Zawgyiျဖင့္ဖတ္ရန္
ကမာၻ႔႐ုပ္ရွင္ေလာကထဲ ဂင္းနစ္စံခ်ိန္တင္ခဲ့ေသာလူ႐ိုင္း(သို႔) ေအာင္ျမင္မူ ေငြေၾကးခ်မ္းသာမူေတြကို မသိခဲ့တဲ့မင္းသားတစ္ေယာက္ရဲ႕ အတၳဳပၸတၱိ )
. ” ပီတာက ဆိတ္၇ေကာင္ေပးမယ္ဆိုလို႔ က်ေတာ္လိုက္လာတာ ႐ုပ္ရွင္ဆိုတဲ့စကားကို က်ေတာ္ အခုမွၾကားဖူးတာဗ်။ ဒီမွာ “ေန”အခါ ၃၀ ဝင္တဲ့အထိ ေနရမယ္ေျပာတယ္။
ၿပီးရင္က်ေတာ္ စန္တို႔ရွိတဲ့ဆီကို ဆိတ္ ၇ေကာင္ယူၿပီးျပန္မယ္။ ”
ေတာင္အာဖရိကတိုက္အစြန္ နမီးဘီးယားဆိုတဲ့ႏိုင္ငံေသးေသးေလးအျပင္ ၿမိဳ႕ျပနဲ႔မိုင္ေပါင္းမ်ားစြာေဝးတဲ့ အာဖရိကေတာတြင္းတစ္ေနရာမွာ စန္ဆိုတဲ့အာဖရိကလူ႐ိုင္း႐ြာေလး တစ္႐ြာရွိခဲ့တယ္။
ဒီ႐ြာေလးက နမီးဘီးယားႏိုင္ငံထဲက ကာလာဟာရီ သဲကႏၲာရထဲမွာရွိၿပီး အာဖရိကလူ႐ိုင္းမ်ိဴးႏြယ္ေတြထဲမွာ ေခတ္ေနာက္အက်ဆုံးလူမ်ိဳးစုေတြထဲက ၁၂ရာစုလူေနမူစနစ္လိုေနထိုင္ၾကတဲ့ ဘာဆာဝါ ဆိုတဲ့လူ႐ိုင္းမ်ိဴးႏြယ္စုရဲ႕႐ြာေလးပါ။
အမဲလိုက္ ပ်ားအုံဖြတ္ ငါးဖမ္းရင္း အသက္ေမြးၾကၿပီး လယ္ယာေျမစိုက္ပ်ိဴးမူကိုေတာင္ မသိရွိသလို သူတို႔ဘာသာစကားဟာ လူ၁ေသာင္းေတာင္ မသိတဲ့ဘာသာစကားတစ္ခုကို ေျပာၾကတဲ့လူ႐ိုင္း မ်ိဴးႏြယ္ပါ။
၃ႏွစ္ေလာက္ေနမွ ၿမိဳ႕ျပအမဲလိုက္အဖြဲ႕ေတြကို ေတြ႕ရေလ့ရွိၿပီး ဒါကိုကသူတို႔အတြက္အထူးအဆန္းျဖစ္ေလ့ရွိတဲ့ ကိစၥပါ။ သူတို႔ယုံ႔ၾကည္မူက တျခားလူ႐ိုင္းေတြလိုနတ္ဘုရားနဲ႔ယစ္ပူေဇာ္မူမဟုတ္ပဲ ရာသီဥတုကိုယုံၾကည္ကိုးကြယ္ၾကတဲ့ လူမ်ိဴးေတြပါ။
မွတ္တမ္းမ်ားအရ ဒီလူမ်ိဳးစုစစ္စစ္ဟာ ၂၀၀ေက်ာ္သာ က်န္ေတာ့ၿပီးသစ္ေတာျပဴန္းတီးမူ ေတာင္အာဖရိကမွ ကြၽန္ျပဳအလုပ္ၾကမ္းလုပ္ခိုင္းတဲ့ သူပုန္ေတြေၾကာင့္ မ်ိဳးတုံးလုနီးပါး အေျခအေနကို ေရာက္ေနရၿပီး
လူ၃၀ကိုတ႐ြာေလာက္ပဲ ေနထိုင္မူေတြေၾကာင့္ ဒီလူ႐ိုင္းမ်ိဴးႏြယ္ဟာ ကမာၻ႔လူမ်ိဴးစု ထိန္းသိမ္းေရးအဖြဲ႕ေတြနဲ႔အလွမ္းေဝးလြန္းခဲ့ပါတယ္။
အခ်ိန္အားျဖင့္ ၁၉၄၄ခုႏွစ္ ဒီဇင္ဘာလ ၁၆ရက္ေန႔ ဒီ႐ြာေလးမွာ N!xau Toma ဆိုတဲ့လူ႐ိုင္းေလးတစ္ေယာက္ကိုေမြးဖြားခဲ့ပါတယ္။
ဖခင္ျဖစ္သူ မိခင္ျဖစ္သူ ဦးေလးျဖစ္သူေတြနဲ႔တစ္မိသားစုလုံးဟာ အာဖရိကဘိန္းေမွာင္ခိုအဖြဲ႕ေတာပုန္းမႈမွာ ႀကဳံရင္း အသတ္ခံခဲ့ရပါတယ္။
ဒီလူ႐ိုင္းေလးနဲ႔သူ႔အကို N!aau သာ က်န္ခဲ့ၿပီး တျခား႐ြာ
သူႀကီးက သူတို႔ညီကို၂ေယာက္ကို ေမြးစားခဲ့ပါတယ္။
သူႀကီးက သူတို႔ညီကို၂ေယာက္ကို ေမြးစားခဲ့ပါတယ္။
Niaau ဟာလည္း ၉ႏွစ္သားမွာ အေပ်ာ္တမ္း အမဲလိုက္အဖြဲ႕က ပစ္သတ္တာခံခဲ့ရၿပီး Tomaတစ္ေယာက္ထဲ မိမဲ့ဖမဲ့မိသားစုမဲ့နဲ႔ဘဝကို စတင္ဖို႔ျဖစ္လာခဲ့ပါတယ္။
Tomaက လူ႐ိုင္းေပမယ့္ ဉာဏ္ေတာ့ေကာင္းတယ္။ ႐ြာကလူေတြထဲ အမဲလိုက္အကြၽမ္းက်င္ဆုံး သူရဲေကာင္းျဖစ္သလို ၁၉ႏွစ္သားမွာ ငါးေမြးျမဴဖို႔ ႐ႊံ႕ကန္တစ္ခုကို သူလုပ္ခဲ့ပါၿပီ။
ဒါကသာမာန္လူေတြအဖို႔ ကေလးေတာင္သိတယ္ ဆိုေပမယ့္ ဒီလိုလူ႐ိုင္းေတြအဖို႔ေတာ့ နည္းပညာသစ္တခုပါပဲ။
အဆိပ္မႈတ္ေျပာင္းကို ေပ၃၀နီးပါး ပစ္ႏိုင္ေအာင္လုပ္တတ္ခဲ့သလို ေလးကိုလည္း ေပါ့ပါးၿပီး အေဝးပစ္ႏိုင္ေအာင္႐ြာက လူေတြကို သူသင္ၾကားေပးႏိုင္ခဲ့ပါၿပီ။
သူမ်ားေတြ တစ္လေလာက္ လိုက္ရတဲ့အမဲအုပ္ကိုသူ၁၀ရက္နဲ႔လိုက္ႏိုင္သလို ေတာလည္း ကြၽမ္းက်င္သူေပါ့။ ဒါေၾကာင့္လဲ႐ြာမွာ ပ်ိဳတိုင္းႀကိဳက္တဲ့ ႏွင္းဆီခိုင္ျဖစ္သလို Popularလည္း ျဖစ္လြန္းသူပါ။
ဒါေပမယ့္သူ႔အသက္ကိုသူ ဘယ္ေလာက္ရွိမွန္း မေရႏိုင္သလို တစ္ရက္တာအခ်ိန္ကိုလည္း ေနဝင္ေနထြက္တာနဲ႔ပဲ သိတဲ့သူပါ။
မိုးတစ္ခါ႐ြာရင္ ၁ႏွစ္လို႔ သိတဲ့လူမ်ိဴးစုျဖစ္သလို သမင္အုပ္ ေတာင္ဖက္ေျပာင္းရင္ ၁ႏွစ္လို႔အၾကမ္းဖ်င္းသိတဲ့
လူမ်ိဴးစုပါ။
လူမ်ိဴးစုပါ။
ႏွစ္လရက္ နာရီေတြကိုမသိသလို ဂဏာန္းေတြကိုလည္း မသိရွိသူပါ။ ႐ြာမွာ ဆိတ္၅ေကာင္ရွိသူဟာ သူေ႒းစာရင္းဝင္ျဖစ္ၿပီး ကြၽဲ၁၀ေကာင္ အမဲလိုက္ႏိုင္ရင္ Heroပါပဲ။
ဒီလိုနဲ႔သူ႔အသက္ ၂၅လို႔ထင္ရတဲ့အခ်ိန္မွာ တစ္ျခား႐ြာက သူႀကီးသမီးနဲ႔ လက္ထပ္ခဲ့ၿပီး သူ႔႐ြာမွာပဲ ေနထိုင္ခဲ့ပါတယ္။ ႐ြာဆိုတာကလဲ လူ၃၅ေယာက္သာရွိတဲ့
႐ြာေလးပါ။
႐ြာေလးပါ။
ပီတာက Hollywood ႐ုပ္ရွင္ေလာကမွာ ထုတ္လုပ္သူတေယာက္ျဖစ္တဲ့ Jamie Uys ရဲ႕သားေပါ့။ သူကိုင္တိုင္လည္း Settingသမားတစ္ေယာက္ျဖစ္သလို အငယ္တန္းဒါ႐ိုက္တာ တစ္ေယာက္ပါ။
သူေ႒းသားျဖစ္ေပမယ့္အမဲလိုက္ရတာကို ဝါသနာပါသူတစ္ေယာက္။ ၁၉၇၉ခုႏွစ္ေမလမွာ သူနဲ႔သူငယ္ခ်င္း၃ေယာက္ေတာင္အာဖရိကကို အမဲလိုက္ထြက္ခဲ့ပါတယ္။
ကိုယ္ပိုင္ဂ်က္ေလယဥ္တစီးနဲ႔ သူငယ္ခ်င္းေတြ အေပ်ာ္တမ္းအမဲလိုက္ရာကေန အင္ဂ်င္မေတာ္မဆမူျဖစ္ၿပီးေလ ယာဥ္ပ်က္က်မူေၾကာင့္ သူတို႔သူငယ္ခ်င္းတသိုက္ဟာ ကံဆိုးခဲ့ရပါတယ္။
ၿမိဳ႕ျပနဲ႔ဆက္သြယ္မႈ ျပတ္သြားသလို သူတို႔ေလယာဥ္ေပ်ာက္ဆုံးမူဟာလည္း သတင္းမွာပါခဲ့ၿပီး တစ္စီးလုံးေသဆုံးသြားေၾကာင္း ေၾကျငာခဲ့ပါေတာ့တယ္။
႐ြာသူလူေတြနဲ႔ အမဲလိုက္ထြက္ရင္း Toma ေတြ႕သြားတာက ဒီသူေ႒းသားပီတာရဲ႕ အေလာင္းကိုပါပဲ။ ေသခ်ာၾကည့္မွမေသေသးပဲ အသက္ရွင္ေနေသးတာကို သိခဲ့လို႔႐ြာကို ကယ္လာၿပီး ေဆးကုေပးခဲ့ခဲ့ပါတယ္။
ကံေကာင္းတယ္လို႔ပဲေျပာရမယ္ ပီတာဟာ အသက္ေဘးကေန ဒီလူ႐ိုင္းေၾကာင့္ လြတ္ခဲ့ပါတယ္။ ဒါေပမယ့္ေျခေထာက္တစ္ဖက္ကေတာ့ ဆုံးရႈံးခဲ့ရပါတယ္။
ပီတာဟာ ဒီလူ႐ိုင္း႐ြာမွာ ၅လအထိ ေသာင္တင္ခဲ့ၿပီး
Tomaနဲ႔လည္း သူငယ္ခ်င္းျဖစ္ခဲ့ပါတယ္။ပီတာက Tomaကို ၿမိဳ႕ျပရဲ႕ဓေလ့ေတြေနထိုင္မူေတြကို သင္ေပးတယ္။
Tomaနဲ႔လည္း သူငယ္ခ်င္းျဖစ္ခဲ့ပါတယ္။ပီတာက Tomaကို ၿမိဳ႕ျပရဲ႕ဓေလ့ေတြေနထိုင္မူေတြကို သင္ေပးတယ္။
ဒါေပမယ့္Tomaကမွတ္ႏိုင္စြမ္းမရွိသလို အလြဲလြဲအေခ်ာ္ေခ်ာ္လုပ္လို႔ ဟာသေတြျဖစ္ခဲ့ရတာေပါ့။ ပီတာကideaတစ္ခု ရသြားတယ္။
ဟာသကားေတြ႐ိုက္တဲ့လHollywoodက သူ႔သူငယ္ခ်င္း
Nic Dcနဲ႔ဒီလူ႐ိုင္းရဲ႕အလြဲေတြကို ႐ုပ္ရွင္႐ိုက္ရင္ ေတာ္ေတာ္ရယ္ရမယ္ဆိုၿပီးေပါ့။
Nic Dcနဲ႔ဒီလူ႐ိုင္းရဲ႕အလြဲေတြကို ႐ုပ္ရွင္႐ိုက္ရင္ ေတာ္ေတာ္ရယ္ရမယ္ဆိုၿပီးေပါ့။
၁၉၇၉ခုႏွစ္ဒီဇင္ဘာလမွာ ကံေကာင္း ေထာက္မစြာနဲ႔ပဲအာဖရိက သစ္ေတာေစာင့္ေရွာက္ေရးစစ္သားေတြနဲ႔ ပီတာေတြ႕သြားၿပီး ၿမိဳ႕ကို ျပန္ဖို႔အခြင့္အေရးရခဲ့ပါေတာ့တယ္။
ဒါေပမယ့္ သူတစ္ယာက္ထဲ မျပန္ဘူး။ Tomaကိုပါ ေခၚသြားခ်င္တယ္။ Tomaကလည္း မလိုက္ရဲဘူး။ဒီလိုနဲ႔ Tomaကို ဆိတ္၇ေကာင္ေပးမယ္ဆိုတဲ့ ကမ္းလွမ္းမႈနဲ႔ ရေအာင္ေခၚႏိုင္ခဲ့ပါတယ္။
ဆိတ္၇ေကာင္ဆိုတဲ့ပမာဏက Tomaအဖို႔႐ြာမွာ သူေ႒း
ျဖစ္မယ့္အခြင့္အေရးပဲေလ။ ဒါေၾကာင့္ပီတာနဲ႔အတူလိုက္ဖို႔ ဆုံးျဖတ္ခဲ့ပါေတာ့တယ္။
ျဖစ္မယ့္အခြင့္အေရးပဲေလ။ ဒါေၾကာင့္ပီတာနဲ႔အတူလိုက္ဖို႔ ဆုံးျဖတ္ခဲ့ပါေတာ့တယ္။
#The_Gods_Must_Be_Crazy
ဘုရားေတြ ႐ူးမလား လူေတြ ႐ူးမလားေတာ့မသိဘူး ဒီလို ၁၂၃၄ ေတာင္မသိတဲ့လူ႐ိုင္းတစ္ေကာင္ကို ၿမိဳ႕ေပၚေခၚလာၿပီး ႐ုပ္ရွင္႐ိုက္ခ်င္တဲ့ ပီတာရဲ႕idea ကေတာ့ေတာ္ေတာ္႐ူးလြန္းပါတယ္ေပါ့ဗ်ာ။
ဘုရားေတြ ႐ူးမလား လူေတြ ႐ူးမလားေတာ့မသိဘူး ဒီလို ၁၂၃၄ ေတာင္မသိတဲ့လူ႐ိုင္းတစ္ေကာင္ကို ၿမိဳ႕ေပၚေခၚလာၿပီး ႐ုပ္ရွင္႐ိုက္ခ်င္တဲ့ ပီတာရဲ႕idea ကေတာ့ေတာ္ေတာ္႐ူးလြန္းပါတယ္ေပါ့ဗ်ာ။
အေဖျဖစ္သူ Jamie Uysကိုေျပာတယ္ ဒါေပမယ့္ လက္မခံဘူး ။ ဘယ္က လူ႐ိုင္းကို ႐ုပ္ရွင္မင္းသားတင္မလဲေပါ့ ဒီေကာင္႐ူးေနၿပီလားေပါ့ အေဖျဖစ္သူက။
ဒါေပမယ့္ သားျဖစ္သူရဲ႕စိတ္အားထက္သန္မူနဲ႔ ႐ုပ္ရွင္အေပၚစိတ္ဝင္စားမႈ သိပ္မရွိခဲ့ပဲ ေလေနတဲ့သားကေျပာလာေတာ့ အေဖျဖစ္သူက လက္ခံခဲ့ပါေတာ့တယ္။
သူကိုယ္တိုင္ Producerလုပ္ၿပီး ဒါ႐ိုက္တာေတြကို ေခၚေပမယ့္ ဘယ္သူမွ လက္မခံတဲ့အျပင္ အဟားပါခံခဲ့ရတယ္။
ေနာက္ဆုံး သူကိုယ္တိုင္ပဲ ဒါ႐ိုက္တာလုပ္ ႐ိုက္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ The Gods Must Be Crazy ဆိုတဲ့ ဒီကားကို ၁၉၈၄ခုႏွစ္ ဇူလိုင္လ ၉ရက္ေန႔မွာ အာဖရိက အေမရိကနဲ႔ ဥေရာပမွာ ႐ုံတင္ခဲ့ပါတယ္။
၅သန္းပဲအကုန္က်ခံခဲ့တဲ့ဒီကားဟာ $60,000,000 ေက်ာ္ရခဲ့သလို မထင္ထားတဲ့႐ုပ္ရွင္ေလာကသားေတြၾကားထဲ ဒီလူ႐ိုင္းက တစ္လအတြင္း ႐ုပ္သံသတင္းေတြ interviewေတြမွာ ပါလာခဲ့ပါတယ္။
ဒီကားကို႐ိုက္ဖို႔ အခက္အခဲမ်ားစြာရွိခဲ့သလို Cameraနဲ႔ခ်ိတ္ထားရင္ ေသနတ္ ထင္လို႔လန႔္ၿပီး ဝပ္ေမွာက္တတ္တဲ့ဒီလူ႐ိုင္းေၾကာင့္ Cameraေတြကို အဝတ္နဲ႔အုပ္ၿပီး ႐ိုက္
ကူးခဲ့ရသလို ဒိုင္ယာေလာ့ေတြကို အလုံး ၁၀ ထက္
ပိုသင္လို႔ မရလို႔ ျဖတ္ျဖတ္ၿပီး ႐ိုက္ခဲ့ရပါတယ္။
ကူးခဲ့ရသလို ဒိုင္ယာေလာ့ေတြကို အလုံး ၁၀ ထက္
ပိုသင္လို႔ မရလို႔ ျဖတ္ျဖတ္ၿပီး ႐ိုက္ခဲ့ရပါတယ္။
ထူးျခားမူကေတာ့ ဒီကားထဲက ႐ိုက္ကြက္ေတြဟာ Toma သ႐ုပ္ေဆာင္ေနတာ မဟုတ္ပဲ တကယ္ထင္ၿပီး လုပ္ခဲ့ေျပးခဲ့တာေတြ မ်ားပါတယ္။
ဒီကားဟာ ေဒၚလာအျမတ္ေငြ သန္း၁၁၀ေက်ာ္အထိ
၁ႏွစ္အတြင္းရခဲ့သလိုTomaဟာလည္း ႏိုင္ငံတကာဆုေတြ ရခဲ့ပါတယ္။ ဒီကားအတြက္Tomaဟာ ေဒၚလာ၇သန္း ရခဲ့ပါတယ္။
၁ႏွစ္အတြင္းရခဲ့သလိုTomaဟာလည္း ႏိုင္ငံတကာဆုေတြ ရခဲ့ပါတယ္။ ဒီကားအတြက္Tomaဟာ ေဒၚလာ၇သန္း ရခဲ့ပါတယ္။
ဒါေပမယ့္ ဒီေဒၚလာေတြကို သူ ဘာမွန္းမသိလို႔ လက္မခံခဲ့ပဲ ပီတာကို ဆိတ္၇ေကာင္လိုခ်င္ေၾကာင္း ေျပာခဲ့ပါတယ္။
ပီတာဟာ ဒါေၾကာင့္ Tomaကို ဆိတ္အေကာင္၃၀နဲ႔အတူ သူ႔႐ြာကိုျပန္ပို႔ခဲ့ၿပီး ေဒၚလာ၃၀၀ကိုလည္း သူ မလိုခ်င္ေတာင္ အမွတ္တရသိမ္းထားဖို႔ ထည့္ေပး
ခဲ့ပါတယ္။
ခဲ့ပါတယ္။
ဒါေပမယ့္ ဒီမွာတင္ မၿပီးသြားဘူး။The Gods Must Be Crazy ကအရမ္းေအာင္ျမင္လို႔ 2ကို ထပ္႐ိုက္ဖို႔ ကမာၻအႏွံ႔ကToma Fanေတြက ေတာင္းဆိုမူေတြ မ်ားလာခဲ့ပါတယ္။
ဒီအခါမွာေတာ့ The Gods Must Be Crazy 2 ကို Hollywood ႐ုပ္ရွင္ထုတ္လုပ္ေရးႀကီး 20th Century Fox က ထုတ္လုပ္ဖို႔ ကမ္းလွမ္းျခင္း ခံခဲ့ရပါေတာ့တယ္။
TGMBC 2 ကို၁၉၉၀ ခုႏွစ္ ဧၿပီလ၁၃ရက္ေန႔မွာ ထပ္မံ႐ုံတင္ခဲ့ပါေတာ့တယ္။ ေရွ႕က1လိုပဲ ေအာင္ျမင္မူမ်ားစြာရခဲ့ၿပီး ေဒၚလာသန္း၁၅၀ေက်ာ္အထိ အျမတ္ေငြရရွိခဲ့ပါ
တယ္။
တယ္။
ဒီကားမွာေတာ့ Tomaရဲ႕မိသားစုတစ္စုလုံးက ပါဝင္႐ိုက္ကူးခဲ့ၿပီး သားျဖစ္သူေတြ ေရကားေနာက္ပါသြားမႈကိုစိုးရိမ္တႀကီးနဲ႔ ေနာက္က လိုက္တဲ့ဖခင္တေယာက္ရဲ႕ေမတၱာကို ႐ိုက္ကူးခဲ့တဲ့ကားေပါ့။
ဒီကားမွာသားျဖစ္သူေတြရဲ႕ ဟာသအလြဲေတြလည္း ပါဝင္လာသလို ဖခင္ျဖစ္သူရဲ႕ေၾကာင္ေတာင္ေတာင္ ဓေလ့စ႐ိုက္ေတြလည္း ပါလာခဲ့ပါတယ္။
ကေလးေတြျဖစ္ေပမယ့္ ေတာေတာင္ထဲအႏၲရယ္ႀကဳံလာရင္ ကိုယ္တိုင္ကာကြယ္မူေတြ လူ႐ိုင္းေတြရဲ႕ ႐ိုးသားတဲ့အက်င့္စ႐ိုက္ေတြကို ဒီကားမွာျမင္ရသလို ဟာသေရာေၾကကြဲစရာေလးေတြကိုပါ ျမင္ရေစတဲ့ကားတစ္ကားပါ။
ဒီကားအၿပီးမွာေတာ့ Toma ရဲ႕လုပ္ေဆာင္ခ်က္က အရမ္းႀကီးမားသြားခဲ့ပါၿပီ။ ကမာၻေပၚက မဖြံ႕ၿဖိဳးေသး ၿမိဳ႕ျပနဲ႔ေဝးတဲ့ေနရာေတြက လူ႐ိုင္းေတြရဲ႕ဘဝကို တစ္ကမာၻလုံးသိေအာင္ျပသခဲ့သလို
Tomaဟာလည္း ကမာၻ႔လူ႐ိုင္းမ်ိဳးႏြယ္စုေတြကို ကမာၻကပစ္ထားမႈကို ခ်ျပလိုက္တဲ့ဇာတ္ေကာင္အျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။
ဒါတင္မကပါဘူး Tomaဟာ ကမာၻ႔လူ႐ိုင္းမ်ိဳးႏြယ္စုေတြ
ကို ထိန္းသိမ္းကာကြယ္ေရး သံတမန္အျဖစ္ေရာ ေတာင္အာဖရိက လူမည္းေတြရဲ႕ စားဝတ္ေနေရး သံတမန္အျဖစ္ပါ ခန႔္အပ္ခံခဲ့ရပါတယ္။
ကို ထိန္းသိမ္းကာကြယ္ေရး သံတမန္အျဖစ္ေရာ ေတာင္အာဖရိက လူမည္းေတြရဲ႕ စားဝတ္ေနေရး သံတမန္အျဖစ္ပါ ခန႔္အပ္ခံခဲ့ရပါတယ္။
ဒါေပမယ့္ သူဘာမွ မသိဘူး interviewတိုင္း talkshow တိုင္းရယ္ျပတာက လြဲရင္ သူ ဘာမွမသိ မေျပာတတ္ မလုပ္တတ္ခဲ့ပါဘူး။
ဒီ၂ကားအၿပီးမွာေတာ့Tomaဟာ Hollywood အာဖရိကတင္မကပဲ ေဟာင္ေကာင္႐ုပ္ရွင္ေလာကကပါ ကမ္းလွမ္းျခင္းခံခဲ့ရ ပါေတာ့တယ္။
ေဟာင္ေကာင္ထုတ္လုပ္ေရးနဲ႔ ပထမဆုံး႐ုံတင္လာတဲ့ကားက Crazy Safari ဒီကားကလည္း ေရွ႕ကTGMBC ေတြလိုပဲေအာင္ျမင္ခဲ့ပါတယ္။
ေဟာင္ေကာင္ေဒၚလာသိန္း၁၀၀ ေက်ာ္ရခဲ့သလို Tomaရဲ႕ဘ႐ုစလီလိုလုပ္ကြက္ ေတြကလည္း ဘ႐ုစလီနဲ႔တူေအာင္႐ိုက္တဲ့သူေတြထဲ အေအာင္ျမင္ဆုံးျဖစ္ခဲ့ပါတယ္။
တ႐ုတ္သရဲတစ္ေကာင္နဲ႔ တိုင္ပတ္ေနတဲ့လူ႐ိုင္းကားေပါ့။
ဒီကားအၿပီး Tomaဟာ Crazy Hong Kong
(1993) / The Gods Must Be Funny in China (1994) / Sekai Ururun Taizaiki ( 1996 )ကားေတြကို ထြက္ခဲ့ၿပီး လူ႐ိုင္းေတြထဲ ေအာင္ျမင္မူအႀကီးမားဆုံးလူသားအျဖစ္ 1996ခုႏွစ္မွာဂင္းနစ္စံခ်ိန္ဝင္ခဲ့ၿပီး
႐ုပ္ရွင္သမိုင္းမွာ ဟာသလူ႐ိုင္းသ႐ုပ္ေဆာင္အျဖစ္ တစ္သက္တာ အႏုပညာရွင္ဆုကို ရခဲ့ပါေတာ့တယ္။
TomaဟာSakei Ururun Taizaiki ဇာတ္ကားအၿပီးမွာေတာ့ သူ႔႐ြာကိုပဲ ျပန္ခ်င္ေၾကာင္းေျပာလာခဲ့လို႔ ပီတာက ပို႔ေပးခဲ့ၿပီး ႐ုပ္ရွင္ဘယ္ေတာ့မွ ထပ္မ႐ိုက္ေတာ့ပဲ မိသားစုနဲ႔အတူ ႐ြာမွာပဲ အမဲလိုက္ရင္း ေနထိုင္ခဲ့ပါေတာ့တယ္။
သူဟာ ဒီဆယ္စုႏွစ္အတြင္း ေဒၚလာသန္း၇၀ေက်ာ္ ရရွိခဲ့ေပမယ့္ ဒီစကၠဴေတြက သူ႔မိသားစုအတြက္ အသုံးမဝင္ေၾကာင္းေျပာခဲ့ၿပီး အာဖရိက ကေလးသူငယ္မ်ား အစာအဟာရခ်ိဳ႕တဲ့မႈ Foundation ကို အကုန္လႉတန္းခဲ့ပါတယ္။
Tomaဟာ ကမာၻေပၚက လူ႐ိုင္းေတြရဲ႕ေနထိုင္မူ ႐ိုးသားမူ ေတာင္အာဖရိက လူမည္းေတြရဲ႕ ဒုကၡေရာက္ေနမႈကို ကမာၻကို သိေအာင္ေျပာၾကားခဲ့သူျဖစ္ၿပီး ႐ုပ္ရွင္ေလာကမွာ ပထမဆုံးလူ႐ိုင္းမင္းသား တစ္ေယာက္အျဖစ္မွတ္တမ္းဝင္ခဲ့ပါတယ္။
၂၀၀၃ခုႏွစ္ ဇူလိုင္လ ၁၂ရက္ေန႔မွာေတာ့ Toma ဟာငွက္ဖ်ား ေရာဂါနဲ႔ ကြယ္လြန္သြားခဲ့ပါတယ္။
႐ုပ္ေခ်ာမွ စကားေျပာေကာင္းမွဆိုတဲ့ အႏုပညာေလာကမွာ ဒီလူ႐ိုင္းက ဘာမွေသခ်ာမေျပာတတ္ပဲ ဂဏာန္းအလုံး၂၀ထိ ပိုမမွတ္တတ္ပဲ
ေငြေတြ နာမည္ႀကီးမႈေတြ ေအာင္ျမင္မူေတြကို ဘာတစ္ခုမွ မသိပဲ ဝင္ေရာက္လာခဲ့ၿပီး ကမာၻ႔႐ုပ္ရွင္ေလာကမွာ နာမည္တစ္ခု ထားသြားခဲ့ပါတယ္။
အာဖရိက ေမာ့စ္ ပုလင္းမင္းသားလို႔ ျမန္မာက သိၾကတဲ့ Toma ဟာ ဂ်စ္ကားေျပာင္းျပန္ေမာင္းတာေတြ ျခေသၤ့လိုက္လို႔ ေျပးတာေတြ ပုလင္းတစ္လုံးနဲ႔ တစ္႐ြာလုံးလိုက္ ျပႆနာတက္တာေတြ
ၿမိဳ႕ျပကို သားျဖစ္သူေတြေနာက္လိုက္ရင္း ဝ႐ုန္းသုန္းကားျဖစ္တာေတြ တ႐ုတ္သရဲနဲ႔အသီးခူးတာေတြ ေတာတြင္းဟာသအလြဲေတြနဲ႔
သူ႔အ႐ိုးသားျဖဴစင္တဲ့အၿပဳံး၊ ဘဝမွာ မိသားစုက လြဲၿပီး ဘာမွမသိတဲ့လူတစ္ေယာက္အျဖစ္ ေငြေၾကးေအာင္ျမင္မူေတြမရွိပဲ ေပ်ာ္႐ႊင္တဲ့လူတစ္ေယာက္အျဖစ္ ေနႏိုင္ေၾကာင္း
လူ႐ိုင္းေတြရဲ႕အ႐ိုးခံစိတ္ထားေတြက ကမာၻ႔႐ုပ္ရွင္ေလာကမွာေရာ ကမာၻေပၚက လူေတြအတြက္မွာပါ မေမ့ႏိုင္စရာလူတေယာက္ပါ။
သူေဒၚလာသန္းခ်ီ ပိုင္ဆိုင္ခဲ့တယ္။ ဒါေပမယ့္ ဒီခ်မ္းသာမူေတြနဲ႔ မိသားစုဘဝကို မလဲခဲ့ဘူး။ သူေအာင္ျမင္မူ Star Idol Fan ပရိတ္သတ္ဆိုတာကို မသိဘူး။
ဒီလိုလူ႐ုပ္ရွင္ေလာကမွာေရာ အႏုပညာေလာကမွာပါ
တစ္ယာက္မွ မရွိခဲ့ဖူးသလို ေနာက္ထပ္ရွိလာမွာလည္း မဟုတ္ေတာ့ပါဘူး။
crd:ORIGINAL WRITER
Unicodeဖြင့်ဖတ်ရန်
ဒေါ်လာ ၇သန်းကို ဘာသုံးရမှန်း မသိလို့ ဆိတ် ၇ ကောင်တောင်းပြီး ရွာပြန်ခဲ့တဲ့ ကမ္ဘာကျော် မင်းသား. . .
ကမ္ဘာ့ရုပ်ရှင်လောကထဲ ဂင်းနစ်စံချိန်တင်ခဲ့သောလူရိုင်း(သို့) အောင်မြင်မူ ငွေကြေးချမ်းသာမူတွေကို မသိခဲ့တဲ့မင်းသားတစ်ယောက်ရဲ့ အတ္ထုပ္ပတ္တိ )
. ” ပီတာက ဆိတ်၇ကောင်ပေးမယ်ဆိုလို့ ကျတော်လိုက်လာတာ ရုပ်ရှင်ဆိုတဲ့စကားကို ကျတော် အခုမှကြားဖူးတာဗျ။ ဒီမှာ “နေ”အခါ ၃၀ ဝင်တဲ့အထိ နေရမယ်ပြောတယ်။
ပြီးရင်ကျတော် စန်တို့ရှိတဲ့ဆီကို ဆိတ် ၇ကောင်ယူပြီးပြန်မယ်။ ”
တောင်အာဖရိကတိုက်အစွန် နမီးဘီးယားဆိုတဲ့နိုင်ငံသေးသေးလေးအပြင် မြို့ပြနဲ့မိုင်ပေါင်းများစွာဝေးတဲ့ အာဖရိကတောတွင်းတစ်နေရာမှာ စန်ဆိုတဲ့အာဖရိကလူရိုင်းရွာလေး တစ်ရွာရှိခဲ့တယ်။
ဒီရွာလေးက နမီးဘီးယားနိုင်ငံထဲက ကာလာဟာရီ သဲကန္တာရထဲမှာရှိပြီး အာဖရိကလူရိုင်းမျိူးနွယ်တွေထဲမှာ ခေတ်နောက်အကျဆုံးလူမျိုးစုတွေထဲက ၁၂ရာစုလူနေမူစနစ်လိုနေထိုင်ကြတဲ့ ဘာဆာဝါ ဆိုတဲ့လူရိုင်းမျိူးနွယ်စုရဲ့ရွာလေးပါ။
အမဲလိုက် ပျားအုံဖွတ် ငါးဖမ်းရင်း အသက်မွေးကြပြီး လယ်ယာမြေစိုက်ပျိူးမူကိုတောင် မသိရှိသလို သူတို့ဘာသာစကားဟာ လူ၁သောင်းတောင် မသိတဲ့ဘာသာစကားတစ်ခုကို ပြောကြတဲ့လူရိုင်း မျိူးနွယ်ပါ။
၃နှစ်လောက်နေမှ မြို့ပြအမဲလိုက်အဖွဲ့တွေကို တွေ့ရလေ့ရှိပြီး ဒါကိုကသူတို့အတွက်အထူးအဆန်းဖြစ်လေ့ရှိတဲ့ ကိစ္စပါ။ သူတို့ယုံ့ကြည်မူက တခြားလူရိုင်းတွေလိုနတ်ဘုရားနဲ့ယစ်ပူဇော်မူမဟုတ်ပဲ ရာသီဥတုကိုယုံကြည်ကိုးကွယ်ကြတဲ့ လူမျိူးတွေပါ။
မှတ်တမ်းများအရ ဒီလူမျိုးစုစစ်စစ်ဟာ ၂၀၀ကျော်သာ ကျန်တော့ပြီးသစ်တောပြူန်းတီးမူ တောင်အာဖရိကမှ ကျွန်ပြုအလုပ်ကြမ်းလုပ်ခိုင်းတဲ့ သူပုန်တွေကြောင့် မျိုးတုံးလုနီးပါး အခြေအနေကို ရောက်နေရပြီး
လူ၃၀ကိုတရွာလောက်ပဲ နေထိုင်မူတွေကြောင့် ဒီလူရိုင်းမျိူးနွယ်ဟာ ကမ္ဘာ့လူမျိူးစု ထိန်းသိမ်းရေးအဖွဲ့တွေနဲ့အလှမ်းဝေးလွန်းခဲ့ပါတယ်။
အချိန်အားဖြင့် ၁၉၄၄ခုနှစ် ဒီဇင်ဘာလ ၁၆ရက်နေ့ ဒီရွာလေးမှာ N!xau Toma ဆိုတဲ့လူရိုင်းလေးတစ်ယောက်ကိုမွေးဖွားခဲ့ပါတယ်။
ဖခင်ဖြစ်သူ မိခင်ဖြစ်သူ ဦးလေးဖြစ်သူတွေနဲ့တစ်မိသားစုလုံးဟာ အာဖရိကဘိန်းမှောင်ခိုအဖွဲ့တောပုန်းမှုမှာ ကြုံရင်း အသတ်ခံခဲ့ရပါတယ်။
ဒီလူရိုင်းလေးနဲ့သူ့အကို N!aau သာ ကျန်ခဲ့ပြီး တခြားရွာ
သူကြီးက သူတို့ညီကို၂ယောက်ကို မွေးစားခဲ့ပါတယ်။
သူကြီးက သူတို့ညီကို၂ယောက်ကို မွေးစားခဲ့ပါတယ်။
Niaau ဟာလည်း ၉နှစ်သားမှာ အပျော်တမ်း အမဲလိုက်အဖွဲ့က ပစ်သတ်တာခံခဲ့ရပြီး Tomaတစ်ယောက်ထဲ မိမဲ့ဖမဲ့မိသားစုမဲ့နဲ့ဘဝကို စတင်ဖို့ဖြစ်လာခဲ့ပါတယ်။
Tomaက လူရိုင်းပေမယ့် ဉာဏ်တော့ကောင်းတယ်။ ရွာကလူတွေထဲ အမဲလိုက်အကျွမ်းကျင်ဆုံး သူရဲကောင်းဖြစ်သလို ၁၉နှစ်သားမှာ ငါးမွေးမြူဖို့ ရွှံ့ကန်တစ်ခုကို သူလုပ်ခဲ့ပါပြီ။
ဒါကသာမာန်လူတွေအဖို့ ကလေးတောင်သိတယ် ဆိုပေမယ့် ဒီလိုလူရိုင်းတွေအဖို့တော့ နည်းပညာသစ်တခုပါပဲ။
အဆိပ်မှုတ်ပြောင်းကို ပေ၃၀နီးပါး ပစ်နိုင်အောင်လုပ်တတ်ခဲ့သလို လေးကိုလည်း ပေါ့ပါးပြီး အဝေးပစ်နိုင်အောင်ရွာက လူတွေကို သူသင်ကြားပေးနိုင်ခဲ့ပါပြီ။
သူများတွေ တစ်လလောက် လိုက်ရတဲ့အမဲအုပ်ကိုသူ၁၀ရက်နဲ့လိုက်နိုင်သလို တောလည်း ကျွမ်းကျင်သူပေါ့။ ဒါကြောင့်လဲရွာမှာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်သလို Popularလည်း ဖြစ်လွန်းသူပါ။
ဒါပေမယ့်သူ့အသက်ကိုသူ ဘယ်လောက်ရှိမှန်း မရေနိုင်သလို တစ်ရက်တာအချိန်ကိုလည်း နေဝင်နေထွက်တာနဲ့ပဲ သိတဲ့သူပါ။
မိုးတစ်ခါရွာရင် ၁နှစ်လို့ သိတဲ့လူမျိူးစုဖြစ်သလို သမင်အုပ် တောင်ဖက်ပြောင်းရင် ၁နှစ်လို့အကြမ်းဖျင်းသိတဲ့
လူမျိူးစုပါ။
လူမျိူးစုပါ။
နှစ်လရက် နာရီတွေကိုမသိသလို ဂဏာန်းတွေကိုလည်း မသိရှိသူပါ။ ရွာမှာ ဆိတ်၅ကောင်ရှိသူဟာ သူဋ္ဌေးစာရင်းဝင်ဖြစ်ပြီး ကျွဲ၁၀ကောင် အမဲလိုက်နိုင်ရင် Heroပါပဲ။
ဒီလိုနဲ့သူ့အသက် ၂၅လို့ထင်ရတဲ့အချိန်မှာ တစ်ခြားရွာက သူကြီးသမီးနဲ့ လက်ထပ်ခဲ့ပြီး သူ့ရွာမှာပဲ နေထိုင်ခဲ့ပါတယ်။ ရွာဆိုတာကလဲ လူ၃၅ယောက်သာရှိတဲ့
ရွာလေးပါ။
ရွာလေးပါ။
ပီတာက Hollywood ရုပ်ရှင်လောကမှာ ထုတ်လုပ်သူတယောက်ဖြစ်တဲ့ Jamie Uys ရဲ့သားပေါ့။ သူကိုင်တိုင်လည်း Settingသမားတစ်ယောက်ဖြစ်သလို အငယ်တန်းဒါရိုက်တာ တစ်ယောက်ပါ။
သူဋ္ဌေးသားဖြစ်ပေမယ့်အမဲလိုက်ရတာကို ဝါသနာပါသူတစ်ယောက်။ ၁၉၇၉ခုနှစ်မေလမှာ သူနဲ့သူငယ်ချင်း၃ယောက်တောင်အာဖရိကကို အမဲလိုက်ထွက်ခဲ့ပါတယ်။
ကိုယ်ပိုင်ဂျက်လေယဉ်တစီးနဲ့ သူငယ်ချင်းတွေ အပျော်တမ်းအမဲလိုက်ရာကနေ အင်ဂျင်မတော်မဆမူဖြစ်ပြီးလေ ယာဉ်ပျက်ကျမူကြောင့် သူတို့သူငယ်ချင်းတသိုက်ဟာ ကံဆိုးခဲ့ရပါတယ်။
မြို့ပြနဲ့ဆက်သွယ်မှု ပြတ်သွားသလို သူတို့လေယာဉ်ပျောက်ဆုံးမူဟာလည်း သတင်းမှာပါခဲ့ပြီး တစ်စီးလုံးသေဆုံးသွားကြောင်း ကြေငြာခဲ့ပါတော့တယ်။
ရွာသူလူတွေနဲ့ အမဲလိုက်ထွက်ရင်း Toma တွေ့သွားတာက ဒီသူဋ္ဌေးသားပီတာရဲ့ အလောင်းကိုပါပဲ။ သေချာကြည့်မှမသေသေးပဲ အသက်ရှင်နေသေးတာကို သိခဲ့လို့ရွာကို ကယ်လာပြီး ဆေးကုပေးခဲ့ခဲ့ပါတယ်။
ကံကောင်းတယ်လို့ပဲပြောရမယ် ပီတာဟာ အသက်ဘေးကနေ ဒီလူရိုင်းကြောင့် လွတ်ခဲ့ပါတယ်။ ဒါပေမယ့်ခြေထောက်တစ်ဖက်ကတော့ ဆုံးရှုံးခဲ့ရပါတယ်။
ပီတာဟာ ဒီလူရိုင်းရွာမှာ ၅လအထိ သောင်တင်ခဲ့ပြီး
Tomaနဲ့လည်း သူငယ်ချင်းဖြစ်ခဲ့ပါတယ်။ပီတာက Tomaကို မြို့ပြရဲ့ဓလေ့တွေနေထိုင်မူတွေကို သင်ပေးတယ်။
Tomaနဲ့လည်း သူငယ်ချင်းဖြစ်ခဲ့ပါတယ်။ပီတာက Tomaကို မြို့ပြရဲ့ဓလေ့တွေနေထိုင်မူတွေကို သင်ပေးတယ်။
ဒါပေမယ့်Tomaကမှတ်နိုင်စွမ်းမရှိသလို အလွဲလွဲအချော်ချော်လုပ်လို့ ဟာသတွေဖြစ်ခဲ့ရတာပေါ့။ ပီတာကideaတစ်ခု ရသွားတယ်။
ဟာသကားတွေရိုက်တဲ့လHollywoodက သူ့သူငယ်ချင်း
Nic Dcနဲ့ဒီလူရိုင်းရဲ့အလွဲတွေကို ရုပ်ရှင်ရိုက်ရင် တော်တော်ရယ်ရမယ်ဆိုပြီးပေါ့။
Nic Dcနဲ့ဒီလူရိုင်းရဲ့အလွဲတွေကို ရုပ်ရှင်ရိုက်ရင် တော်တော်ရယ်ရမယ်ဆိုပြီးပေါ့။
၁၉၇၉ခုနှစ်ဒီဇင်ဘာလမှာ ကံကောင်း ထောက်မစွာနဲ့ပဲအာဖရိက သစ်တောစောင့်ရှောက်ရေးစစ်သားတွေနဲ့ ပီတာတွေ့သွားပြီး မြို့ကို ပြန်ဖို့အခွင့်အရေးရခဲ့ပါတော့တယ်။
ဒါပေမယ့် သူတစ်ယာက်ထဲ မပြန်ဘူး။ Tomaကိုပါ ခေါ်သွားချင်တယ်။ Tomaကလည်း မလိုက်ရဲဘူး။ဒီလိုနဲ့ Tomaကို ဆိတ်၇ကောင်ပေးမယ်ဆိုတဲ့ ကမ်းလှမ်းမှုနဲ့ ရအောင်ခေါ်နိုင်ခဲ့ပါတယ်။
ဆိတ်၇ကောင်ဆိုတဲ့ပမာဏက Tomaအဖို့ရွာမှာ သူဋ္ဌေး
ဖြစ်မယ့်အခွင့်အရေးပဲလေ။ ဒါကြောင့်ပီတာနဲ့အတူလိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။
ဖြစ်မယ့်အခွင့်အရေးပဲလေ။ ဒါကြောင့်ပီတာနဲ့အတူလိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။
#The_Gods_Must_Be_Crazy
ဘုရားတွေ ရူးမလား လူတွေ ရူးမလားတော့မသိဘူး ဒီလို ၁၂၃၄ တောင်မသိတဲ့လူရိုင်းတစ်ကောင်ကို မြို့ပေါ်ခေါ်လာပြီး ရုပ်ရှင်ရိုက်ချင်တဲ့ ပီတာရဲ့idea ကတော့တော်တော်ရူးလွန်းပါတယ်ပေါ့ဗျာ။
ဘုရားတွေ ရူးမလား လူတွေ ရူးမလားတော့မသိဘူး ဒီလို ၁၂၃၄ တောင်မသိတဲ့လူရိုင်းတစ်ကောင်ကို မြို့ပေါ်ခေါ်လာပြီး ရုပ်ရှင်ရိုက်ချင်တဲ့ ပီတာရဲ့idea ကတော့တော်တော်ရူးလွန်းပါတယ်ပေါ့ဗျာ။
အဖေဖြစ်သူ Jamie Uysကိုပြောတယ် ဒါပေမယ့် လက်မခံဘူး ။ ဘယ်က လူရိုင်းကို ရုပ်ရှင်မင်းသားတင်မလဲပေါ့ ဒီကောင်ရူးနေပြီလားပေါ့ အဖေဖြစ်သူက။
ဒါပေမယ့် သားဖြစ်သူရဲ့စိတ်အားထက်သန်မူနဲ့ ရုပ်ရှင်အပေါ်စိတ်ဝင်စားမှု သိပ်မရှိခဲ့ပဲ လေနေတဲ့သားကပြောလာတော့ အဖေဖြစ်သူက လက်ခံခဲ့ပါတော့တယ်။
သူကိုယ်တိုင် Producerလုပ်ပြီး ဒါရိုက်တာတွေကို ခေါ်ပေမယ့် ဘယ်သူမှ လက်မခံတဲ့အပြင် အဟားပါခံခဲ့ရတယ်။
နောက်ဆုံး သူကိုယ်တိုင်ပဲ ဒါရိုက်တာလုပ် ရိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ The Gods Must Be Crazy ဆိုတဲ့ ဒီကားကို ၁၉၈၄ခုနှစ် ဇူလိုင်လ ၉ရက်နေ့မှာ အာဖရိက အမေရိကနဲ့ ဥရောပမှာ ရုံတင်ခဲ့ပါတယ်။
၅သန်းပဲအကုန်ကျခံခဲ့တဲ့ဒီကားဟာ $60,000,000 ကျော်ရခဲ့သလို မထင်ထားတဲ့ရုပ်ရှင်လောကသားတွေကြားထဲ ဒီလူရိုင်းက တစ်လအတွင်း ရုပ်သံသတင်းတွေ interviewတွေမှာ ပါလာခဲ့ပါတယ်။
ဒီကားကိုရိုက်ဖို့ အခက်အခဲများစွာရှိခဲ့သလို Cameraနဲ့ချိတ်ထားရင် သေနတ် ထင်လို့လန့်ပြီး ဝပ်မှောက်တတ်တဲ့ဒီလူရိုင်းကြောင့် Cameraတွေကို အဝတ်နဲ့အုပ်ပြီး ရိုက်
ကူးခဲ့ရသလို ဒိုင်ယာလော့တွေကို အလုံး ၁၀ ထက်
ပိုသင်လို့ မရလို့ ဖြတ်ဖြတ်ပြီး ရိုက်ခဲ့ရပါတယ်။
ကူးခဲ့ရသလို ဒိုင်ယာလော့တွေကို အလုံး ၁၀ ထက်
ပိုသင်လို့ မရလို့ ဖြတ်ဖြတ်ပြီး ရိုက်ခဲ့ရပါတယ်။
ထူးခြားမူကတော့ ဒီကားထဲက ရိုက်ကွက်တွေဟာ Toma သရုပ်ဆောင်နေတာ မဟုတ်ပဲ တကယ်ထင်ပြီး လုပ်ခဲ့ပြေးခဲ့တာတွေ များပါတယ်။
ဒီကားဟာ ဒေါ်လာအမြတ်ငွေ သန်း၁၁၀ကျော်အထိ
၁နှစ်အတွင်းရခဲ့သလိုTomaဟာလည်း နိုင်ငံတကာဆုတွေ ရခဲ့ပါတယ်။ ဒီကားအတွက်Tomaဟာ ဒေါ်လာ၇သန်း ရခဲ့ပါတယ်။
၁နှစ်အတွင်းရခဲ့သလိုTomaဟာလည်း နိုင်ငံတကာဆုတွေ ရခဲ့ပါတယ်။ ဒီကားအတွက်Tomaဟာ ဒေါ်လာ၇သန်း ရခဲ့ပါတယ်။
ဒါပေမယ့် ဒီဒေါ်လာတွေကို သူ ဘာမှန်းမသိလို့ လက်မခံခဲ့ပဲ ပီတာကို ဆိတ်၇ကောင်လိုချင်ကြောင်း ပြောခဲ့ပါတယ်။
ပီတာဟာ ဒါကြောင့် Tomaကို ဆိတ်အကောင်၃၀နဲ့အတူ သူ့ရွာကိုပြန်ပို့ခဲ့ပြီး ဒေါ်လာ၃၀၀ကိုလည်း သူ မလိုချင်တောင် အမှတ်တရသိမ်းထားဖို့ ထည့်ပေး
ခဲ့ပါတယ်။
ခဲ့ပါတယ်။
ဒါပေမယ့် ဒီမှာတင် မပြီးသွားဘူး။The Gods Must Be Crazy ကအရမ်းအောင်မြင်လို့ 2ကို ထပ်ရိုက်ဖို့ ကမ္ဘာအနှံ့ကToma Fanတွေက တောင်းဆိုမူတွေ များလာခဲ့ပါတယ်။
ဒီအခါမှာတော့ The Gods Must Be Crazy 2 ကို Hollywood ရုပ်ရှင်ထုတ်လုပ်ရေးကြီး 20th Century Fox က ထုတ်လုပ်ဖို့ ကမ်းလှမ်းခြင်း ခံခဲ့ရပါတော့တယ်။
TGMBC 2 ကို၁၉၉၀ ခုနှစ် ဧပြီလ၁၃ရက်နေ့မှာ ထပ်မံရုံတင်ခဲ့ပါတော့တယ်။ ရှေ့က1လိုပဲ အောင်မြင်မူများစွာရခဲ့ပြီး ဒေါ်လာသန်း၁၅၀ကျော်အထိ အမြတ်ငွေရရှိခဲ့ပါ
တယ်။
တယ်။
ဒီကားမှာတော့ Tomaရဲ့မိသားစုတစ်စုလုံးက ပါဝင်ရိုက်ကူးခဲ့ပြီး သားဖြစ်သူတွေ ရေကားနောက်ပါသွားမှုကိုစိုးရိမ်တကြီးနဲ့ နောက်က လိုက်တဲ့ဖခင်တယောက်ရဲ့မေတ္တာကို ရိုက်ကူးခဲ့တဲ့ကားပေါ့။
ဒီကားမှာသားဖြစ်သူတွေရဲ့ ဟာသအလွဲတွေလည်း ပါဝင်လာသလို ဖခင်ဖြစ်သူရဲ့ကြောင်တောင်တောင် ဓလေ့စရိုက်တွေလည်း ပါလာခဲ့ပါတယ်။
ကလေးတွေဖြစ်ပေမယ့် တောတောင်ထဲအန္တရယ်ကြုံလာရင် ကိုယ်တိုင်ကာကွယ်မူတွေ လူရိုင်းတွေရဲ့ ရိုးသားတဲ့အကျင့်စရိုက်တွေကို ဒီကားမှာမြင်ရသလို ဟာသရောကြေကွဲစရာလေးတွေကိုပါ မြင်ရစေတဲ့ကားတစ်ကားပါ။
ဒီကားအပြီးမှာတော့ Toma ရဲ့လုပ်ဆောင်ချက်က အရမ်းကြီးမားသွားခဲ့ပါပြီ။ ကမ္ဘာပေါ်က မဖွံ့ဖြိုးသေး မြို့ပြနဲ့ဝေးတဲ့နေရာတွေက လူရိုင်းတွေရဲ့ဘဝကို တစ်ကမ္ဘာလုံးသိအောင်ပြသခဲ့သလို
Tomaဟာလည်း ကမ္ဘာ့လူရိုင်းမျိုးနွယ်စုတွေကို ကမ္ဘာကပစ်ထားမှုကို ချပြလိုက်တဲ့ဇာတ်ကောင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒါတင်မကပါဘူး Tomaဟာ ကမ္ဘာ့လူရိုင်းမျိုးနွယ်စုတွေ
ကို ထိန်းသိမ်းကာကွယ်ရေး သံတမန်အဖြစ်ရော တောင်အာဖရိက လူမည်းတွေရဲ့ စားဝတ်နေရေး သံတမန်အဖြစ်ပါ ခန့်အပ်ခံခဲ့ရပါတယ်။
ကို ထိန်းသိမ်းကာကွယ်ရေး သံတမန်အဖြစ်ရော တောင်အာဖရိက လူမည်းတွေရဲ့ စားဝတ်နေရေး သံတမန်အဖြစ်ပါ ခန့်အပ်ခံခဲ့ရပါတယ်။
ဒါပေမယ့် သူဘာမှ မသိဘူး interviewတိုင်း talkshow တိုင်းရယ်ပြတာက လွဲရင် သူ ဘာမှမသိ မပြောတတ် မလုပ်တတ်ခဲ့ပါဘူး။
ဒီ၂ကားအပြီးမှာတော့Tomaဟာ Hollywood အာဖရိကတင်မကပဲ ဟောင်ကောင်ရုပ်ရှင်လောကကပါ ကမ်းလှမ်းခြင်းခံခဲ့ရ ပါတော့တယ်။
ဟောင်ကောင်ထုတ်လုပ်ရေးနဲ့ ပထမဆုံးရုံတင်လာတဲ့ကားက Crazy Safari ဒီကားကလည်း ရှေ့ကTGMBC တွေလိုပဲအောင်မြင်ခဲ့ပါတယ်။
ဟောင်ကောင်ဒေါ်လာသိန်း၁၀၀ ကျော်ရခဲ့သလို Tomaရဲ့ဘရုစလီလိုလုပ်ကွက် တွေကလည်း ဘရုစလီနဲ့တူအောင်ရိုက်တဲ့သူတွေထဲ အအောင်မြင်ဆုံးဖြစ်ခဲ့ပါတယ်။
တရုတ်သရဲတစ်ကောင်နဲ့ တိုင်ပတ်နေတဲ့လူရိုင်းကားပေါ့။
ဒီကားအပြီး Tomaဟာ Crazy Hong Kong
(1993) / The Gods Must Be Funny in China (1994) / Sekai Ururun Taizaiki ( 1996 )ကားတွေကို ထွက်ခဲ့ပြီး လူရိုင်းတွေထဲ အောင်မြင်မူအကြီးမားဆုံးလူသားအဖြစ် 1996ခုနှစ်မှာဂင်းနစ်စံချိန်ဝင်ခဲ့ပြီး
ရုပ်ရှင်သမိုင်းမှာ ဟာသလူရိုင်းသရုပ်ဆောင်အဖြစ် တစ်သက်တာ အနုပညာရှင်ဆုကို ရခဲ့ပါတော့တယ်။
TomaဟာSakei Ururun Taizaiki ဇာတ်ကားအပြီးမှာတော့ သူ့ရွာကိုပဲ ပြန်ချင်ကြောင်းပြောလာခဲ့လို့ ပီတာက ပို့ပေးခဲ့ပြီး ရုပ်ရှင်ဘယ်တော့မှ ထပ်မရိုက်တော့ပဲ မိသားစုနဲ့အတူ ရွာမှာပဲ အမဲလိုက်ရင်း နေထိုင်ခဲ့ပါတော့တယ်။
သူဟာ ဒီဆယ်စုနှစ်အတွင်း ဒေါ်လာသန်း၇၀ကျော် ရရှိခဲ့ပေမယ့် ဒီစက္ကူတွေက သူ့မိသားစုအတွက် အသုံးမဝင်ကြောင်းပြောခဲ့ပြီး အာဖရိက ကလေးသူငယ်များ အစာအဟာရချို့တဲ့မှု Foundation ကို အကုန်လှူတန်းခဲ့ပါတယ်။
Tomaဟာ ကမ္ဘာပေါ်က လူရိုင်းတွေရဲ့နေထိုင်မူ ရိုးသားမူ တောင်အာဖရိက လူမည်းတွေရဲ့ ဒုက္ခရောက်နေမှုကို ကမ္ဘာကို သိအောင်ပြောကြားခဲ့သူဖြစ်ပြီး ရုပ်ရှင်လောကမှာ ပထမဆုံးလူရိုင်းမင်းသား တစ်ယောက်အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။
၂၀၀၃ခုနှစ် ဇူလိုင်လ ၁၂ရက်နေ့မှာတော့ Toma ဟာငှက်ဖျား ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။
ရုပ်ချောမှ စကားပြောကောင်းမှဆိုတဲ့ အနုပညာလောကမှာ ဒီလူရိုင်းက ဘာမှသေချာမပြောတတ်ပဲ ဂဏာန်းအလုံး၂၀ထိ ပိုမမှတ်တတ်ပဲ
ငွေတွေ နာမည်ကြီးမှုတွေ အောင်မြင်မူတွေကို ဘာတစ်ခုမှ မသိပဲ ဝင်ရောက်လာခဲ့ပြီး ကမ္ဘာ့ရုပ်ရှင်လောကမှာ နာမည်တစ်ခု ထားသွားခဲ့ပါတယ်။
အာဖရိက မော့စ် ပုလင်းမင်းသားလို့ မြန်မာက သိကြတဲ့ Toma ဟာ ဂျစ်ကားပြောင်းပြန်မောင်းတာတွေ ခြင်္သေ့လိုက်လို့ ပြေးတာတွေ ပုလင်းတစ်လုံးနဲ့ တစ်ရွာလုံးလိုက် ပြဿနာတက်တာတွေ
မြို့ပြကို သားဖြစ်သူတွေနောက်လိုက်ရင်း ဝရုန်းသုန်းကားဖြစ်တာတွေ တရုတ်သရဲနဲ့အသီးခူးတာတွေ တောတွင်းဟာသအလွဲတွေနဲ့
သူ့အရိုးသားဖြူစင်တဲ့အပြုံး၊ ဘဝမှာ မိသားစုက လွဲပြီး ဘာမှမသိတဲ့လူတစ်ယောက်အဖြစ် ငွေကြေးအောင်မြင်မူတွေမရှိပဲ ပျော်ရွှင်တဲ့လူတစ်ယောက်အဖြစ် နေနိုင်ကြောင်း
လူရိုင်းတွေရဲ့အရိုးခံစိတ်ထားတွေက ကမ္ဘာ့ရုပ်ရှင်လောကမှာရော ကမ္ဘာပေါ်က လူတွေအတွက်မှာပါ မမေ့နိုင်စရာလူတယောက်ပါ။
သူဒေါ်လာသန်းချီ ပိုင်ဆိုင်ခဲ့တယ်။ ဒါပေမယ့် ဒီချမ်းသာမူတွေနဲ့ မိသားစုဘဝကို မလဲခဲ့ဘူး။ သူအောင်မြင်မူ Star Idol Fan ပရိတ်သတ်ဆိုတာကို မသိဘူး။
ဒီလိုလူရုပ်ရှင်လောကမှာရော အနုပညာလောကမှာပါ
တစ်ယာက်မှ မရှိခဲ့ဖူးသလို နောက်ထပ်ရှိလာမှာလည်း မဟုတ်တော့ပါဘူး။
crd:ORIGINAL WRITER


မှတ်ချက်များ