အျငင္းပြားေနၾကစဥ္ တစ္ဖက္လူကို မီးေလာင္ပစ္လ္ုက္တဲ့ လူယုတ္မာ



Zawgyiျဖင့္ဖတ္ရန္


ေဟာင္ေကာင္မွာ အမ်ိဳးသားတစ္ေယာက္ဟာ အျငင္းပြားရင္းနဲ႔ တစ္ဖက္လူကို မီးနဲ႔ရႈိ႕လိုက္တဲ့ ဗြီဒီယိုေလးတစ္ခု အင္တာနက္စာမ်က္ႏွာမွာ ပ်ံ႕ႏွံ႔လို႔ေနပါတယ္။အၾကမ္းဖက္မႈနဲ႔ အႀကီးအက်ယ္သတ္ျဖတ္မႈေတြကို ကမာၻတစ္ဝွမ္းက တားဆီးေနၾကတဲ့အခ်ိန္မွာ ဒီလိုရန္ျဖစ္ရာမွ မီးရႈိ႕သတ္ျဖတ္မႈဟာ သိပ္ကိုဂယက္ထသြားတဲ့ကိစၥပဲျဖစ္ပါတယ္။


ဒီျဖစ္ရပ္ဟာ ေဟာင္ေကာင္မွာျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး အစိမ္းေရာင္ဝတ္စုံဝတ္ဆင္ထားတဲ့ အမ်ိဳးသားဟာ စု႐ုံးကန႔္ကြက္မႈျဖစ္ေပၚေနစဥ္မွာ ဒဏ္ရာရသြားခဲ့တာပဲျဖစ္ပါတယ္။

ေသြးေတြထြက္ေနတဲ့သူ႔ကို ကူညီသန႔္ရွင္းေပးေနခ်ိန္မွာ ကင္မရာရဲ႕ေနာက္ကြယ္က ဆဲသံဆိုသံေတြကိုလည္း ဗြီဒီယိုေလးထဲမွာ ၾကားေနရတာပဲျဖစ္ပါတယ္။

႐ုတ္တရက္ထိတ္လန႔္သြားေစမယ့္ အျပဳအမူကေတာ့ အနက္ေရာင္ဝတ္စုံ ဝတ္ဆင္ထားတဲ့အမ်ိဳးသားဟာ ႐ုတ္တရက္ မီးေလာင္လြယ္တဲ့ အရည္ေတြနဲ႔ ထိုအမ်ိဳးသားကိုပတ္ကာ မီးရႈိ႕လိုက္ျခင္းပဲျဖစ္ပါတယ္။

ထိုအမ်ိဳးသားဟာ ေခါင္းမွ ေျခေခ်ာင္းေတြအထိ မီးေတာက္ေလာင္သြားခဲ့ၿပီး မီးထဲမွာေအာ္ေနတဲ့သူ႔ကို ဘယ္သူမွဝင္ေရာက္ကူညီခဲ့ျခင္းမရွိပါဘူး။

China Pressမွသတင္းအရ မီးေတာက္ေတြဟာ ထိုအမ်ိဳးသားကို မ်ိဳထားေပမယ့္ ေအာင္ျမင္စြာ မီးသတ္ႏိုင္ခဲ့ပါတယ္။ သို႔ေပမယ့္ ဒီမေတာ္တဆမႈေၾကာင့္ အေျခအေနကေတာ့ ဆိုး႐ြားလ်က္ရွိတယ္ လို႔သိရပါတယ္။

Writer -LLA ( Shwe Yaung Lan )

Source-World of buzz




Unicode ဖြင့်ဖတ်ရန်


ဟောင်ကောင်မှာ အမျိုးသားတစ်ယောက်ဟာ အငြင်းပွားရင်းနဲ့ တစ်ဖက်လူကို မီးနဲ့ရှို့လိုက်တဲ့ ဗွီဒီယိုလေးတစ်ခု အင်တာနက်စာမျက်နှာမှာ ပျံ့နှံ့လို့နေပါတယ်။အကြမ်းဖက်မှုနဲ့ အကြီးအကျယ်သတ်ဖြတ်မှုတွေကို ကမ္ဘာတစ်ဝှမ်းက တားဆီးနေကြတဲ့အချိန်မှာ ဒီလိုရန်ဖြစ်ရာမှ မီးရှို့သတ်ဖြတ်မှုဟာ သိပ်ကိုဂယက်ထသွားတဲ့ကိစ္စပဲဖြစ်ပါတယ်။


ဒီဖြစ်ရပ်ဟာ ဟောင်ကောင်မှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး အစိမ်းရောင်ဝတ်စုံဝတ်ဆင်ထားတဲ့ အမျိုးသားဟာ စုရုံးကန့်ကွက်မှုဖြစ်ပေါ်နေစဉ်မှာ ဒဏ်ရာရသွားခဲ့တာပဲဖြစ်ပါတယ်။

သွေးတွေထွက်နေတဲ့သူ့ကို ကူညီသန့်ရှင်းပေးနေချိန်မှာ ကင်မရာရဲ့နောက်ကွယ်က ဆဲသံဆိုသံတွေကိုလည်း ဗွီဒီယိုလေးထဲမှာ ကြားနေရတာပဲဖြစ်ပါတယ်။

ရုတ်တရက်ထိတ်လန့်သွားစေမယ့် အပြုအမူကတော့ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားတဲ့အမျိုးသားဟာ ရုတ်တရက် မီးလောင်လွယ်တဲ့ အရည်တွေနဲ့ ထိုအမျိုးသားကိုပတ်ကာ မီးရှို့လိုက်ခြင်းပဲဖြစ်ပါတယ်။

ထိုအမျိုးသားဟာ ခေါင်းမှ ခြေချောင်းတွေအထိ မီးတောက်လောင်သွားခဲ့ပြီး မီးထဲမှာအော်နေတဲ့သူ့ကို ဘယ်သူမှဝင်ရောက်ကူညီခဲ့ခြင်းမရှိပါဘူး။

China Pressမှသတင်းအရ မီးတောက်တွေဟာ ထိုအမျိုးသားကို မျိုထားပေမယ့် အောင်မြင်စွာ မီးသတ်နိုင်ခဲ့ပါတယ်။ သို့ပေမယ့် ဒီမတော်တဆမှုကြောင့် အခြေအနေကတော့ ဆိုးရွားလျက်ရှိတယ် လို့သိရပါတယ်။


Source-World of buzz



မှတ်ချက်များ