(၃) ႏွစ္ၾကာ ခ်စ္ခဲ႔ျပီးမွ ခ်စ္သူေကာင္မေလးရဲ႔ အိပ္ခန္းကို ျမင္ျပီး လမ္းခြဲသြားတဲ႔ ေကာင္ေလး


Zawgyiျဖင့္ဖတ္ရန္
အရမ္းခ်စ္ၾကတဲ့ စုံတြဲေလးေတြ သတိထားသင့္တဲ့ သတင္းေလးကို တင္ျပေပးလိုက္ပါတယ္။ထိုင္ဝမ္မွာရွိတဲ့ ၃ႏွစ္ၾကာတြဲခဲ့တဲ့ စုံတြဲေလးအေၾကာင္းပါ။ျဖစ္ပုံကလည္းဆန္းတာလွပါဘိ။
ထိုင္ဝမ္မွာရွိတဲ့ အင္တာနက္သုံးစြဲသူေတြၾကားပ်ံ႕ႏွံ႔ေနတဲ့ သတင္းအရ ထိုင္ဝမ္အမ်ိဳးသားတစ္ေယာက္က သူခ်စ္ရတဲ့ မိန္းကေလးေျပာခဲ့တဲ့ ကတိကိုအၿမဲနားလည္း လက္ခံေစာင့္ထိန္းခဲ့ပါတယ္။
အဲ့ကတိစကားကေတာ့ “ငါ့အခန္းကိုမဝင္နဲ႔”လို႔မိန္းကေလးက ေတာင္းဆိုထားတာပါ။ေယာက္်ားေလးကလည္း ကတိတည္တဲ့အေနနဲ႔ ဘယ္ေတာ့မွာ မိန္းကေလးအခန္းထဲ မဝင္ခဲ့ပါဘူး။
အဲ့လိုနဲ႔တြဲလာတာ ၃ႏွစ္ၾကာခ်စ္ခရီးလမ္းကို ျဖတ္သန္းခဲ့ၿပီးပါၿပီ။မိန္းကေလးေတာင္းဆိုတဲ့ ကတိကလည္း သူတို႔ခ်စ္စုံတြဲ သက္တမ္းတေလွ်ာက္ တစ္ခုတည္းေသာ စည္းမ်ဥ္းတစ္ခုပါ။
တစ္ေန႔မွာေတာ့…ေယာက်္ားေလးျဖစ္သူက သူ႔ခ်စ္သူမိန္းကေလးရွိရာ အိမ္သို႔အလည္သြားခ်ိန္မွာပဲ သူတို႔ခ်စ္ခရီးလမ္း အဆုံးသတ္ခဲ့ရပါတယ္။
အဲ့ေန့က သူေရာက္ေနခ်ိန္မွာ သူ႔ခ်စ္သူမိန္းကေလးက ေရခ်ိဳးေနခ်ိန္ပါ၊အဲ့အခ်ိန္မွာ ခ်စ္သူမိန္းကေလးအေမက သူ႔ကို အကူအညီ တစ္ခုေတာင္းပါတယ္။
အဲ့တာကေတာ့ ခ်စ္သူမိန္းကေလးဝတ္ဖို႔အဝတ္အသစ္တစ္ထည္ အခန္းထဲကေန သြားယူေပးပါလို႔ ဆိုလိုက္တာပါ။
သူ႔စိတ္ထဲမွေတာ့ ဒါဟာတစ္ခုခုကိုဖန္တီးေနတယ္လို႔ ခံစားရသလို ေပ်ာ္႐ႊင္ေနမိတယ္ေလ။သူ႔ေပ်ာ္႐ႊင္မႈေတြ ရပ္တန႔္သြားပါတယ္။သူ႔ခ်စ္သူမိန္းကေလးအခန္းထဲ ကျမင္ကြင္းကိုျမင္လိုက္ရလို႔ပါ။
ညစ္ပတ္ေနတဲ့အဝတ္အစားေတြ၊ရႈပ္ပြေနတဲ့ အခန္းတြင္းပစၥည္းေတြ၊အမႈိက္ေတြအျပင္ တစ္ကိုယ္ရည္သုံးအမ်ိဳးသမီးအသုံးအေဆာင္ပစၥည္းေတြကေနရာအႏွံ႔မွာရွိေနသလို ေျခခ်လို႔ေတာင္မရပါဘူး၊
သူေၾကာက္လန႔္တၾကားအထိ္တ္တလန႔္ျဖစ္ကာအခန္းတြင္းထဲကေန ေျပးထြက္လာပါတယ္။
သူေျပးထြက္လာမႈကို ခ်စ္သူမိန္းကေလးေတြ႕လိုက္ခ်ိန္မွာေတာ့ စည္းမ်ဥ္းက ခ်ိဳးေဖာက္သြားပါၿပီး၊စည္းမ်ဥ္းခ်ိဳးေဖာက္မႈေနာက္မွာေတာ့ ၃ႏွစ္ၾကာခ်စ္ခရီးလမ္းလည္း ဝမ္းနည္းဖြယ္ရာ ဇာတ္သိမ္း အဆုံးသတ္ခဲ့ပါၿပီ။crd
ဒီအျဖစ္အပ်က္ေလးဟာ ၁နွစ္ခန့္ရွိေလာက္ျပီဆိုေပမယ့္ မိန္းကေလးေတြအေနျဖင့္ လိုက္နာသင့္တဲ့ အခ်က္ ၂ခ်က္ကို သိရွိေစဖို့ ေဖါ္ျပလိုက္ရျခင္း ျဖစ္ပါတယ္။
၁။ ခ်စ္သူေကာင္ေလးကို အိမ္မေခါ္ပါနဲ့။
၂။ အိမ္ကို ေခါ္မိရင္လည္း အခန္းတံခါး ေသာ့ ၂ထပ္ခန့္ ခတ္ထားပါ . . . .လို့ ေစတနာျဖင့္ သတိေပးစကားဆိုလိုက္ပါတယ္ေနာ္။
Credit: Asia Mail
Unicodeဖြင့်ဖတ်ရန်

(၃) နှစ်ကြာ ချစ်ခဲ့ပြီးမှ ချစ်သူကောင်မလေးရဲ့ အိပ်ခန်းကို မြင်ပြီး လမ်းခွဲသွားတဲ့ ကောင်လေး

အရမ်းချစ်ကြတဲ့ စုံတွဲလေးတွေ သတိထားသင့်တဲ့ သတင်းလေးကို တင်ပြပေးလိုက်ပါတယ်။ထိုင်ဝမ်မှာရှိတဲ့ ၃နှစ်ကြာတွဲခဲ့တဲ့ စုံတွဲလေးအကြောင်းပါ။ဖြစ်ပုံကလည်းဆန်းတာလှပါဘိ။
ထိုင်ဝမ်မှာရှိတဲ့ အင်တာနက်သုံးစွဲသူတွေကြားပျံ့နှံ့နေတဲ့ သတင်းအရ ထိုင်ဝမ်အမျိုးသားတစ်ယောက်က သူချစ်ရတဲ့ မိန်းကလေးပြောခဲ့တဲ့ ကတိကိုအမြဲနားလည်း လက်ခံစောင့်ထိန်းခဲ့ပါတယ်။
အဲ့ကတိစကားကတော့ “ငါ့အခန်းကိုမဝင်နဲ့”လို့မိန်းကလေးက တောင်းဆိုထားတာပါ။ယောက်ျားလေးကလည်း ကတိတည်တဲ့အနေနဲ့ ဘယ်တော့မှာ မိန်းကလေးအခန်းထဲ မဝင်ခဲ့ပါဘူး။
အဲ့လိုနဲ့တွဲလာတာ ၃နှစ်ကြာချစ်ခရီးလမ်းကို ဖြတ်သန်းခဲ့ပြီးပါပြီ။မိန်းကလေးတောင်းဆိုတဲ့ ကတိကလည်း သူတို့ချစ်စုံတွဲ သက်တမ်းတလျှောက် တစ်ခုတည်းသော စည်းမျဉ်းတစ်ခုပါ။
တစ်နေ့မှာတော့…ယောကျ်ားလေးဖြစ်သူက သူ့ချစ်သူမိန်းကလေးရှိရာ အိမ်သို့အလည်သွားချိန်မှာပဲ သူတို့ချစ်ခရီးလမ်း အဆုံးသတ်ခဲ့ရပါတယ်။
အဲ့နေ့က သူရောက်နေချိန်မှာ သူ့ချစ်သူမိန်းကလေးက ရေချိုးနေချိန်ပါ၊အဲ့အချိန်မှာ ချစ်သူမိန်းကလေးအမေက သူ့ကို အကူအညီ တစ်ခုတောင်းပါတယ်။
အဲ့တာကတော့ ချစ်သူမိန်းကလေးဝတ်ဖို့အဝတ်အသစ်တစ်ထည် အခန်းထဲကနေ သွားယူပေးပါလို့ ဆိုလိုက်တာပါ။
သူ့စိတ်ထဲမှတော့ ဒါဟာတစ်ခုခုကိုဖန်တီးနေတယ်လို့ ခံစားရသလို ပျော်ရွှင်နေမိတယ်လေ။သူ့ပျော်ရွှင်မှုတွေ ရပ်တန့်သွားပါတယ်။သူ့ချစ်သူမိန်းကလေးအခန်းထဲ ကမြင်ကွင်းကိုမြင်လိုက်ရလို့ပါ။
ညစ်ပတ်နေတဲ့အဝတ်အစားတွေ၊ရှုပ်ပွနေတဲ့ အခန်းတွင်းပစ္စည်းတွေ၊အမှိုက်တွေအပြင် တစ်ကိုယ်ရည်သုံးအမျိုးသမီးအသုံးအဆောင်ပစ္စည်းတွေကနေရာအနှံ့မှာရှိနေသလို ခြေချလို့တောင်မရပါဘူး၊
သူကြောက်လန့်တကြားအထိတ်တလန့်ဖြစ်ကာအခန်းတွင်းထဲကနေ ပြေးထွက်လာပါတယ်။
သူပြေးထွက်လာမှုကို ချစ်သူမိန်းကလေးတွေ့လိုက်ချိန်မှာတော့ စည်းမျဉ်းက ချိုးဖောက်သွားပါပြီး၊စည်းမျဉ်းချိုးဖောက်မှုနောက်မှာတော့ ၃နှစ်ကြာချစ်ခရီးလမ်းလည်း ဝမ်းနည်းဖွယ်ရာ ဇာတ်သိမ်း အဆုံးသတ်ခဲ့ပါပြီ။crd
ဒီအဖြစ်အပျက်လေးဟာ ၁နှစ်ခန့်ရှိလောက်ပြီဆိုပေမယ့် မိန်းကလေးတွေအနေဖြင့် လိုက်နာသင့်တဲ့ အချက် ၂ချက်ကို သိရှိစေဖို့ ဖေါ်ပြလိုက်ရခြင်း ဖြစ်ပါတယ်။
၁။ ချစ်သူကောင်လေးကို အိမ်မခေါ်ပါနဲ့။
၂။ အိမ်ကို ခေါ်မိရင်လည်း အခန်းတံခါး သော့ ၂ထပ်ခန့် ခတ်ထားပါ . . . .လို့ စေတနာဖြင့် သတိပေးစကားဆိုလိုက်ပါတယ်နော်။
Credit: Asia Mail

မှတ်ချက်များ