အေရးေပၚလူနာရဲ႕ဆီးကို ပါးစပ္နဲ႔စုပ္ထုတ္ၿပီး အသက္ကယ္ခဲ့တဲ့ အံ့ဖြယ္ဆရာ၀န္မ်ား


Zawgyiျဖင့္ဖတ္ရန္

“ျမန္ျမန္ ျမန္ျမန္… ခြက္တစ္လံုးေပး….” လို႔ ေျပာလိုက္သူကေတာ့ ျပြန္တစ္ခုနဲ႔ တြဲထားတဲ့ပိုက္ကို စတင္စုပ္ယူေနတဲ့ ေဒါက္တာက်န္းပဲ ျဖစ္ပါတယ္။  ေဒါက္တာက်န္းဟာ ဆီးအိတ္ကြဲထြက္လုမတတ္ျဖစ္ေနတဲ့ အဖိုးတစ္ေယာက္ဆီက ဆီးေတြကို ပိုက္နဲ႔စုပ္ကာ အျပင္ဘက္စြန္႔ထုတ္ေပးေနခဲ့တာပါ။ ေဒါက္တာက်န္းရဲ႕ ျဖတ္ထိုးဥာဏ္ေကာင္းမႈေၾကာင့္ ၄င္းအဖိုးဟာ အသက္ခ်မ္းသာရာရခဲ့ပါတယ္။

Asiaone သတင္းဌာနကတဆင့္ သိရတဲ့ ဒီျဖစ္ရပ္ဟာ ၿပီးခဲ့တဲ့ ႏို၀င္ဘာ (၁၉) ရက္ေန႔တုန္းက ကြမ္က်ိဳးကေန နယူူးေယာ့ကိုသြားတဲ့ ေလယာဥ္ခရီးစဥ္ရွည္ၾကီးမွာ ျဖစ္ခဲ့တာပါ။ ေလယာဥ္ေပၚလိုက္ပါလာတဲ့ ခရီးသည္အဖိုးဟာ စိုးရိမ္ဖြယ္အေျခအေနရွိတဲ့ ဆီးလမ္းေၾကာင္းဆိုင္ရာ ျပႆနာကို ခံစားေနရတာ ျဖစ္ၿပီး အလ်င္အျမန္ ေဆးကုသဖို႔ လိုအပ္ေနခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္ ကံေကာင္းလို႔ ေလယာဥ္ေပၚမွာ ေဒါက္တာက်န္းနဲ႔ ေဒါက္တာေရွာင္းအမည္ရတဲ့ ဆရာ၀န္ႏွစ္ဦး လိုက္ပါလာပါတယ္။ ဆရာ၀န္ႏွစ္ဦးဟာ အဖိုးရဲ႕ အေျခအေနကို စစ္ေဆးၾကည့္ၿပီးတဲ့ေနာက္ အဖိုးရဲ႕ ဆီးအိမ္ထဲမွာ ဆီး(၁) လီတာေလာက္ ရွိေနၿပီလို႔ သံုးသပ္လိုက္ၾကပါတယ္။ အမွန္ေတာ့ လူတစ္ေယာက္ရဲ႕ဆီးအိ္မ္ဟာ ပံုမွန္အားျဖင့္ (၆၀၀) မီလီမီတာပဲ ထိန္းသိမ္းထားႏိုင္ပါတယ္။

ပထမေတာ့ ဆရာ၀န္ေတြက အဖိုးရဲ႕ ဆီးအိမ္ကို အပ္နဲ႔ေဖာက္ကာ ဆီးေတြကို စြန္႔ထုတ္ပစ္ဖို႔ ဆံုးျဖတ္ခဲ့ၾကပါတယ္။ ဆရာ၀န္ေတြဟာ ေအာက္ဆီဂ်င္မ်က္ႏွာဖံုးေတြမွာပါတဲ့ ေလရွဴပိုက္၊ ေဆးထိုးအပ္နဲ႔ အေအးပိုက္ေတြကို လိုက္လံစုေဆာင္းခဲ့ပါတယ္။ ဒါေပမယ့္ ဒီနည္းဟာ သူ႔အလိုအေလ်ာက္ ဆီးသြားေစဖို႔အတြက္ လံုေလာက္တဲ့ဖိအားမေပးႏိုင္တာေၾကာင့္ လက္ေလွ်ာ့ခဲ့ၾကပါတယ္။

ဒါနဲ႔ ေနာက္ထပ္နည္းလမ္းေတြ စဥ္းစားခဲ့ၾကတဲ့အခါမွာေတာ့ ေဒါက္တာက်န္းက နည္းလမ္းတစ္ခု သြားေတြြ႔ပါတယ္။ အဲဒါကေတာ့ ဆီးအိမ္ထဲက ဆီးကို ကိုယ္တိုင္စုပ္ၿပီး အျပင္ကို ဆီးစြန္႔ပစ္ဖို႔ပါပဲ။ ေဒါက္တာက်န္းဟာ ၄င္းနည္းနဲ႔ မိနစ္ (၃၀) ေလာက္ၾကာေအာင္ လူနာအဖိုးရဲ႕ဆီးေတြကို ပိုက္နဲ႔စုပ္ကာ ခြက္တစ္ခုထဲ ျပန္ေထြးခ်ခဲ့ပါတယ္။ ဒီနည္းနဲ႔ စုစုေပါင္း ဆီး(၈၀၀) လီတာ စုပ္ယူႏိုင္ခဲ့ပါတယ္။ ဒီအေျခအေနမွာ အဖိုးအတြက္ကေတာ့ အႏ ၱရာယ္ေတာထဲကေန လြတ္ေျမာက္သြားခဲ့ၿပီပဲ ျဖစ္ပါတယ္။ ေလယာဥ္ေပၚက အဆင္းမွာေတာ့ အဖိုးကိုေတာ့ ဆရာ၀န္ေတြက ေဆးရံုမွာ မၾကာခဏ ေဆးစစ္သြားဖို႔ မေမ့ပါနဲ႔ဆိုၿပီး တိုက္တြန္းသြားပါေသးတယ္။

လူနာတစ္ေယာက္ဆီက ဆီးကို မရြံမရွာနဲ႔  စုပ္ယူႏိုင္ရတဲ့ အေၾကာင္းကို ေဒါက္တာက်န္းဆီ ေမးၾကည့္တဲ့အခါမွာေတာ့ ေဒါက္တာက “…အဖိုးက ေတာ့္ေတာ္ကို မသက္မသာျဖစ္ေနတာကို ကြ်န္ေတာ္ေတြ႔လိုက္ရတယ္။ သူ႔ကို အျမန္ဆံုးသက္သာေစဖို႔ ဘယ္လိုလုပ္ရင္ ေကာင္းမလဲဆိုတာ ကြ်န္ေတာ္ေတြးေနခဲ့တာ။ ဆရာ၀န္တစ္ဦးအေနနဲ႔ ကြ်န္ေတာ္ လုပ္သင့္လုပ္ထိုက္တာကို လုပ္ခဲ့တာပါပဲ…” လို႔လည္း ေျပာျပသြားခဲ့ပါတယ္။

Credit:Shwemom

Unicodeဖြင့်ဖတ်ရန်

အရေးပေါ်လူနာရဲ့ဆီးကို ပါးစပ်နဲ့စုပ်ထုတ်ပြီး အသက်ကယ်ခဲ့တဲ့ အံ့ဖွယ်ဆရာဝန်များ

“မြန်မြန် မြန်မြန်… ခွက်တစ်လုံးပေး….” လို့ ပြောလိုက်သူကတော့ ပြွန်တစ်ခုနဲ့ တွဲထားတဲ့ပိုက်ကို စတင်စုပ်ယူနေတဲ့ ဒေါက်တာကျန်းပဲ ဖြစ်ပါတယ်။  ဒေါက်တာကျန်းဟာ ဆီးအိတ်ကွဲထွက်လုမတတ်ဖြစ်နေတဲ့ အဖိုးတစ်ယောက်ဆီက ဆီးတွေကို ပိုက်နဲ့စုပ်ကာ အပြင်ဘက်စွန့်ထုတ်ပေးနေခဲ့တာပါ။ ဒေါက်တာကျန်းရဲ့ ဖြတ်ထိုးဉာဏ်ကောင်းမှုကြောင့် ၎င်းအဖိုးဟာ အသက်ချမ်းသာရာရခဲ့ပါတယ်။

Asiaone သတင်းဌာနကတဆင့် သိရတဲ့ ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ (၁၉) ရက်နေ့တုန်းက ကွမ်ကျိုးကနေ နယူူးယော့ကိုသွားတဲ့ လေယာဉ်ခရီးစဉ်ရှည်ကြီးမှာ ဖြစ်ခဲ့တာပါ။ လေယာဉ်ပေါ်လိုက်ပါလာတဲ့ ခရီးသည်အဖိုးဟာ စိုးရိမ်ဖွယ်အခြေအနေရှိတဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာကို ခံစားနေရတာ ဖြစ်ပြီး အလျင်အမြန် ဆေးကုသဖို့ လိုအပ်နေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ကံကောင်းလို့ လေယာဉ်ပေါ်မှာ ဒေါက်တာကျန်းနဲ့ ဒေါက်တာရှောင်းအမည်ရတဲ့ ဆရာဝန်နှစ်ဦး လိုက်ပါလာပါတယ်။ ဆရာဝန်နှစ်ဦးဟာ အဖိုးရဲ့ အခြေအနေကို စစ်ဆေးကြည့်ပြီးတဲ့နောက် အဖိုးရဲ့ ဆီးအိမ်ထဲမှာ ဆီး(၁) လီတာလောက် ရှိနေပြီလို့ သုံးသပ်လိုက်ကြပါတယ်။ အမှန်တော့ လူတစ်ယောက်ရဲ့ဆီးအိမ်ဟာ ပုံမှန်အားဖြင့် (၆၀၀) မီလီမီတာပဲ ထိန်းသိမ်းထားနိုင်ပါတယ်။

ပထမတော့ ဆရာဝန်တွေက အဖိုးရဲ့ ဆီးအိမ်ကို အပ်နဲ့ဖောက်ကာ ဆီးတွေကို စွန့်ထုတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဆရာဝန်တွေဟာ အောက်ဆီဂျင်မျက်နှာဖုံးတွေမှာပါတဲ့ လေရှူပိုက်၊ ဆေးထိုးအပ်နဲ့ အအေးပိုက်တွေကို လိုက်လံစုဆောင်းခဲ့ပါတယ်။ ဒါပေမယ့် ဒီနည်းဟာ သူ့အလိုအလျောက် ဆီးသွားစေဖို့အတွက် လုံလောက်တဲ့ဖိအားမပေးနိုင်တာကြောင့် လက်လျှော့ခဲ့ကြပါတယ်။

ဒါနဲ့ နောက်ထပ်နည်းလမ်းတွေ စဉ်းစားခဲ့ကြတဲ့အခါမှာတော့ ဒေါက်တာကျန်းက နည်းလမ်းတစ်ခု သွားတွေ့ပါတယ်။ အဲဒါကတော့ ဆီးအိမ်ထဲက ဆီးကို ကိုယ်တိုင်စုပ်ပြီး အပြင်ကို ဆီးစွန့်ပစ်ဖို့ပါပဲ။ ဒေါက်တာကျန်းဟာ ၎င်းနည်းနဲ့ မိနစ် (၃၀) လောက်ကြာအောင် လူနာအဖိုးရဲ့ဆီးတွေကို ပိုက်နဲ့စုပ်ကာ ခွက်တစ်ခုထဲ ပြန်ထွေးချခဲ့ပါတယ်။ ဒီနည်းနဲ့ စုစုပေါင်း ဆီး(၈၀၀) လီတာ စုပ်ယူနိုင်ခဲ့ပါတယ်။ ဒီအခြေအနေမှာ အဖိုးအတွက်ကတော့ အန ္တရာယ်တောထဲကနေ လွတ်မြောက်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ လေယာဉ်ပေါ်က အဆင်းမှာတော့ အဖိုးကိုတော့ ဆရာဝန်တွေက ဆေးရုံမှာ မကြာခဏ ဆေးစစ်သွားဖို့ မမေ့ပါနဲ့ဆိုပြီး တိုက်တွန်းသွားပါသေးတယ်။

လူနာတစ်ယောက်ဆီက ဆီးကို မရွံမရှာနဲ့  စုပ်ယူနိုင်ရတဲ့ အကြောင်းကို ဒေါက်တာကျန်းဆီ မေးကြည့်တဲ့အခါမှာတော့ ဒေါက်တာက “…အဖိုးက တော့်တော်ကို မသက်မသာဖြစ်နေတာကို ကျွန်တော်တွေ့လိုက်ရတယ်။ သူ့ကို အမြန်ဆုံးသက်သာစေဖို့ ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာ ကျွန်တော်တွေးနေခဲ့တာ။ ဆရာဝန်တစ်ဦးအနေနဲ့ ကျွန်တော် လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့တာပါပဲ…” လို့လည်း ပြောပြသွားခဲ့ပါတယ်။

Credit:Shwemom

မှတ်ချက်များ