“ဆရာႀကီး”ကို ေန႔စဥ္မွန္မွန္ ေသာက္ေပး႐ုံနဲ႔ တစ္လ ၄၅ သိန္းရမယ့္အလုပ္ေခၚယူ
Zawgyi ျဖင့္ဖတ္ရန္
“ဆရာႀကီး” လို႔ ဆိုလိုက္ရင္ အခ်ိဳ႕လူေတြ သေဘာေပါက္သြားၾကပါၿပီ။ ေဆးေျခာက္ ကို အတိုင္းအတာ အကန႔္အသတ္နဲ႔ တရားဝင္သုဲစြဲခြင့္ျပဳတဲ့ ႏိုင္ငံေတြတိုးလာေနေပမယ့္ ႏိုင္ငံအေတာ္မ်ားမ်ားမွာေတာ့ ဒီကိစၥကို အျပင္းအထန္ ျငင္းခုံေဆြးေႏြးေနၾကဆဲျဖစ္ပါတယ္။
အခ်ိဳ႕ႏိုင္ငံေတြရဲ႕ လူမႈအဖြဲ႕အစည္းေတြကိုယ္တိုင္က “ဆရာႀကီး” အေပၚထားတဲ့ သေဘာထားေတြကို ပြင့္ပြင္းလင္းလင္းႀကီး လက္ခံႀကိဳဆိုလာေနၾကတာကို ဒီအလုပ္ေၾကာ္ျငာစာ တစ္ခုက သက္ေသျပေနပါတယ္။
The Sun သတင္းစာမွာ ေဖာ္ျပထားတဲ့သတင္းအရ “ဆရာႀကီး” ကို ေန႔စဥ္ပုံမွန္ ေသာက္သုံးေပး႐ုံနဲ႔ တစ္ႏွစ္စာ စတာလင္ေပါင္ ၂၈,၀၀၀/ (က်ပ္သိန္ ၅၅၀ ခန႔္) ေပးမယ္လို႔ AmericanMarijuana.org က အြန္လိုင္းေပၚကေန အလုပ္ေခၚစာ တင္ထားပါတယ္။ အလုပ္ေလွ်ာက္မယ့္သူေတြဟာ ေဆးေျခာက္ကို ေန႔စဥ္ပုံမွန္ေသာက္သုံးရမွာျဖစ္ၿပီး ေဆးေျခာက္မ်ိဳးစုံရဲ႕ အာနိသင္ အက်ိဳးအျပစ္ေတြကိုလည္း ေရးသားတင္ျပေပးရမွာျဖစ္ပါတယ္။
ကုမၸဏီအေနနဲ႔ လက္ရွိမွာ ထိတ္တန္း ဆယ္လီေတြကို ခ်ည္းကပ္ေနၿပီး အေမရိကန္ရက္ပ္ပါ Snoop Dogg လို နာမည္ႀကီးအႏုပညာရွင္မ်ိဳး ခန႔္ထားဖို႔ ဆႏၵရွိေနပါတယ္။ ဒီေလာက္ လစာေကာင္းတဲ့အလုပ္အတြက္ လူသိမ်ားတဲ့ပုဂၢိဳလ္ေတြ၊ အႏုပညာရွင္ေတြျဖစ္ဖို႔ ကုမၸဏီဘက္ကလည္း ေမွ်ာ္လင့္ေနပါတယ္။ ဒါ့အျပင္ ေလွ်ာက္ထားသူဟာ အသက္ ၁၈ ႏွစ္ျပည့္ၿပီး အေမရိကန္ႏိုင္ငံ ဒါမွမဟုတ္ ကေနဒါႏိုင္ငံမွာ ေနထိုင္သူျဖစ္ရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အဲဒီႏိုင္ငံေတြမွာ ‘ဆရာႀကီး’ လို႔ေခၚတဲ့ ေဆးေျခာက္ကို တရားဝင္အျဖစ္ အသိမွတ္ျပထားလို႔ျဖစ္ပါတယ္။
ႏိုင္ငံတကာ သတင္းတရပ္အေနနဲ႔ ေဖာ္ျပေပးျခင္းျဖစ္ၿပီး ျမန္မာႏိုင္ငံမွာေတာ့ ေဆးေျခာက္ သုံးစြဲ၊ စိုက္ပ်ိဳးမႈဟာ ဥပေဒနဲ႔ ၿငိစြန္းတဲ့အတြက္ ႏိုင္ငံသားမ်ားအေနနဲ႔ မိမိႏိုင္ငံက ထုတ္ျပန္ထားတဲ့ တရားဥပေဒကို လိုက္နာၾကရမွာျဖစ္ပါတယ္။
credti: popolay
Unicode ဖြင့်ဖတ်ရန်
“ဆရာကြီး”ကို နေ့စဉ်မှန်မှန် သောက်ပေးရုံနဲ့ တစ်လ ၄၅ သိန်းရမယ့်အလုပ်ခေါ်ယူ
“ဆရာကြီး” လို့ ဆိုလိုက်ရင် အချို့လူတွေ သဘောပေါက်သွားကြပါပြီ။ ဆေးခြောက် ကို အတိုင်းအတာ အကန့်အသတ်နဲ့ တရားဝင်သုဲစွဲခွင့်ပြုတဲ့ နိုင်ငံတွေတိုးလာနေပေမယ့် နိုင်ငံအတော်များများမှာတော့ ဒီကိစ္စကို အပြင်းအထန် ငြင်းခုံဆွေးနွေးနေကြဆဲဖြစ်ပါတယ်။
အချို့နိုင်ငံတွေရဲ့ လူမှုအဖွဲ့အစည်းတွေကိုယ်တိုင်က “ဆရာကြီး” အပေါ်ထားတဲ့ သဘောထားတွေကို ပွင့်ပွင်းလင်းလင်းကြီး လက်ခံကြိုဆိုလာနေကြတာကို ဒီအလုပ်ကြော်ငြာစာ တစ်ခုက သက်သေပြနေပါတယ်။
The Sun သတင်းစာမှာ ဖော်ပြထားတဲ့သတင်းအရ “ဆရာကြီး” ကို နေ့စဉ်ပုံမှန် သောက်သုံးပေးရုံနဲ့ တစ်နှစ်စာ စတာလင်ပေါင် ၂၈,၀၀၀/ (ကျပ်သိန် ၅၅၀ ခန့်) ပေးမယ်လို့ AmericanMarijuana.org က အွန်လိုင်းပေါ်ကနေ အလုပ်ခေါ်စာ တင်ထားပါတယ်။ အလုပ်လျှောက်မယ့်သူတွေဟာ ဆေးခြောက်ကို နေ့စဉ်ပုံမှန်သောက်သုံးရမှာဖြစ်ပြီး ဆေးခြောက်မျိုးစုံရဲ့ အာနိသင် အကျိုးအပြစ်တွေကိုလည်း ရေးသားတင်ပြပေးရမှာဖြစ်ပါတယ်။
ကုမ္ပဏီအနေနဲ့ လက်ရှိမှာ ထိတ်တန်း ဆယ်လီတွေကို ချည်းကပ်နေပြီး အမေရိကန်ရက်ပ်ပါ Snoop Dogg လို နာမည်ကြီးအနုပညာရှင်မျိုး ခန့်ထားဖို့ ဆန္ဒရှိနေပါတယ်။ ဒီလောက် လစာကောင်းတဲ့အလုပ်အတွက် လူသိများတဲ့ပုဂ္ဂိုလ်တွေ၊ အနုပညာရှင်တွေဖြစ်ဖို့ ကုမ္ပဏီဘက်ကလည်း မျှော်လင့်နေပါတယ်။ ဒါ့အပြင် လျှောက်ထားသူဟာ အသက် ၁၈ နှစ်ပြည့်ပြီး အမေရိကန်နိုင်ငံ ဒါမှမဟုတ် ကနေဒါနိုင်ငံမှာ နေထိုင်သူဖြစ်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီနိုင်ငံတွေမှာ ‘ဆရာကြီး’ လို့ခေါ်တဲ့ ဆေးခြောက်ကို တရားဝင်အဖြစ် အသိမှတ်ပြထားလို့ဖြစ်ပါတယ်။
နိုင်ငံတကာ သတင်းတရပ်အနေနဲ့ ဖော်ပြပေးခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ ဆေးခြောက် သုံးစွဲ၊ စိုက်ပျိုးမှုဟာ ဥပဒေနဲ့ ငြိစွန်းတဲ့အတွက် နိုင်ငံသားများအနေနဲ့ မိမိနိုင်ငံက ထုတ်ပြန်ထားတဲ့ တရားဥပဒေကို လိုက်နာကြရမှာဖြစ်ပါတယ်။
credti: popolay
မှတ်ချက်များ