ယခုႏွစ္အတြင္းဇာတ္ကားအမ်ားဆုံးထြက္ရွိခဲ့ၿပီး အကယ္ဒမီအတြက္ရင္ခုန္ရဆုံး တစ္ေျပးမင္းသမီး(၂)ဦး
Zawgyi ျဖင့္ဖတ္ရန္
အခုဆိုရင္ ႏိုဝင္ဘာလေႏွာင္းပိုင္းကိုေရာက္ရွိလာၿပီျဖစ္ၿပီး (၂၀၁၉) ခုႏွစ္ကုန္ဆုံးကာ(၂၀၂၀)ကို ကူးေျပာင္းေတာ့မွာလည္းျဖစ္ပါတယ္။႐ုပ္ရွင္ခ်စ္ပရိသတ္ေတြကေတာ့ ကိုယ္အားေပးတဲ့အႏုပညာရွင္နဲ႔ပတ္သက္ၿပီး အကယ္ဒမီေပးပြဲႀကီးအတြက္ ရင္ခုန္ေနၾကတာျဖစ္ပါတယ္။ဒီတစ္ႏွစ္အတြင္းမွာ အမ်ိဳးသမီးဇာတ္ေဆာင္ဆုကိုေတာ့ရရွိႏိုင္ေျခရွိတဲ့ မင္းသမီးေတြမ်ားေနတာျဖစ္ပါတယ္။အဲ့ဒီအထဲကမွ ယခုႏွစ္အတြင္းဇာတ္ကားအမ်ားဆုံးထြက္ရွိခဲ့ၿပီး အကယ္ဒမီအတြက္ထင္ေၾကးေပးခံေနရတဲ့ ဒိတ္ဒိတ္ႀကဲမင္းသမီး(၂)လက္ရွိပါတယ္။သူတို႔ကေတာ့
(၁) အိျႏၵာေက်ာ္ဇင္
အႏုပညာကေဝဆိုၿပီးတင္စားခံရတဲ့ မအူဝဲကလည္း ယခုႏွစ္မွာ အကယ္ဒမီအတြက္ေရပန္းစားေနသူပါပဲ။သ႐ုပ္ေဆာင္ပိုင္ႏိုင္ပီျပင္လွသလို နာမည္ႀကီးဇာတ္ကားမွာသ႐ုပ္ေဆာင္ခဲ့တာေၾကာင့္ ပရိသတ္ေတြကေတာ့ အကယ္ဒမီအတြက္ထင္ေၾကးေပးခံေနရတာလည္းျဖစ္ပါတယ္။
ဒီတစ္ႏွစ္မွာေတာ့ ႐ိုးမေပၚက်တဲ့မ်က္ရည္ ၊ ကြၽန္မအခ်စ္ဆုံးေယာက္်ားသုံးေယာက္၊ဟစ္တိုင္ နဲ႔ BoxNo88 စတဲ့ဇာတ္ကားေကာင္းေကာင္းေတြခ်ည္းထြက္ရွိထားတာပါ။မအူဝဲကလည္းပဲ ဒီတစ္ႏွစ္မွာ အၾကမ္းစားသ႐ုက္ေဆာင္ခ်က္ေတြနဲ႔ အကယ္ဒမီကိုအရယူသြားဦးမလားဆိုတာရင္ခုန္စရာပါပဲ…။
(၂) ဝတ္မႈံေ႐ႊရည္
ဒီတစ္ႏွစ္မွာေတာ့ ဝတ္မႈန္ေ႐ႊရည္ဟာ Asian Academy Creative Awards မွာ “လိပ္ျပာစံအိမ္” ဇာတ္ကားနဲ႔ ဆုခ်ိတ္ထားတာေၾကာင့္ အကယ္ဒမီမွန္းေနၾကတာလည္းျဖစ္ပါတယ္။ဝတ္မႈန္ေ႐ႊရည္ရဲ႕သ႐ုပ္ေဆာင္ပိုမိုပီျပင္လာမႈဟာ ပရိသတ္ေတြမခ်ီးက်ဴးဘဲမေနႏိုင္ေလာက္ေအာင္ျဖစ္ေနရတာလည္းျဖစ္ပါတယ္။
ဒီဇာတ္ကားကေတာ့ ဝတ္မႈန္ေ႐ႊရည္အတြက္ ယခုႏွစ္အတြင္းမွာ အေဟာ့ဆုံးဇာတ္ကားတစ္ခုလည္းျဖစ္သလို အျခားေသာဇာတ္ကားေကာင္းေတြလည္းထြက္ရွိထားပါေသးတယ္။အဲ့ဒီဇာတ္ကားေတြကေတာ့ ခေရ ၊ႏွစ္ပတ္အလို နဲ႔ ဒ႑ာရီမိုး ျဖစ္ပါတယ္။
ဒီဇင္ဘာလမွာထြက္ရွိမယ့္ “တိမ္ေတြေပၚကပန္း” ဇာတ္ကားမွာလည္း ထိမိတဲ့သ႐ုပ္ေဆာင္ခ်က္ေတြနဲ႔ အကယ္ဒမီကိုၿခိမ္းေျခာက္ဦးမလားဆိုၿပီး ပရိသတ္ေတြကႀကိဳတင္ခန္႔မွန္းေနရတာပါ…။
Source : EaindraKyawZin,WuttHmoneShweYi
Unicode ဖြင့်ဖတ်ရန်
ယခုနှစ်အတွင်းဇာတ်ကားအများဆုံးထွက်ရှိခဲ့ပြီး အကယ်ဒမီအတွက်ရင်ခုန်ရဆုံး တစ်ပြေးမင်းသမီး(၂)ဦး
အခုဆိုရင် နိုဝင်ဘာလနှောင်းပိုင်းကိုရောက်ရှိလာပြီဖြစ်ပြီး (၂၀၁၉) ခုနှစ်ကုန်ဆုံးကာ(၂၀၂၀)ကို ကူးပြောင်းတော့မှာလည်းဖြစ်ပါတယ်။ရုပ်ရှင်ချစ်ပရိသတ်တွေကတော့ ကိုယ်အားပေးတဲ့အနုပညာရှင်နဲ့ပတ်သက်ပြီး အကယ်ဒမီပေးပွဲကြီးအတွက် ရင်ခုန်နေကြတာဖြစ်ပါတယ်။ဒီတစ်နှစ်အတွင်းမှာ အမျိုးသမီးဇာတ်ဆောင်ဆုကိုတော့ရရှိနိုင်ခြေရှိတဲ့ မင်းသမီးတွေများနေတာဖြစ်ပါတယ်။အဲ့ဒီအထဲကမှ ယခုနှစ်အတွင်းဇာတ်ကားအများဆုံးထွက်ရှိခဲ့ပြီး အကယ်ဒမီအတွက်ထင်ကြေးပေးခံနေရတဲ့ ဒိတ်ဒိတ်ကြဲမင်းသမီး(၂)လက်ရှိပါတယ်။သူတို့ကတော့
(၁) အိန္ဒြာကျော်ဇင်
အနုပညာကဝေဆိုပြီးတင်စားခံရတဲ့ မအူဝဲကလည်း ယခုနှစ်မှာ အကယ်ဒမီအတွက်ရေပန်းစားနေသူပါပဲ။သရုပ်ဆောင်ပိုင်နိုင်ပီပြင်လှသလို နာမည်ကြီးဇာတ်ကားမှာသရုပ်ဆောင်ခဲ့တာကြောင့် ပရိသတ်တွေကတော့ အကယ်ဒမီအတွက်ထင်ကြေးပေးခံနေရတာလည်းဖြစ်ပါတယ်။
ဒီတစ်နှစ်မှာတော့ ရိုးမပေါ်ကျတဲ့မျက်ရည် ၊ ကျွန်မအချစ်ဆုံးယောက်ျားသုံးယောက်၊ဟစ်တိုင် နဲ့ BoxNo88 စတဲ့ဇာတ်ကားကောင်းကောင်းတွေချည်းထွက်ရှိထားတာပါ။မအူဝဲကလည်းပဲ ဒီတစ်နှစ်မှာ အကြမ်းစားသရုက်ဆောင်ချက်တွေနဲ့ အကယ်ဒမီကိုအရယူသွားဦးမလားဆိုတာရင်ခုန်စရာပါပဲ…။
(၂) ဝတ်မှုံရွှေရည်
ဒီတစ်နှစ်မှာတော့ ဝတ်မှုန်ရွှေရည်ဟာ Asian Academy Creative Awards မှာ “လိပ်ပြာစံအိမ်” ဇာတ်ကားနဲ့ ဆုချိတ်ထားတာကြောင့် အကယ်ဒမီမှန်းနေကြတာလည်းဖြစ်ပါတယ်။ဝတ်မှုန်ရွှေရည်ရဲ့သရုပ်ဆောင်ပိုမိုပီပြင်လာမှုဟာ ပရိသတ်တွေမချီးကျူးဘဲမနေနိုင်လောက်အောင်ဖြစ်နေရတာလည်းဖြစ်ပါတယ်။
ဒီဇာတ်ကားကတော့ ဝတ်မှုန်ရွှေရည်အတွက် ယခုနှစ်အတွင်းမှာ အဟော့ဆုံးဇာတ်ကားတစ်ခုလည်းဖြစ်သလို အခြားသောဇာတ်ကားကောင်းတွေလည်းထွက်ရှိထားပါသေးတယ်။အဲ့ဒီဇာတ်ကားတွေကတော့ ခရေ ၊နှစ်ပတ်အလို နဲ့ ဒဏ္ဍာရီမိုး ဖြစ်ပါတယ်။
ဒီဇင်ဘာလမှာထွက်ရှိမယ့် “တိမ်တွေပေါ်ကပန်း” ဇာတ်ကားမှာလည်း ထိမိတဲ့သရုပ်ဆောင်ချက်တွေနဲ့ အကယ်ဒမီကိုခြိမ်းခြောက်ဦးမလားဆိုပြီး ပရိသတ်တွေကကြိုတင်ခန့်မှန်းနေရတာပါ…။
Source : EaindraKyawZin,WuttHmoneShweYi



မှတ်ချက်များ