Zawgyiဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
ဒေါ်လာ ၁.၂၈ သန်းတန် လူကြီးကစားစရာတွေကို ခိုးသွားတဲ့လူတွေကို ရဲက အပူတပြင်း လိုက်ရှာနေ
အင်္ဂလန်နိုင်ငံ Northamptonshireမှာ ကုန်တင်ကား ဒရိုင်ဘာတစ်ဦးဟာ သူတင်ခဲ့တဲ့ကုန်တွေအခိုးခံခဲ့ရတဲ့အတွက် ပေးပို့ရမယ့်ဆီကို မပို့နိုင်ခဲ့ပါဘူး။ အခိုးခံရတဲ့ ကုန်စည်တွေဟာ ဒေါ်လာ 1.28 သန်းတန် လိင်စိတ်အာသာဖြေဖို့ ထုတ်လုပ်ထားတဲ့ လူကြီးအရုပ်တွေပဲဖြစ်ပါတယ်။လူကြီးအရုပ်တွေပဲဖြစ်ပါတယ်။
ထိုအရုပ်တွေဟာ ကားရပ်နားတဲ့နေရာမှာ ဒရိုင်ဘာအိပ်ပျော်နေစဉ် အခိုးခံခဲ့ရတာပဲဖြစ်ပါတယ်။ဒါ့ကြောင့် ရဲ့တွေဟာ အခိုးခံရချိန် မနက် ၁နာရီနဲ့ ၆နာရီခွဲကြား သူတို့ခပ်သုတ်သုတ်သွားနိုင်မယ့် အကွာအဝေးကို တိုင်းတာပြီး ခြေရာခံခဲ့ကြပါတယ်။
အခိုးခံခဲ့ရတဲ့ ကားရပ်နားတဲ့နေရာကို သူခိုးတွေလာရောက်ခဲ့တာကို မြင်တဲ့သူရှိမရှိကိုလည်း မေးမြန်းခဲ့ကြပါတယ်။ထိုပစ္စည်းတွေကို Felixstowe မှ Kettering သို့ ပို့ပေးရမှာဖြစ်ပြီး ရဲတွေကလည်း အားစိုက်ရှာဖွေလျက်ရှိကာ ပစ္စည်းပျောက်ဆုံးခြင်းအကြောင်းကိုလည်း ထုတ်ပြန်ခဲ့ကြပါတယ်။
Credit: LLA ( Shwe Yaung Lan )/9 gag


မှတ်ချက်များ