ေက်ာပိုးအိတ္လြယ္ၿပီး ငါးေဈးတန္းမွာ ေန႔တိုင္း ညစာထြက္ရွာတဲ့ ပင္ဂြင္းငွက္




Zawgyi ျဖင့္ဖတ္ရန္

တိရစာၦန္ေလးေတြရဲ႕ အမူအက်င့္ အမ်ိဳးမ်ိဳးကို ျမင္ဖူးၾကမွာပါ။ ၿမိဳ႕ထဲက လမ္းေတြေပၚ ေလွ်ာက္သြားရင္း တစ္အိမ္ဝင္ တစ္အိမ္ထြက္ လုပ္တတ္တဲ့ တိရစာၦန္ေလးေတြေတာင္ ရွိၾကပါတယ္။

ပုံမွန္ ထင္မထားတဲ့ တိရစာၦန္ေလးေတြရဲ႕ အမူအက်င့္ေလးေတြက လူေတြကို အံ့ဩစရာေတြေတာင္ ေပးႏိုင္ပါတယ္။ဂ်ပန္ႏိုင္ငံက ပင္ဂြင္းငွက္ေလးတစ္ေကာင္ရဲ႕ အျပဳအမူကို ေတြ႕လိုက္ရရင္ေတာ့ ဘယ္လို တုံ႔ျပန္ရမလဲဆိုတာ ေမ့သြားေလာက္ေအာင္ ဩခ်စရာ ျဖစ္မွာပါ။



လာလာဆိုတဲ့ ပင္ဂြင္းေလးဟာ ေက်ာပိုးအိတ္လြယ္ၿပီး ငါးေဈးတန္းမွာ ေန႔စဥ္ ညစာ လာရွာတာ တစ္ရက္မျပတ္ပါဘူးတဲ့။လမ္းေပၚမွာ ေက်ာပိုးအိတ္ေလး လြယ္လို႔ ငါးေဈးတန္းဆီ ေလွ်ာက္သြားတဲ့ လာလာ ပင္ဂြင္းငွက္ေလးကို ေတြ႕ရင္ အံ့ဩတာနဲ႔အတူ ခ်စ္မိမွာေတာ့ အမွန္ပါပဲ။




အႏၲာတိကမွာ ေနထိုင္တတ္တဲ့ ပင္ဂြင္းငွက္ေလးတစ္ေကာင္ကို ဂ်ပန္ငါးဖမ္းသမားတစ္ဦးက ပိုက္ကြန္မွာ ဖမ္းမိတာပါ။ အဲဒီ ငါးဖမ္းသမား မိသားစုဟာ ဒီပင္ဂြင္းငွက္ေလးကို ေခၚယူၿပီး လာလာလို႔ အမည္ေပးကာ ကိုယ္ပိုင္ အဲယားကြန္းနဲ႔ ထားၿပီး ေမြးထားေတာ့တာ ျဖစ္ပါတယ္။



လာလာ ပင္ဂြင္းငွက္ေလးဟာ လူေတြနဲ႔ ယဥ္ပါးေနၿပီး ခုဆို ငါးေဈးတန္းဆီ ေက်ာပိုးအိတ္ေလး လြယ္လို႔ ညစာ အဝယ္ထြက္တာက ေန႔စဥ္ေန႔တိုင္းပဲ ျဖစ္ပါေတာ့တယ္။


Writer_ ေမာင္သံဆင့္(XYZ News)


Unicode ဖြင့်ဖတ်ရန်


ကျောပိုးအိတ်လွယ်ပြီး ငါးဈေးတန်းမှာ နေ့တိုင်း ညစာထွက်ရှာတဲ့ ပင်ဂွင်းငှက်


တိရစ္ဆာန်လေးတွေရဲ့ အမူအကျင့် အမျိုးမျိုးကို မြင်ဖူးကြမှာပါ။ မြို့ထဲက လမ်းတွေပေါ် လျှောက်သွားရင်း တစ်အိမ်ဝင် တစ်အိမ်ထွက် လုပ်တတ်တဲ့ တိရစ္ဆာန်လေးတွေတောင် ရှိကြပါတယ်။

ပုံမှန် ထင်မထားတဲ့ တိရစ္ဆာန်လေးတွေရဲ့ အမူအကျင့်လေးတွေက လူတွေကို အံ့ဩစရာတွေတောင် ပေးနိုင်ပါတယ်။
ဂျပန်နိုင်ငံက ပင်ဂွင်းငှက်လေးတစ်ကောင်ရဲ့ အပြုအမူကို တွေ့လိုက်ရရင်တော့ ဘယ်လို တုံ့ပြန်ရမလဲဆိုတာ မေ့သွားလောက်အောင် ဩချစရာ ဖြစ်မှာပါ။



လာလာဆိုတဲ့ ပင်ဂွင်းလေးဟာ ကျောပိုးအိတ်လွယ်ပြီး ငါးဈေးတန်းမှာ နေ့စဉ် ညစာ လာရှာတာ တစ်ရက်မပြတ်ပါဘူးတဲ့။
လမ်းပေါ်မှာ ကျောပိုးအိတ်လေး လွယ်လို့ ငါးဈေးတန်းဆီ လျှောက်သွားတဲ့ လာလာ ပင်ဂွင်းငှက်လေးကို တွေ့ရင် အံ့ဩတာနဲ့အတူ ချစ်မိမှာတော့ အမှန်ပါပဲ။

အန္တာတိကမှာ နေထိုင်တတ်တဲ့ ပင်ဂွင်းငှက်လေးတစ်ကောင်ကို ဂျပန်ငါးဖမ်းသမားတစ်ဦးက ပိုက်ကွန်မှာ ဖမ်းမိတာပါ။ အဲဒီ ငါးဖမ်းသမား မိသားစုဟာ ဒီပင်ဂွင်းငှက်လေးကို ခေါ်ယူပြီး လာလာလို့ အမည်ပေးကာ ကိုယ်ပိုင် အဲယားကွန်းနဲ့ ထားပြီး မွေးထားတော့တာ ဖြစ်ပါတယ်။



လာလာ ပင်ဂွင်းငှက်လေးဟာ လူတွေနဲ့ ယဉ်ပါးနေပြီး ခုဆို ငါးဈေးတန်းဆီ ကျောပိုးအိတ်လေး လွယ်လို့ ညစာ အဝယ်ထွက်တာက နေ့စဉ်နေ့တိုင်းပဲ ဖြစ်ပါတော့တယ်။


Writer_ မောင်သံဆင့်(XYZ News)


မှတ်ချက်များ