႐ုပ္ေခ်ာလြန္းတဲ့လူေတြ ရည္းစားမရတဲ့အေၾကာင္းရင္း

Zawgyiျဖင့္ဖတ္ရန္
ရည္းစားထားတယ္ဆိုတာ လြယ္ကူတဲ႔ကိစၥတစ္ခုေတာ႔ မဟုတ္ပါဘူး။ ႏွစ္ဖက္အဆင္ေျပေအာင္ ညွိရမယ္။ နားလည္မႈေတြ အျပန္အလွန္ထားရွိရမယ္။ ႏွစ္ဖက္အသိုင္းအဝိုင္းနဲ႔ အဆင္ေျပေအာင္ ညွိယူရမယ္ အစရွိသျဖင္႔ လူမႈေရးကိစၥေတြ ရႈပ္ေထြးလွပါတယ္။
ဒါေပမယ္႔ ရည္းစားလိုခ်င္လို႔ (၂) ပိုင္းေလာက္ေသေနတဲ႔လူေတြက တခ်ိဳ႕လူေတြကို ရုပ္ေလးေခ်ာပါရက္နဲ႔ ဘာလို႔ရည္းစားမရွိလဲဆိုၿပီး အံ႕အားသင္႔ၾကပါတယ္။ ရုပ္ေခ်ာတဲ႔လူေတြ ရည္းစားမထားတဲ႔ အေၾကာင္းရင္းေတြကေတာ႔…
၁။ ေရြးစရာမ်ားလြန္းေနလို႔
တခ်ိဳ႕ေတြကေတာ႔ ေရြးခ်ယ္စရာမ်ားျပားလြန္းတာက ျပႆနာမဟုတ္ဘူးလို႔ ထင္စရာရွိေပမယ္႔ တကယ္ေတာ႔ သမီးရည္းစား ေရးရာမွာ ေရြးခ်ယ္စရာမ်ားျပားလြန္းျခင္းကလည္း ျပႆနာျဖစ္ေစႏိုင္ပါတယ္။ ဟိုတစ္ေယာက္ကလည္း ဟိုေနရာမွာေတာ္တယ္။
ဒီတစ္ေယာက္ကလည္း ဒီေနရာမွာေကာင္းတယ္။ ဒီလိုေတြ ေတြးေနတာနဲ႔ potential အဆင္႔မွာပဲထားၿပီး (ႀကိဳးရွည္ရွည္နဲ႔ လွန္ထားၿပီး) ရည္းစားမထားျဖစ္ေတာ႔ပါဘူး။ ၾကားေနက်စကားေလးလိုေပါ႔။ “ယူရင္တစ္ေယာက္ပဲရတယ္။ မယူရင္ အမ်ားႀကီးရတယ္” ဆိုသလိုေပါ႔။
၂။ ကိုယ္ရုပ္ေခ်ာလြန္းတာကို ေၾကာက္ၾကတယ္
ရုပ္ေခ်ာတဲ႔လူေတြဟာ ႀကိဳက္မယ္႔သူေတြ ပတ္ခ်ာလည္ဝိုင္းေနတဲ႔အတြက္ တခ်ိဳ႕ေတြက စိတ္ထဲမွာ ႀကိတ္ crush ေနတာေတာင္ မေျပာရဲၾကပါဘူး။ ႀကိဳက္တဲ႔သူကို ေခါင္းေခါက္ေရြးခ်ယ္လို႔ ရေနတဲ႔သူကို ခ်စ္ေနေၾကာင္း ရင္ဖြင္႔မိရင္ အျငင္းပယ္ခံရမွာ စိုးတာကတစ္ေၾကာင္း၊ ႀကိဳက္တဲ႔သူမ်ားလြန္းတဲ႔အတြက္ အျမဲလိုလို စိတ္မခ်ျဖစ္ေနရမွာ စိုးတာကတစ္ေၾကာင္းေၾကာင္႔ ဖြင္႔မေျပာရဲၾကပါဘူး။ ဒီလိုနဲ႔ ရုပ္ေခ်ာတဲ႔ကိုယ္ေတြ စင္ဂယ္ဘဝက မတက္ေတာ႔ပါဘူး။
၃။ ရုပ္ရည္နဲ႔ ေဝဖန္သံုးသပ္ခံရတယ္
လူတစ္ေယာက္ရဲ႕ရုပ္ရည္ဆိုတာ ေတြ႕ေတြ႕ခ်င္း အရင္ဆံုးျမင္ရတဲ႔အရာပါ။ လူတစ္ေယာက္ ပညာဘယ္ေလာက္တတ္တယ္။ ပစၥည္းဥစၥာဘယ္ေလာက္ရွိတယ္ ဆုိတာေတြကို မသိခင္ သူ႕ရုပ္ရည္ကို အရင္ဆံုး ျမင္ရတာပါ။ ဒါေၾကာင္႔ ရုုပ္ေခ်ာတဲ႔လူေတြ ၾကံဳရတတ္တဲ႔ ျပႆနာေနာက္တစ္ခုက အရာရာကို ရုပ္ရည္နဲ႔တိုင္းတာၿပီး အကဲျဖတ္ခံရပါတယ္။
ဥပမာ… “ရုပ္ေလးက သနားကမားနဲ႔” ဆိုၿပီး အစခ်ီတဲ႔ အတင္းစကားမ်ိဳးေပါ႔။ ေနာက္တစ္ခုက ရုပ္ရည္နဲ႔ အကဲျဖတ္တဲ႔အတြက္ တကယ္႔စိတ္ရင္းတို႔၊ အရည္အခ်င္းတို႔က ေနာက္မွာျမဳပ္ေနတတ္ပါတယ္။ လူတစ္ေယာက္နဲ႔တစ္ေယာက္ ဆက္ဆံရာမွာ စိတ္ေနစိတ္ထားက ပိုအေရးႀကီးတဲ႔အတြက္ ဒါဟာ ျပႆနာတစ္ခုျဖစ္လာပါတယ္။
၄။ လူေတြက သူတို႔ကို ေပါ႔ေပါ႔ပဲ ေတြးတတ္ၾကတယ္
ရုပ္ေခ်ာတဲ႔လူေတြ ၾကံဳရတတ္တဲ႔ ျပႆနာေနာက္တစ္ခုက လူေတြက သူတို႔ကို ေပါ႔ေပါ႔တန္တန္ပဲ ေတြးၾကပါတယ္။ သူတို႔ရဲ႕ရုပ္ရည္၊ သူတို႔ရဲ႕ခႏၶာကိုယ္ကိုပဲ မက္ေမာလို႔ ဘဝထဲ ဝင္လာၾကတဲ႔ လူေတြပဲ မ်ားၿပီး ဒါေတြမရွိေတာ႔တဲ႔တစ္ေန႕က်ရင္ စြန္႔ခြာသြားၾကမွာပါ။ ဒါေတြကုိေတြးမိၿပီး ရည္းစားမထားမိၾကေတာ႔ပါဘူး။
၅။ လူေတြရဲ႕တကယ္႔စိတ္ရင္းကို ခန္႕မွန္းဖို႔ခက္လာတယ္
ရုပ္ေခ်ာတဲ႔လူေတြအတြက္ေတာ႔ လူေတြက ကိုယ္႔ကို တကယ္ခ်စ္လို႔ ခ်ဥ္းကပ္လာတာလား။ ရုပ္ရည္ရူပကာကို မက္လို႔ခ်ဥ္းကပ္လာတာလား။ ခႏၶာကိုယ္အခ်ိဳးအစားကို မက္လို႔ ခ်ဥ္းကပ္လာတာလား ဆိုတာကို ခန္႕မွန္းရခက္ခဲလာပါတယ္။ ဒီလိုေတြ ေတြးၿပီး သံသယေတြဝင္လာတဲ႔အတြက္ အတည္တက်ရည္းစားထားဖို႔ ခက္ခဲလာမွာပါ။
Credit: Duwun
Unicodeဖြင့်ဖတ်ရန်

ရုပ်ချောလွန်းတဲ့လူတွေ ရည်းစားမရတဲ့အကြောင်းရင်း

ရည်းစားထားတယ်ဆိုတာ လွယ်ကူတဲ့ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ နှစ်ဖက်အဆင်ပြေအောင် ညှိရမယ်။ နားလည်မှုတွေ အပြန်အလှန်ထားရှိရမယ်။ နှစ်ဖက်အသိုင်းအဝိုင်းနဲ့ အဆင်ပြေအောင် ညှိယူရမယ် အစရှိသဖြင့် လူမှုရေးကိစ္စတွေ ရှုပ်ထွေးလှပါတယ်။
ဒါပေမယ့် ရည်းစားလိုချင်လို့ (၂) ပိုင်းလောက်သေနေတဲ့လူတွေက တချို့လူတွေကို ရုပ်လေးချောပါရက်နဲ့ ဘာလို့ရည်းစားမရှိလဲဆိုပြီး အံ့အားသင့်ကြပါတယ်။ ရုပ်ချောတဲ့လူတွေ ရည်းစားမထားတဲ့ အကြောင်းရင်းတွေကတော့…
၁။ ရွေးစရာများလွန်းနေလို့
တချို့တွေကတော့ ရွေးချယ်စရာများပြားလွန်းတာက ပြဿနာမဟုတ်ဘူးလို့ ထင်စရာရှိပေမယ့် တကယ်တော့ သမီးရည်းစား ရေးရာမှာ ရွေးချယ်စရာများပြားလွန်းခြင်းကလည်း ပြဿနာဖြစ်စေနိုင်ပါတယ်။ ဟိုတစ်ယောက်ကလည်း ဟိုနေရာမှာတော်တယ်။
ဒီတစ်ယောက်ကလည်း ဒီနေရာမှာကောင်းတယ်။ ဒီလိုတွေ တွေးနေတာနဲ့ potential အဆင့်မှာပဲထားပြီး (ကြိုးရှည်ရှည်နဲ့ လှန်ထားပြီး) ရည်းစားမထားဖြစ်တော့ပါဘူး။ ကြားနေကျစကားလေးလိုပေါ့။ “ယူရင်တစ်ယောက်ပဲရတယ်။ မယူရင် အများကြီးရတယ်” ဆိုသလိုပေါ့။
၂။ ကိုယ်ရုပ်ချောလွန်းတာကို ကြောက်ကြတယ်
ရုပ်ချောတဲ့လူတွေဟာ ကြိုက်မယ့်သူတွေ ပတ်ချာလည်ဝိုင်းနေတဲ့အတွက် တချို့တွေက စိတ်ထဲမှာ ကြိတ် crush နေတာတောင် မပြောရဲကြပါဘူး။ ကြိုက်တဲ့သူကို ခေါင်းခေါက်ရွေးချယ်လို့ ရနေတဲ့သူကို ချစ်နေကြောင်း ရင်ဖွင့်မိရင် အငြင်းပယ်ခံရမှာ စိုးတာကတစ်ကြောင်း၊ ကြိုက်တဲ့သူများလွန်းတဲ့အတွက် အမြဲလိုလို စိတ်မချဖြစ်နေရမှာ စိုးတာကတစ်ကြောင်းကြောင့် ဖွင့်မပြောရဲကြပါဘူး။ ဒီလိုနဲ့ ရုပ်ချောတဲ့ကိုယ်တွေ စင်ဂယ်ဘဝက မတက်တော့ပါဘူး။
၃။ ရုပ်ရည်နဲ့ ဝေဖန်သုံးသပ်ခံရတယ်
လူတစ်ယောက်ရဲ့ရုပ်ရည်ဆိုတာ တွေ့တွေ့ချင်း အရင်ဆုံးမြင်ရတဲ့အရာပါ။ လူတစ်ယောက် ပညာဘယ်လောက်တတ်တယ်။ ပစ္စည်းဥစ္စာဘယ်လောက်ရှိတယ် ဆိုတာတွေကို မသိခင် သူ့ရုပ်ရည်ကို အရင်ဆုံး မြင်ရတာပါ။ ဒါကြောင့် ရုပ်ချောတဲ့လူတွေ ကြုံရတတ်တဲ့ ပြဿနာနောက်တစ်ခုက အရာရာကို ရုပ်ရည်နဲ့တိုင်းတာပြီး အကဲဖြတ်ခံရပါတယ်။
ဥပမာ… “ရုပ်လေးက သနားကမားနဲ့” ဆိုပြီး အစချီတဲ့ အတင်းစကားမျိုးပေါ့။ နောက်တစ်ခုက ရုပ်ရည်နဲ့ အကဲဖြတ်တဲ့အတွက် တကယ့်စိတ်ရင်းတို့၊ အရည်အချင်းတို့က နောက်မှာမြုပ်နေတတ်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရာမှာ စိတ်နေစိတ်ထားက ပိုအရေးကြီးတဲ့အတွက် ဒါဟာ ပြဿနာတစ်ခုဖြစ်လာပါတယ်။
၄။ လူတွေက သူတို့ကို ပေါ့ပေါ့ပဲ တွေးတတ်ကြတယ်
ရုပ်ချောတဲ့လူတွေ ကြုံရတတ်တဲ့ ပြဿနာနောက်တစ်ခုက လူတွေက သူတို့ကို ပေါ့ပေါ့တန်တန်ပဲ တွေးကြပါတယ်။ သူတို့ရဲ့ရုပ်ရည်၊ သူတို့ရဲ့ခန္ဓာကိုယ်ကိုပဲ မက်မောလို့ ဘဝထဲ ဝင်လာကြတဲ့ လူတွေပဲ များပြီး ဒါတွေမရှိတော့တဲ့တစ်နေ့ကျရင် စွန့်ခွာသွားကြမှာပါ။ ဒါတွေကိုတွေးမိပြီး ရည်းစားမထားမိကြတော့ပါဘူး။
၅။ လူတွေရဲ့တကယ့်စိတ်ရင်းကို ခန့်မှန်းဖို့ခက်လာတယ်
ရုပ်ချောတဲ့လူတွေအတွက်တော့ လူတွေက ကိုယ့်ကို တကယ်ချစ်လို့ ချဉ်းကပ်လာတာလား။ ရုပ်ရည်ရူပကာကို မက်လို့ချဉ်းကပ်လာတာလား။ ခန္ဓာကိုယ်အချိုးအစားကို မက်လို့ ချဉ်းကပ်လာတာလား ဆိုတာကို ခန့်မှန်းရခက်ခဲလာပါတယ်။ ဒီလိုတွေ တွေးပြီး သံသယတွေဝင်လာတဲ့အတွက် အတည်တကျရည်းစားထားဖို့ ခက်ခဲလာမှာပါ။
Credit: Duwun

မှတ်ချက်များ