လစာနည္းလို႔ဆိုၿပီး ကိုယ့္ကိုကို သတ္ေသသြားတဲ့သူ တကယ္ရတဲ့လစာက မ်ားေန



Zawgyiျဖင့္ဖတ္ရန္

မၾကာေသးမီက အသက္၃၂ ႏွစ္အ႐ြယ္ အေရာင္းစာေရး Jun ဟာ Queenstown မွာရွိတဲ့ သူ႔တိုက္ခန္းေပၚကေန ခုန္ခ်ေသဆုံးခဲ့ပါတယ္။သူ႔ရဲ႕ေသဆုံးျခင္းဟာ အင္တာနက္သုံးစြဲသူေတြအၾကားေျပာစရာတစ္ခုျဖစ္သြားခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေသဆုံးသူဟာ Credit card ကုမၸဏီမွာ အလုပ္လုပ္သူျဖစ္ၿပီး သူလစာဝင္ေငြဟာ RM1,000ပဲရွိတဲ့အတြက္ျဖစ္တယ္လို႔ သိရပါတယ္။



အင္တာနက္သုံးစြဲသူအေျမာက္အမ်ားဟာ ေသဆုံးသူအလုပ္လုပ္ခဲ့တဲ့ ကုမၸဏီကို ရွာေဖြခဲ့ၿပီး ဝန္ထမ္းကိုေပးတဲ့ လစာနည္းတဲ့အတြက္ အျပစ္တင္ခဲ့ၾကပါတယ္။

ေသဆုံးသူရဲ႕သူငယ္ခ်င္းကလည္း ကိုယ့္ကိုကိုယ္အဆုံးစီရင္သြားရျခင္းမွာ ပ်မ္းမွ်ဝင္ေငြနည္းပါးျခင္းေၾကာင့္ ႀကိဳးစား႐ုန္းကန္ေနခဲ့ရလို႔ျဖစ္တယ္လို႔ ဆိုခဲ့ပါတယ္။



သို႔ေပမယ့္ ေသဆုံးသူရဲ႕ ႀကီးၾကပ္ေရးမႉးကေတာ့ ေသဆုံးသူဟာ အလုပ္ႀကိဳးစားတဲ့သူျဖစ္ေၾကာင္းနဲ႔ အႀကီးအကဲေတြ မ်က္ႏွာသာေပးခံရေၾကာင္းေျပာကာ သူ႔ေသဆုံးျခင္းအတြက္ သူမေတာင္အံၾသခဲ့ရတယ္လို႔ ဆိုခဲ့ပါတယ္။

ေသဆုံးသူရဲ႕ ႀကီးၾကပ္ေရးမႉးျဖစ္သူ Gongကေတာ့ ေသဆုံးသူ႔ရဲ႕ လစာဟာRM1,400ရွိေပမယ့္ ေကာ္မရွင္နဲ႔ေပါင္းရင္ လစဥ္ဝင္ေငြဟာRM 4000 ေလာက္ရွိပါတယ္လို႔ တီဗြီအင္တာဗ်ဴးတစ္ခုမွာ ေျဖဆိုခဲ့ၿပီး သူ႔ေသဆုံးမႈအေၾကာင္းအရင္းကို ရဲေတြစုံစမ္းသင့္တယ္ လို႔ဆိုခဲ့ပါတယ္။



ေသဆုံးသူဟာ ကိုယ့္ကိုကိုယ္အဆုံးစီရင္မယ့္ေန႔မွာ အနီေရာင္ ေဘာင္းဘီတိုေလးတစ္ထည္သာ ဝတ္ဆင္ထားတာ ေတြ႕ရေၾကာင္း လုံၿခဳံေရးေတြကဆိုခဲ့ၿပီး သူဟာ တိုက္ေပၚကခုန္ခ်ၿပီးေနာက္ ကားပါကင္ေပၚ ျပဳတ္က်ကာ ပြဲခ်င္းၿပီးေသဆုံးခဲ့တယ္ လို႔သိရပါတယ္။




Unicode ဖြင့်ဖတ်ရန်




မကြာသေးမီက အသက်၃၂ နှစ်အရွယ် အရောင်းစာရေး Jun ဟာ Queenstown မှာရှိတဲ့ သူ့တိုက်ခန်းပေါ်ကနေ ခုန်ချသေဆုံးခဲ့ပါတယ်။သူ့ရဲ့သေဆုံးခြင်းဟာ အင်တာနက်သုံးစွဲသူတွေအကြားပြောစရာတစ်ခုဖြစ်သွားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သေဆုံးသူဟာ Credit card ကုမ္ပဏီမှာ အလုပ်လုပ်သူဖြစ်ပြီး သူလစာဝင်ငွေဟာ RM1,000ပဲရှိတဲ့အတွက်ဖြစ်တယ်လို့ သိရပါတယ်။



အင်တာနက်သုံးစွဲသူအမြောက်အများဟာ သေဆုံးသူအလုပ်လုပ်ခဲ့တဲ့ ကုမ္ပဏီကို ရှာဖွေခဲ့ပြီး ဝန်ထမ်းကိုပေးတဲ့ လစာနည်းတဲ့အတွက် အပြစ်တင်ခဲ့ကြပါတယ်။

သေဆုံးသူရဲ့သူငယ်ချင်းကလည်း ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားရခြင်းမှာ ပျမ်းမျှဝင်ငွေနည်းပါးခြင်းကြောင့် ကြိုးစားရုန်းကန်နေခဲ့ရလို့ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။



သို့ပေမယ့် သေဆုံးသူရဲ့ ကြီးကြပ်ရေးမှူးကတော့ သေဆုံးသူဟာ အလုပ်ကြိုးစားတဲ့သူဖြစ်ကြောင်းနဲ့ အကြီးအကဲတွေ မျက်နှာသာပေးခံရကြောင်းပြောကာ သူ့သေဆုံးခြင်းအတွက် သူမတောင်အံသြခဲ့ရတယ်လို့ ဆိုခဲ့ပါတယ်။

သေဆုံးသူရဲ့ ကြီးကြပ်ရေးမှူးဖြစ်သူ Gongကတော့ သေဆုံးသူ့ရဲ့ လစာဟာRM1,400ရှိပေမယ့် ကော်မရှင်နဲ့ပေါင်းရင် လစဉ်ဝင်ငွေဟာRM 4000 လောက်ရှိပါတယ်လို့ တီဗွီအင်တာဗျူးတစ်ခုမှာ ဖြေဆိုခဲ့ပြီး သူ့သေဆုံးမှုအကြောင်းအရင်းကို ရဲတွေစုံစမ်းသင့်တယ် လို့ဆိုခဲ့ပါတယ်။



သေဆုံးသူဟာ ကိုယ့်ကိုကိုယ်အဆုံးစီရင်မယ့်နေ့မှာ အနီရောင် ဘောင်းဘီတိုလေးတစ်ထည်သာ ဝတ်ဆင်ထားတာ တွေ့ရကြောင်း လုံခြုံရေးတွေကဆိုခဲ့ပြီး သူဟာ တိုက်ပေါ်ကခုန်ချပြီးနောက် ကားပါကင်ပေါ် ပြုတ်ကျကာ ပွဲချင်းပြီးသေဆုံးခဲ့တယ် လို့သိရပါတယ်။

Credit: LLA ( Shwe Yaung Lan )/World of buzz

မှတ်ချက်များ