ျမန္မာစကားေျပာ ကြၽမ္းက်င္လို႔ လူခ်စ္လူခင္ေပါမ်ားေနတဲ့ ႐ုရွားႏိုင္ငံသူေလး ဝသုန္မိုး





Zawgyi ျဖင့္ဖတ္ရန္

( Video ဖိုင္ကို ေအာက္ဆုံးမွာတြဲၿပီး တင္ေပးထားပါတယ္ ) လူေတာ္ေတာ္မ်ားမ်ားကေတာ့ မိခင္ဘာသာစကားကို သာကြၽမ္းက်င္စြာေျပာႏိုင္ၿပီး၊ တစ္ျခားဘာသာစကားကို ေျပာႏိုင္ဖို႔ ခက္ခဲၾကပါတယ္။ ေျပာႏိုင္ခဲ့ရင္ေတာင္မွ ေလယူေလသိမ္းနဲ႔ အသံထြက္ေတြကလည္း နားလည္ဖို႔ခက္ခဲေနျပန္ပါတယ္။ သို႔ေပမယ္ အခ်ိဳ႕ေသာ လူေတြကေတာ့ မိခင္ဘာသာစကားအျပင္ကို တျခားဘာသာစကား ၃/၄ မ်ိဳးေလာက္ကိုလည္း ကြၽမ္းက်င္စြာ ေျပာဆိုႏိုင္ပါေသးတယ္။ ဒီလိုလူေတြထဲကမွ ဝသုန္မိုးဆိုတဲ့ ႐ုရွားသူေလးဟာ ျမန္မာစကားကို ကြၽမ္းကြၽမ္းက်င္က်င္ ေျပာဆိုႏိုင္ပါတယ္။ ဒ့ါေၾကာင့္လည္း ျမန္မာႏိုင္ငံ လူမႈကြန္ယက္မွာ သူမဟာ နာမည္ႀကီးၿပီး လူခ်စ္လူခင္ေပါလ်က္ရွိပါတယ္။





သူမဟာ စကားေျပာတြင္သာမက စာေပအသုံးအႏႈန္းဟာလည္း ထက္ျမတ္သူတစ္ေယာက္ျဖစ္ပါတယ္။ စာေရးဆရာေတြေရးသကဲ့သို႔ စကားလုံး အသုံးအႏႈန္း၊ အထားအသိုဟာလည္း အံၾသဖြယ္ေအာင္ကို ေကာင္းလြန္းလွပါတယ္။ ဒ့ါေၾကာင့္လည္း ျမန္မာလူမ်ိဳးေတြဟာ အံၾသမွင္သက္ခဲ့ၾကရပါတယ္။



သူမဟာ တကၠသိုလ္မွာ တ႐ုတ္ဘာနဲ႔ ျမန္မာဘာသာ ေမဂ်ာတြဲမွာ ျမန္မာဘာသာကို ေ႐ြးခဲ့တာလို႔ ဆိုပါတယ္။ ျမန္မာအသံထြက္ေတြဟာ သူမကို ေပ်ာ္႐ႊင္ေစတယ္လို႔ ဆိုပါတယ္။ ဒီစကားေတြကို ေျပာဆိုေနခ်ိန္ဟာ အိမ္ကို အေဝးက ျပန္ေရာက္လာခဲ့ရသလို ခံစားရတယ္လို႔ ဆိုပါတယ္။ ျမန္မာဘာသာစကားကိုေ႐ြးခ်ယ္ခဲ့ရင္ အလုပ္အကိုင္ ရွားမယ္ဆိုတာ သိေပမယ့္လည္း သူမႏွစ္သက္တဲ့ ဘာသာစကားျဖစ္တာေၾကာင့္ ျမန္မာဘာသာစကားကိုပဲ ေ႐ြးခ်ယ္ခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။ သူမဟာ ဘာသာစကားေတြအျပင္ ျမန္မာတို႔ရဲ႕ ဓေလ့႐ိုးရာကို ႏွစ္သက္ပါေသးတယ္။ ျမန္မာအစားအစားေတြထဲမွာ မုန႔္ဟင္းခါးကို ႀကိဳက္ႏွစ္သက္ဆုံးျဖစ္ပါတယ္။



ဒ့ါေၾကာင့္လည္း အခုဗီဒီယိုေလးမွာ ျမန္မာမုန႔္ဟင္းခါးကို ႐ုရွားလိုခ်က္တယ္ဆိုၿပီး သူမက ေျပာထားပါတယ္။ ႐ုရွားႏိုင္ငံမွာ ျမန္မာမုန႔္ဟင္းခါးခ်က္ဖို႔အတြက္ အခက္အခဲေလးေတြရွိပါတယ္။ ပစၥည္အမယ္ရွားတဲ့အတြက္ ျဖစ္ေအာင္ခ်က္ရပါတယ္။ ပရိတ္သတ္ႀကီးေရ ျမန္မာလူမ်ိဳးေတြကိုလည္း ခ်စ္တယ္၊ ျမန္မာစကားကိုႏွစ္သက္ၿပီး၊ ျမန္မာတို႔ရဲ႕ ယဥ္ေက်းမႈကို ျမတ္ႏိုးသူေလးရဲ႕ မုန႔္ဟင္းခါးခ်က္နည္းေလးကို ၾကည့္ရႈအားေပးလိုက္ၾကပါဦးေနာ္။



share from: burmese.asia


Unicode ဖြင့်ဖတ်ရန်

မြန်မာစကားပြော ကျွမ်းကျင်လို့ လူချစ်လူခင်ပေါများနေတဲ့ ရုရှားနိုင်ငံသူလေး ဝသုန်မိုး

( Video ဖိုင်ကို အောက်ဆုံးမှာတွဲပြီး တင်ပေးထားပါတယ် ) လူတော်တော်များများကတော့ မိခင်ဘာသာစကားကို သာကျွမ်းကျင်စွာပြောနိုင်ပြီး၊ တစ်ခြားဘာသာစကားကို ပြောနိုင်ဖို့ ခက်ခဲကြပါတယ်။ ပြောနိုင်ခဲ့ရင်တောင်မှ လေယူလေသိမ်းနဲ့ အသံထွက်တွေကလည်း နားလည်ဖို့ခက်ခဲနေပြန်ပါတယ်။ သို့ပေမယ် အချို့သော လူတွေကတော့ မိခင်ဘာသာစကားအပြင်ကို တခြားဘာသာစကား ၃/၄ မျိုးလောက်ကိုလည်း ကျွမ်းကျင်စွာ ပြောဆိုနိုင်ပါသေးတယ်။ ဒီလိုလူတွေထဲကမှ ဝသုန်မိုးဆိုတဲ့ ရုရှားသူလေးဟာ မြန်မာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်ပါတယ်။ ဒ့ါကြောင့်လည်း မြန်မာနိုင်ငံ လူမှုကွန်ယက်မှာ သူမဟာ နာမည်ကြီးပြီး လူချစ်လူခင်ပေါလျက်ရှိပါတယ်။



သူမဟာ စကားပြောတွင်သာမက စာပေအသုံးအနှုန်းဟာလည်း ထက်မြတ်သူတစ်ယောက်ဖြစ်ပါတယ်။ စာရေးဆရာတွေရေးသကဲ့သို့ စကားလုံး အသုံးအနှုန်း၊ အထားအသိုဟာလည်း အံသြဖွယ်အောင်ကို ကောင်းလွန်းလှပါတယ်။ ဒ့ါကြောင့်လည်း မြန်မာလူမျိုးတွေဟာ အံသြမှင်သက်ခဲ့ကြရပါတယ်။



သူမဟာ တက္ကသိုလ်မှာ တရုတ်ဘာနဲ့ မြန်မာဘာသာ မေဂျာတွဲမှာ မြန်မာဘာသာကို ရွေးခဲ့တာလို့ ဆိုပါတယ်။ မြန်မာအသံထွက်တွေဟာ သူမကို ပျော်ရွှင်စေတယ်လို့ ဆိုပါတယ်။ ဒီစကားတွေကို ပြောဆိုနေချိန်ဟာ အိမ်ကို အဝေးက ပြန်ရောက်လာခဲ့ရသလို ခံစားရတယ်လို့ ဆိုပါတယ်။ မြန်မာဘာသာစကားကိုရွေးချယ်ခဲ့ရင် အလုပ်အကိုင် ရှားမယ်ဆိုတာ သိပေမယ့်လည်း သူမနှစ်သက်တဲ့ ဘာသာစကားဖြစ်တာကြောင့် မြန်မာဘာသာစကားကိုပဲ ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ သူမဟာ ဘာသာစကားတွေအပြင် မြန်မာတို့ရဲ့ ဓလေ့ရိုးရာကို နှစ်သက်ပါသေးတယ်။ မြန်မာအစားအစားတွေထဲမှာ မုန့်ဟင်းခါးကို ကြိုက်နှစ်သက်ဆုံးဖြစ်ပါတယ်။



ဒ့ါကြောင့်လည်း အခုဗီဒီယိုလေးမှာ မြန်မာမုန့်ဟင်းခါးကို ရုရှားလိုချက်တယ်ဆိုပြီး သူမက ပြောထားပါတယ်။ ရုရှားနိုင်ငံမှာ မြန်မာမုန့်ဟင်းခါးချက်ဖို့အတွက် အခက်အခဲလေးတွေရှိပါတယ်။ ပစ္စည်အမယ်ရှားတဲ့အတွက် ဖြစ်အောင်ချက်ရပါတယ်။ ပရိတ်သတ်ကြီးရေ မြန်မာလူမျိုးတွေကိုလည်း ချစ်တယ်၊ မြန်မာစကားကိုနှစ်သက်ပြီး၊ မြန်မာတို့ရဲ့ ယဉ်ကျေးမှုကို မြတ်နိုးသူလေးရဲ့ မုန့်ဟင်းခါးချက်နည်းလေးကို ကြည့်ရှုအားပေးလိုက်ကြပါဦးနော်။


share from: burmese.asia



မှတ်ချက်များ