ဘာေၾကာင့္လမ္းခြဲခဲ့တယ္ဆိုတာကို ေျဖရွင္းလိုက္တဲ့ မူးလာရဲ႕ခ်စ္သူေကာင္မေလး…
Zawgyiျဖင့္ဖတ္ရန္
ျမန္မာအိုင္ေဒါလ္ အဆိုၿပိဳင္ပြဲဝင္ မူးလာတစ္ေယာက္ကေတာ့ Country Week သီခ်င္းသီဆိုယွဥ္ၿပိဳင္ရင္း ဝမ္းနည္းမ်က္ရည္က်ခဲ့ရတာနဲ႔ပတ္သက္ၿပီး ပရိသတ္ေတြကို သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန အသိေပးခဲ့တာပဲျဖစ္ပါတယ္။ အေၾကာင္းကေတာ့ ခ်စ္သူေကာင္မေလးရဲ႕ လမ္းခြဲစကားကို ၾကားခဲ့ရတဲ့အတြက္ သူ႔အေနနဲ႔ အင္မတန္ဝမ္းနည္းခဲ့ရတာေၾကာင့္ ဝမ္းနည္းမ်က္ရည္မဆည္ႏိုင္ေအာင္ ျဖစ္ခဲ့ရတာပါ။
မူးလာရဲ႕ ခ်စ္သူေကာင္မေလးကေတာ့ အႏုပညာအလုပ္ေတြကိုလုပ္ကိုင္ေနတဲ့ The X Factor Myanmar 2018 Top (8) အဖြဲ႕ဝင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။သူမအေနနဲ႔အႏုပညာအလုပ္ေတြကို လုပ္ကိုင္ေနၿပီျဖစ္တာေၾကာင့္ တစ္ေယာက္နဲ႔တစ္ေယာက္အခ်ိန္မေပးႏိုင္လို႔ဆိုတဲ့အခ်က္နဲ႔ သူမတို႔လမ္းခြဲခဲ့ေၾကာင္း ပရိသတ္ေတြကိုအသိေပးခဲ့တာပဲ ျဖစ္ပါတယ္။” ႏွစ္ေယာက္လုံးအႏုပညာအလုပ္ေတြ လုပ္ေနၾကတာေၾကာင့္ တစ္ေယာက္နဲ႔တစ္ေယာက္အခ်ိန္မေပးႏိုင္လို႔ နားလည္မႈနဲ႔ RS ကိုရပ္နားလိုက္တာၾကာပါၿပီ ။ခ်စ္ရတဲ့သူအားလုံးအျမင္ရွင္းေစခ်င္လို႔ပါ ” ဆိုကာ ႏိုဝင္ဘာ (၂၀)ရက္ေန႔မွာ လူမႈကြန္ရက္စာမ်က္ႏွာကေန အသိေပးခဲ့ေပမယ့္ အခုခ်ိန္မွာ ပိုစ့္ကို ျပန္ဖ်က္ထားတာေတြ႕ရပါတယ္။
နားလည္မႈနဲ႔ လမ္းခြဲတယ္ဆိုေပမယ့္ မူးလာရဲ႕ MyDay မွာေတာ့ လမ္းခြဲခံလိုက္ရကာ ေနာက္ထပ္ခ်စ္သူေကာငါေလးရေနတယေၾကာင့္လို႔ တင္ခဲ့တာပဲ ျဖစ္ပါတယ္။ အခုခ်ိန္မွာ မူးလာကေတာ့ အဆိုၿပိဳင္ပြံအတြက္ပဲ အာ႐ုံစိုက္ၿပီး ႀကိဳးစားေနတဲ့အျပင္ တစ္ေယာက္တည္း Single ျဖစ္သြညားတဲ့အတြက္ သူ႔ရဲ႕ခ်စ္တဲ့ပရိသတ္ေတြကိုအရင္ကထက္ပိုခ်စ္လို႔ရၿပီလို႔လည္း ေျပာျပထားပါေသးတယ္။ ပရိသတ္ႀကီးလည္း မူးလာရဲ႕အခ်စ္ေရးကံမေကာင္းတာနဲ႔ပတ္သက္ၿပီး အားေပးစကားေလးေျပာခဲ့ပါဦးေနာ္။
Source : Jen Jeng
Credit – CeleConnections
Unicodeဖြင့်ဖတ်ရန်
ဘာကြောင့်လမ်းခွဲခဲ့တယ်ဆိုတာကို ဖြေရှင်းလိုက်တဲ့ မူးလာရဲ့ချစ်သူကောင်မလေး…
မြန်မာအိုင်ဒေါလ် အဆိုပြိုင်ပွဲဝင် မူးလာတစ်ယောက်ကတော့ Country Week သီချင်းသီဆိုယှဉ်ပြိုင်ရင်း ဝမ်းနည်းမျက်ရည်ကျခဲ့ရတာနဲ့ပတ်သက်ပြီး ပရိသတ်တွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးခဲ့တာပဲဖြစ်ပါတယ်။ အကြောင်းကတော့ ချစ်သူကောင်မလေးရဲ့ လမ်းခွဲစကားကို ကြားခဲ့ရတဲ့အတွက် သူ့အနေနဲ့ အင်မတန်ဝမ်းနည်းခဲ့ရတာကြောင့် ဝမ်းနည်းမျက်ရည်မဆည်နိုင်အောင် ဖြစ်ခဲ့ရတာပါ။
မူးလာရဲ့ ချစ်သူကောင်မလေးကတော့ အနုပညာအလုပ်တွေကိုလုပ်ကိုင်နေတဲ့ The X Factor Myanmar 2018 Top (8) အဖွဲ့ဝင်တစ်ယောက်ပဲ ဖြစ်ပါတယ်။သူမအနေနဲ့အနုပညာအလုပ်တွေကို လုပ်ကိုင်နေပြီဖြစ်တာကြောင့် တစ်ယောက်နဲ့တစ်ယောက်အချိန်မပေးနိုင်လို့ဆိုတဲ့အချက်နဲ့ သူမတို့လမ်းခွဲခဲ့ကြောင်း ပရိသတ်တွေကိုအသိပေးခဲ့တာပဲ ဖြစ်ပါတယ်။” နှစ်ယောက်လုံးအနုပညာအလုပ်တွေ လုပ်နေကြတာကြောင့် တစ်ယောက်နဲ့တစ်ယောက်အချိန်မပေးနိုင်လို့ နားလည်မှုနဲ့ RS ကိုရပ်နားလိုက်တာကြာပါပြီ ။ချစ်ရတဲ့သူအားလုံးအမြင်ရှင်းစေချင်လို့ပါ ” ဆိုကာ နိုဝင်ဘာ (၂၀)ရက်နေ့မှာ လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးခဲ့ပေမယ့် အခုချိန်မှာ ပိုစ့်ကို ပြန်ဖျက်ထားတာတွေ့ရပါတယ်။
နားလည်မှုနဲ့ လမ်းခွဲတယ်ဆိုပေမယ့် မူးလာရဲ့ MyDay မှာတော့ လမ်းခွဲခံလိုက်ရကာ နောက်ထပ်ချစ်သူကောငါလေးရနေတယကြောင့်လို့ တင်ခဲ့တာပဲ ဖြစ်ပါတယ်။ အခုချိန်မှာ မူးလာကတော့ အဆိုပြိုင်ပွံအတွက်ပဲ အာရုံစိုက်ပြီး ကြိုးစားနေတဲ့အပြင် တစ်ယောက်တည်း Single ဖြစ်သွညားတဲ့အတွက် သူ့ရဲ့ချစ်တဲ့ပရိသတ်တွေကိုအရင်ကထက်ပိုချစ်လို့ရပြီလို့လည်း ပြောပြထားပါသေးတယ်။ ပရိသတ်ကြီးလည်း မူးလာရဲ့အချစ်ရေးကံမကောင်းတာနဲ့ပတ်သက်ပြီး အားပေးစကားလေးပြောခဲ့ပါဦးနော်။
Source : Jen Jeng
Credit – CeleConnections


မှတ်ချက်များ