Zawgyiျဖင့္ဖတ္ရန္
Birmingham တကၠသိုလ္မွ ေက်ာင္းသားေလးတစ္ေယာက္ဟာ မနက္ျဖန္ အလုပ္စ၀င္မယ္ဆို ဒီေန႔လိုညမ်ိဳးမွာ အိမ္ကကားက ပ်က္သြားခဲ့ပါတယ္။
နည္းနည္းကသီေပမယ့္ သူဟာလံုး၀ လက္မေလွ်ာ့လိုက္ပါဘူး။ အလုပ္အေပၚ တန္ဖိုးထားတဲ့ Walter Carr က Homewood ျမိဳ႕ကေန Pelham ထိ မိုင္ (၂၀) ရွိတဲ့ ခရီးကို ညသန္းေခါင္ခ်ိန္ ေမွာင္ၾကီးမဲၾကီးထဲေလွ်ာက္ျပီး ေရာက္ေအာင္သြားခဲ့ပါတယ္။
Carver အထက္တန္းေက်ာင္းက ေအာင္ျပီး ယူအက္စ္ မရိန္းတစ္ေယာက္ျဖစ္ဖို႔ ေမွ်ာ္လင့္ခဲ့သူ Carr ဟာ Bellhops Moving Company မွာ အလုပ္,လုပ္ခ်င္လြန္းလို႔ ေသာၾကာေန႔ မနက္အေစာ တစ္ပိုင္းလံုး လမ္းေလွ်ာက္လာခဲ့ရပါတယ္။ Hoover ျမိဳ႕ကို မနက္ (၂) နာရီမွာ ေရာက္ျပီး အဲ့ဒီ့ကမွ တဆင့္ Pelham ျမိဳ႕ကို ခရီးႏွင္ခဲ့ျပီး မနက္ (၄) နာရီမွာ ေရာက္ရွိခဲ့ပါတယ္။
Carr ေလွ်ာက္လာခဲ့တဲ့ လမ္းမွာ ၾကင္နာေဖာ္ေရြးတတ္တဲ့ ရဲႏွစ္ေယာက္နဲ႔ ဆံုေတြ႔ခဲ့ပါတယ္။ အဲဒီ့စံုတြဲက Carr ရဲ႕ အလုပ္အေပၚထားတဲ့ ေစတနာ၊ က်င့္၀တ္ေတြ အေၾကာင္းကို Jenny Lemmy ဆိုတဲ့မ်ိဳးသမီးကိုေျပာျပပါတယ္။ ဒါကို အဲ့ဒီအမ်ိဳးသမီးက ဆိုရွယ္မီဒီယာမွာ ေဖာက္သည္ခ်ခဲ့ျပီး အဲ့ဒီ ပိုစ့္ကလည္း ပ်ံ႕ႏွ႔ံသြားကာ အလုပ္ရွင္ေတာင္ ေရာက္ရာ အရပ္ကေနျပန္လာျပီး Carr ကို ေက်းဇူးတင္ေၾကာင္း ေျပာခဲ့ရတဲ့အထိပါပဲ။
Bellhops ရဲ႕ CEO ျဖစ္သူ Luke Marklin က Tennesse ကေန သူမဟုတ္သလို အေယာင္ေဆာင္ျပီး ျပန္လာကာ Carr နဲ႔ အတူ ေကာ္ဖီေသာက္ရင္း ေက်းဇူးတင္စကားဆိုခဲ့ပါတယ္။ ဒီေတြ႔ဆံုမႈရဲ႕ အဆံုးမွာေတာ့ Carr တစ္ေယာက္ အၾကီးအက်ယ္ အံ့အားသင့္ဖြယ္စရာ ၾကံဳခဲ့တယ္။ အေၾကာင္းကေတာ့ Marklin က သူူရဲ႕ အလုပ္ကို Carr ကဘယ္လိုထားသလဲဆိုတာကိုသိျပီး ရိုးသာမႈကို ဂုဏ္ျပဳတဲ့အေနနဲ႔ 2014 Ford Escape ကားကို လက္ေဆာင္ေပးလိုက္တာေၾကာင့္ပဲျဖစ္တယ္။ Carr မွာ စိတ္လႈပ္ရွားလြန္းလို႔ မ်က္ရည္ပါက်တဲ့ အထိပါပဲ။
Walter Carr ဆိုတဲ့ ဒီလူငယ္ေလးဟာ က်န္းမာေရး သိပၸံနဲ႔ ဆက္စပ္တဲ့ ဘြဲ႔ကို Law State မွ ဒီ ဒီဇင္ဘာမွာရဖို႔ အစီအစဥ္ရွိေနပါတယ္။ ယူအက္ မရိန္းမွာလည္း အမႈထမ္းလိုျပီး အဲ့ဒီေနာက္မွာ့ Birmingham ျမိဳ႕ကို ျပန္လာကာ ရုပ္ပိုင္ဆိုင္ရာ ကုထံုးပညာရပ္နဲ႔ ၀ိဇၨာဘြဲ႔ရယူမွာျဖစ္တယ္လို႔သိရပါတယ္။ အရင္က New Orleans ျမိဳ႕မွာ ေနထိုင္ခဲ့ျပီး Katrina ဟာရီကိန္းမုန္တိုင္းေၾကာင့္ ေနအိမ္ဆံုးရွႈံးသြားျပီး Birmingham ကိုေျပာင္းေရြ႕လာခဲ့ရတယ္လို႔လည္း သိရပါတယ္။
Source: Al
Credit- Matthew (Shwemom)
Unicodeဖြင့်ဖတ်ရန်
အလုပ်စဆင်းတဲ့ ရက်မှာတင် သူဌေးက ကားတစီးဆုချရတဲ့အထိ အလုပ်အပေါ် တန်ဖိုးထားသူ
Birmingham တက္ကသိုလ်မှ ကျောင်းသားလေးတစ်ယောက်ဟာ မနက်ဖြန် အလုပ်စဝင်မယ်ဆို ဒီနေ့လိုညမျိုးမှာ အိမ်ကကားက ပျက်သွားခဲ့ပါတယ်။
နည်းနည်းကသီပေမယ့် သူဟာလုံး၀ လက်မလျှော့လိုက်ပါဘူး။ အလုပ်အပေါ် တန်ဖိုးထားတဲ့ Walter Carr က Homewood မြို့ကနေ Pelham ထိ မိုင် (၂၀) ရှိတဲ့ ခရီးကို ညသန်းခေါင်ချိန် မှောင်ကြီးမဲကြီးထဲလျှောက်ပြီး ရောက်အောင်သွားခဲ့ပါတယ်။
Carver အထက်တန်းကျောင်းက အောင်ပြီး ယူအက်စ် မရိန်းတစ်ယောက်ဖြစ်ဖို့ မျှော်လင့်ခဲ့သူ Carr ဟာ Bellhops Moving Company မှာ အလုပ်,လုပ်ချင်လွန်းလို့ သောကြာနေ့ မနက်အစော တစ်ပိုင်းလုံး လမ်းလျှောက်လာခဲ့ရပါတယ်။ Hoover မြို့ကို မနက် (၂) နာရီမှာ ရောက်ပြီး အဲ့ဒီ့ကမှ တဆင့် Pelham မြို့ကို ခရီးနှင်ခဲ့ပြီး မနက် (၄) နာရီမှာ ရောက်ရှိခဲ့ပါတယ်။
Carr လျှောက်လာခဲ့တဲ့ လမ်းမှာ ကြင်နာဖော်ရွေးတတ်တဲ့ ရဲနှစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ အဲဒီ့စုံတွဲက Carr ရဲ့ အလုပ်အပေါ်ထားတဲ့ စေတနာ၊ ကျင့်ဝတ်တွေ အကြောင်းကို Jenny Lemmy ဆိုတဲ့မျိုးသမီးကိုပြောပြပါတယ်။ ဒါကို အဲ့ဒီအမျိုးသမီးက ဆိုရှယ်မီဒီယာမှာ ဖောက်သည်ချခဲ့ပြီး အဲ့ဒီ ပိုစ့်ကလည်း ပျံ့နှံ့သွားကာ အလုပ်ရှင်တောင် ရောက်ရာ အရပ်ကနေပြန်လာပြီး Carr ကို ကျေးဇူးတင်ကြောင်း ပြောခဲ့ရတဲ့အထိပါပဲ။
Bellhops ရဲ့ CEO ဖြစ်သူ Luke Marklin က Tennesse ကနေ သူမဟုတ်သလို အယောင်ဆောင်ပြီး ပြန်လာကာ Carr နဲ့ အတူ ကော်ဖီသောက်ရင်း ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ ဒီတွေ့ဆုံမှုရဲ့ အဆုံးမှာတော့ Carr တစ်ယောက် အကြီးအကျယ် အံ့အားသင့်ဖွယ်စရာ ကြုံခဲ့တယ်။ အကြောင်းကတော့ Marklin က သူူရဲ့ အလုပ်ကို Carr ကဘယ်လိုထားသလဲဆိုတာကိုသိပြီး ရိုးသာမှုကို ဂုဏ်ပြုတဲ့အနေနဲ့ 2014 Ford Escape ကားကို လက်ဆောင်ပေးလိုက်တာကြောင့်ပဲဖြစ်တယ်။ Carr မှာ စိတ်လှုပ်ရှားလွန်းလို့ မျက်ရည်ပါကျတဲ့ အထိပါပဲ။
Walter Carr ဆိုတဲ့ ဒီလူငယ်လေးဟာ ကျန်းမာရေး သိပ္ပံနဲ့ ဆက်စပ်တဲ့ ဘွဲ့ကို Law State မှ ဒီ ဒီဇင်ဘာမှာရဖို့ အစီအစဉ်ရှိနေပါတယ်။ ယူအက် မရိန်းမှာလည်း အမှုထမ်းလိုပြီး အဲ့ဒီနောက်မှာ့ Birmingham မြို့ကို ပြန်လာကာ ရုပ်ပိုင်ဆိုင်ရာ ကုထုံးပညာရပ်နဲ့ ဝိဇ္ဇာဘွဲ့ရယူမှာဖြစ်တယ်လို့သိရပါတယ်။ အရင်က New Orleans မြို့မှာ နေထိုင်ခဲ့ပြီး Katrina ဟာရီကိန်းမုန်တိုင်းကြောင့် နေအိမ်ဆုံးရှှုံးသွားပြီး Birmingham ကိုပြောင်းရွေ့လာခဲ့ရတယ်လို့လည်း သိရပါတယ်။
Source: Al
Credit- Matthew (Shwemom)


မှတ်ချက်များ