ျမန္မာအိုင္ေဒါမွာ အက္စတာ မွ Winner မရရင္ မ႐ိုးသားလို႔ပဲ ဆိုၿပီး ေျပာမိလို႔ ျပန္ေတာင္းပန္လိုက္ရတဲ့ သက္မြန္ျမင့္




Zawgyiျဖင့္ဖတ္ရန္

ျမန္မာ့႐ုပ္ရွင္ေလာကမွာ ေအာင္ျမင္မႈရွိၿပီး တည္ၿငိမ္ရင့္က်က္တဲ့ ခ်င္းတိုင္းရင္းသူေလးသ႐ုပ္ေဆာင္ သက္မြန္ျမင့္ ဟာ အိမ္ေထာင္ရွင္ ကေလးႏွစ္ဦး၏ မိခင္ျဖစ္ေနသည့္တိုင္အႏုပညာေလာကမွာ ေအာင္ျမင္မႈကို ထိန္းထားႏိုင္ဆဲပဲ ျဖစ္ပါတယ္။

ရႈပ္ေထြးေပြလီလွတဲ့ အႏုပညာေလာကသားေတြၾကားမွာ သက္မြန္ကေတာ့ ယေန႔တိုင္ နာမည္ေကာင္းေတြနဲ႔ ပန္းပန္လွ်က္ပါပဲေနာ္။ ပါးေဖာင္းေဖာင္းနဲ႔ လျပည့္ဝန္းနဲ႔ တူလွတဲ့ သူကို ပရိသတ္ေတြကလည္း ခ်စ္ခင္ၾကပါတယ္။



သူမဟာ ႏိုင္ငံေက်ာ္နာမည္ႀကီး မင္းသမီးျဖစ္ေပမယ့္ နယ္ေတြကား႐ိုက္ထြက္တဲ့အခါေတြမွာလည္း ေဖာ္ေ႐ြလြန္းတဲ့ သူမရဲ႕ ဆက္ဆံေရးေၾကာင့္ နာမည္ႀကီးလွတဲ့ သ႐ုပ္ေဆာင္ တစ္ဦးလည္းျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့



သူမဟာ ဗီဒီယိုေတြ ေၾကျငာေတြကို ႐ိုက္ကူးေနၿပီးေတာ့ သူမပါဝင္သ႐ုပ္ေဆာင္ထားတဲ့ “ဗိုလ္ေနတိုး” ဇာတ္ကားႀကီးလည္း ႐ုံတင္ေနပါတယ္။



သူမကေတာ့ အႏုပညာရွင္တစ္ဦး ပီပီ ဂီတကိုလည္း အထူးစိတ္ဝင္စားသူပါ။ ရႈိးပြဲေတြ၊သီခ်င္းပြဲေတြမွာလိုလို သူမကို ေတြ႕ၾကရမွာပါ။ အထူးသျဖင့္ Myanmar Idol Season

တိုင္းနီးပါးမွာ တက္သစ္စ လူငယ္ေတြကို အားေပးဝန္းရံတဲ့ အႏုပညာရွင္တစ္ဦးလည္းျဖစ္ပါတယ္။ အခုလက္ရွိ ျပသေနတဲ့ Myanmar Idol မွာေတာ့ သက္မြန္ျမင့္ဟာ ခ်င္းတိုင္းရင္းသူေလး အက္စတာကို အထူးဝန္းရံသူတစ္ဦးလည္းျဖစ္ပါတယ္။



ဒါေၾကာင့္ မၾကာခင္မွာ Winner စာရင္းထြက္ေတာ့မယ့္ Myanmar Idol Season 4 မွာၿပိဳင္ပြဲဝင္ အက္စတာသာ Winner မျဖစ္ခဲ့ရင္ေတာ့ Myanmar Idol ဟာ မ႐ိုးသားလို႔ပဲဆိုတဲ့ သူမရဲ႕ထင္ျမင္ခ်က္ကို



သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေနတစ္ဆင့္ ေျပာဆိုလိုက္ပါတယ္။ ဒီအေပၚမွာ သူမကို ခ်စ္ျမတ္ႏိုးတဲ့ ပရိသတ္ေတြက ေဝဖန္မႈေတြ ျပင္းထန္ခဲ့ၿပီးေနာက္မွာေတာ့ သ႐ုပ္ေဆာင္ သက္မြန္ျမင့္ဟာ သူမရဲ႕ Status ကို Edited(ျပန္လည္ျပင္ဆင္) သြားခဲ့ပါတယ္။



Unicode ဖြင့်ဖတ်ရန်



မြန်မာ့ရုပ်ရှင်လောကမှာ အောင်မြင်မှုရှိပြီး တည်ငြိမ်ရင့်ကျက်တဲ့ ချင်းတိုင်းရင်းသူလေးသရုပ်ဆောင် သက်မွန်မြင့် ဟာ အိမ်ထောင်ရှင် ကလေးနှစ်ဦး၏ မိခင်ဖြစ်နေသည့်တိုင်အနုပညာလောကမှာ အောင်မြင်မှုကို ထိန်းထားနိုင်ဆဲပဲ ဖြစ်ပါတယ်။

ရှုပ်ထွေးပွေလီလှတဲ့ အနုပညာလောကသားတွေကြားမှာ သက်မွန်ကတော့ ယနေ့တိုင် နာမည်ကောင်းတွေနဲ့ ပန်းပန်လျှက်ပါပဲနော်။ ပါးဖောင်းဖောင်းနဲ့ လပြည့်ဝန်းနဲ့ တူလှတဲ့ သူကို ပရိသတ်တွေကလည်း ချစ်ခင်ကြပါတယ်။



သူမဟာ နိုင်ငံကျော်နာမည်ကြီး မင်းသမီးဖြစ်ပေမယ့် နယ်တွေကားရိုက်ထွက်တဲ့အခါတွေမှာလည်း ဖော်ရွေလွန်းတဲ့ သူမရဲ့ ဆက်ဆံရေးကြောင့် နာမည်ကြီးလှတဲ့ သရုပ်ဆောင် တစ်ဦးလည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့



သူမဟာ ဗီဒီယိုတွေ ကြေငြာတွေကို ရိုက်ကူးနေပြီးတော့ သူမပါဝင်သရုပ်ဆောင်ထားတဲ့ “ဗိုလ်နေတိုး” ဇာတ်ကားကြီးလည်း ရုံတင်နေပါတယ်။



သူမကတော့ အနုပညာရှင်တစ်ဦး ပီပီ ဂီတကိုလည်း အထူးစိတ်ဝင်စားသူပါ။ ရှိုးပွဲတွေ၊သီချင်းပွဲတွေမှာလိုလို သူမကို တွေ့ကြရမှာပါ။ အထူးသဖြင့် Myanmar Idol Season

တိုင်းနီးပါးမှာ တက်သစ်စ လူငယ်တွေကို အားပေးဝန်းရံတဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ အခုလက်ရှိ ပြသနေတဲ့ Myanmar Idol မှာတော့ သက်မွန်မြင့်ဟာ ချင်းတိုင်းရင်းသူလေး အက်စတာကို အထူးဝန်းရံသူတစ်ဦးလည်းဖြစ်ပါတယ်။



ဒါကြောင့် မကြာခင်မှာ Winner စာရင်းထွက်တော့မယ့် Myanmar Idol Season 4 မှာပြိုင်ပွဲဝင် အက်စတာသာ Winner မဖြစ်ခဲ့ရင်တော့ Myanmar Idol ဟာ မရိုးသားလို့ပဲဆိုတဲ့ သူမရဲ့ထင်မြင်ချက်ကို



သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် ပြောဆိုလိုက်ပါတယ်။ ဒီအပေါ်မှာ သူမကို ချစ်မြတ်နိုးတဲ့ ပရိသတ်တွေက ဝေဖန်မှုတွေ ပြင်းထန်ခဲ့ပြီးနောက်မှာတော့ သရုပ်ဆောင် သက်မွန်မြင့်ဟာ သူမရဲ့ Status ကို Edited(ပြန်လည်ပြင်ဆင်) သွားခဲ့ပါတယ်။


credit: http://theesaychin.com/mains/archives/1400

မှတ်ချက်များ