ေရေႏြးေသာက္သုံးျခင္းက တကယ္ဝိတ္က်ေစႏိုင္လား?
Zawgyiျဖင့္ဖတ္ရန္
ဝိတ္လည္းက်ခ်င္တယ္၊ gym ေဆာ့ရမွာလည္း ပ်င္းတယ္ ဒါမွမဟုတ္ gym ေဆာ့ဖို႔ သီးသန႔္အခ်ိန္မရွိဘူးဆိုရင္ ေတာ့ ဝိတ္ခ်ဖို႔အတြက္ အ႐ိုးရွင္းဆုံး အလြယ္ကူဆုံးနည္းလမ္းတစ္ခုရွိပါတယ္။ အဲဒါကေတာ့ ေရေႏြး ေသာက္သုံးျခင္း ပါပဲ။ ေရေႏြးဆိုတာ အိမ္တိုင္းလိုလိုမွာ အလြယ္တကူရရွိႏိုင္တဲ့အရာပါ။ ေရေႏြးဟာ က်န္းမာေရးကို အက်ိဳးျပဳ႐ုံတင္မက ဝိတ္လည္းက်ေစပါတယ္။ အဲဒါေၾကာင့္ ေရေႏြးက ခႏၶာကိုယ္က်န္းမာေရးနဲ႔ ဝိတ္က်ေစဖို႔အတြက္ ဘယ္လိုအေထာက္အကူျပဳလဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္။
၁။ လူ႔ခႏၶာကိုယ္မွာ ေရဓာတ္ျပည့္ဝေနေစမယ့္ သဘာဝအက်ဆုံးနည္းလမ္းတစ္ခုကေတာ့ ေရလုံေလာက္စြာ ေသာက္သုံးျခင္းပါပဲ။ အပူပဲျဖစ္ျဖစ္ အေအးပဲျဖစ္ျဖစ္ပါ။ အာဟာရေတြစုပ္ယူဖို႔နဲ႔ စြန႔္ပစ္အရာေတြကို စြန႔္ထုတ္ဖို႔ အတြက္ ခႏၶာကိုယ္မွာရွိတဲ့ ဆဲလ္တိုင္းက ေရကို လိုအပ္ပါတယ္။ အဲဒါေၾကာင့္ လူတစ္ေယာက္ဟာ တစ္ေန႔ကို အနည္းဆုံး ေရ ၈ ဖန္ခြက္ေလာက္ ေသာက္သုံးသင့္ပါတယ္။ ေရေအးပဲျဖစ္ျဖစ္၊ ေရေႏြးပဲျဖစ္ျဖစ္ ေကာင္းေပမဲ့ ေရေႏြးကေတာ့ သင့္ခႏၶာကိုယ္က်န္းမာေရးအတြက္ ပိုမိုေကာင္းမြန္ပါတယ္။
၂။ ေရေႏြးေသာက္သုံးျခင္းဟာ ခႏၶာကိုယ္တြင္းကို ထိေရာက္စြာ သန႔္စင္ေစဖို႔ အေထာက္အကူျပဳပါတယ္။ တစ္ေန႔ကို ေရေႏြး ၂ ခြက္ေလာက္ေသာက္႐ုံနဲ႔ အစာမေၾကနဲ႔ ျပႆနာကို ေျဖရွင္းႏိုင္ပါတယ္။ မနက္ေစာေစာ မွာ ေရေႏြးတစ္ခြက္ေသာက္သုံးျခင္းဟာ ခႏၶာကိုယ္တြင္းက အဆိပ္အေတာက္ေတြကို သန႔္စင္ဖယ္ရွားေပးႏိုင္ပါ တယ္။ ဒါ့ျပင္ မနက္တိုင္းေရေႏြးပုံမွန္ေသာက္ျခင္းဟာ ဝမ္းပုံမွန္သြားေစၿပီး ဝမ္းခ်ဳပ္တဲ့ေဝဒနာကို သက္သာေစပါတယ္။
၃။ ေရေႏြးဟာ ခႏၶာကိုယ္တြင္းက အဆီပိုေတြကို ဖယ္ရွားေပးႏိုင္တာေၾကာင့္ ဝိတ္က်ဖို႔အတြက္ အေထာက္အကူျဖစ္ေစပါတယ္။ ေရဓာတ္ျပည့္ဝေနတဲ့ ခႏၶာကိုယ္ဟာ ႂကြက္သားနဲ႔ ခႏၶာကိုယ္အစိတ္အပိုင္းေတြ ရဲ႕ လႈပ္ရွားမႈကို သြက္လက္ျမန္ဆန္ေစပါတယ္။ အဲဒါေၾကာင့္ ခႏၶာကိုယ္တြင္းက ဇီဝကမၼျဖစ္စဥ္ကို ပိုေကာင္း ေစၿပီး ကယ္လိုရီေတြကိုလည္း အလ်င္အျမန္ေလာင္ကြၽမ္းေစႏိုင္ပါတယ္။
၄။ ပုံမွန္အေနနဲ႔ အစားမစားခင္ ၁၅ မိနစ္အလိုမွာ ေရေႏြးကို ေသာက္သုံးေပးသင့္ပါတယ္။ အဲဒီလိုေသာက္သုံး ေပးျခင္းက အစားအလြန္အကြၽံစားမိတာမ်ိဳး မျဖစ္ေစေတာ့ဘဲ ကယ္လိုရီကိုလည္း ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ ေရေအးထက္စာရင္ မနက္တိုင္း ေရေႏြးေသာက္သုံးေပးျခင္းက အစာစားခ်င္စိတ္ အလြန္အကြၽံျဖစ္ေပၚျခင္းကို ေလ်ာ့က်ေစသလို ေရဓာတ္ျဖည့္တင္းေပးၿပီး အစာအိမ္အတြက္လည္း ပိုေကာင္းပါတယ္။
၅။ အိပ္ရာႏိုးႏိုးခ်င္း အစာအိမ္ထဲမွာ ဘာမွမရွိေသးတဲ့အခ်ိန္မွာ ေရေႏြးကို ေသာက္သုံးရမွာျဖစ္ပါတယ္။ ေရေႏြးေႏြးထဲမွာ သံပုရာရည္နည္းနည္းနဲ႔ ပ်ားရည္တို႔ကို ေရာထည့္ၿပီး ေသာက္သုံးမယ္ဆိုရင္လည္း အစာေခ် စနစ္ကို ပိုေကာင္းေစၿပီး က်န္းမာလွပတဲ့အသားအေရကို ရရွိေစမွာပါ။
၆။ ဝိတ္က်ဖို႔အတြက္ ေရေႏြးေသာက္သုံးရာမွာ ေရေႏြးျဖဴကိုပဲ အဓိကထားေသာက္သုံးသင့္ပါတယ္။ အပူဆိုေပမဲ့ ေရေႏြပူတစ္ခြက္ကို ေကာ္ဖီ ဒါမွမဟုတ္ လက္ဖက္ရည္တို႔နဲ႔ အစားထိုးေသာက္သုံးလို႔မရပါဘူး။
၇။ ေရေႏြးအျဖဴခ်ည္းပဲ အၿမဲမေသာက္ခ်င္ဘူးဆိုရင္ေတာ့ ေရေႏြးပူထဲမွာ ပ်ားရည္ ဒါမွမဟုတ္ သဘာ၀ သံပုရာ ရည္နည္နည္းကို ထပ္ေပါင္းထည့္ၿပီး ေသာက္သုံးႏိုင္ပါတယ္။ ဒါ့ျပင္ စပါးလင္၊ ဂ်င္းနဲ႔ ပူစီနံတို႔လို ေဆးဘက္ဝင္ အေမႊးအႀကိဳင္ပင္ေတြတင္မက သစ္သီးစိတ္ေလးေတြကို ထည့္ၿပီးလည္း ေသာက္ႏိုင္ပါတယ္။
ကဲ… ဝိတ္က်ခ်င္တယ္၊ ေလ့က်င့္ခန္းလည္းသိပ္မလုပ္ခ်င္ဘူးဆိုရင္ေတာ့ ေရေႏြးကိုသာ ပုံမွန္ေသာက္သုံး လိုက္ပါ။ ေရေႏြးေသာက္သုံးျခင္းက ဝိတ္က်ေစဖို႔ အလြယ္အကူဆုံးနဲ႔ ကုန္က်စရိတ္အသက္သာဆုံး နည္းလမ္း တစ္ခုပါပဲ။ ဒါ့ျပင္ ေရေႏြးဟာ ဝိတ္က်ဖို႔တင္မက က်န္းမာေရးအတြက္လည္း အက်ိဳးမ်ားစြာရရွိေစပါတယ္။
by Cherry Mon
Photo Credit: Unsplash, Pinterest
Ref; StyleCraze
Credit:we.media
Unicodeဖြင့်ဖတ်ရန်
ရေနွေးသောက်သုံးခြင်းက တကယ်ဝိတ်ကျစေနိုင်လား?
ဝိတ်လည်းကျချင်တယ်၊ gym ဆော့ရမှာလည်း ပျင်းတယ် ဒါမှမဟုတ် gym ဆော့ဖို့ သီးသန့်အချိန်မရှိဘူးဆိုရင် တော့ ဝိတ်ချဖို့အတွက် အရိုးရှင်းဆုံး အလွယ်ကူဆုံးနည်းလမ်းတစ်ခုရှိပါတယ်။ အဲဒါကတော့ ရေနွေး သောက်သုံးခြင်း ပါပဲ။ ရေနွေးဆိုတာ အိမ်တိုင်းလိုလိုမှာ အလွယ်တကူရရှိနိုင်တဲ့အရာပါ။ ရေနွေးဟာ ကျန်းမာရေးကို အကျိုးပြုရုံတင်မက ဝိတ်လည်းကျစေပါတယ်။ အဲဒါကြောင့် ရေနွေးက ခန္ဓာကိုယ်ကျန်းမာရေးနဲ့ ဝိတ်ကျစေဖို့အတွက် ဘယ်လိုအထောက်အကူပြုလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
၁။ လူ့ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေစေမယ့် သဘာဝအကျဆုံးနည်းလမ်းတစ်ခုကတော့ ရေလုံလောက်စွာ သောက်သုံးခြင်းပါပဲ။ အပူပဲဖြစ်ဖြစ် အအေးပဲဖြစ်ဖြစ်ပါ။ အာဟာရတွေစုပ်ယူဖို့နဲ့ စွန့်ပစ်အရာတွေကို စွန့်ထုတ်ဖို့ အတွက် ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တိုင်းက ရေကို လိုအပ်ပါတယ်။ အဲဒါကြောင့် လူတစ်ယောက်ဟာ တစ်နေ့ကို အနည်းဆုံး ရေ ၈ ဖန်ခွက်လောက် သောက်သုံးသင့်ပါတယ်။ ရေအေးပဲဖြစ်ဖြစ်၊ ရေနွေးပဲဖြစ်ဖြစ် ကောင်းပေမဲ့ ရေနွေးကတော့ သင့်ခန္ဓာကိုယ်ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်ပါတယ်။
၂။ ရေနွေးသောက်သုံးခြင်းဟာ ခန္ဓာကိုယ်တွင်းကို ထိရောက်စွာ သန့်စင်စေဖို့ အထောက်အကူပြုပါတယ်။ တစ်နေ့ကို ရေနွေး ၂ ခွက်လောက်သောက်ရုံနဲ့ အစာမကြေနဲ့ ပြဿနာကို ဖြေရှင်းနိုင်ပါတယ်။ မနက်စောစော မှာ ရေနွေးတစ်ခွက်သောက်သုံးခြင်းဟာ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို သန့်စင်ဖယ်ရှားပေးနိုင်ပါ တယ်။ ဒါ့ပြင် မနက်တိုင်းရေနွေးပုံမှန်သောက်ခြင်းဟာ ဝမ်းပုံမှန်သွားစေပြီး ဝမ်းချုပ်တဲ့ဝေဒနာကို သက်သာစေပါတယ်။
၃။ ရေနွေးဟာ ခန္ဓာကိုယ်တွင်းက အဆီပိုတွေကို ဖယ်ရှားပေးနိုင်တာကြောင့် ဝိတ်ကျဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။ ရေဓာတ်ပြည့်ဝနေတဲ့ ခန္ဓာကိုယ်ဟာ ကြွက်သားနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ရဲ့ လှုပ်ရှားမှုကို သွက်လက်မြန်ဆန်စေပါတယ်။ အဲဒါကြောင့် ခန္ဓာကိုယ်တွင်းက ဇီဝကမ္မဖြစ်စဉ်ကို ပိုကောင်း စေပြီး ကယ်လိုရီတွေကိုလည်း အလျင်အမြန်လောင်ကျွမ်းစေနိုင်ပါတယ်။
၄။ ပုံမှန်အနေနဲ့ အစားမစားခင် ၁၅ မိနစ်အလိုမှာ ရေနွေးကို သောက်သုံးပေးသင့်ပါတယ်။ အဲဒီလိုသောက်သုံး ပေးခြင်းက အစားအလွန်အကျွံစားမိတာမျိုး မဖြစ်စေတော့ဘဲ ကယ်လိုရီကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ရေအေးထက်စာရင် မနက်တိုင်း ရေနွေးသောက်သုံးပေးခြင်းက အစာစားချင်စိတ် အလွန်အကျွံဖြစ်ပေါ်ခြင်းကို လျော့ကျစေသလို ရေဓာတ်ဖြည့်တင်းပေးပြီး အစာအိမ်အတွက်လည်း ပိုကောင်းပါတယ်။
၅။ အိပ်ရာနိုးနိုးချင်း အစာအိမ်ထဲမှာ ဘာမှမရှိသေးတဲ့အချိန်မှာ ရေနွေးကို သောက်သုံးရမှာဖြစ်ပါတယ်။ ရေနွေးနွေးထဲမှာ သံပုရာရည်နည်းနည်းနဲ့ ပျားရည်တို့ကို ရောထည့်ပြီး သောက်သုံးမယ်ဆိုရင်လည်း အစာချေ စနစ်ကို ပိုကောင်းစေပြီး ကျန်းမာလှပတဲ့အသားအရေကို ရရှိစေမှာပါ။
၆။ ဝိတ်ကျဖို့အတွက် ရေနွေးသောက်သုံးရာမှာ ရေနွေးဖြူကိုပဲ အဓိကထားသောက်သုံးသင့်ပါတယ်။ အပူဆိုပေမဲ့ ရေနွေပူတစ်ခွက်ကို ကော်ဖီ ဒါမှမဟုတ် လက်ဖက်ရည်တို့နဲ့ အစားထိုးသောက်သုံးလို့မရပါဘူး။
၇။ ရေနွေးအဖြူချည်းပဲ အမြဲမသောက်ချင်ဘူးဆိုရင်တော့ ရေနွေးပူထဲမှာ ပျားရည် ဒါမှမဟုတ် သဘာ၀ သံပုရာ ရည်နည်နည်းကို ထပ်ပေါင်းထည့်ပြီး သောက်သုံးနိုင်ပါတယ်။ ဒါ့ပြင် စပါးလင်၊ ဂျင်းနဲ့ ပူစီနံတို့လို ဆေးဘက်ဝင် အမွှေးအကြိုင်ပင်တွေတင်မက သစ်သီးစိတ်လေးတွေကို ထည့်ပြီးလည်း သောက်နိုင်ပါတယ်။
ကဲ… ဝိတ်ကျချင်တယ်၊ လေ့ကျင့်ခန်းလည်းသိပ်မလုပ်ချင်ဘူးဆိုရင်တော့ ရေနွေးကိုသာ ပုံမှန်သောက်သုံး လိုက်ပါ။ ရေနွေးသောက်သုံးခြင်းက ဝိတ်ကျစေဖို့ အလွယ်အကူဆုံးနဲ့ ကုန်ကျစရိတ်အသက်သာဆုံး နည်းလမ်း တစ်ခုပါပဲ။ ဒါ့ပြင် ရေနွေးဟာ ဝိတ်ကျဖို့တင်မက ကျန်းမာရေးအတွက်လည်း အကျိုးများစွာရရှိစေပါတယ်။
by Cherry Mon
Photo Credit: Unsplash, Pinterest
Ref; StyleCraze
Credit:we.media

မှတ်ချက်များ