေျပာရ ရုပ္လည္မျမင္ရ Fenden ဟာလည္း မသန္စြမ္းတစ္ေယာက္ျဖစ္ေနခဲ့တာေၾကာင့္ မိသားစုက စိတ္ပူၿပီး ရဲဌာနကို အေၾကာင္းၾကားလာခဲ့ပါတယ္။
ရဲေတြ Fenden ရဲ႕ အိမ္ကို ဝင္ရွာတဲ့အခ်ိန္မွာေတာ့ အိမ္ထဲမွာ ေသြးစြန္းေနတဲ့ ဖုန္းတစ္လံုးရယ္၊ ပစၥည္းကပ္တဲ့တိတ္ေခြတခ်ိဳ႕ရယ္၊ ပလတ္စတစ္အိတ္ေတြရယ္ကို ေတြ႕ခဲ့ရတဲ့အတြက္ ရဲဖက္မွသကၤာမကင္းျဖစ္ကာ Fenden နဲ႔အတူေနေနတဲ့ Chapmen ကို ပိုပ္စိပ္တိုက္ရွာေဖြၾကပါေတာ့တယ္။ အဲဒီအခ်ိန္မွာပဲ Fenden ရဲ႕ Facebook မွာ post တစ္ခု တက္လာခဲ့ပါတယ္။ “မိဘေတြက သူတို႔ေျပာတဲ့အတုိင္း မလိုက္နာေတာ့ အခုရဲပါေခၚၿပီး အိမ္ျပန္ေခၚေနၾကၿပီေပါ့” တဲ့။ ဆိုလိုတာ သူမနဲ႔ Chapmen ကို သေဘာမတူလို႔ မိဘေတြက ရဲကို သူမေပ်ာက္တယ္လို႔ လိမ္ညာၿပီး ျပန္ေခၚလာမယ္ဆိုတဲ့သေဘာေပါ့။ ဒါဟာလည္း Chapmen ပဲ တင္ခဲ့တာပါ။
အရင္အပတ္ေသာၾကာေန႔တုန္းက Chapmen ရဲ႕ တရားဝင္ဇနီးျဖစ္သူ Maureen ဆီကို Chapmen တစ္ေယာက္ ဖုန္းဆက္လာခဲ့ပါတယ္။ သူမိန္းမတစ္ေယာက္ကို သတ္မိလိုက္ၿပီျဖစ္ေၾကာင္း၊ သတ္ဖို႔အေၾကာင္းရင္းရွိေနလို႔ သတ္ပစ္လိုက္ရတယ္ဆိုၿပီးေတာ့ပါ။ ဒါေပမဲ့ Maureen ကေတာ့ Chapmen မ်ား မူးေနလို႔လား ဘာမ်ားျဖစ္လို႔လဲဆိုၿပီးပဲ စိတ္ပူခဲ့ေပမယ့္ လူတကယ္သတ္ခဲ့တယ္ဆိုတာကိုေတာ့ ထင္ကိုမထင္ထားတာပါတဲ့ေလ။ ေနာက္ ရုပ္သံေတြမွာပါ Fenden ရဲ႕ေသဆံုးမႈေၾကာင့္ Chapmen ကို လိုုက္ရွာေနတယ္ဆိုကာမွ Maureen ဟာလည္း ရဲကို တုိင္ၾကားခဲ့တာပါ။ အဲဒီကေနမွတစ္ဆင့္ အျဖစ္မွန္ေတြအားလံုး ေပၚသြားခဲ့ေတာ့တာပါပဲ။
ေနာက္ဆံုး Chapmen ကို မိသြားတဲ့အခ်ိန္မွာေတာ့ Chapmen ဟာ Fenden ကို သတ္ခဲ့ပါတယ္။ Las Vegas ကို ခရီးသြားမယ္လို႔ လိမ္ေခၚသြားခဲ့ၿပီး Nevada ကႏၱာရထဲမွာရွိတဲ့ လမ္းညႊန္ဆုိင္းဘုတ္မွာ Fenden ကို ပလတ္စတစ္ႀကိဳးကြင္းနဲ႔ ေျခေတြလက္ေတြကိုခ်ည္၊ ေနာက္ ပါးစပ္နဲ႔ႏွာေခါင္းေတြကို တိတ္နဲ႔ပိတ္ကာ အသက္ရႈၾကပ္၊ အစာေရစာငတ္ျပတ္ေအာင္ထားရင္း သတ္ပစ္ခဲ့တာပါတဲ့။ ေနာက္ေတာ့ ပလတ္စတစ္အိတ္နဲ႔ထုပ္ၿပီး Vegas ကို သယ္သြားခဲ့ပါတယ္။ အေလာင္းကိုေတာ့ Vegas မွာ ေအာက္တိုဘာလ ၅ ရက္ေန႔တုန္းက ေတြ႕ခဲ့ပါတယ္တဲ့။
Penny
Credit:Shwemom
Unicodeဖြင့်ဖတ်ရန်
ချစ်သူကိုသတ်ခဲ့ပေမယ့် အသိုင်းဝိုင်းကြားမှာ ချစ်သူဟန်ဆောင်ကာနေထိုင်ခဲ့တဲ့အမျိုးသား
Pennsylvania မှ အမျိုးသားတစ်ယောက်ဟာ ချစ်သူကိုပြန်ပေးဆွဲခေါ်ဆောင်ထားခဲ့ပြီးနောက် ချစ်သူရဲ့အသိုင်းဝိုင်းတွေနဲ့ ဆက်သွယ်ဖို့ကိုတော့ သူကိုယ်တိုင်ချစ်သူအမျိုးသမီးဟန်ဆောင်ကာ ဆက်သွယ်မှုတွေပြုခဲ့တယ်ဆိုတဲ့အကြောင်း Buzz Feed News မှာ ဖတ်ခဲ့ရပါတယ်။ ဖြစ်စဉ်ကတော့ဒီလိုပါ။
အသက် ၃၉ နှစ်အရွယ် John Matthew Chapman ဟာ အသက် ၃၃ နှစ်အရွယ် Jaime Feden ဆိုတဲ့အမျိုးသမီးနဲ့ ချစ်သူတွေဖြစ်နေခဲ့ကြပါတယ်။ တစ်ရက်မှာတော့ Chapman ဟာ Feden ကို ခရီးသွားမယ်လို့ပြောလာခဲ့ပါတယ်။ Chapmen က Las Vegas မှာ အခြေချတော့မလို့ အနေအထားလေးကြည့်ချင်တာကြောင့် Fenden ကိုပါ လိုက်ခဲ့ဖို့ ပြောပြီး ခေါ်သွားခဲ့တာပါတဲ့။ နှစ်ယောက်သားဟာ Pittsburgh အစွန်မှာရှိေနေတဲ့ Bethel Park ကနေပြီ Las Vegas ကို သွားတဲ့လမ်းအတိုင်း ခရီးစတင်ထွက်ခွာလာခဲ့ပါတယ်။
ခရီးမသွားခင် စက်တင်ဘာလ ၁၅ ရက်နေ့တုန်းကတည်းက Fenden ကို မိသားစုတွေရော၊ မိတ်ဆွေဖြစ်တဲ့ Nikki Lawrence ရော မတွေ့တော့တာပါပဲ။ ဒါပေမဲ့လည်း ဖုန်းမက်ဆေ့ချ်တွေ၊ Facebo၂၀၀၉ ခုနှစ်ကတည်းက Facebook ပေါ်မှာတော့ Fenden နဲ့အဆက်အသွယ်ရနေခဲ့ပါတယ်တဲ့။ Chapmen နဲ့ Fenden တို့ဟာ၂၀၀၉ ခုနှစ်ကတည်းက ပြတ်လိုက်၊ ဆက်လိုက်နဲ့ တွဲနေခဲ့ကြတာပါ။ Fenden ဟာ မွေးရာပါ ခန္ဓာကိုယ်မဖွံ့ဖြိုးတဲ့သူမလို့ မိသားစုတွေက အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေသူဖြစ်ပြီး ဆေးဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ မိတ်ဆွေ Nikki Lawrence နဲ့လည်း မသန်စွမ်းတွေတက်တဲ့ကျောင်းမှာပဲ စတင်ခင်မင်ခဲ့တာပါ။ Nikki Lawrence ရဲ့ ပြောပုံအရဆိုရင်တော့ Chapmen နဲ့လည်း အဲဒီကျောင်းမှာပဲ စတွေ့ခဲ့ကြဟန်တူပါတယ်။
Chapmen ကို Fenden ရဲ့ ပတ်ဝန်းကျင်မှာတော့ Fenden ရဲ့ ချစ်သူလူလွတ်တစ်ယောက်အဖြစ် သိထားခဲ့ပေမယ့်လို့ တကယ်တမ်း Chapmen ဟာ ၂၀၁၈ ခုနှစ်လောက်တုန်းက Maryland မှာ နေထိုင်တဲ့ Maureen ဆိုသူ အမျိုးသမီးနဲ့ အိမ်ထောင်ကျသွားခဲ့ပါပြီ။ ဒါပေမဲ့လည်း Maureen နဲ့လည်း အမြဲတမ်းပေါင်းသင်းမနေဘဲ အလုပ်အကြောင်းပြပြီး Fenden နဲ့ပဲ အတူ ရှိရှိနေခဲ့တာပါ။ နောက်ထပ် Nikki Lawrence ရဲ့ ထွက်ဆိုချက်တစ်ခုအရ Chapmen အနေနဲ့ Fenden အပေါ်မှာ အရမ်းအနိုင်ကျင့်လွန်းပြီး ပိုက်ဆံကိစ္စတွေနဲ့ပါ အနိုင်ကျင့်လွန်းနေခဲ့ပေမယ့်လို့ Fenden ကတော့ Chapmen ကို တကယ်ချစ်ရှာခဲ့တဲ့အတွက် တုတ်တုတ်တောင်မလှုပ်ခဲ့ပါဘူးတဲ့။ ဒါကြောင့်လည်း Fenden ရဲ့ မိသားစုတွေက Chapmen နဲ့တွဲနေတာကို မနှစ်မြို့ကြတာပါ။
စက်တင်ဘာ ၁၅ ရက်နေ့ကတည်းက Fenden ကို အပြင်မှာမမြင်တော့ပေမယ့်လို့ အဲဒီနောက်ပိုင်း Fenden ဟာ Nikki Lawrence ဆီကို ဖုန်းနဲ့မက်ဆေ့ပို့ကာ Chapmen နဲ့ ခရီးသွားလိုက်ဦးမယ်ဆိုပြီး လှမ်းပြောလာခဲ့ပါတယ်တဲ့။ Nikki Lawrence ကိုပဲ မက်ဆေ့ပို့ခဲ့တာမဟုတ်ဘဲ Facebook ပေါ်မှာလည်း Fenden ရဲ့ account နဲ့ comment တွေလိုက်ပေးတာမျိုး၊ post တွေတင်တာ၊ share လုပ်တာမျိုးတွေ ခဏခဏလုပ်နေခဲ့တာပါ။ ဒါကြောင့်လည်း မိသားစုက Fenden တစ်ယောက် အသတ်ခံခဲ့ရမှန်း လအတော်ကြာတဲ့အထိ မသိခဲ့တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဖုန်းလည်းမပြောရ ရုပ်လည်မမြင်ရ Fenden ဟာလည်း မသန်စွမ်းတစ်ယောက်ဖြစ်နေခဲ့တာကြောင့် မိသားစုက စိတ်ပူပြီး ရဲဌာနကို အကြောင်းကြားလာခဲ့ပါတယ်။
ရဲတွေ Fenden ရဲ့ အိမ်ကို ဝင်ရှာတဲ့အချိန်မှာတော့ အိမ်ထဲမှာ သွေးစွန်းနေတဲ့ ဖုန်းတစ်လုံးရယ်၊ ပစ္စည်းကပ်တဲ့တိတ်ခွေတချို့ရယ်၊ ပလတ်စတစ်အိတ်တွေရယ်ကို တွေ့ခဲ့ရတဲ့အတွက် ရဲဖက်မှသင်္ကာမကင်းဖြစ်ကာ Fenden နဲ့အတူနေနေတဲ့ Chapmen ကို ပိုပ်စိပ်တိုက်ရှာဖွေကြပါတော့တယ်။ အဲဒီအချိန်မှာပဲ Fenden ရဲ့ Facebook မှာ post တစ်ခု တက်လာခဲ့ပါတယ်။ “မိဘတွေက သူတို့ပြောတဲ့အတိုင်း မလိုက်နာတော့ အခုရဲပါခေါ်ပြီး အိမ်ပြန်ခေါ်နေကြပြီပေါ့” တဲ့။ ဆိုလိုတာ သူမနဲ့ Chapmen ကို သဘောမတူလို့ မိဘတွေက ရဲကို သူမပျောက်တယ်လို့ လိမ်ညာပြီး ပြန်ခေါ်လာမယ်ဆိုတဲ့သဘောပေါ့။ ဒါဟာလည်း Chapmen ပဲ တင်ခဲ့တာပါ။
အရင်အပတ်သောကြာနေ့တုန်းက Chapmen ရဲ့ တရားဝင်ဇနီးဖြစ်သူ Maureen ဆီကို Chapmen တစ်ယောက် ဖုန်းဆက်လာခဲ့ပါတယ်။ သူမိန်းမတစ်ယောက်ကို သတ်မိလိုက်ပြီဖြစ်ကြောင်း၊ သတ်ဖို့အကြောင်းရင်းရှိနေလို့ သတ်ပစ်လိုက်ရတယ်ဆိုပြီးတော့ပါ။ ဒါပေမဲ့ Maureen ကတော့ Chapmen များ မူးနေလို့လား ဘာများဖြစ်လို့လဲဆိုပြီးပဲ စိတ်ပူခဲ့ပေမယ့် လူတကယ်သတ်ခဲ့တယ်ဆိုတာကိုတော့ ထင်ကိုမထင်ထားတာပါတဲ့လေ။ နောက် ရုပ်သံတွေမှာပါ Fenden ရဲ့သေဆုံးမှုကြောင့် Chapmen ကို လိုက်ရှာနေတယ်ဆိုကာမှ Maureen ဟာလည်း ရဲကို တိုင်ကြားခဲ့တာပါ။ အဲဒီကနေမှတစ်ဆင့် အဖြစ်မှန်တွေအားလုံး ပေါ်သွားခဲ့တော့တာပါပဲ။
နောက်ဆုံး Chapmen ကို မိသွားတဲ့အချိန်မှာတော့ Chapmen ဟာ Fenden ကို သတ်ခဲ့ပါတယ်။ Las Vegas ကို ခရီးသွားမယ်လို့ လိမ်ခေါ်သွားခဲ့ပြီး Nevada ကန္တာရထဲမှာရှိတဲ့ လမ်းညွှန်ဆိုင်းဘုတ်မှာ Fenden ကို ပလတ်စတစ်ကြိုးကွင်းနဲ့ ခြေတွေလက်တွေကိုချည်၊ နောက် ပါးစပ်နဲ့နှာခေါင်းတွေကို တိတ်နဲ့ပိတ်ကာ အသက်ရှုကြပ်၊ အစာရေစာငတ်ပြတ်အောင်ထားရင်း သတ်ပစ်ခဲ့တာပါတဲ့။ နောက်တော့ ပလတ်စတစ်အိတ်နဲ့ထုပ်ပြီး Vegas ကို သယ်သွားခဲ့ပါတယ်။ အလောင်းကိုတော့ Vegas မှာ အောက်တိုဘာလ ၅ ရက်နေ့တုန်းက တွေ့ခဲ့ပါတယ်တဲ့။
Penny
Credit:Shwemom


မှတ်ချက်များ